Lynn & Shinn Mini Mart

Lynn & Shinn Mini Mart Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lynn & Shinn Mini Mart, Convenience Store, 04-65 Peninsula Plaza, 111 North Bridge Road, Singapore.

Lynn & Shinn ရဲ့ချစ် Customer များကို ဒီနေ့မှာ သတင်းစကားလေး တစ်ခုလောက်ပါးချင်ပါတယ်ရှင်😄ကျွန်မတို့အနေနဲ့ Lynn & Shinn Pte...
25/03/2023

Lynn & Shinn ရဲ့ချစ် Customer များကို ဒီနေ့မှာ သတင်းစကားလေး တစ်ခုလောက်ပါးချင်ပါတယ်ရှင်😄

ကျွန်မတို့အနေနဲ့ Lynn & Shinn Pte Ltd ကို Office အနေနဲ့ ဖွင့်လှစ်ခဲ့တာက ဆယ်စုနှစ်ကျော်တခုရှိပြီဖြစ်တဲ့ အပြင် ဒီ Lynn & Shinn Mini Mart ကို
နှစ်နှစ်ကျော် ဖွင့်လှစ်ရောင်းချခဲ့တဲ့အချိန်ကာလမှာ စဉ်ဆက်မပြတ်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🙏

ယခုအချိန်မှာတော့ ဒီ Lynn & Shinn Mini Mart လေးကို 31st Mar 2023 မှာရပ်နားတော့မှာဖြစ်ပြီး ဒီနေရာမှာ မိတ်ဆွေမိသားစုက ရတနာတင် Mini Mart အဖြစ် 1st Apr 2023 မှာ လက်လွှဲဖွင့်လှစ်သွားမှာဖြစ်လို့ ဆက်လက်ပြီး အားပေးကြဖို့ကို မေတ္တာရပ်ခံပါရစေရှင်🙏

Lynn & Shinn Pte Ltd Office ကတော့ 04-44C , Pennisula Plaza မှာဆက်လက် ရှိနေမှာဖြစ်တဲ့အတွက် အကြောင်းကိစ္စတစ်ခုခုများ ရှိခဲ့ပါက ဆက်သွယ်နိုင်ပါတယ်။

မိတ်ဟောင်းမိတ်သစ်များအားလုံး ကျန်းမာပျော်ရွှင်သောနေ့ရက််များကို နေ့တိုင်းပိုင်ဆိုင်နိုင်ပါစေရှင်🙏

✨Lynn & Shinn မှာဆို ပုံမှန်ရနေကျ၊ အမြဲဝယ်ယူရှိနိုင်တဲ့အရသာရှိပြီး မုန့်အသစ်အဆန်းလေးတွေအပြင် မြန်မာပြည်အလွမ်းပြေမုန့်လေး...
18/02/2023

✨Lynn & Shinn မှာဆို ပုံမှန်ရနေကျ၊ အမြဲဝယ်ယူရှိနိုင်တဲ့အရသာရှိပြီး မုန့်အသစ်အဆန်းလေးတွေအပြင် မြန်မာပြည်အလွမ်းပြေမုန့်လေးတွေပါရောင်းတော့ ကိုယ့်စိတ်ကြိုက် ရွေးချယ် ဝယ်ယူရုံပါပဲ

🥣ခုတလော ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ဘိုကလေးဒေါ်ညိုရဲ့ မုန့်ဟင်းခါးဟင်းရည်ခြောက်လည်း ဝယ်ယူနိုင်ပါပြီနော်။ မင်မင်တို့တော့ စမ်းစားကြည့်တာ အရသာကိုအရမ်းကြိုက်လို့ မုန့်ဟင်းခါးအပီဆွဲတဲ့အိမ်သူအိမ်သားများရှိရင် ဝယ်ထားဖို့ အကြံပေးချင်ပါတယ်☝️🥰

🍚ထမင်းဝိုင်းမှာ မြိန်ယှက်စေမယ့်ဟင်းကောင်းတစ်ခွက်ပါဝင်ဖို့အတွက် ဦးမှန်ကြီးရဲ့ အရသာထိမိနေတဲ့ ဟင်းအစုံပါလာပါပြီနော်။ ငါးပိရည်ဆိုတာလည်းကြိုချက်ပြီးသားမို့ အချိန်မကုန်ပဲ စားချင်တဲ့အချိန် အဆင်သင့်စားရုံပဲ😋
ရရှိနိုင်တဲ့ Menu လေးတွေကတော့

✔️ငါးငပိချက်
✔️ငါးပိရည်ကျို
✔️ငရုတ်သီးဆားထောင်း
✔️မျှင်ငပိရခိုင်ထောင်း
✔️ငါးမြင်းခြောက်မီးကင်
✔️ငါးကွင်းရှပ်အတုံးကြော်
✔️ဆတ်သားပြားမွကြော်

