Happy Buddies-General Store

Directions

Happy Buddies-General Store Happiness: Positive energy changes lives. Caring: Everyone & every moment matters.

ကိုယ်တွေ့ အဖြစ်မှန် သူများ pageက တောင်းယူလာသည်.
09/20/2026

ကိုယ်တွေ့ အဖြစ်မှန်

သူများ pageက တောင်းယူလာသည်.

မာလာရှမ်းကော ထမင်းဆိုင် ဟင်း
09/19/2026

မာလာရှမ်းကော ထမင်းဆိုင် ဟင်း

Don't worry
09/19/2026

Don't worry

Corelle လို့ပြောလိုက်တာနဲ့ ပေါ့ပါးလွန်းတာ၊ တော်ရုံကျကွဲဒဏ်လောက်ကို အေးဆေးခံနိုင်ရည်ရှိတာ၊ microwave ‌လည်းသုံးလို့ရတာတွေက...
09/18/2026

Corelle လို့ပြောလိုက်တာနဲ့ ပေါ့ပါးလွန်းတာ၊ တော်ရုံကျကွဲဒဏ်လောက်ကို အေးဆေးခံနိုင်ရည်ရှိတာ၊ microwave ‌လည်းသုံးလို့ရတာတွေက‌ လူတိုင်းသိပြီးပြီလို့ ကျွန်တော်ယူဆပါတယ်။ သုံးနေကျသူဆို တွေ့တာနဲ့မဝယ်ဘဲကို မနေနိုင်တဲ့ထိပဲ🫶🏻

ဆိုတော့ ကျွန်တော်ဒီတစ်ခါ ဒီဇိုင်းလေးတွေနဲ့ သူတို့ရဲ့နာမည်လေးတွေရဲ့အဓိပ္ပာယ်ကို အသေးစိတ်လေးပြောပြပေးမယ်🔥

Leave stitch ~ သူက salad plate size လေး။သစ်ရွက်သစ်ခက်ကနုတ်လေးတွေနဲ့ classic ဆန်ဆန် ‌ပုံဖော်ထားပြီး အချိန်အတော်လေးကြာတဲ့အထိ ဒီဇိုင်းတွေပျက်တာ၊ အရောင်မှိန်ကုန်တာတွေလုံးဝမရှိတဲ့အထိကို ထုတ်လုပ်မှုက သေသပ်တယ်။ ဒါက အရောင်ပါပြီး ဒီဇိုင်းဆန်းတာတောင်မှ မငြင်းဆန်နိုင်တဲ့ သူ့ရဲ့ အားသာချက်ပဲ 🍂

Stitch Work Motif (လက်ချုပ်ပန်းထိုးစတိုင်): သဘာဝပန်းပွင့်ပုံစံတွေကို ရိုးရိုးပန်းချီဆွဲထားသလိုမဟုတ်ဘဲ "အပ်ချည်ကြိုးလေးတွေကိုသုံးပြီး လက်နဲ့သေချာသီးကုံးထားသလို" (Stitch Work) နူးညံ့တဲ့ မျဉ်းကြောင်းလေးတွေနဲ့ သရုပ်ဖော်ထားတာ ဖြစ်ပါတယ်။ ဒါဟာ ရှေးကျတဲ့ လက်မှုအနုပညာ (Handmade Arts and Crafts) ရဲ့ အငွေ့အသက်ကို ပေးစွမ််းနိုင်ပါတယ်။

Muted Colors (အရောင်ငြိမ်ငြိမ်လေးတွေ): ပန်းကန်အဖြူထည်ပေါ်မှာ အနီရောင်ဖျော့ (Muted Red/Rustic Red) နဲ့ မီးခိုးရောင် (Grey) အပ်ချည်စုတ်ချက် ပုံစံလေးတွေကို သုံးထားပါတယ်။ အရောင်တွေက တောက်မနေဘဲ ငြိမ်နေတဲ့အတွက် နွေးထွေးခြင်း၊ အေးချမ်းခြင်းနဲ့ ကျေးလက်သဘာဝရဲ့ ရိုးရှင်းခြင်း ကို အဓိပ္ပာယ်ဆောင်ပါတယ်ခင်ဗျာ။

Sophisticated Table: လက်မှုအနုပညာရဲ့ ရိုးရှင်းမှုကို အခြေခံထားပေမယ့် Corelle Signature collection ရဲ့ ပုံစံအတိုင်း အနားသတ်ကွေးညွတ်မှုတွေက စမတ်ကျနေတာကြောင့် နေ့စဉ် မိသားစုထမင်းစားပွဲအတွက်တင်မကဘဲ ပွဲလမ်းသဘင် ဧည့်ခံပွဲတွေမှာ ခင်းကျင်းဖို့ပါ သင့်တော်တဲ့ တန်ဖိုးရှိတဲ့အလှကို ဖော်ဆောင်ပါတယ်။

