Myanmar Top News This Page is for your Knowledge

18/04/2026

ယနေ့ ( ၂၀၂၆ - ဧပြီ ၁၈ ၊ စနေနေ့) ကြားသိရသမျှ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၈၃၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၆၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၆၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၄၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၂၅ ကျပ်
ဝယ်ဈေး - ၄၁၁၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၀၀ ကျပ်
ဝယ်ဈေး - ၃၂၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၇၀ ကျပ်
ဝယ်ဈေး - ၄၈၄၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၈ ကျပ်
ဝယ်ဈေး - ၁၀၄၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၀ ကျပ်
ဝယ်ဈေး - ၆၀၃ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၆၄ ကျပ်
ဝယ်ဈေး - ၂၅.၉၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆၃ ကျပ်
ဝယ်ဈေး - ၄၄.၄၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၈ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၁၀ ကျပ်
ဝယ်ဈေး - ၅၅၆၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၈ ကျပ်
ဝယ်ဈေး - ၂၉၅၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၅ ကျပ်
ဝယ်ဈေး - ၃၀၀၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၃၉ ကျပ်
ဝယ်ဈေး - ၅၂၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၅၀ ကျပ်
ဝယ်ဈေး - ၁၁၂၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
#ရွှေစျေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ******************************************************...
14/04/2026

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

ယနေ့ ကြားသိရသမျှ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ( ၂၀၂၆ - ဧပြီ ၇  အင်္ဂါနေ့) #ရွှေဈေး-ကမ္ဘာ့ရွှေဈေး တအောင်စ ၄၆၄၃ ဒေ...
07/04/2026

ယနေ့ ကြားသိရသမျှ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဧပြီ ၇ အင်္ဂါနေ့)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၆၄၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၉၀ ကျပ်
ဝယ်ဈေး - ၄၁၈၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၅ ကျပ်
ဝယ်ဈေး - ၃၂၃၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၉၅၅ ကျပ်
ဝယ်ဈေး - ၄၈၂၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၃ ကျပ်
ဝယ်ဈေး - ၁၀၃၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၄ ကျပ်
ဝယ်ဈေး - ၆၀၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၄ ကျပ်
ဝယ်ဈေး - ၂၆.၁၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၆.၁၃ ကျပ်
ဝယ်ဈေး - ၄၄.၉၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၇၅ ကျပ်
ဝယ်ဈေး - ၅၅၃၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၆၆ ကျပ်
ဝယ်ဈေး - ၂၈၉၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၃ ကျပ်
ဝယ်ဈေး - ၃၀၀၄ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၈ ကျပ်
ဝယ်ဈေး - ၅၃၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၆၉ ကျပ်
ဝယ်ဈေး - ၁၁၃၉ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်
#ရွှေစျေး #နိုင်ငံခြားငွေလဲလှယ်နှုန်း #ဒေါ်လာစျေး

ယနေ့ ရွှေဈေး ငွေဈေး 👇👇👇
06/04/2026

ယနေ့ ရွှေဈေး ငွေဈေး 👇👇👇

ဆီတန်းစီရတာ စိတ်မညစ်ရတော့ဘဲ ခဏလေးနဲ့ အဆင်ပြေပြေ ဆီဖြည့်နိုင်မယ့်ကိုယ်တွေ့ နည်းလမ်းကောင်း⛽⛽⛽အခုရက်ပိုင်း ရန်ကုန်မြို့မှာ ...
06/04/2026

ဆီတန်းစီရတာ စိတ်မညစ်ရတော့ဘဲ ခဏလေးနဲ့ အဆင်ပြေပြေ ဆီဖြည့်နိုင်မယ့်ကိုယ်တွေ့ နည်းလမ်းကောင်း⛽⛽⛽

အခုရက်ပိုင်း ရန်ကုန်မြို့မှာ ဆီဖြည့်ဖို့အတွက် မနက်အစောကြီး တန်းစီနေရတာ ဒါမှမဟုတ် ညအိပ်စောင့်နေရတာတွေကြောင့် လူတော်တော်များများ စိတ်ပင်ပန်းနေကြပါတယ်။ မြို့ထဲက ဆိုင်အချို့မှာ ဆီပန့်တွေ အကုန်မဖွင့်ပေးတာနဲ့ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေး အဆင်မပြေတာတွေကြောင့် ပိုပြီး စိတ်ညစ်ရတာပါ။ ဒါပေမဲ့ အချိန်အကြာကြီး မစောင့်ရဘဲ စိတ်အေးလက်အေး ဆီဖြည့်နိုင်မယ့် နေရာနဲ့ နည်းလမ်းကောင်းတစ်ခု ရှိနေပါတယ်။

မြို့ထဲက ကားတန်းရှည်ကြီးထဲမှာ ၂ နာရီ၊ ၃ နာရီလောက် အချိန်ဖြုန်းနေမယ့်အစား နည်းနည်းလေး ဝေးသွားပေမဲ့ လမ်းကြောင်းရှင်းတဲ့ ပြည်လမ်းဘက်ကို မောင်းလာဖို့ အကြံပြုချင်ပါတယ်။ အင်းစိန် BOC၊ ဖော့ကန် Denko နဲ့ 360 ဆီဆိုင်တွေမှာ လူတိုးနေတာနဲ့စာရင် ဒီလမ်းကြောင်းက အချိန်ပိုသက်သာစေမှာပါ။