ဒေါ်ကြီးငယ်ရဲ့ ရှယ်ငါးပိရည်နဲ့ရိုးရိုးငါးပိရည်ရပါမယ်။
🔹ရိုးရိုးငါးပိရည်ကတော့ထုံးစံအတိုင်း စားတိုင်းမြိန်နေပြီး ငါးအဖက်လေးတွေနဲ့ရှယ်ကောင်းနော်။
🔹ရှယ်ငါးပိရည်ကတော့ ပုစွန်မီးဖုတ်ရှယ်ငါးပိရည်ဘူးဖြစ်ပြီး စင်ကာပူကိုတင်သွင်းဖို့အတွက် သပ်ရပ်သောထုတ်ပိုးမှု‌နဲ့သေချာလေး ထုပ်ပိုးထားတာနော်။ စားခါနီးကျမှ အထုပ်လေးတွေဖောက်ထည့်ပြီး ရောစားရုံပါပဲရှင့်။ ဒေါ်ကြီးငယ်ရဲ့ငါးပိရည်ဖျော်အရသာကတော့ မြိန်လွန်းလို့ ထမင်းဆိုတာ တစ်ပန်းကန်တည်းနဲ့ မလောက်တာတွေဖြစ်သွားမယ်🥳
🔹နောက်ထပ်လူကြိုက်များတဲ့ ချစ်စရာကောင်းတဲ့ပလိုင်းလေးနဲ့အတူအရသာအရမ်းကောင်းတဲ့ ဒေါ်ကြီးငယ်လက်ဖက်နှပ်ပလိုင်း

💜အိမ်ရှင်မများနဲ့ Customers များ နှစ်သက်တဲ့ ခိုင်ရဲ့ ထုတ်ကုန်အစုံ Lynn & Shinn မှာ ရရှိနေပြီလို့

✔️ ခိုင် သရက်သီးသနပ်
ဆီပြန်ဟင်းများနဲ့ ထမင်းနယ်ဖက်စားတဲ့အခါမှာ အအီပြေစေဖို့အတွက် ခိုင်သရက်သီးသနပ်လေးက အဆင်သင့်ပါပဲနော်။ ချိုချိုချဉ်ချဉ် အရသာလေးဖြစ်လို့ အအီလည်းပြေ၊ ထမင်းလည်း မြိန်စေမှာ အမှန်ပါပဲ

✔️ ခိုင် မုန့်ဟင်းခါးအနှစ်ထုတ်
မုန့်ဟင်းခါးချက်ဖို့ဆို အရင်လိုအဆင့်တွေအများကြီးနဲ့ အလုပ်မရှုပ်တော့ပါဘူးနော်။ ငါးခူ၊ ငါးကျည်း၊ ငါးကြင်း အစရှိတဲ့ ငါးအကောင်းစားများနဲ့ ပြုလုပ်ထားတဲ့ ခိုင် မုန့်ဟင်းခါး အနှစ်လေးနဲ့ ချက်ပြီး အိမ်မှာ အရသာရှိလှတဲ့မုန့်ဟင်းခါးပွဲတော်တည်လို့ရပြီပေါ့ရှင်

✔️ ခိုင် အုန်းနို့ခေါက်ဆွဲအနှစ်ထုတ်
မုန့်ဟင်းခါးကနေ အပြောင်းအလဲလည်းဖြစ်ချင်တယ်၊ Quality ကောင်းတဲ့ အုန်းနို့ခေါက်ဆွဲလည်း စားချင်မိတယ်ဆိုရင်တော့ ခိုင် အုန်းနို့ခေါက်ဆွဲအနှစ် မွှေးမွှေးလေးရှိနေပါပြီ။ အုန်းသီးစစ်စစ်ကိုသေချာကြိတ်ပြီး ပဲနဲ့သေချာ ချက်ပြုတ်စီစဉ်ထားတဲ့အပြင် ဆိုင်မှာစားရသလို ကြက်သားနဲ့ ငါးဖယ်ကလည်းပါသေးတော့ ဒီအနှစ်ထုတ်တစ်ခုနဲ့တင် အရသာရှိလှတဲ့ အုန်းနို့ခေါက်ဆွဲကို အလွယ်တကူစားလို့ရပြီပေါ့နော်

စင်ကာပူကိုပထမဆုံးတင်သွင်းတဲ့ နာမည်ကြီး မုန့်ရွာရဲ့ အသစ်အဆန်း Menu များဖြစ်တဲ့
🔹ကြွပ်မွရွ‌နေမယ့် မော်ကျွန်းပဲကြော်
🔹ဆိမ့်ဆိမ့်လေးနဲ့တဂျွမ်းဂျွမ်းစားလို့ကောင့်မယ့် ခေါက်ဆွဲမုန့်ကြွပ်ကြော်
🔹ဆီပူလေးနဲ့ကြော်ရင် မွမွလေးနဲ့အရသာရှိမယ့် အာလူးစမူဆာ
🔹အာလူးနယ်ထားတဲ့အနှစ်အရသာကိုက အစပ်အဟပ်တည့်နေပြီး ကြော်လိုက်တဲ့အချိန် အာလူးဆိမ့်ဆိမ့်ကြွပ်ကြွပ်လေးဖြစ်သွားမယ့် အာလူးကတ်တလိတ်ကြော်
🔹တစ်ကိုက်စားပြီး ဆက်စားချင်နေမယ့်အရသာနဲ့ မန္တလေးပဲကြော်
🔹ပဲအနှစ်ကောင်းကောင်းလေးနဲ့ မံထားတဲ့ ကုလားပဲဘယာကြော်
🔹ပါနေကျဖြစ်တဲ့ လူကြိုက်အရမ်းများသော မတ်ပဲဘယာကြော် တို့ပါလာပြီဖြစ်လို့ ကိုယ်ကြိုက်တဲ့ အကြော်ကိုရွေးချယ်ဝယ်ယူလို့ရသလို အကြော်စုံစားချင်ရင်တော့ဖြင့် အကုန်ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်🥰