In stock အနေနဲ့ သုံးချပ်သာ ကျန်ရှိတော့တာဖြစ်တဲ့အတွက် ဒီလိုအလှလေးကို အိမ်ခေါ်ဖို့ဆို လက်မနှေးဖို့တော့လိုမယ်နော်🤍🍂

ပြောရရင်ကျွန်တော်ကိုယ်တိုင်က ငယ်ငယ်တည်းက စာအုပ်တွေတပွေ့တပိုက်နဲ့ကြီးပြင်းလာတယ်လို့ပြောလို့ရတယ်ဗျ။ ရွယ်တူတွေ ဂိမ်းဆော့နေပ...
09/16/2026

ပြောရရင်ကျွန်တော်ကိုယ်တိုင်က ငယ်ငယ်တည်းက စာအုပ်တွေတပွေ့တပိုက်နဲ့ကြီးပြင်းလာတယ်လို့ပြောလို့ရတယ်ဗျ။ ရွယ်တူတွေ ဂိမ်းဆော့နေပြီဆိုတဲ့အရွယ်မှာလဲ ကျွန်တော်က စာအုပ်မှစာအုပ်ပဲ။ 📚 ✨

ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ကျောင်းရှေ့မှာ စာအုပ်မျိုးစုံကို ပွဲဈေးမှာရောင်းသလို လာခင်းပြီးရောင်းကြတာ။ ကျွန်တော်တို့လို စာအုပ်သရဲတွေအတွက်ကတော့ သုခဘုံပေါ့ဗျာ။💁🏻‍♀️✨

ဆယ်ကျော်သက်တုန်းက တစ်ယောက်ယောက်များ စာအုပ်လေးလက်ဆောင်ပေးရင်ဗျာ အမယ်လေး ဘာပြောကောင်းမလိမ့် ထခုန်မတတ်ကို ပျော်ခဲ့တာ။ စာအုပ်တွေကပဲ အရာရာကို သင်ပေးတာ၊ ပဲ့ပြင်တာ။ စာအုပ်တွေသာ မရှိခဲ့ရင် လက်ရှိကျွန်တော်က ကျွန်တော်ဖြစ်ချင်မှတောင်ဖြစ်နေလိမ့်မှာ။ 🔥

ငယ်ငယ်တုန်းကတော့ ဘယ်လိုမျိုးစာအုပ်တွေသဘောကျလဲဆို သရဲတွေ ၊ ကဝေတွေ၊ ပြီးတော့ စွန့်စားခန်းတွေ။ ငါကြီးလာရင် ငါကဘယ်လို adventure တွေလုပ်မှာဘာညာက လာသေး။ 🤷🏻‍♀️✨

စာဖတ်တဲ့ကလေးနဲ့ စာမဖတ်တဲ့ကလေးဟာ ကွာကိုကွာပါတယ်။ ကလေးငယ်လေးတွေက ကျောင်းစာကို ကျောင်းမပြီးသရွေ့ တာဝန်အရ သင်ကိုသင်နေရမှာ၊ လုပ်ကိုလုပ်နေရမှာ။ ဒါပေမဲ့ ပြင်ပဗဟုသုတကိုပေးမဲ့ဒီလိုစာအုပ်တွေကိုက မိဘက ငယ်ငယ်တည်းက သေချာဂရုတစိုက်လေး အကျင့်လုပ်ပေးခဲ့မှသာ ကလေးက စာဖတ်ရတာကို ပျော်မှာပါ။ 🤍

ဒီခေတ်မှာက စာအုပ်ဆိုင်ဆိုတာမျိုးက မိဘကခေါ်သွားမှ ကလေးငယ်တွေက ရောက်တာပါ။ စာအုပ်‌ဆိုတာမျိုးကို မိဘက ဝယ်ပေးပြီး အကျင့်လုပ်ပေးမှသာ ကလေးက ဖတ်ချင်စိတ်ရှိမှာပါ။📚

ကျောင်းတက်အရွယ်ကလေးမှမဟုတ်ဘူးဗျ။ သုံးနှစ်လောက်တည်းက မိဘနဲ့တူတူ story လေးတွေဖတ်တာမျိုး၊ မိဘက ကလေးကို ပြောပြတာမျိုးလေးတွေ လုပ်လို့ရပါတယ်။ ကလေးငယ်လေးတွေကို ဖုန်းနဲ့ပဲ ငြိမ်ရင်ပြီးရော‌ဆိုပြီး အချိန်မကုန်စေဘဲ စာဖတ်အားကောင်းစေဖို့၊ စာဖတ်တတ်စေဖို့ အလေ့အကျင့်လေးလုပ်ပေးကြရအောင်လားဗျာ🤍🍀

#ကလေးစာအုပ်

ရှင်းပြတာ သဘောကျ လို့
09/15/2026

ရှင်းပြတာ သဘောကျ လို့

Happy buddies မှာပဲ ရနိုင်တဲ့ သုံးလို့ကောင်း၊ ဈေးလည်းတန်တဲ့ color pencil set လေးတွေပါ။အရေအတွက်နည်းနည်းပဲ in stock ကျန်တာ...
09/14/2026

