05/08/2026
Moc bai မှာ Passport အသစ်နဲ့ အဟောင်းဂယက်။
လက်ရှိနေနေတဲ့ဗီဇာက ပတ်စပို့အဟောင်းထဲမှာ။
ပတ်စပို့အသစ်မှာက ဘာမပါအဲ ဗြောင်ကြီးပေါ့။
စက်ာပူ တို့ ဒူဘိုင်းတို့မှာလိုအဲ အသစ်ရော အဟောင်းရော ပြလိုက်ရင် အေးဆေးပေါ့ ဆိုပြီးနေနေတာ။ ၅ရက်နေ့ ဗီဇာကုန်မှာ။
ကံကောင်းချင်တော့ ကိုယ်နဲ့ဗီဇာ အတူတူသွားrun တဲ့ညီငယ်လေးတွေက ၄ရက်နေ့သွားမယ်အက်ုတဲ့။ သွားတာပေါ့ Moc Bai ကို
သူတို့ကအေးဆေး ပြီးသွားရောခါတိုင်းလို။
ကိုယ့်အလှည့်ကျမှ passport အသစ်ထဲကို လက်ရှိဗီဇာကိုပြောင်းထည့်ပြီးမှ exit stamp ထုပေးမယ်တဲ့ ။ အဲ့ဒါကိုကျ ဟိုချီမင်းက immigration office မှာ သွားပြောင်းရမယ်တဲ့။
(ယူနီဖောင်းဝတ်ထားတဲ့ သူက မရဘူးပြောပြီး သူ့နားက အေးဂျင့်ကကျ ရတယ် တဲ့ ဒီမှာတင်ပြီးတယ် (ပိုက်ဆံပေးရင်) ဟိုချီမင်းသွားစရာမလိုဘူး) တဲ့။
ကိုယ်လည်း အတွေ့ကြံုလိုချင်တာရော ငွေမပေးချင်တာရောကြောင့် ဆိုင်ကယ်နဲ့ ဟိုချီမင်းတခေါက်သွားပြီး immigration office မှာသွားမေးတယ်။
၂ နာရီလောက်တန်းစီစောင့်အပြီး Officer မကပြောတယ် မင်းဟာက မနက်ဖန် ၅ ရက်နေ့ကုန်ပြီ အချိန်မရှိတော့ဘူး၊ E visa မို့ ငါတို့ဒီမှာ ပြောင်းပေးလို့မရဘူး စာအုပ်အသစ်ထဲကို ၊ လေယာဉ်လက်မှတ်ဝယ်ပြီး လေဆိပ်မှာသွားလုပ်ပြီးတနိူင်ငံငံထွက်ပြီးပြန်လာ…. ဘလာဘလာ စသဖြင့် အဓိပ္ပါယ်မရှိသောစကားတွေသာပြော
အဲ့တော့အေးဆေးအိမ်ပြန်လိုက်တယ် မနက်စောစောကျ Moc bai ကိုတခေါက်ထပ်သွားလိုက်ပြီး (ကိုယ်က အဲ့နားက resort မှာနေတာဆိုတော့နီးတယ်) မနေ့ကအေးဂျင့်ကို ပိုက်ဆံပေးလိုက်တာ၂ မိနစ်နဲ့ ထွက်ရသွားတယ်။
အဲ.. နောက်ပြီး မနေ့ကပဲ မြန်မာကောင်လေးတစ်ယောက်က အကြည့်မှားပြီး ၂ ရက် အိုဗာစတေးဖြစ်နေလို့ အကူညီတောင်းလို့ လိုက်မေးပေးကြည့်တော့ Moc bai border မှာပဲ ဆောင်လို့ရတယ်။ ရဲကလုပ်မပေးဘူး အေးဂျင့်အပ်မှရတယ်။
အဓိက ကိုယ့်မြန်မာတွေကိုပေးချင်တဲ့ မက်ဆေ့ချ်က ဒီနိုင်ငံမှာ လည်း ကော်ရပ်ရှင်းအများကြီးပါ။ (သတိချပ်ရမှာက ကျနော့်လို တခြားနိုင်ငံတွေမှာလိုမျိုး စာအုပ်အဟောင်းရော အသစ်ရော ပြရင်ရပြီလို့ မတွေးပါနဲ့။) ဒီကရဲတွေလည်း အတူတူပါပဲ ။
နောက်တခုက သူတို့တွေက အေးဂျင့်တွေနဲ့အကုန်ချိတ်ထားပြီးသားပါ။ အော်ဖစ်ရှယ်လီး လုပ်ကိုမပေးတာပါ ကြေးပြားရချင်လို့။
အဲ့ဒါေလးလာရှယ်တာ။
မှတ်ချက်- ဗီဇာနောက်ဆုံးရက်က တုံးထုထားတဲ့ထဲကdate မဟုတ်ပါဘူး။ လက်ရေးနဲ့ရေးထားတဲ့ date ပါ။