ပုံမှန်ပါနေကျဖြစ်တဲ့
🔹တဂျွမ်းဂျွမ်းနဲ့စားလို့ကောင်းတဲ့ ရွှေငါးမုန့်
🔹လွယ်ကူမြန်ဆန်ပြီး ၁၀မိနစ်အတွင်းစားသုံးနိုင်တဲ့ အသင့်ချက် Easy Way ကော်ရည်
🔹မေ့သမီးဆတ်သားခြောက်ဖုတ်
🔹999 ရဲ့ အသင့်စားရှမ်းခေါက်ဆွဲ နဲ့ တို့ဟူးနွေး
🔹အချိန်၅မိနစ်အတွင်းလွယ်ကူစွာချက်ပြုတ်နိုင်မယ့် YKKO ကြေးအိုး (ဝက်/ကြက်)
🔹နာမည်ကြီး မြိတ်မောင်တိတ်ရဲ့ ကတ်ကြေးကိုက် (ကြက်/ပင်လယ်စာ)
🔹Lynn & Shinn ရဲ့ ထိမိဂွိ ရှယ်ဝက်သားတုတ်ထိုး
🔹ရွှေဘဲရဲ့ ခါတိုင်းနဲ့မတူတဲ့ရှယ်ဘဲကင်
🔹ဒံပေါက်ဆန်ကောင်းလှပြီး အရသာပြည့်ဝနေတဲ့ ကြက်လျှာစွန်းဒံပေါက်

🍓နာမည်ကြီး ရွှေဗလီရဲ့ မလိုင်တွေ၊ စတော်ဘယ်ရီတွေပျစ်နှစ်ချိုအီနေတဲ့
🔸စတော်ဘယ်ရီဒိန်ချဥ် (မေမြို့စတော်ဘယ်ရီနဲ့ဖျော်ထားတာမို့စတော်ဘယ်ရီအသားကလည်းချိုအိမွှေး)၊
🔸သကြားဒိန်ချဥ်
🔸ထန်းလျက်ဒိန်ချဥ်

တင်တင်အေးက အသစ်ထုတ်လုပ်လိုက်တဲ့ အသင့်စား အုန်းနို့ခေါက်ဆွဲပါလာပါတယ်နော်🤩
အုန်းနို့အရသာကိုမှ မအီစေပဲ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိအောင် စီမံထားတာဖြစ်လို့ မနက်စာကို မုန့်ဟင်းခါးကနေအပြောင်းအလဲအဖြစ် ဒီ တင်တင်အေး အုန်းနို့ခေါက်ဆွဲကို ရွေးချယ်နိုင်ပါတယ်ရှင်

😋မုန့်ဟင်းခါး Fan များအတွက်လည်း ငရုတ်သီးလား၊ ငရုတ်ကောင်းလား၊ တောချက်လား ဘယ်လိုချက်နည်းမျိုးနဲ့စားချင်ချင် Lynn & Shinn သာလာခဲ့လိုက်ပါနော်။ ကိုယ်ကြိုက်နှစ်သက်ရာ အရသာကိုရွေးချယ်နိုင်ပါတယ်ရှင်🤩
ရရှိနိုင်တဲ့ အသင့်စားမုန့်ဟင်းခါးများကတော့
🔹မယ်နှင်း မုန့်ဟင်းခါး
🔹မေ့သမီးတောချက်မုန့်ဟင်းခါး မွှေးမွှေးလေး
🔹အိုးဘဲဥ 🥚 ၂ လုံး နဲ့ ငှက်ပျောအူတွေပါဝင် တဲ့ တင်တင်အေး မုန့်ဟင်းခါးအစိုထုတ် (အကြီး၊ အသေး)
🔹 ထားရသိုရပိုလွယ်ကူတဲ့ ထုတ်ပိုးမှုအသစ်နဲ့ ထုတ်ထားတဲ့ Rangoon Tea House က ငါးလေးမျိုးမုန့်ဟင်းခါး Mix။ ထုပ်ပိုးမှုပြောင်းပေမယ့် အရသာကတော့ အရင်အတိုင်း ကောင်းမြဲ ကောင်းဆဲပါပဲနော်✨

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်း

ယနေ့ ကျရောက်သည့် (၇၆)နှစ်မြောက် ရှမ်းအမျိုးသားနေ့ကိုလှိုက်လှဲစွာ ကြိုဆိုပါသည်ရှမ်းတိုင်းရင်းသားများနှင့် တကွ တိုင်းရင်းသ...
07/02/2023

ယနေ့ ကျရောက်သည့် (၇၆)နှစ်မြောက် ရှမ်းအမျိုးသားနေ့ကိုလှိုက်လှဲစွာ ကြိုဆိုပါသည်

ရှမ်းတိုင်းရင်းသားများနှင့် တကွ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံး ကျန်းမာချမ်းသာ စီးပွါး ဥစ္စာများ တိုးတက်ပီး ကောင်းခြင်းမဂ်လာနှင့်ပြည့်စုံပါစေလို့ Lynn & Shinn မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

5.2.2023တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ကိုလှိုက်လှဲစွာ ကြိုဆိုပါသည်မွန်တိုင်းရင်းသားများနှင့် တကွ တိုင်...
05/02/2023

5.2.2023တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ကိုလှိုက်လှဲစွာ ကြိုဆိုပါသည်

မွန်တိုင်းရင်းသားများနှင့် တကွ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အားလုံး ကျန်းမာချမ်းသာ စီးပွါး ဥစ္စာများ တိုးတက်ပီး ကောင်းခြင်းမဂ်လာနှင့်ပြည့်စုံပါစေလို့ Lynn & Shinn မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင်

