Dandari Store(Singapore)

Dandari Store(Singapore) Retail shop selling Phone Cards, Drinks, Liqours, Beers, Singapore Sweep tickets, Burmese Foods and

တနှစ်တခါပေးနေကြ Singapore Sweep ရဲ့ ဒေါ်လာ၅သန်းဆုကြီးလာပါပြီ။ 7  Oct မှာ ထီဖွင့်ပါမယ်နော်။ကံကောင်းနိုင်ကြပါစေ။
03/09/2026

တနှစ်တခါပေးနေကြ Singapore Sweep ရဲ့ ဒေါ်လာ၅သန်းဆုကြီးလာပါပြီ။ 7 Oct မှာ ထီဖွင့်ပါမယ်နော်။

ကံကောင်းနိုင်ကြပါစေ။

23/08/2026

UPDATE ပိုက်ဆံပိုင်ရှင်နဲ့ အဆက်အသွယ်ရပါပြီ။ ပြောပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ ပုံကလေးဖြုတ်ပေးပါဆိုလို့၊ ဆက်တင်ထားစရာလည်း မလိုတော့လို့၊ ပုံကိုတော့ဖြုတ်လိုက်ပါပြီ။

ဒီကလေးမလေးကို သိတဲ့သူများ ဆိုင်ထဲမှာ ပိုက်ဆံတွေ ကျကျန်ခဲ့တဲ့အကြောင်း ပြောပြပေးလိုက်ကြပါဦး။ တော်တော်လေး ဗျာများနေလောက်ပြီမို့ပါ။

21/07/2026

ဒီနေ့က စပြီး Singtel Hi ( အရင် Heya) $12 Top Up တွေ မရတော့ပါဘူး။ ၃လစာကို $35၊ တနှစ်စာကို $120 နဲ့ ပဲထည့်နိုင်ပါတော့မယ်။
တလစာပဲ ထည့်မယ်ဆိုရင်တော့ $15 အနည်းဆုံးထည့်ရတော့မှာပါလို့။

Maxx $12 တန်က မြန်မာပြည်ကို မိနစ် ၆၀၀ ကြီးများတောင် တိုက်ရိုက်ဖုန်းဆက်ခွင့် ပေးထားပါပြီ။ ဟိုနိုင်ငံ၊ ဒီနိုင်ငံ သွားတတ်တဲ...
20/06/2026

Maxx $12 တန်က မြန်မာပြည်ကို မိနစ် ၆၀၀ ကြီးများတောင် တိုက်ရိုက်ဖုန်းဆက်ခွင့် ပေးထားပါပြီ။

ဟိုနိုင်ငံ၊ ဒီနိုင်ငံ သွားတတ်တဲ့သူတွေအတွက်လည်း Free Voice Roaming ပေးထားတဲ့အတွက် ရိုးရိုးဖုန်းခေါ်ရုံနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရပါပြီ။

နိုင်ငံ ၅၇ နိုင်ငံအတွက် Voice Roaming ပေးထားပါတယ်။ အများစု သွားနေကြဖြစ်တဲ့ နိုင်ငံတွေအားလုံးနီးပါး ပါပါတယ်။ မလေး၊ အင်ဒို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ တိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို၊ အော်ဇီ၊ နယူးဇီလန်၊ အိန္ဒိယ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဖင်လန်၊ ဆွီဒင်၊ ယူကေ၊ ကနေဒါ၊ အမေရိကန် စသဖြင့်ပေါ့။

Data Roaming ကိုလည်း 600 GB အထိ မလေး၊ အင်ဒို အပြင် ထိုင်းနဲ့ ဟောင်ကောင်မှာပါ ပေးသုံးလိုက်ပါပြီ။ ကျန်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အော်ဇီ၊ နယူးဇီလန် လိုနိုင်ငံတွေကတော့ 27GB ရပါမယ်တဲ့။

M1 က 10 May အထိ ကံစမ်းမဲ အစီအစဉ်လုပ်ထားပါကြောင်း အသိပေးလိုပါတယ်။ Prepaid ရော Maxx ရော အတွက်ပါ။ တော်ကြာ 10 May နောက်ပိုင်...
22/04/2026

