MAY & JUNE MART

MAY & JUNE MART Smart and affordable products with local standards.

ပိုစ့်တွေ မတင်ဖြစ်တာ ကြာပြီနော်။FB team ကြီးကလေ ပဲကြော်ပိုစ့်လေးတွေပဲ တင်တာကို  account ကို ခဏ ခဏ disabled လုပ်တယ်။အံမယ်...
03/08/2025

ပိုစ့်တွေ မတင်ဖြစ်တာ ကြာပြီနော်။FB team ကြီးကလေ ပဲကြော်ပိုစ့်လေးတွေပဲ တင်တာကို account ကို ခဏ ခဏ disabled လုပ်တယ်။အံမယ် ပြန်ဖွင့်ချင်ရင် Credit card နဲ့ Verified လုပ် မှာ ဖွင့်ပေးတယ်ဗျ။

ပဲကြော်လေး​​ တွေ ကို ပို့နေကြ ဆိုင် တွေ မှာ ဝယ်ယူ အားပေးလို့ ရပါတယ်ရှင့်။ဆိုင်အသစ်လေး အနေနဲ့

Telok Blangah Crescent က ​Shwe Khit

မီနီမတ်မှာလဲ ဗူးအကြီး /အသေး အားပေး

လို့ ရပါပြီရှင့်။

ဒီအပတ် နဲ့ ​ပြီးခဲ့တဲ့ အပတ် ဒီ ဆိုင်လေး တွေ ပို့ပြစ်တယ်ရှင့်။

၁. ပစ်တိုင်းထောင် မီနီမတ် (lake side)

Bedok

၂.သမီးကြီး မီနီမတ်

၃.ဆုပြည့် မီနီမတ်

၄.ပုသိမ်သူ မီနီမတ်

၅.အိပုံ့ မီနီမတ်

Eunos

၆.ကောင်းချင်းဝေ မီနီ မတ်

Telok Blangah Crescent

၇. ရွှေခေတ် မီနီမတ်

Teban Garden

၈.နန်းဦးခင် မီနီမတ်

City hall

၉.Kay Tu Myanmar
(ကေတု မှာတော့ ဗူးလေး တွေ တွေ့လို့ ဝယ်ချင်ရင် ဝင်သာမေးကြည့်😁ဒါပေမဲ့ ဆိုင်သုံး ပဲ ထင်လို့ Dolly paper လေး တွေ မခံ ပဲ ထည့် ပေးထားတာမလို့ ပါ။ ဆိုင်က မောင်လေးက အစိမ်းလာဝယ်လဲ ရောင်းလိုက်တယ် ဆိုလို့😀)

CCK /Woodland
၁၀..CCK Myanmar
၁၁. Woodland CCK Myanmar

Clementine က

၁၂.ဆု မီနီမတ်

Serangoon

၁၃. Charming Myanmar

ဝယ်ယူ အားပေးသူ အားလုံးကို ကျေးဇူး တင်ပါတယ်ရှင့်😍

Clementi က ကာကာလေးတွေရေ*ဆု မီနီမတ်* မှာ May&June ပဲကြော် ဗူး အကြီး အသေး ပြန်ရနေပါပြီရှင့်။မနက်ဖြန် ဆို စတုဒိသာ ထပ်ရှိသေး...
19/04/2025

Clementi က ကာကာလေးတွေရေ

*ဆု မီနီမတ်* မှာ May&June ပဲကြော် ဗူး အကြီး အသေး ပြန်ရနေပါပြီရှင့်။

မနက်ဖြန် ဆို စတုဒိသာ ထပ်ရှိသေးတယ် ကြားခဲ့တယ်ဗျို့။ဒီအပတ် မင်မင် ပဲကြော်သွားပို့ရင်း စားရကံကြုံလို့ ကန်ဇွန်းဥ သာကူစတုဒိသာ နဲ့ တို့တာ ဘာပြော ကောင်းမလဲ ကိုယ့် အကြိုက်ဆုံး မြန်မာ အစားစာ ဆိုတော့ ၂ ပွဲ ဆွဲ ခဲ့တယ်😁