ကိုယ်တိုင်သွားဖြည့်ကြည့်ခဲ့တဲ့ အတွေ့အကြုံအရ ပြည်လမ်းပေါ်က Max Energy (ပျဉ်းမပင်) ဆီဆိုင်ဟာ တော်တော်လေး မြန်ဆန်တာကို တွေ့ရပါတယ်။ တခြားဆိုင်တွေလိုမဟုတ်ဘဲ ဆီပန့် ၈ ခုလုံးကို တစ်ပြိုင်နက် ဖွင့်ပြီး ဝန်ဆောင်မှုပေးနေတာကြောင့် ကားတစ်ခါရွေ့ရင် ၈ စီးစာ တစ်ခါတည်း ပြီးသွားပါတယ်။ လူတွေက မြို့ထဲမှာပဲ အလုအယက် တန်းစီနေကြလို့ ဒီဘက်မှာ ကားတန်း သိပ်မရှည်တာလည်း ပါပါတယ်။

စနစ်တကျနဲ့ အင်တိုက်အားတိုက် ဝန်ဆောင်မှုပေးနေတဲ့အတွက် တခြားနေရာတွေလို နာရီပေါင်းများစွာ စောင့်နေစရာ မလိုတော့ပါဘူး။ အခုလို ခက်ခဲတဲ့အချိန်မှာ စားသုံးသူအပေါ် စာနာနားလည်ပြီး ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့ ဆိုင်တွေကိုပဲ ရွေးချယ်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#ဆီတန်းစီ

ChatGPT ကပြောတာနော်။ မြန်မာနိုင်ငံမှာ ယာဉ်တစ်စီးကို တစ်ပတ် ၂ ကြိမ်၊ အများဆုံး ၃၅ လီတာသာ ထည့်ခွင့်ပေးထားတာက ရင်းမြစ်မလုံလ...
06/04/2026

ChatGPT ကပြောတာနော်။

မြန်မာနိုင်ငံမှာ ယာဉ်တစ်စီးကို တစ်ပတ် ၂ ကြိမ်၊ အများဆုံး ၃၅ လီတာသာ ထည့်ခွင့်ပေးထားတာက ရင်းမြစ်မလုံလောက်မှုကိုထိန်းချုပ်ဖို့ ဖြစ်ပေမယ့်
လူတွေ panic ဖြစ်ပြီး တပြိုင်နက်တည်း သွားတန်းစီတဲ့အတွက် လိုင်း ၂–၃ ကီလိုမီတာထိရှည်သွားတာ ဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ အဓိကက လောင်စာပိုရဖို့ထက် → စနစ်တကျခွဲဝေပေးဖို့ ဖြစ်ပါတယ်။



🔑 အရေးကြီးဆုံးဖြေရှင်းနည်းများ

၁။ အချိန်ဇယားနဲ့ စနစ်တကျခွဲပေးခြင်း

အခုလို “တစ်ပတ် ၂ ကြိမ် လာလို့ရ” ဆိုတာကြောင့် လူအားလုံး တစ်ချိန်တည်းလာတတ်ပါတယ်။

👉 အစားထိုးလုပ်သင့်တာ:
• ယာဉ်နံပါတ်အလိုက် နေ့ + အချိန်သတ်မှတ်
• ဥပမာ
• မနက်: နံပါတ် 0–3
• နေ့လယ်: 4–7
• ညနေ: 8–9

✔ တစ်ချိန်တည်း လူစုပေါင်းမှု လျော့သွားမယ်



🚗 ၂။ Odd / Even စနစ်
• ကိန်းမဂဏန်း (Odd) → တစ်ရက်
• ဇယားဂဏန်း (Even) → နောက်တစ်ရက်

👉 တစ်နေ့တည်း လာမယ့်ယာဉ်ကို တစ်ဝက်လျှော့နိုင်တယ်



⛽ ၃။ ယာဉ်အမျိုးအစားလိုက်ခွဲခြား

လက်ရှိမှာ
ကားကြီး၊ taxi၊ private car အားလုံး ရောနေတယ် → လိုင်းရှည်

👉 ခွဲသင့်တာ:
• 🚛 ကုန်တင်ကား
• 🚕 Taxi / လုပ်ငန်းသုံး
• 🚗 ကိုယ်ပိုင်ကား

✔ စီးပွားရေးအတွက်လိုအပ်တာတွေ မတားဆီးဘဲ သွားနိုင်မယ်



⛔ ၄။ မလိုအပ်ဘဲ လာဖြည့်တာကို ကန့်သတ်

လူတော်တော်များများ tank မကုန်သေးဘဲ လာတန်းစီတယ်

👉 လုပ်သင့်တာ:
• Tank 30% အောက်မှသာ ဖြည့်ခွင့်
သို့မဟုတ်
• တစ်ပတ်အတွက် digital quota သတ်မှတ်