✨တနဂ်နွေပိတ်ရက်လေးမှာ အရသာရှိပြီး စုံလက်လှတဲ့ မြန်မာမုန့်များကိုတော့ Lynn & Shinn မှာလာဝယ်နိုင်ပါပြီနော်🌅🥳ဒီတစ်ပတ်မှာတော...
29/01/2023

✨တနဂ်နွေပိတ်ရက်လေးမှာ အရသာရှိပြီး စုံလက်လှတဲ့ မြန်မာမုန့်များကိုတော့ Lynn & Shinn မှာလာဝယ်နိုင်ပါပြီနော်🌅

🥳ဒီတစ်ပတ်မှာတော့ ချစ်Customer တွေအတွက် မလင်းလင်း Menu‌ တွေပါလာပါတယ်ရှင်💁‍♀️
✨အသုပ်လေးများစားရင် ဟင်းခါးရည်လေးသောက်ရတာက အသက်ဆိုတော့ နာမည်ကြီး ဟင်းခါးရည်လေး ပါတဲ့ အမျိုး အမည် ၂၀ ပါတဲ့ အသုပ်စုံ

မြန်မာမုန့်ဆိုနာမည်ကြီးတဲ့ ဇင်မာ့လက်ရာရဲ့
💫‌‌ ထောပတ်နံ့လေးသင်းနေတဲ့ ဘိန်းမုန့်မွှေးမွှေးလေး
💫 ပဲကောက်ညှင်း
💫 ငှက်ပျောကောက်ညှင်း
💫 မုန့်လိပ်ပြာ
💫 မုန့်ဗိုင်းတောင့်
💫 မုန့်ဖက်ထုပ်

⭐Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

🌕2023 နှစ်သစ်အခါသမယမှာ ကောင်းမှုကုသိုလ်ယူချင်သူများအတွက် လှူဖွယ်ပစ္စည်းများနဲ့ ပူဇော်ဆည်းကပ်ဖွယ်ရာများရရှိနိုင်ပါပြီနော်...
24/01/2023

🌕2023 နှစ်သစ်အခါသမယမှာ ကောင်းမှုကုသိုလ်ယူချင်သူများအတွက် လှူဖွယ်ပစ္စည်းများနဲ့ ပူဇော်ဆည်းကပ်ဖွယ်ရာများရရှိနိုင်ပါပြီနော်

ဝိနည်းတော်နဲ့အညီ စီရင်ထားသော ချုပ်နည်း၊ အရောင်ဆိုးနည်း၊ သင်္ကန်းဖြတ်နည်းတို့ဖြင့်သာ ချုပ်လုပ်ထားတဲ့ 🙏
▪️သင်္ကန်း
▪️ထီး
▪️ယပ်တောင်
▪️ဖိနပ် အစရှိတဲ့ ပရိက္ခရာများကို ယုံကြည်စိတ်ချစွာ လာရောက်ဝယ်ယူလှူဒါန်းနိုင်ပါပြီ

🙏 ကြာသင်္ကန်းကပ်လှူပူဇော်ချင်သူများအတွက်လည်း ကြာသင်္ကန်းများ လာရောက်ဝယ်ယူနိုင်ပါတယ်။ ကြာသင်္ကန်းဝတ်ရုံရခြင်းရဲ့ ထူးခြားချက်ကတော့ ကျန်းမာရေးကောင်းကာ ရာသီဥတုပူလျှင်အေးပြီး၊အေးသည့်အခါ နွေးသောကြောင့် ရာသီဥတုပေါ် မူတည်ကာ ချိန်ညှိပေးနိုင်ပြီး ဝတ်ရုံသည့်ဆရာတော်အတွက်
အဆင်ပြေစေတာဖြစ်လို့ သင့်တော်တဲ့ လှူဖွယ်ပစ္စည်းလေးပဲဖြစ်ပါတယ်နော်✨

🌟ဘုရားစင်မှာ ကပ်လှူပူဇော်နိုင်တဲ့ နဝရက်ကိုးသွယ်ဆင်းတုတော်လေးတွေကတော့ ဉာဏ်တော်အားဖြင့် ၃.၅ လက်မရှိပါတယ်နော်။ နဝရက်ကိုးသွယ်ဘုရားကို ပူဇော်ခြင်းဖြင့် သူ့နေ့နံနဲ့ကိုက်ညီတဲ့ ကျောက်အမျိုးအစားအလိုက် အကျိုးကျေးဇူးများထူးတယ်လို့ ယုံကြည်ကြပါတယ်ရှင်💁‍♀️
(၁) ပတ္တမြား - ဘုန်းကြီးခြင်း
(၂) မြ - အေးချမ်းမူ့ရှိခြင်း
(၃) စိန် -ဂုဏ်ပညာမြင့်မားခြင်း
(၄)နီလာ - မေတ္တာစွမ်းအားစူးရှခြင်း
(၅)ဂေါ်မုတ် - ခွန်အားကြီးမားခြင်း
(၆) ဥဿဖယား -ကျန်းမာခြင်း
(၇) သန္တာ - အမြင့်သို့တက်လှမ်းလွယ်ခြင်း
(၈) ကြောင် - ချစ်ခင်သူများခြင်း
(၉) ပုလဲ - ကျက်သရေရှိခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်စေပါတယ်နော်။