M1 က 10 May အထိ ကံစမ်းမဲ အစီအစဉ်လုပ်ထားပါကြောင်း အသိပေးလိုပါတယ်။ Prepaid ရော Maxx ရော အတွက်ပါ။ တော်ကြာ 10 May နောက်ပိုင်း မဲပေါက်တယ်လို့ M1 က ဆက်သွယ်လာရင် အလိမ်ခံရတယ်ထင်နေမှာစိုးလို့ 😅။

$12 နဲ့အထက် sim အသစ်ဝယ်တာပဲဖြစ်ဖြစ်၊ ငွေဖြည့်တာပဲဖြစ်ဖြစ် M1 က သူ့ဟာသူ ကံစမ်းခွင့်တွေ မှတ်ထားပေးမှာပါ။ 10 May နောက်ပိုင်းမှာ ဒီကံစမ်းခွင့်ရသူတွေထဲက ၃၄ ယောက် ပုံမှာပြထားတဲ့အတိုင်း မဲတွေပေါက်မယ်ပေါ့။

ကိုယ်ဘာမှလုပ်စရာမလိုပါဘူး။ သူဟာသူမဲထည့်၊ သူဘာသူမဲဖောက်၊ သူဟာသူဆက်သွယ်မှာမို့ ဆုရရင် လက်ခံပေးရုံပါပဲ။ ကံကောင်းကြပါစေနော 🙏

မှတ်ချက်။ ။ သင်္ကြန်ကံစမ်းမဲ ဖြစ်တဲ့အတွက် Peninsula Plaza တခုတည်းအတွက် လုပ်တာပါ။ Plaza တခုလုံးမှ ကျနော်တို့ဆိုင် အပါအဝင် M1 ကရွေးချယ်ထားတဲ့ ၇ဆိုင်ပဲ ရပါမယ်။

Singtel Hi (အရင် Heya) သမားတွေ 5G သုံးချင်သပဆို $15 - 5G plan ထည့်လို့ရပါပြီ။Roaming နိုင်ငံတွေ အများကြီးတိုးလာပြီး မြန်...
31/03/2026

Singtel Hi (အရင် Heya) သမားတွေ 5G သုံးချင်သပဆို $15 - 5G plan ထည့်လို့ရပါပြီ။

Roaming နိုင်ငံတွေ အများကြီးတိုးလာပြီး မြန်မာပြည်မှာပါ Roaming ရမယ်ဆိုပါတယ်။

ပြည်ပြည်စုံစုံပြောရမယ်ဆို စလုံး၊ မလေး၊ အင်ဒို၊ ထိုင်း နဲ့ ဟောင်ကောင်တွေမှာ 500GB သုံးလို့ရမှာဖြစ်ပြီး အော်ဇီ၊ ဘင်္ဂလား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မကာအို၊ ဖိလစ်ပင်း၊ တောင်ကိုးရီးယား၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်၊ မြန်မာ၊ နျူးဇီလန်၊ ပါကစ်စတန် တို့မှာ 18GB ရပါမယ်တဲ့။

ပြည်တွင်း စိတ်ကြိုက်ခေါ်နိုင်မယ့်အပြင် မြန်မာပြည်ခေါ်ဖို့ မိနစ် ၁၀၀ လည်းပါပါသတဲ့လေ။

‌တခုသတိပေးချင်တာကတော့ အရင် Heya sim အဟောင်းသုံးနေသူတွေ 5G သုံးချင်ရင် sim အရင်လဲမှရပါမယ်လို့။ ကိုယ်သုံးနေတဲ့ဖုန်းကလည်း 5G ဖုန်းဖြစ်ဖို့လိုတယ်ဆိုတာလေးလည်း သတိချပ်စေချင်ပါသေးတယ်။

Singtel Hi နာမည်ပြောင်းပြီးမှ sim ဝယ်ထားသူတွေတော့ ပြောင်းစရာမလိုပါဘူး။ 5G sim ဖြစ်ပြီးသားမို့ 5G plan ဝယ်သုံးလိုက်ရင်ရပါပြီ။

Hi

26/03/2026

Singtel သမားများ (Prepaid ရော Heya နာမည်ပြောင်းထားတဲ့ Hi post ရောပါ) ရက်နာမှာ မပူရဘဲ top up လုပ်လို့ရပါပြီ။

အရင်က ဘယ်နေ့ top up လုပ်လုပ်၊ လုပ်တဲ့နေ့ကစပြီး ရက်တွက်ပေမယ့် အခုတော့ plan အဟောင်း ကုန်တဲ့နေ့ကစပြီးပဲ ရက်တွက်ပေးပါတယ်။