✔ မလိုအပ်တဲ့ လိုင်းများ လျော့သွားမယ်



🪪 ၅။ Fuel Card / KBZ Pay စနစ်

ယာဉ်တစ်စီးစီကို
• တစ်ပတ် quota ကို digital နဲ့ပေး

👉 အကျိုးကျေးဇူး:
• တစ်ခါထပ်ပြီး မဖြည့်နိုင်
• လိုင်းမြန်လာမယ်
• အလိမ်အညာ လျော့

✔ မြန်မာမှာ KBZ Pay / Wave Pay နဲ့ လုပ်လို့ရတယ်



🕒 ၆။ ၂၄ နာရီ ဖွင့်ထားခြင်း

လက်ရှိ:
• အချိန်ကန့်သတ် → လူတွေတစ်ချိန်တည်းလာ

👉 ၂၄ နာရီဖွင့်မယ်ဆိုရင်:
• လူတွေ ပိုပြီး ပြန့်ကျက်လာမယ်
• လိုင်းရှည်မှု လျော့



🚔 ၇။ ဆီသိုလှောင်/ပြန်ရောင်းခြင်းကို တားဆီး

လိုင်းရှည်ရတဲ့အကြောင်းရင်းတစ်ခုက
• ဆီဝယ်ပြီး ပြန်ရောင်းသူများ

👉 လုပ်သင့်တာ:
• ပုံးနဲ့မဖြည့်ခွင့်
• စစ်ဆေးမှုတင်းကျပ်
• မကြာခဏလာတဲ့ယာဉ်တွေကို စောင့်ကြည့်



📢 ၈။ သတင်းအချက်အလက်ကို ပြတ်သားစွာ ကြေညာ

Panic ဖြစ်ရတဲ့အကြောင်းရင်းက
“ဆီကုန်သွားမလား” ဆိုတဲ့ ကြောက်ရွံ့မှု

👉 ကြေညာသင့်တာ:
• လက်ရှိဆီလက်ကျန်
• နောက်ထပ်ဝင်မယ့်ရက်

✔ လူတွေ စိတ်အေးလာရင် လိုင်းတိုသွားမယ်



🧠 အမှန်တရား (Honest Answer)

👉 ဆီမလုံလောက်ရင် လိုင်းလုံးဝမရှိအောင် မဖြစ်နိုင်ဘူး
ဒါပေမယ့် စနစ်မှန်ရင်

၃ km → သာမန်လိုင်းအတို ဖြစ်အောင် လျှော့နိုင်တယ်



💡 မြန်မာအတွက် အကောင်းဆုံး ပေါင်းစပ်နည်း

အမြန်ဆုံး လုပ်သင့်တာ:
1. Odd/Even စနစ်
2. အချိန်ဇယား (Time slot)
3. ယာဉ်အမျိုးအစား ခွဲခြား
4. ၂၄ နာရီဖွင့်
5. Black market တားဆီး



🔥 အဓိကအချက်

ပြဿနာက ဆီမရှိတာတင်မဟုတ်ဘူး
👉 လူတွေ အားလုံး တစ်ချိန်တည်းလာတာပဲ

အချိန်ကို ထိန်းချုပ်နိုင်ရင် → လိုင်းတွေ ပျက်သွားမယ်
Kyaw swa min

အခက်အခဲ တစ်ခုခုကြုံရင် တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ဖြေရှင်းပုံတွေ မတူကြဘူး။ အထူးသဖြင့် ဖွံ့ဖြိုးပြီး အစိုးရကောင်းရှိတဲ့ နိ...
05/04/2026

အခက်အခဲ တစ်ခုခုကြုံရင် တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ဖြေရှင်းပုံတွေ မတူကြဘူး။ အထူးသဖြင့် ဖွံ့ဖြိုးပြီး အစိုးရကောင်းရှိတဲ့ နိုင်ငံတွေ နဲ့ မတည်မငြိမ် ဖြစ်နေတဲ့ နိုင်ငံတွေကြားမှာ ဖြေရှင်းပုံက အတော်ကို ကွာကြတယ်။

ဖွံ့ဖြိုးပြီး အစိုးရကောင်းရှိတဲ့ နိုင်ငံတွေက ဆီစျေးကို ကမ္ဘာ့စျေးကွက်နဲ့ အညီ လိုက်ညှိတယ်။
ဆီစျေးကို ကမ္ဘာစျေးကွက်နဲ့ အတူ လိုက်တက်ခွင့်ပြုပြီး အောက်ခြေ နဲ့ လူလတ်တန်းစားတွေ အတွက် ထောက်ပံ့​ကြေး ပြန်ပေးတယ်။

ကိုယ်ပိုင်ယာဉ််သုံးတာ လျော့ချလို့ ရအောင် လူအများသုံး ဘတ်စ်တွေ ရထားတွေကို အကြိမ်အရေအတွက် ပိုဆွဲပေးတာတွေ လုပ်ပေးတယ်။

အိမ်ကနေ အလုပ်လုပ်ခွင့်ပေးတာ၊ မဖြစ်မနေလာရမယ့် သူတွေကို public transportation သုံးပြီး လာရင် အလုပ်ရှင်တွေကနေ တဆင့် ကုန်ကျစရိတ်ပြန်ပေးတာမျိူးတွေ လုပ်တယ်။