19/04/2025

M&J ပဲကြော်ကို Serangoon Central မှာ ဆို Charming Myanmar ဆိုင်နဲ့ Serangoon North Ave 1 က Htike minimart မှာလဲ ဝယ်ယူ အားပေးလို့ရပါတယ်ရှင့်။ချမ်းမင်းက သူဌေးက *ပဲကြော်ပို့ရန် အချိန်တန်လို့ * အော်ဒါ တင်ထားပေမဲ့ ကြော်တဲ့သူက သောကြာ ဆို ပဲကြော်လဲ ကုန် လူလဲ ဖလက်ပြ။တစ်ပတ် တစ်ပတ် ဆိုင်၃/၄ ဆိုင်လောက် မပေးနိုင်လို့ ကျန်ခဲ့တာမို့။ပို့တဲ့ သူက အချိန်မတန်သေး😁

ဒါက Serangoon north ave1 က ဆိုင်သစ်လေးပါ။အဲ့မှာလဲ May &June ပဲကြော် ဝယ်ယူ အားပေးလို့ရပါပြီရှင့်။

Htike Minimart Pte. Ltd.
Blk 152, # 01-344,
Serangoon North Ave 1,
550152

Smart and affordable products with local standards.

12/04/2025

M&J ပဲကြော် လေးတွေ Teban Garden က Nang Oo Khin ဆိုင်မှာ ဝယ်ယူ အားပေးလို့ ရပါပြီရှင့်။ ဆိုင် FB link လေးလဲ ချပေးထားပါ တယ်ရှင့်။
နှစ်စဉ် April လတိုင်း ထည့်ပေးတဲ့ Cash ကံစမ်းမဲ လေးလဲ ပါတယ်နော်။M&J ရဲ့ အမာခံ ကာစတန်မာလေးတွေ ကို ပြန်လည် ကျေးဇူး တုန့်ပြန်တဲ့ (small tokens) သေးသေးလေးပါရှင့်။

ဝယ်ယူ အားပေးသူ အားလုံးကို ကျေးဇူး တင်လျှက်ပါ🙏

*Nang Oo Kin*
61 Teban Gardens Road #01-04
Singapore 600061

https://www.facebook.com/share/1DqzmTF7gT/

Smart and affordable products with local standards.

အချစ်တို့ရေ ကာကာ တို့ရေသူငယ်ချင်း တို့ရေအဲလေ  ဘယ်လို ခေါ်ရမယ် မသိ😁ဒီ အတာအိုး ကံစမ်းမဲ ပထမဆု ပေါက်ရင် တော့ ပဲကြော်ဗူး ထဲ ...
11/04/2025

အချစ်တို့ရေ
ကာကာ တို့ရေ
သူငယ်ချင်း တို့ရေ

အဲလေ ဘယ်လို ခေါ်ရမယ် မသိ😁

ဒီ အတာအိုး ကံစမ်းမဲ ပထမဆု ပေါက်ရင် တော့ ပဲကြော်ဗူး ထဲ ဆွဲသီး ထည့် ဖောက် လိုက်မယ် သိလား။

အခု လောလောဆယ် တစ်ချို့ ကာကာတွေ M&J ရဲ့ နှစ်စဉ် April မှာ ထည့်ပေးနေကြ ကံစမ်းမဲ လေးတွေ ပေါက်နေပြီ ဟုတ်😍

ဒီ အတာအိုး ကံစမ်းမဲ ပေါက်ရင်

ပထမဆု - ၃၅ သိန်း တန် စိန်နီလာ ဆွဲသီး
ဒုတိယဆု - ၂၅ သိန်းတန် ဘယက်
အထူးဆု (၃ဆု)- ၁၂ သိန်းတန် ​ရွှေကလစ် ၃ ခု နဲ့
နှစ်သိမ့်ဆု - ၃ သိန်းတန် ခရမ်းစွဲနဲ့ စလင်းဝါ ငွေဆွဲသီး တဲ့။