ဒါ့အပြင် အခြားပစ္စည်းများနဲ့ ပရိက္ခရာများဖြစ်တဲ့

🔸အဘိဓမ္မာပထမအဆင့်မှတ်စု
🔸ဓာတ်တော်၊ မွေတော်ရှိတဲ့သူများ ထည့်ပြီးပူဇော်လို့ရမယ့် ဘုရားပစ္စည်း
🔸အောင်နမိတ်ဆောင်စေမယ့် အောင်သပြေပန်း
🔸ရက်ရာဇာ၊ ပြဿဒါးကအစကြည့်လို့ရမယ့် မြန်မာပြက္ခဒိန်
🔸ဘုရားကို ဆန်ဆီဆားဆေးကပ်လှူနိုင်မယ့် ကလပ်များ
🔸ဆွမ်းကပ်လှူရင်အသုံးပြုဖို့ ဆွမ်းတော်ခွက်
🔸သာဓုခေါ် အမျှဝေရင်သုံးဖို့အတွက် ခေါင်းလောင်း
🔸အမွှေးတိုင်အိုး
🔸ပန်းကပ်လှူဖို့အတွက် ဘုရားပန်းအိုး
🔸ရွှေပြည်တောင်း
🔸‌ငွေပြည်တောင်း
🔸ယပ်တော်
🔸ထမင်းပွဲအပြည့်အစုံနဲ့ကပ်လှူပူဇော်ချင်သူများအတွက် ရွှေ/ငွေပန်းကန်၊ ရွှေ/ငွေဇွန်း
🔸ကြေးပန်းအိုးတွေကိုပြောင်လက်နေအောင်ထားချင်သူများအတွက် ကြေးတိုက်ဆီဘူး (ကြေးတိုက်ဆီအနည်းငယ်ကိုပွတ်တိုက်ပေးရုံနဲ့ ပြောင်လက်စေမှာပါ)
🔸ဆွမ်းတော်ခွက်များ ပန်းအိုးများတင်ဖို့ ခုံ
🔸ပန်းစေတီတည်လို့ရမယ့် ပန်းစေတီချိတ်
🔺ဘုရားခန်းမှာ စံပယ်ပန်းတို့ တခြားဘုရားပန်းတို့ကို သီကုံးပြီးဘုရားပန်းအဖြစ် ကပ်လှူပူဇော်နိုင်ဖို့အတွက် ပန်းချိတ်စင်
🔺ဘုရားရှိခိုးပြီးတိုင်း အမျှဝေသာဓုခေါ်ရင် တီးနိုင်မယ့် ကျိုက်ထီးရိုးစေတီတော်ပုံနဲ့ ခေါင်းလောင်းလေး
🔺ဘုန်းကြီးကျောင်းပဲသွားသွား၊ တရားစခန်းပဲသွားသွား အလွယ်တကူ သယ်ယူသွားနိုင်တဲ့ ဘုရားစာအုပ် တင်ရွတ်နိုင်တဲ့ ဝတ်ရွတ်ခေါက်ခုံ အစရှိတာလေးတွေလည်းပါလာပါတယ်နော်

🥺အမိမြေနဲ့ဝေးရာနိုင်ငံမှာနေနေရပေမယ့် ကိုးနဝင်းပုတီးစိတ်ရင်း အဓိဌာန်ပြုချင်သူများ၊ ပဌာန်းကျမ်းကို ရွတ်ဖတ်ပူဇော်လိုသူများအတွက် ရောက်ရာအရပ်မှာ ကုသိုလ်ပြုနိုင်စေဖို့🥰

🔹ကိုးနဝင်းအဓိဌာန်ကဒ်
🔹နေ့နံစုံအတွက် စိတ်ပုတီး 📿လေးတွေ
🔹သွားလေရာနေရာတိုင်း ဂုဏ်တော်ဂါထာလေးတွေ ရွတ်ဖတ်နိုင်ဖိုအတွပ် တာလီစိတ်ပုတီး
🔹ဘုရားစာအုပ်မျိုးစုံ
🔹ရှာဝယ်ရခက်သော ပဌာန်းကျမ်း (၅) ကျမ်းကိုလည်း အရောင် ၆ရောင်နဲ့ အရောင်စုံ‌ရှိတာမို့ ရွေးချယ်ဝယ်ယူနိုင်ပါပြီ

⭐️ဘုရားစာများ ရွတ်ဖတ်ပူဇော်ရာမှာ စာအုပ်ကို ကိုင်စရာမလိုပဲ ကိုယ်ဖတ်မယ့်အနေအထားအလိုက် သက်တောင့်သက်သာဖြစ်စေမယ့် ဝတ်ရွတ်ခေါက်ခုံလေးတွေရယ်
အမျိုးအစားလေးကတော့ နှစ်မျိုးရှိပါတယ်
(၁) ခေါက်ခုံလေးရယ်
(၂) Stand Holder လေးရယ် လာရောက်ဝယ်ယူနိုင်ပါပြီ

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

🐇🧧 恭喜发财  🐇🧧🏮Gong Xi Fa Cai🏮🏮 🧧Happy Chinese New Year 2023 🏮 🧧          မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမလေးမှာသူငယ်ချင...
21/01/2023

🐇🧧 恭喜发财 🐇🧧

🏮Gong Xi Fa Cai🏮

🏮 🧧Happy Chinese New Year 2023 🏮 🧧


မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမလေးမှာသူငယ်ချင်းများ၊ဆွေမျိုးများ၊ မိသားစုများနှင့်
ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ပီး
နှစ်သစ်မှာ ကံကောင်းခြင်းတွေ အထူး ဆောင်ယူ
နိုင်ပါစေကြောင်း Lynn & Shinn မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်✨