ဆီစျေးကို အရမ်းကြီး တက်မသွားအောင် အရံ ဆီထဲကနေ တွက်ချက်ပြီး ထုတ်ရောင်းတာတွေ လုပ်တယ်။

တချိန်တည်းမှာ ဆီ မလိုဘဲ နေ -လေ-ရေ ကနေ စွမ်းအင်ထုတ်လို့ရမယ့် နည်းလမ်းတွေ ထုတ်သုံးတယ်။

ဆီကို အဓိက ထားပြီး လည်ပတ်နေရတဲ့ လုပ်ငန်းတွေကို ထောက်ပံ့ကြေး (သ်ို့) အတိုးမဲ့ ချေးငွေတွေ ထုတ်ပေးတယ်။

လူထုကို တစ်နိုင်ငံလုံးကြုံနေရတဲ့ အခက်အခဲနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဘာတွေ လုပ်နေတယ်၊ အနာဂတ် အတွက် ဘာတွေ ပြင်ဆင်နေတယ် စသဖြင့် ချပြီးပြီး လူထုကိုပါ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးတယ်။

ဒတ်ချ်တွေက အရင်ကတည်းမှ မိုးရွာရွာ နှင်းကျကျ စက်ဘီး တအားစီးတဲ့သူတွေ- အခုကျ ပိုတောင် ဆိုးသေးတယ်။
မနက် မနက် ဆေးခန်း သွားရင် စက်ဘီးအချင်းချင်း ဝင်တိုက်မှာတောင် ကြောက်ရတယ်။

ဖွံ့ဖြိုးမှုလည်း အားနည်း - အာဏာရှင် အုပ်ချူပ်တဲ့ နိုင်ငံတွေမှာတော့ အမိန့်နဲ့ ဆီ စျေးကို သတ်မှတ်လိုက်တယ်- ဒီစျေးထက် မတက်ရပေါ့။
မဖြစ်နိုင်တဲ့ စျေးကို အာဏာ နဲ့ သတ်မှတ်ခြင်းက မှောင်ခိုစျေးကွက်ကို ဖြစ်ပေါ်စေပါတယ်။
ပြီးရင် ပြည်သူလူထု သုံးဖို့အတွက် ထက် စစ်ရေး သုံးဖို့ အတွက် ပိုဦးစားပေးတယ်။ ပြီးရင် အခွင့်ထူးခံ လူတန်းစားအတွက် အထူးအခွင့်အရေး အနေနဲ့ ရောင်းချပေးတာတွေ လုပ်တယ်။
လူထုက အရေးမပါသလို ကြုံရတဲ့ အခက်အခဲကိုလည်း ပွင့်လင်းမြင်သာမှု မရှိ- အစိုးရပဲဆိုပြီး ချချင်တဲ့ ဆုံးဖြတ်ချက်ချတယ်။
သေချာတာက အစိုးရခေါင်းဆောင်တွေ၊ အဖွဲ့အစည်းမှာပါဝင် ပတ်သက်နေတဲ့သူတွေ၊ စီးပွါးရေး ပါတနာတွေ ၊ elite တွေ အတွက် အခက်အခဲမရှိ ပုံမှန်လို သုံးစွဲနိုင်ရမှာ ဖြစ်ပြီး ကျန်တဲ့ ပမာဏကမှ လူထုဆီ ရောက်မှာ ဖြစ်တယ်။

၄-၅ နာရီ ဆီတန်းရတယ်လို့ ကတော့ မြန်မာ တစ်နိုင်ငံပဲ ကြားဖူးသေးတယ်။
အသက်ငယ်တဲ့သူရော ၊ ကြီးတဲ့သူရော သူ့အသက်အရွယ်နဲ့သူ လုပ်စရာတွေ ရှိနေမှာကို လုပ်ရမယ့် အချိန်တွေထဲကဖဲ့ပြီး ဆီတန်းနေရတယ် ဆိုတာ အဲ့နိုင်ငံရဲ့ လက်ရှိအစိုးရရဲ့ စီမံမှုကို သက်သေပြနေတာပါ။
နေ့တဝက်နီးပါး ပညာသင်ချိန်တွေ၊ စီးပွါးရှာချိန်တွေ၊ နားချိန်တွေ အလိုလိုနေရင်း ကုန်နေတာပါ။
အစိုးရ- ခေါင်းဆောင်ဆိုတဲ့လူတွေက ပြည်သူတွေ နာရီနဲ့ ချီပြီး ဆီတန်းရတာကို မသိတာလား- သိရဲ့သားနဲ့ အဲ့လိုမျိူး ရုန်းကန်ပြီး အလုပ်ရှုပ်နေရင် ကောင်းတာပဲ ဆိုပြီး ပစ်ထားတာလား- ဒါမှ မဟုတ် ဘာမှ မစီမံတတ် မတတ်သာတဲ့ အဆုံး အဲ့ အတိုင်းပဲကြည့်နေတာလား- ဘာလဲ မသိဘူးနော်။

📸 BBC Burmese

"ရွှေစျေးကျနေတုံး ရွှေထုတ်ရောင်းလိုက်တော့ ရှုံးသလား?" 😀ရှုံးတာပေါ့ခင်ဗျာ။ ငွေဖောင်းပွမှုပါထည့်တွက်ရင် နှစ်ခါ ရှုံးပါတယ်။...
05/04/2026