အတာအိုး ရောင်းရတဲ့ ငွေက လိုအပ်တဲ့ နေရာ ရောက်မှာပါ။

အားပေးချင်ရင် အောက်က page
လေးမှာ အားပေးလို့ရတယ်ရှင့်။

https://www.facebook.com/share/p/12KMJY3xj7j/

အာလုံးပဲ နှစ်သစ် မှာ အေးချမ်းကြပါစေ😍

23/03/2025

Jurong East က customer လေးတွေရေ May & June ပဲကြော်လေးတွေကို Kaba Kyaw Trading ရဲ့ ဆိုင်ခွဲအသစ်လေးဖြစ်တဲ့။

Jurong East (blk214) Kabar Kyaw Trading ဆိုင် မှာ
အားပေးလို့ရပါတယ်နော်

လိပ်စာ - Blk 214 , #01 - 435, Jurong East Street 21 , Postal Code S600214
( Jurong East MRT မှ West Gate ဖက် Jurong East ဆေးရုံဖက်သို့ ထွက်ပါ. တံတားကျော်ပြီးဆေးရုံအဝင်ဘယ်ဖက်သို့ လှေခါးမှဆင်းပြီး Boon Lay way အတိုင်း လမ်းလျောက်လာရင်မီးပွိုင့်ကျော်ပြီး ညာဖက်ကို ဖြတ်တက်ရင်ရောက်ပါပြီ။ )(Credit: Kaba Kyaw)

အားပေးသူ အားလုံး ကို ကျေးဇူးနော်🥰

16/03/2025

Hello

ပဲကြော် ကြော်ဖို့ ဝန်ထမ်း ခေါ်ချင်လို့ပါရှင့်။
PR or PR depends (LTVP) passholder မှ အဆင်ပြေ လို့ပါ။အခြား Pass တွေ အတွက် Quotas မရှိလို့ပါ။
အလုပ်ချိန် 8 am to 5 pm (Mon to Friday)ပါ။
Permanent Position မလို့ Annual leaves တို့ Medical leaves တို့ ခံစားခွင့်ရမှာ ပါရှင့်။

စိတ်ဝင်စားရင် WhatsApp 9373 3053 ကို ဆက်သွယ်လို့ရပါတယ်ရှင့်။

Location က Woodland Industrial Park E2 မှာပါ။

CCK ဆိုင် အတွက် OT ဆင်း။ဆိုင်ရှင် ညီမ ဒီပိုစ့် မြင်ပါစေ🤭🤭🤭။သူ မှာထားတာ ကြာပြီ😀 ။CCK နဲ့ WL CCK ကို  ဒီတစ်ပတ် ဗူးကြီး နည်...
14/03/2025

CCK ဆိုင် အတွက် OT ဆင်း။ဆိုင်ရှင် ညီမ ဒီပိုစ့် မြင်ပါစေ🤭🤭🤭။သူ မှာထားတာ ကြာပြီ😀 ။CCK နဲ့ WL CCK ကို ဒီတစ်ပတ် ဗူးကြီး နည်းနည်း စမ်းပြီး တင်ကြည့်မယ်။မင်မင်နဲ့ ဈေးတူပါပဲ။မနက်ဖြန် ညနေ လောက် ဆို ဝယ်လို့ရပြီနော်။

Good Morningနေ့တစ်နေ့အစပဲကြော်တွေ ဆု နဲ့ ပုသိမ်သူ ဆိုင် က လွဲရင် ပို့နေကြ ဆိုင်တွေမှာ ပြန်ရနေပါပြီ။Yishun. က Kabakyaw နဲ...
03/03/2025