✨Lynn & Shinn မှာဆို ပုံမှန်ရနေကျ၊ အမြဲဝယ်ယူရှိနိုင်တဲ့အရသာရှိပြီး မုန့်အသစ်အဆန်းလေးတွေအပြင် မြန်မာပြည်အလွမ်းပြေမုန့်လေး...
13/01/2023

✨Lynn & Shinn မှာဆို ပုံမှန်ရနေကျ၊ အမြဲဝယ်ယူရှိနိုင်တဲ့အရသာရှိပြီး မုန့်အသစ်အဆန်းလေးတွေအပြင် မြန်မာပြည်အလွမ်းပြေမုန့်လေးတွေပါရောင်းတော့ ကိုယ့်စိတ်ကြိုက် ရွေးချယ် ဝယ်ယူရုံပါပဲ

🥔🍟ခုတလော အသစ်ထွက်တဲ့ လျှာဂျွမ်းထိုးရဲ့ Smoky BBQ အာလူးကြော်ကတော့ လူကြိုက်များနေပါတယ်။ BBQ အရသာအမှုန့်များနဲ့ ကြော်လှော်ထားတဲ့ ဒီအာလူးကြော်လေးက တစ်ချပ်စားလိုက်တာနဲ့ ပါးစပ်ထဲမယ် BBQ Potato Chips အရသာပြည့်ဝနေပြီး အဆက်မပြတ်စားနေမိမှာ အမှန်ပါပဲ🍟

🥣ခုတလော ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ဘိုကလေးဒေါ်ညိုရဲ့ မုန့်ဟင်းခါးဟင်းရည်ခြောက်လည်း ဝယ်ယူနိုင်ပါပြီနော်။ မင်မင်တို့တော့ စမ်းစားကြည့်တာ အရသာကိုအရမ်းကြိုက်လို့ မုန့်ဟင်းခါးအပီဆွဲတဲ့အိမ်သူအိမ်သားများရှိရင် ဝယ်ထားဖို့ အကြံပေးချင်ပါတယ်☝️🥰

🍚ထမင်းဝိုင်းမှာ မြိန်ယှက်စေမယ့်ဟင်းကောင်းတစ်ခွက်ပါဝင်ဖို့အတွက် ဦးမှန်ကြီးရဲ့ အရသာထိမိနေတဲ့ ဟင်းအစုံပါလာပါပြီနော်။ ငါးပိရည်ဆိုတာလည်းကြိုချက်ပြီးသားမို့ အချိန်မကုန်ပဲ စားချင်တဲ့အချိန် အဆင်သင့်စားရုံပဲ😋
ရရှိနိုင်တဲ့ Menu လေးတွေကတော့

✔️ငါးငပိချက်
✔️ငါးပိရည်ကျို
✔️ငရုတ်သီးဆားထောင်း
✔️မျှင်ငပိရခိုင်ထောင်း
✔️ငါးမြင်းခြောက်မီးကင်
✔️ငါးကွင်းရှပ်အတုံးကြော်
✔️ဆတ်သားပြားမွကြော်

ဒေါ်ကြီးငယ်ရဲ့ ရှယ်ငါးပိရည်နဲ့ရိုးရိုးငါးပိရည်ရပါမယ်။
🔹ရိုးရိုးငါးပိရည်ကတော့ထုံးစံအတိုင်း စားတိုင်းမြိန်နေပြီး ငါးအဖက်လေးတွေနဲ့ရှယ်ကောင်းနော်။
🔹ရှယ်ငါးပိရည်ကတော့ ပုစွန်မီးဖုတ်ရှယ်ငါးပိရည်ဘူးဖြစ်ပြီး စင်ကာပူကိုတင်သွင်းဖို့အတွက် သပ်ရပ်သောထုတ်ပိုးမှု‌နဲ့သေချာလေး ထုပ်ပိုးထားတာနော်။ စားခါနီးကျမှ အထုပ်လေးတွေဖောက်ထည့်ပြီး ရောစားရုံပါပဲရှင့်။ ဒေါ်ကြီးငယ်ရဲ့ငါးပိရည်ဖျော်အရသာကတော့ မြိန်လွန်းလို့ ထမင်းဆိုတာ တစ်ပန်းကန်တည်းနဲ့ မလောက်တာတွေဖြစ်သွားမယ်🥳
🔹နောက်ထပ်လူကြိုက်များတဲ့ ချစ်စရာကောင်းတဲ့ပလိုင်းလေးနဲ့အတူအရသာအရမ်းကောင်းတဲ့ ဒေါ်ကြီးငယ်လက်ဖက်နှပ်ပလိုင်း

💜အိမ်ရှင်မများနဲ့ Customers များ နှစ်သက်တဲ့ ခိုင်ရဲ့ ထုတ်ကုန်အစုံ Lynn & Shinn မှာ ရရှိနေပြီလို့

✔️ ခိုင် သရက်သီးသနပ်
ဆီပြန်ဟင်းများနဲ့ ထမင်းနယ်ဖက်စားတဲ့အခါမှာ အအီပြေစေဖို့အတွက် ခိုင်သရက်သီးသနပ်လေးက အဆင်သင့်ပါပဲနော်။ ချိုချိုချဉ်ချဉ် အရသာလေးဖြစ်လို့ အအီလည်းပြေ၊ ထမင်းလည်း မြိန်စေမှာ အမှန်ပါပဲ