အဲဒီတော့ plan မကုန်မချင်း ထိုင်စောင့်စရာမလိုတော့ဘဲ ကြိုက်တဲ့အချိန် ကြိုဖြည့်လို့ရသွားပါပြီ။ ဒါ့အပြင် လတိုင်းမလာနိုင်လို့ နှစ်လသုံးလစာ ကြိုဖြည့်ချင်တယ်ဆိုလည်း တလစာကို နှစ်ခါသုံးခါဖြည့်လိုက်ရုံပါပဲ။

အလုပ်ရှုပ် သက်သာသွားသလို စိတ်ရှုပ်လည်း သက်သာသွားတာပေါ့။
Top Up

Update: ပြင်ပြီးပြီလို့ဆိုပေမယ့် တကယ်တမ်းတော့ 5G လိုင်းတွေ သေချာမကောင်းသေးပါဘူး။ 4G လိုင်းတွေသာ ကောင်းသွားတာပါ။ အဲဒီတော့...
16/03/2026

Update: ပြင်ပြီးပြီလို့ဆိုပေမယ့် တကယ်တမ်းတော့ 5G လိုင်းတွေ သေချာမကောင်းသေးပါဘူး။ 4G လိုင်းတွေသာ ကောင်းသွားတာပါ။ အဲဒီတော့ Mobile Network ထဲမှာ 4G / LTE ကို ရွေးပြီးသုံးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ 5G တော့ မရဘူးပေါ့။

ဒီမနက်ကစပြီး Singtel တွေ လိုင်းပျောက် သုံးမရ ဖြစ်နေပါတယ်။ စိတ်မပူကြပါနဲ့၊ ပြင်ပြီးရင် ပြန်ကောင်းမှာပါ။ ဘယ်တော့ပြင်ပြီးမယ်တော့ မသိဘူးပေါ့နော်။ 😅

12/02/2026

တရုတ်နှစ်ကူး နှစ်ရက် (၁၇၊ ၁၈) Peninsula Plaza အတွင်းပိုင်းတခုလုံး ပိတ်ပါတယ်နော်။ အပြင်ဘက်တန်းဆိုင်တွေပဲ ဖွင့်လို့ရပါမယ်။ ဝယ်ခြမ်းချင်တာများရှိရင် သတိပြုနိုင်အောင်ပါ။

အဆင်ပြေတဲ့ နှစ်ကူး ဖြစ်ကြပါစေ။

M1 prepaid သုံးစွဲနေသူတွေ ဒီနေ့ကစပြီး Maxx ကိုပြောင်းလို့ရပါပြီ။ ဆိုတော့ကာ အသစ်ရောက်ပြီး Passport နဲ့ Prepaid ဝယ်ထားသူတွ...
20/01/2026

M1 prepaid သုံးစွဲနေသူတွေ ဒီနေ့ကစပြီး Maxx ကိုပြောင်းလို့ရပါပြီ။

ဆိုတော့ကာ အသစ်ရောက်ပြီး Passport နဲ့ Prepaid ဝယ်ထားသူတွေအနေနဲ့ sim ကို Work Pass/ Student Pass/ Dependent Pass နဲ့ Update လုပ်ပြီးပြီဆိုရင် Maxx ကို ပြောင်းသုံးနိုင်ပါပြီပေါ့။

Maxx ဟာ 5G sim ဆိုပေမယ့် $10 plan ဆို 4G network ပဲ ပေးသုံးမှာ ဖြစ်ပြီး $12 နဲ့ $15 plan တွေမှ 5G network ရမှာပါ။ ဒါပေမယ့် အနည်းဆုံး သုံးလစာ ထည့်မယ်ဆိုရင်တော့ ဘယ် plan ဖြစ်ဖြစ် 5G network ပေးပါတယ်‌။

Address

111 North Bridge Road. #01-20. Peninsula Plaza
Singapore
179098

Opening Hours

Monday 11:30 - 22:00
Tuesday 11:30 - 22:00
Wednesday 11:30 - 22:00
Thursday 11:30 - 22:00
Friday 11:30 - 22:00
Saturday 10:30 - 22:00
Sunday 09:30 - 22:00

Website

Alerts

Be the first to know and let us send you an email when Dandari Store(Singapore) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dandari Store(Singapore):

Shortcuts

Share