Good Morning

နေ့တစ်နေ့အစ

ပဲကြော်တွေ ဆု နဲ့ ပုသိမ်သူ ဆိုင် က လွဲရင် ပို့နေကြ ဆိုင်တွေမှာ ပြန်ရနေပါပြီ။Yishun. က Kabakyaw နဲ့ Serangoon က Charming Myanmar နဲ့ Bedok North က ဆုပြည့် မှာလဲ ပြန်ရနေပြီနော်။

အားပေးပါအုံးနော်။နားထားတာ ကြာတာက နေ ပြန်စတော့ အလွဲ အချော်တွေလဲ အတော် များ😅ဒီလတော့ stable ဖြစ်လောက်ပြီ ထင်ရတာပဲ။Deep Fryer နဲ့ကြော်တာကနေ Gas နဲ့ ပြောင်းကြော် တော့ ဘာပြော ကောင်းမလဲ ချာလပတ်လည် နေတာ😅။အားပေးကြ သူ အားလုံး ကျေးဇူးပါရှင့်။

ဒီအပတ်တော့ တစ်ဆိုင်ပြီးတစ်ဆိုင် ကြော်ငြာ တင်မှာ။ဒီဆိုင်လေးက စတင်ကတည်းက မကြော်ငြာ ရသေးတာ။စပြီး လာမှာတုန်းက ဆိုင်ကလေးက မဖွ...
23/02/2025

ဒီအပတ်တော့
တစ်ဆိုင်ပြီးတစ်ဆိုင် ကြော်ငြာ တင်မှာ။

ဒီဆိုင်လေးက စတင်ကတည်းက မကြော်ငြာ ရသေးတာ။စပြီး လာမှာတုန်းက ဆိုင်ကလေးက မဖွင့်သေးဖူး။ပဲကြော်သွားပို့တော့ ဆိုင်က မဖွင့်သေးတော့ စိတ်ထဲ မယ် ငါ့ ပဲကြော်က Expired နီး တာနဲ့ ဆိုင် တော်တော်နဲ့ မဖွင့်သေးရင် Expired date follow up လုပ်ရမယ်လို့ သေချာ take note လုပ်ထားတာ။

ဒါပေမဲ့လေ Soft opening မှာတင် ကုန်သွားပြီး ထပ်မှာတယ်။တစ်ကယ် ဖွင့်တဲ့ နေ့က 50% discount ဆိုလို့လေ။မင်မင် ရုပ်ဖျက်ပြီး M&J ပဲကြော်တွေ တစ်ဝက်ဈေးနဲ့ သွားပြန်သိမ်းရမလား စိတ်ကူးမိသေး😂😂😂။ဒါပေမဲ့ သူက ပစ္စည်း တစ်မျိုးကို တစ်ခု ပဲ ဆိုလို့ စိတ်လျှော့ လိုက်တာ။အဲ့လောက် အကြံကြီးတဲ့ မင်မင်ပါ။

ဆိုင်လေးက

အိပုံ့ မြန်မာမီနီမတ်
Blk 214 Bedok North Street 1
#01-161 Singapore (460214)

ဆိုင်ဖွင့်ချိန် ~~~
မနက် ၁၀နာရီ - ည ၁ဝနာရီ

M&J ပဲကြော်ကို အိပုံ့ မှာ လည်း ဝယ်ယူ အားပေးလို့ ရပါတယ်ရှင့်🙏🙏🙏

https://www.facebook.com/share/1FJ2HBpR3X/

Hello ဒီ ဆိုင်လေးကို တစ်ခါမှ မတင်ဖြစ်လို့။Woodland Industrial park E5 က အမေ့အိမ် မြန်မာ ထမင်းဆိုင် မှာ မုန့်ဟင်းခါး တို့...
23/02/2025

