09/04/2025
🌱 ရာသီဥတု ပူအားကြီးလွန်းလာတာ အချဉ်လေးမှမပါရင် ထမင်းကမမြိန်ကြတော့ဘူး...ဟုတ် 🌱
🤤😋ဒီနေ့တော့ စားမြိန်သောက်ကောင်းအောင် မန်ကျည်းရွက်လေးကို
အချဉ်ဟင်းချက် ဖြစ်ပါတယ်။ 🤤😋
ပြီးတော့ ကြက်သား အာလူးဟင်းလေးရယ် ထမင်းပူပူလေးရယ် အိမ်ကအမေပို့ထားတဲ့ ဘာလချောင်ကြော်လေးရယ် အားရပါးရ နေ့လည်စာ စားဖြစ်ပါတယ်။ မနေ့ကတော့ ငပိရည် အရမ်းစာချင်တာ နဲ့တို့စရာအစုံ ချက်စားဖြစ်ပါတယ်။
🤗ခုရက်ပိုင်း သရက်သီးသုပ်လေးလည်း ဓာတ်ကျနေလို့ သရက်သီးသုပ်လေးရယ် ကြက်ဘူးလေးရယ် ပန်းဂေါ်ဖီလေးကိုကြက်ဥလေးနဲ့ ကြော် စားလို့ကောင်းမှကောင်း။ 🥰😇
ဘာပဲဖြစ်ဖြစ်...နွေရာသီပူပူမှာ Vitamin C အားကောင်းပြီး ထမင်းမြိန် ခံတွင်းတွေ့စေတဲ့ အချဉ်လေးတွေ ချက်စား ကြည့်ဖို့ recommendပေးတယ်နော့။ 🥰
အိမ်နဲ့ဝေးရာ နိုင်ငံရပ်ခြားမှာ ရုန်းကန်လှုပ်ရှားနေကြရတာမို့ အစာကောင်းကောင်းလေး ကိုယ်စားချင်တာလေးတွေ ချက်မစားဖြစ်တဲ့သူတွေအတွက် အိမ်ချက်လက်ရာလေးတွေကို စျေးနှုန်းချိုသာစွာနဲ့လည်းရောင်းချပေးဦးမှာမလို့ page လေးကို like and follow လုပ်ထားပေးပါဦးနော်။ 🙏💕