"ရွှေစျေးကျနေတုံး ရွှေထုတ်ရောင်းလိုက်တော့ ရှုံးသလား?" 😀
ရှုံးတာပေါ့ခင်ဗျာ။ ငွေဖောင်းပွမှုပါထည့်တွက်ရင် နှစ်ခါ ရှုံးပါတယ်။ 😂

ဥပမာ- ရွှေတကျပ်သားစျေး (၁၀၅) သိန်းကဝယ်လိုက်တယ်။ (၉၈) သိန်း စျေးအကျမှာ ငွေလိုလို့ ထုတ်ရောင်းလိုက်တယ် ဆိုပါစို့။ စျေးနှုန်း အပြောင်းအလဲ ကြောင့်အရှုံး (Nominal Value) က ၁၀၅ - ၉၈ ဖြစ်လို့ = ၇ သိန်း လျော့သွားမယ်။

ဒီကာလမှာ ငွေကြေးဖောင်းပွမှုက ၃၀% ရှိနေတယ်ဆိုရင် ၉၈ သိန်း ရဲ့ အစစ် အမှန်တန်ဖိုး (Real Value) က ၇၅.၃၈ သိန်းသာ ဖြစ်နေလိမ့်မယ်။

ဆိုလိုတာက အခုရတဲ့ ငွေ (၉၈) သိန်းက ငွေဖောင်းပွမှုမတိုင်ခင်က ၇၅.၃၈ သိန်း (ရဲ့ ဝယ်ယူနိုင်စွမ်းအား) နဲ့တူညီနေလိမ့်မယ်လို့ ပြောတာပါ။

ငွေဖောင်းပွမှု ဒဏ်ကို အပြင်းအထန် ခံနေရတဲ့ အခြေအနေမျိုးမှာ ရွှေလို (မြေ၊ တိုက်တာ၊..)အမာခံပိုင်ဆိုင်မှု (Hard Asset) ကို ရောင်းပြီး ငွေဖော် တာက အလွန်လွဲမှားပါတယ်။ (ဒါက cash flow forecasting မလုပ်နိုင်ခဲ့တဲ့ အမှားလို့ ဆိုရမှာပါ)။

ရွှေကို မရောင်းဘဲ လိုတဲ့ငွေကို ဘဏ်က ချေးငွေယူကြည့်ရအောင်ပါ။

ဘဏ်အတိုးနှုန်း: ၁၃% (မိမိပေးရမဲ့ အတိုး)
ငွေဖောင်းပွမှုနှုန်း: ၃၀% (ငွေတန်ဖိုး ကျဆင်းမှုနှုန်း)
ဒါဆိုရင် အမှန်တကယ် ပေးရမဲ့ အတိုးက Real Interest Rate က 17% (13% - 30%) ပဲ ဖြစ်နေမှာပါ။ ဆိုလိုတာက တန်ဖိုးကျနေတဲ့ ငွေကြေးကို ချေးယူပြီး ၉၈ သိန်း အကြွေးဆပ်လိုက်တာမျိုးဖြစ်လို့ ဘဏ္ဍာရေးရှုထောင့်အရ မြတ်ပါတယ်။ ရွှေစျေးက တစ်နှစ်အတွင်း ၃၀% တက်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက အတိုးပေးရတာထက် ပိုပြီးတိုးပွါးနေမယ် မဟုတ်လားဗျာ။

ဒါ့ကြောင့် ကိုယ်က ရွှေ ဝယ်/ရောင်း သမား မဟုတ်ခဲ့ရင် ရွှေကို တန်ဖိုးထိန်း ကိရိယာ (store of value) အဖြစ် ဆုပ်ကိုင် ထားပါလို့... ။ cash flow မစီမံတတ်ရင် မိမိထံ သင်တန်း လာတက်ပါလို့ 😜😀 ပြောပါရစေ 😂။(ဘဏ်ကငွေချေးရင် အတိုးပုံမှန်ပေးနိုင်တဲ့ ဝင်ငွေရှိဖို့တော့ လိုမှာပေါ့နော်ဗျာ☺️)။
Kyaw San@

စံချိန်ထပ်တင်လိုက်တဲ့ စက်သုံးဆီဈေး  ပြည်တွင်းစက်သုံးဆီဈေးက စံချိန်တင်ဆက်လက်မြင့်တက်နေပြီး ဓာတ်ဆီ ၊ ဒီဇယ်အမျိုးအစားအလိုက်...
27/03/2026

စံချိန်ထပ်တင်လိုက်တဲ့ စက်သုံးဆီဈေး

ပြည်တွင်းစက်သုံးဆီဈေးက စံချိန်တင်ဆက်လက်မြင့်တက်နေပြီး ဓာတ်ဆီ ၊ ဒီဇယ်အမျိုးအစားအလိုက် တစ်လီတာကိုငွေကျပ် ၈၀၀ ကနေ ၁၂၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။

အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ မတ်လ ၂၇ ရက်မှာ ရန်ကုန်အထိုင် စက်သုံးဆီဈေးက ဓာတ်ဆီ 92တစ်လီတာ ၄,၄၅၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၉၇၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၅,၄၅၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၆,၀၈၅ကျပ် သတ်မှတ်လိုက်တာပါ။

စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက လေးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး တစ်လအတွင်း သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၂၁၀၀ ကနေ ၃၂၀၀ ကျော်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်နေသလို စစ်ကောင်စီက ဆီဝယ်ယူမှုပုံစံကိုလည်း အင်ဂျင်ပါဝါပေါ်မူတည်ပြီးတစ်ပတ်အတွင်း သတ်မှတ်ထားတဲ့ စက်သုံးဆီနှုန်းထားကို ဝယ်ယူရမယ့် စနစ်ကို ကြေညာခဲ့ပါတယ်။

အဲဒီ့ကြေညာချက်မှာ ဆိုင်ကယ်က၈လီတာ (၂ကြိမ်)၊ သုံးဘီးက ၂၅လီတာ(၃ကြိမ်) ၊ ထော်လာဂျီက ၃၀ လီတာ(၃ကြိမ်) ၊ အိမ်စီးကားနဲ့ ဌာနဆိုင်ရာယာဉ် အင်ဂျင်ပါဝါ ၂၀၀၀ စီစီ အထိ က ၃၅ လီတာ(၂ကြိမ်) ၊ ၂၀၀၀စီစီအထက်နဲ့ ၃၀၀၀ စီစီအထိက ၄၀လီတာ(၂ကြိမ်) ၊ ၃၀၀၀ စီစီအထက်က ၄၅ လီတာ(၂ကြိမ်) ကို တစ်ပတ်အတွင်းဝယ်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။

အငှားယာဉ်တွေကိုတော့ တစ်ပတ်ကို သုံးကြိမ် ဝယ်ယူခွင့်ပေးထားပြီး အင်ဂျင်ပါဝါ ၂၀၀၀ စီစီ အထိ က ၉၀ လီတာ ၊ ၂၀၀၀စီစီအထက်နဲ့ ၃၀၀၀ စီစီအထိက ၁၀၀လီတာ နဲ့ ၃၀၀၀ စီစီအထက်က ၁၁၀ လီတာဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

ပုဂ္ဂလိကနဲ့ ဌာနဆိုင်ရာ ကုန်တင်ဝန်ပေါ့ ယာဉ်၊ ကုန်တင်ယာဉ်ကြီးတွေအတွက်ကိုတော့ တစ်ပတ်နှစ်ကြိမ် ဝယ်ယူခ္ငအင့် ပေးထားပြီး အင်ဂျင်ပါဝါ ၆၀၀၀ စီစီ အထိ၁၂၀လီတာ၊ ၆၀၀၀စီစီအထက် ကို ၁၅၀ လီတာ ၊ အင်ဂျင်ပါဝါ ၈၀၀၀ စီစီအထိ ၂၀၀လီတာ၊ ၈၀၀၀ စီစီအထက်က ၂၅၀ လီတာ စသဖြင့် သတ်မှတ်ပေးထားပါတယ်။

ယာဉ်တိုင်း ခရီးဝေးထွက်ခွာရင်တော့ လမ်းတစ်လျှောက်ကဆိုင်တွေမှာ စက်သုံးဆီရောင်းချပေးမယ်လို့ဆိုပါတယ်

ပုဂ္ဂလိက ခရီးသည်တင်ယာဉ်တွေအပါအဝင် လူမှုကူညီရေးယာဉ် ၊ လူနာတင်ယာဉ် ၊စည်ပင်အမှိုက်သိမ်းယာဉ် ၊ ရေပုတ်စုတ်ယာဉ် စတဲ့ ယာဉ်တွေကိုတော့ သတ်မှတ်ချက်မရှိပဲ လိုအပ်တဲ့ပမာဏကိုရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်သုံးဆီဝယ်ယူဖို့အတွက် စစ်ကောင်စီက စုံ၊ မ ရက်ခွဲပြီး ရက်အလိုက်ထည့်နေရတဲ့ စနစ်ကိုတော့ ဖျက်သိမ်းတယ်လို့ ကြေညာထားတာမရှိပါဘူး။

ဒါ့အပြင် လက်ရှိ အင်ဂျင်ပါဝါအလိုက် ဝယ်ယူခွင့်ပေးတဲ့ ပမာဏက အင်ဂျင်ပါဝါနည်းတဲ့ ကားတွေမှာ လက်ရှိစနစ်မှာ ဝယ်ယူရတဲ့ နှုန်းထက်လျော့ပြီးရရှိသွားမှာဖြစ်လို့အဆင်မပြေတာတွေရှိနိုင်တယ်လို့လည်း ဝေဖန်ထားကြပါတယ်။

စုံရက်လေးဆိုတော့ ဒီနေ့ ဆီဆိုင်မှာတန်းသွားစီတယ် ကိုယ်ကဒီပွဲမစခင်လေး ဆိုင်ကယ်လိုင်စင်သက်တန်းတိုးထားတော့ ယဉ်လိုင်စင်လေးကိုင...
26/03/2026