Hello
ဒီ ဆိုင်လေးကို တစ်ခါမှ မတင်ဖြစ်လို့။Woodland Industrial park E5 က အမေ့အိမ် မြန်မာ ထမင်းဆိုင် မှာ မုန့်ဟင်းခါး တို့ အသုပ် တို့ စားရင် M&J. ပဲကြော်လေးနဲ့ နော်😀သောကြာ တစ်ရက်ပဲ မုန့်ဟင်းခါး ရတာနော်။ဆိုင်ရှင်အမ က M&J ပဲကြော်ကို အချပ်လိုက်လေး ထည့်ပေးတာ အချပ်လေး အချပ်လေး ဆိုလို့ မင်မင်ကိုယ်တိုင် အသက်အောင့်ပြီး မကြေအောင် သေချာ လေး ထည့် ပြီး ကားကို စလိုးမိုးရှင်းမောင်းပြီး ပို့ထားတာ😁😁😁
အမရယ် ဘယ်လိုပဲ ဖြစ်ဖြစ် အနည်းအများ ကြေမှာ လို့ ပြောပေမဲ့ ဘယ်လောက်ကြေကြေ သူက အချပ်ရအောင် ထုတ် ပြီး သေချာလေး ထည့်ပေးတာတဲ့😍လမ်းကြုံလို့ ပဲ ဖြစ်ဖြစ်၊နီးရင် ဖြစ်ဖြစ် ဝင်အားပေးလို့ရတယ်နော်။

Helloမင်္ဂလာပါရှင်။M&J. ပဲကြော်လေး ပြန်လာပြီနော်။ဒီ အပတ် စကြော်တာမလို့ အိမ်နဲ့ နီးတဲ့ West ဖက်က ဆိုင်လေးတွေ စ ပို့ ဖြစ်တ...
16/02/2025

Hello
မင်္ဂလာပါရှင်။

M&J. ပဲကြော်လေး ပြန်လာပြီနော်။ဒီ အပတ် စကြော်တာမလို့ အိမ်နဲ့ နီးတဲ့ West ဖက်က ဆိုင်လေးတွေ စ ပို့ ဖြစ်တယ်ရှင့်။နောက်အပတ် ကို East ဖက်က ဆိုင်တွေကို ပို့ထားမယ်နော်။

ဆိုင်ရှင်တွေက ကာစတန်မာတွေ လာလာမေးတာ ဖြေရလွန်းလို့ အာတောင်ညောင်းတယ်တဲ့😍အခု အများကြီး ပို့ထားတယ် အားပေးအုံးနော်။သေချာလေး ဖြေပေးတဲ့ ဆိုင်ရှင်လေးတွေကိုလဲ ကျေးဇူး တင်ပါတယ်ရှင့်။

ဈေးတွေ အကုန်တက်နေလို့ မင်မင်လဲ ပဲကြော်လေးတွေကို ဈေး တက်ရတာမလို့ ဈေးတော့ အရင်ထက် နည်းနည်း တက်သွားတယ်🙏

ဒီ အပတ်

1.Kay-Tu Myanmar Cuisine (ဗူးကြီး)

2.Pyit Taing Htaung minimart (Lakeside MRT အနီး,Blk 519,Jurong West Street 52)(ဗူး အကြီး+အသေး)
3.ဆောင်းမီနီမတ်( #02-186,Blk221 ,Boonlay Shopping center)(ဗူးအကြီး+အသေး)

4.CCK Myanmar minimart (Near CCK MRT,Blk 302)(ဗူးသေး)

နဲ့
CCK Myanmar ရဲ့ ဆိုင်ခွဲ အသစ်လေး ဖြစ်တဲ့

5.Woodlands CCK Myanmar Minimart

#01-55,305 Woodland Street 31,Singapore730305

မှာ ပို့ထားတယ်နော်။Woodlands နဲ့ Mersiling နားက ကာစတန်မာလေးတွေ Woodland CCK Myanmar Minimart မှာ အားပေးပါအုံးနော်။

ကာစတန်မာ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်😍

Address

Blk 791 Choa Chu Kang North 6
Singapore
680791

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 20:30
Sunday 08:00 - 20:45

Telephone

+6593733053

Website

Alerts

Be the first to know and let us send you an email when MAY & JUNE MART posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MAY & JUNE MART:

Share