✔️ ခိုင် မုန့်ဟင်းခါးအနှစ်ထုတ်
မုန့်ဟင်းခါးချက်ဖို့ဆို အရင်လိုအဆင့်တွေအများကြီးနဲ့ အလုပ်မရှုပ်တော့ပါဘူးနော်။ ငါးခူ၊ ငါးကျည်း၊ ငါးကြင်း အစရှိတဲ့ ငါးအကောင်းစားများနဲ့ ပြုလုပ်ထားတဲ့ ခိုင် မုန့်ဟင်းခါး အနှစ်လေးနဲ့ ချက်ပြီး အိမ်မှာ အရသာရှိလှတဲ့မုန့်ဟင်းခါးပွဲတော်တည်လို့ရပြီပေါ့ရှင်

✔️ ခိုင် အုန်းနို့ခေါက်ဆွဲအနှစ်ထုတ်
မုန့်ဟင်းခါးကနေ အပြောင်းအလဲလည်းဖြစ်ချင်တယ်၊ Quality ကောင်းတဲ့ အုန်းနို့ခေါက်ဆွဲလည်း စားချင်မိတယ်ဆိုရင်တော့ ခိုင် အုန်းနို့ခေါက်ဆွဲအနှစ် မွှေးမွှေးလေးရှိနေပါပြီ။ အုန်းသီးစစ်စစ်ကိုသေချာကြိတ်ပြီး ပဲနဲ့သေချာ ချက်ပြုတ်စီစဉ်ထားတဲ့အပြင် ဆိုင်မှာစားရသလို ကြက်သားနဲ့ ငါးဖယ်ကလည်းပါသေးတော့ ဒီအနှစ်ထုတ်တစ်ခုနဲ့တင် အရသာရှိလှတဲ့ အုန်းနို့ခေါက်ဆွဲကို အလွယ်တကူစားလို့ရပြီပေါ့နော်

စင်ကာပူကိုပထမဆုံးတင်သွင်းတဲ့ နာမည်ကြီး မုန့်ရွာရဲ့ အသစ်အဆန်း Menu များဖြစ်တဲ့
🔹ကြွပ်မွရွ‌နေမယ့် မော်ကျွန်းပဲကြော်
🔹ဆိမ့်ဆိမ့်လေးနဲ့တဂျွမ်းဂျွမ်းစားလို့ကောင့်မယ့် ခေါက်ဆွဲမုန့်ကြွပ်ကြော်
🔹ဆီပူလေးနဲ့ကြော်ရင် မွမွလေးနဲ့အရသာရှိမယ့် အာလူးစမူဆာ
🔹အာလူးနယ်ထားတဲ့အနှစ်အရသာကိုက အစပ်အဟပ်တည့်နေပြီး ကြော်လိုက်တဲ့အချိန် အာလူးဆိမ့်ဆိမ့်ကြွပ်ကြွပ်လေးဖြစ်သွားမယ့် အာလူးကတ်တလိတ်ကြော်
🔹တစ်ကိုက်စားပြီး ဆက်စားချင်နေမယ့်အရသာနဲ့ မန္တလေးပဲကြော်
🔹ပဲအနှစ်ကောင်းကောင်းလေးနဲ့ မံထားတဲ့ ကုလားပဲဘယာကြော်
🔹ပါနေကျဖြစ်တဲ့ လူကြိုက်အရမ်းများသော မတ်ပဲဘယာကြော် တို့ပါလာပြီဖြစ်လို့ ကိုယ်ကြိုက်တဲ့ အကြော်ကိုရွေးချယ်ဝယ်ယူလို့ရသလို အကြော်စုံစားချင်ရင်တော့ဖြင့် အကုန်ရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်🥰

ပုံမှန်ပါနေကျဖြစ်တဲ့
🔹တဂျွမ်းဂျွမ်းနဲ့စားလို့ကောင်းတဲ့ ရွှေငါးမုန့်
🔹လွယ်ကူမြန်ဆန်ပြီး ၁၀မိနစ်အတွင်းစားသုံးနိုင်တဲ့ အသင့်ချက် Easy Way ကော်ရည်
🔹မေ့သမီးဆတ်သားခြောက်ဖုတ်
🔹999 ရဲ့ အသင့်စားရှမ်းခေါက်ဆွဲ နဲ့ တို့ဟူးနွေး
🔹အချိန်၅မိနစ်အတွင်းလွယ်ကူစွာချက်ပြုတ်နိုင်မယ့် YKKO ကြေးအိုး (ဝက်/ကြက်)
🔹နာမည်ကြီး မြိတ်မောင်တိတ်ရဲ့ ကတ်ကြေးကိုက် (ကြက်/ပင်လယ်စာ)
🔹Lynn & Shinn ရဲ့ ထိမိဂွိ ရှယ်ဝက်သားတုတ်ထိုး
🔹ရွှေဘဲရဲ့ ခါတိုင်းနဲ့မတူတဲ့ရှယ်ဘဲကင်
🔹ဒံပေါက်ဆန်ကောင်းလှပြီး အရသာပြည့်ဝနေတဲ့ ကြက်လျှာစွန်းဒံပေါက်

🍓နာမည်ကြီး ရွှေဗလီရဲ့ မလိုင်တွေ၊ စတော်ဘယ်ရီတွေပျစ်နှစ်ချိုအီနေတဲ့
🔸စတော်ဘယ်ရီဒိန်ချဥ် (မေမြို့စတော်ဘယ်ရီနဲ့ဖျော်ထားတာမို့စတော်ဘယ်ရီအသားကလည်းချိုအိမွှေး)၊
🔸သကြားဒိန်ချဥ်
🔸ထန်းလျက်ဒိန်ချဥ်