စုံရက်လေးဆိုတော့ ဒီနေ့ ဆီဆိုင်မှာတန်းသွားစီတယ် ကိုယ်ကဒီပွဲမစခင်လေး ဆိုင်ကယ်လိုင်စင်သက်တန်းတိုးထားတော့ ယဉ်လိုင်စင်လေးကိုင်ပြီးတန်းစီရတာ ကိုယ့်ကိုယ်ကိုယ် အကောင်ပေါ့
ကိုယ့်ရှေ့ကလူရဲ့ ဆိုသ်ကယ်ကိုကြည့်လိုက်တော့ နံပတ်ပြားမပါတဲ့ ဝစ်သောက်
သူ့အလှည်ရောက်တော့ ဆီဆိုင်ဝန်ထမ်းက လိုင်စင်မပါဘူးလားဒါဆို သုံးထောင်ဖိုးပဲရမယ်တဲ့
နောက်ကအကိုက လိုင်စင်နဲ့လား လိုင်စင်ပါရင် ငါးထောင်ဖိုးရမယ် တဲ့
တယ်ဟုတ်ပါလားပေါ့ ဒီတခါ ငါလိုင်စင်သက်တန်းသွားတိုးထားတာမှန်သွားတယ် ငါကွ ပေါ့
ဒီလိုနဲ့ ဆီထည့်ပြီးလို့ အပြင်ထွက်တော့ လမ်းတဖက်က ဆီဆိုင်မှာ ခုနက ကိုယ့်ရှေ့ကလူ လိုင်စင်မပါတဲ့ သူ့ဆိုင်ကယ်ကိုဆီထည့်နေလေရဲ့
ဟာ... အဲဒီဆိုင်က လူရှင်းနေလို့ open ပေးနေတယ်ထင်တယ် ဆိုပြီး ကိုယ်လည်း ဆီထည့်ဖို့ သွားလိုက်တယ်
လိုင်စင်နဲ့ ကျူအာကုတ်လေးပြတော့ ဟိုဘက်ဆိုင်မှာဆီထည့်ပြီးကြောင်းပြနေတယ် မရတော့ဘူးအကိုတဲ့
ဒါဆို ခုနကဆိုင်ကယ်က ဘာလို့ရတာလဲ
သူလည်း ဟိုဘက်ဆိုင်မှာ ငါ့ရှေ့ကနေထည့်သွားတာလေ
ဆိုပြီးမေးတော့
အဲဒါတော့ သမီးတို့မသိပါဘူး
လိုင်စင်ပါရင် ငါးထောင်ဖိုးရောင်းရမယ်
မပါရင် သုံးထောင်ဖိုးပဲ ရောင်းရမယ်လို့ ပြောထားလို့ပါတဲ့
တော်ပြီ နောက်ရက်က စပြီး နံပတ်ပြားလည်းဖြုတ်မယ်
လိုင်စင်လည်း သိမ်းထားတော့မယ်
ဟုတ်တယ်လေ ခင်များတို့ပဲ စဉ်းစားကြည့်
လိုင်စင်မပါတဲ့ ဆိုင်ကယ်က သုံးထောင်ဖိုးပဲရတယ်ဆိုပေမယ့်
ရှိသမျှဆီဆိုင်အကုန်ပတ်ထည့် တိုင်ကီပြည့်ရင်ဖောက်ထုတ် ပြန်ထည့်ရတယ်
လိုင်စင်ပါတဲ့ ဆိုင်ကယ်က ငါးထောင်ဖိုးတော့ရပါရဲ့
တစ်ရက်မှ ငါးထောင်ဖိုး ဒါတောင် စုံနေ့မှာ စုံပဲရမှာ ဆိုတော့ တစ်ရက်ခြားမှ ငါးထောင်ပေါ့
ခင်များတို့ရော ဘယ်လိုလုပ်မယ် စဉ်းစားကြလဲဗျ
ကျွန်တော်ကတော့ မနက်ဖြန်ကစပြီး ဝှစ်သောက်လုပ်ပြီ😁😁😁

မောင်အောင်ကြိုင်

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ . .မြန်မာနိုင်ငံကထူးခြားတယ် . . ဘယ်လိုထူးခြားသလဲဆို . .သင်္ကန်းဝတ်တွေကိုမေးခွန်းပြန်ထုတ်မ...
26/03/2026

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ . .
မြန်မာနိုင်ငံကထူးခြားတယ် . .

ဘယ်လိုထူးခြားသလဲဆို . .
သင်္ကန်းဝတ်တွေကိုမေးခွန်းပြန်ထုတ်မိရင် . .

ကော်ဖီခွက် ငွေဖြည့်ကဒ်တွေမှာ
ဘုရားပုံမှားရိုက်မိရင် . .

ဒါမှမဟုတ် . .
ဗုဒ္ဓနဲ့ပတ်သတ်တာ တခုခုကို
Day Club တို့ Night Club တို့မှာ
DJ သွားတီးမိရင် . .
အပစ်က တော်တော်လေးကြီးလေးသလို . .
ထောင်ပါကျနိုင်ပေမယ့် . .

သင်္ကန်ခြုံ ဂမ်းကိုင်ပြီး . .
လင်းယုန်အစာကောက်ပါတော့ဒကာကြီးမင်းအောင်လှိုင်ရယ်
ဆိုပြီး အမြဲဆော်ဩတတ်တဲ့ ပေါက်ကိုယ်တော်ရယ် . .

