07/12/2025
စီးပွားတူတိုင်းရန်သူမဟုတ်ပါ..
စီးပွားတူတွေများလေ
Creative ပိုဖြစ်လေပါ
ပင်လယ်ရေသောက်မကုန်ပါဘူး။
တဦးတည်း monopoly စနစ်က
ကျန်ခဲ့တာကြာပါပြီ
သူများလုပ်တဲ့အလုပ်မလို့
မလုပ်ချင်ဘူးမစဉ်းစားပါနဲ့။
ဒါဆိုဘာမှကို လုပ်ဖြစ်တော့မှာမဟုတ်ပါဘူး။
ကိုယ့်အတွေးနဲ့ ကိုယ် ၊
ကိုယ်မိတ်နဲ့ ကိုယ် ၊ ကိုယ့်ပုံစံနဲ့ ကိုယ်ပါပဲ။
အမျိုးအစားချင်းတူတောင် qualityချင်းမတူဘူး။
Qualityချင်းတူတောင် ထုပ်ပိုးမှုချင်းမတူဘူး။
ထုပ်ပိုးမှုချင်းတူရင်တောင်ဝန်ဆောင်မှုချင်းမတူဘူး။
ဝန်ဆောင်မှုချင်းတူတောင် management system ချင်းမတူဘူး ။
Management systemချင်းတူရင်တောင်
location အလွယ်ရနိုင်ပုံချင်းမတူဘူး။
နောက် ကံတရားချင်းလည်း မတူပါဘူး
ပြိုင်ဘက်မရှိတဲ့စျေးကွက်ဆိုတာလည်းမရှိဘူး ။
Townshipတခုထဲပြိုင်ဘက်မရှိရင် မြို့ထဲမှာ ပြိုင်ဘက်ရှိမယ်
တမြို့လုံးဘယ်သူမှပြိုင်ဘက်မရှိရင် တခြားမြို့မှာ ပြိုင်ဘက်ရှိမယ်။
တခြားမြို့မှာပြိုင်ဘက်မရှိရင် တခြားနိုင်ငံမှာတော့ပြိုင်ဘက်ရှိမယ်။
တခုပဲ အတွေးတခုရတာနဲ့အကောင်အထည်ဖော်ပြီး လုပ်နိုင်အောင်သာလုပ်ပါနော်။
အတွေးကိုအတွေးထဲ ထားရင်တော့လက်တွေ့မှာ ဘာမှရမည်မဟုတ်။
တစ်ခုပဲ ဘာပဲလုပ်လုပ်စေတနာထားပြီးလုပ်
ထပ်ဖြည့်စာသား👇🏻
လောကမှာကိုယ်ပေးတာ ကိုကိုယ်ပြန်ရတတ်တယ်တဲ့
ကံ ကံ၏အကျိုးဆိုတာတကယ်ရှိပါတယ်
မိမိရဲ့စိတ်နေစိတ်ထားကမိမိဘဝပဲရှင့်(အတိတ်ဘဝကံကြောင့် အဟောင်းစားနေသူတွေမပါ)