Happy buddies မှာပဲ ရနိုင်တဲ့ သုံးလို့ကောင်း၊ ဈေးလည်းတန်တဲ့ color pencil set လေးတွေပါ။

အရေအတွက်နည်းနည်းပဲ in stock ကျန်တာလို့ အမြန်ဆုံးလာမှာမှ စိတ်ချရမယ်နော်🤍

ကလေးတိုင်းအကြိုက် အရောင်ထွက်အားမှန်ပြီး သုံးလို့ကောင်းတဲ့ Authentic စစ်လေးတွေပါ✨

#ရောင်စုံခဲတံ

တို့အဆင်မပြေချိန် တမင်တကာရှောင်ခွါပြေးသူ ကိုယ်အဆင်ပြေတဲ့အခိုက်မှ ကိုယ့်အနားရောက်လာတယ် ….🎤🎵🎤
09/12/2026

တို့အဆင်မပြေချိန် တမင်တကာရှောင်ခွါပြေးသူ

ကိုယ်အဆင်ပြေတဲ့အခိုက်မှ ကိုယ့်အနားရောက်လာတယ် ….

🎤🎵🎤

အခုခေတ်ကလေးတွေ စာသိပ်မဖတ်ဘဲ ဖုန်းနဲ့ပဲ အချိန်ကုန်နေလို့ စိတ်ညစ်နေကြတဲ့ မေမေတို့အတွက် Happy Buddies ကနေ Authentic စာအုပ်လ...
09/11/2026

အခုခေတ်ကလေးတွေ စာသိပ်မဖတ်ဘဲ ဖုန်းနဲ့ပဲ အချိန်ကုန်နေလို့ စိတ်ညစ်နေကြတဲ့ မေမေတို့အတွက် Happy Buddies ကနေ Authentic စာအုပ်လေးတွေနဲ့ မိတ်ဆက်ပေးရပါစေရှင်။👉🏼👈🏼

အရောင်စုံလေးတွေနဲ့ ကလေးတွေကို စာဖတ်ချင်စိတ်ကို မြှင့်တင်ပေးမဲ့အပြင် စိတ်ဝင်စားစရာစုံစုံလင်လင်ပါတာမို့ ကလေးတွေကဖုန်းကို လှည့်တောင်ကြည့်တော့မှာမဟုတ်ဘူးနော်။🧏🏻‍♀️

စာဖတ်တတ်တဲ့အကျင့်ဆိုတာဟာ ငယ်ငယ်တည်းက အျိုးထောင်ပေးရတာဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူတိုနဲ့သင့်တော်တဲ့စာပေလေးတွေနဲ့ စတင်ပေးထားမယ်ဆိုရင် ကလေးလေးတွေဟာ တဖြည်းဖြည်းနဲ့ စာအုပ်တွေကို ခင်တွယ်လာမှာပါ။💁🏻‍♀️✨

နောက်တစ်ခုက English reading skill ကိုလည်းတိုးတက်စေမှာဖြစ်တဲ့အတွက် မေမေတိုင်းသဘောကျကြတဲ့ collection လေးပါနော်✨

မှာယူမယ်ဆိုရင်တော့ Page cb ကနေ လိပ်စာအတိအကျနဲ့ ဖုန်းနံပါတ်လေးပို့ပေးပြီး မှာယူနိုင်ပါတယ်ရှင်။ အရေအတွက် in stock သိပ်မကျန်တော့တာဖြစ်တဲ့အတွက် အမြန်ဆုံးလာဖို့တော့ လိုမယ်နော်🤍✨

#ကလေးစာအုပ်

ကိုယ့် signမို့ကိုယ် ပြောတာမဟုတ်။ Libra တွေက ဘယ် sign နဲ့ယှဉ်ယှဉ် သူတို့ပိုချောတယ်။ မချောလည်းပိုချောတယ်ပဲ ချိန်ခွင်ပေမဲ့...
09/10/2026

ကိုယ့် signမို့ကိုယ် ပြောတာမဟုတ်။ Libra တွေက ဘယ် sign နဲ့ယှဉ်ယှဉ် သူတို့ပိုချောတယ်။ မချောလည်းပိုချောတယ်ပဲ ချိန်ခွင်ပေမဲ့ အလေးခိုးရင်တောင် ချစ်ဖို့ကောင်းတာ လစ်ဗျာပဲရှိတယ်😞

အက်မင်က လစ်ဗျာမို့ ဈေးလာဝယ်ပါ။ သဘောလည်းကောင်းတယ် ၊ရုပ်လည်းချောတယ်🫰🏼

Address

Williamsburg, VA
23185

Opening Hours

Tuesday 10:30am - 7:30pm
Wednesday 10:30am - 7:30pm
Thursday 10:30am - 7:30pm
Friday 10am - 8pm
Saturday 11am - 6pm
Sunday 11am - 6pm

Website

Alerts

Be the first to know and let us send you an email when Happy Buddies-General Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby convenience stores