မင်းတို့အမေလို
အနမ်းနဲ့မကြိုဘူး ဂမ်းနဲ့ကြိုမှာ . . .
မင်းတို့တွေ
ထမင်း၀အောင်စားထားဆိုပြီး
Cameraကို လက်ညိုးငေါက်ငေါက်ထိုးတဲ့
ဝီရသူရယ် . .

စစ်ထွက်မိန့်ခွန်းလိုလို ဘာလိုလိုနဲ့
လူသ-်ဒါကိုပဲ ဘာအပစ်မှမဖြစ်သလို
ဒုဥဂါမဏိမင်းကြီးအကြောင်းဟောကြားတဲ့
ဆရာတော် ဂူကြီးတို့ရယ်ဆို . .
လွတ်ကြည်ညိုကြတာ . .

ဒီကြားထဲ . .
မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ ရဲ့
“တန်ဖိုးကြီးသော ပစ္စည်းကိုပေးလှုခဲ့ပါမှု
တန်ဖိုးကြီးသောပစ္စည်းကိုပြန်ရမည်။
ညံ့ဖျင်းသော ပစ္စည်းကို ပေးလှုခဲ့ပါမူ
ညံ့ဖျင်းသောပစ္စည်းကိုရရှိမည်သာ
တူသောအကျိုးကိုရရှိခြင်းသည်
တူသောအကြောင်းရှိခဲ့လို့ပေါ့”
ဆိုတော့ . . .

ဘုရားဒကာတပ်ချုပ်ကြီး
အဘမင်းအောင်လှိုင်ခင်ဗျာ
လူတကာရွံ့မုန်းတဲ့ ကျားဖြန့်ကရလာတဲ့ပိုက်ဆံတွေကို

ဘေးနိုင်ငံတွေရဲ့ယှဉ်ရင်တောင် . .
အရာရာ အောက်ကျ နောက်ကျဖြစ်နေလွန်းတဲ့
ပညာရေး၊ ကျန်းမာရေး၊ ပြည်သူလူထုတွေရဲ့
ပြန်လည်ထူတောင်ရေးလုပ်ငန်းတွေမှာတောင် မသုံးတော့ပဲ . .
အလားလား ဘုရားအကြီးကြီးတည်ပစ်လိုက်တာပလား . .

ပြောမယ့်သာပြောတာ . .
ဒီနိုင်ငံမှာ
ဘုရားအတည်နိုင်ဆုံးလူသားကို
လက်ညိုးထိုးပါဆို . .
တနိုင်ငံလုံးနဲ့စစ်ပတ်တိုက်
မီးလိုက်ရှို့၊ ဗုံးလိုက်ကြဲနေတဲ့ . . .
ဘုရားဒကာအလှု့ဒယာက
တပ်ချုပ်ကြီး နဲ့ စစ်သားကြီးတွေအများဆုံးပဲ . . .

အဲဒီဘုရားဒကာစစ်သားကြီးတွေ
တည်ထားတဲ့ဘုရားတွေကိုမှ . .
ဖင်ပူးတောင်းထောင်
ရှစ်ခိုးနေတာ ဘယ်သူတွေလဲကြည့်ပြန်တော့
အကြဲခံပြည်သူ အရှို့ခံလူသား
တို့ပြည်သူများဗျ . .
ဟုတ်တော့ဟုတ်နေတာပဲ . .

အခုလည်းလာပြန်ပြီ . .
မြန်မာနိုင်ငံရဲ့ ပညာရေးကို
ဘုန်းဘုန်းတို့ကပဲတာဝန်ယူ
ဦးဆောင်သင့်တယ်ဆိုတဲ့
၀ါသ၀ပေါက်စ . .
အရှင်ရေဝတ ရဲ့
မှတ်သားဖွယ်ရာ
ဩဝါဒစကား . .

ကြည့်လိုက်တော့ . .
လူက အင်း . .
မပြောတော့ပါဘူး . . .

ထူးတော့ထူးဆန်းသားဗျ
ကမ္ဘာပေါ်မှာ
Oxford ကျောင်းဆင်း
Cambridge ကျောင်းဆင်း
Harvard ကျောင်းဆင်း
ဘာကျောင်းဆင်း
ညာကျောင်းဆင်းဆိုပြီး
ပညာရှင် ဒေါက်တာပါရဂူတွေတောင်. . .
အကုန်မသိ အကုန်မတတ်ပေမယ့် . .

မြန်မာနိုင်ငံက
ဘယ်နိုင်ငံကမှ အသိအမှတ်မပြု . . . .
DSA ကျောင်းဆင်းရယ် . .
ထေရဝါဒဗုဒ္ဓတက္ကသိုလ် ကျောင်းဆင်းရယ်ဆို
အကုန်သိ အကုန်တတ်နေတော့တာပဲ . . .

သွားပြောလို့တော့မရဘူး . . .
တစ်ယောက်က ဂမ်းနဲ့
နောက်တစ်ယောက်က
သင်္ကန်း နဲ့မလား . .

Crd - Mi Wyne (Meanwhile In Myanmar)

ที่อยู่

Bangkok
10240

เบอร์โทรศัพท์

+959405809426

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Top Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Myanmar Top News:

แชร์