တင်တင်အေးက အသစ်ထုတ်လုပ်လိုက်တဲ့ အသင့်စား အုန်းနို့ခေါက်ဆွဲပါလာပါတယ်နော်🤩
အုန်းနို့အရသာကိုမှ မအီစေပဲ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိအောင် စီမံထားတာဖြစ်လို့ မနက်စာကို မုန့်ဟင်းခါးကနေအပြောင်းအလဲအဖြစ် ဒီ တင်တင်အေး အုန်းနို့ခေါက်ဆွဲကို ရွေးချယ်နိုင်ပါတယ်ရှင်

😋မုန့်ဟင်းခါး Fan များအတွက်လည်း ငရုတ်သီးလား၊ ငရုတ်ကောင်းလား၊ တောချက်လား ဘယ်လိုချက်နည်းမျိုးနဲ့စားချင်ချင် Lynn & Shinn သာလာခဲ့လိုက်ပါနော်။ ကိုယ်ကြိုက်နှစ်သက်ရာ အရသာကိုရွေးချယ်နိုင်ပါတယ်ရှင်🤩
ရရှိနိုင်တဲ့ အသင့်စားမုန့်ဟင်းခါးများကတော့
🔹မယ်နှင်း မုန့်ဟင်းခါး
🔹မေ့သမီးတောချက်မုန့်ဟင်းခါး မွှေးမွှေးလေး
🔹အိုးဘဲဥ 🥚 ၂ လုံး နဲ့ ငှက်ပျောအူတွေပါဝင် တဲ့ တင်တင်အေး မုန့်ဟင်းခါးအစိုထုတ် (အကြီး၊ အသေး)
🔹 ထားရသိုရပိုလွယ်ကူတဲ့ ထုတ်ပိုးမှုအသစ်နဲ့ ထုတ်ထားတဲ့ Rangoon Tea House က ငါးလေးမျိုးမုန့်ဟင်းခါး Mix။ ထုပ်ပိုးမှုပြောင်းပေမယ့် အရသာကတော့ အရင်အတိုင်း ကောင်းမြဲ ကောင်းဆဲပါပဲနော်✨

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်း

🍲 အသင့်စားကော်ရည်ဆို စျေးလည်းတန်၊ အရသာလည်းကောင်း၊ Portion လည်း အများကြီးပါတဲ့ Easy Way By Noodi ကို သိကြတယ်မလား🤩အဲ့ Easy...
05/01/2023

🍲 အသင့်စားကော်ရည်ဆို စျေးလည်းတန်၊ အရသာလည်းကောင်း၊ Portion လည်း အများကြီးပါတဲ့ Easy Way By Noodi ကို သိကြတယ်မလား🤩

အဲ့ Easy Way By Noodi ကနေ ထုတ်ပိုးမှုပုံစံပြောင်းလဲထုတ်လုပ်ထားတဲ့ ထန်းတောမွှကြော်လေးတွေက ခုဆိုရင် အအေးခန်းတို့ ရေခဲသေတ္တာတို့ထဲ ထည့်စရာမလိုတော့ပဲ လတ်ဆတ်စွာ သုံးဆောင်နိုင်ပါပြီနော်

💁‍♀️နေကြာဆီသန့်ကိုသာအသုံးပြုထားပြီး မှိုကင်းစင်သောငရုတ်သီးနှင့်သဘာဝဟင်းခတ်အမွှေးအကြိုင်များကို စနစ်တကျအသုံးပြုထားတာကြောင့် ကလေးလေးများအတွက်ရော လူကြီးများအတွက်ပါ စိတ်ချလက်ချစားသုံးနိုင်ပါတယ်ရှင်

👉🏻Easy Way By Noodi ရဲ့ ထန်းတောကြော်တွေဟာဆိုရင် အသားပျင်းတွဲတွဲတွေပါလာတာမျိုးမရှိပဲ တစ်တုံးဆိုတစ်တုံးစားလိုက်တာနဲ့ အရသာများ ပြည့်ဝပြီး ထမင်းမြိန်စေမှာ အမှန်ပါပဲ
ခု အသစ်ထွက်တဲ့ Menu တွေမှာတော့ အသားကြော်တွေတင်မဟုတ်ပဲ သတ်သတ်လွတ်သမားများအတွက်ပါ ပါလာပါပြီရှင်😍

✅ထန်းတောအမဲမွှကြော်
✅ထန်းတောဝက်သားမွှကြော်
✅ထန်းတောချဉ်စပ်မျှစ်ချဉ်ကြော်
✅သတ်သတ်လွတ်ထန်းတောချဉ်ပေါင်တောကြော်
✅သတ်သတ်လွတ်ထန်းတောမျှစ်ချဉ်ကြော်

ပါနေကျဖြစ်တဲ့
✅ထန်းတောအမဲသားကြော်(အချို/အစပ်)
✅ထန်းတောဝက်သားကြော်(အချို/အစပ်)
✅ထန်းတောချဉ်ချဉ်စပ်စပ်ငါးကျည်းကျပ်တိုက်ကြော်
✅ထန်းတောကြက်မွှခြောက်စပ်မွှေး တွေလည်းရရှိနိုင်ပါသေးတယ်

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

🎉 Happy New Year 🎉(၂၀၂၃) ခုနှစ် မင်္ဂလာနှစ်သစ်မှာ နှစ်သစ်မှစ၍ စိတ်ချမ်းသာ,ကိုယ်ကျန်းမာစွာဖြင့် နှစ်သစ်ကိုဖြတ်သန်းနိုင်ကြ...
01/01/2023

🎉 Happy New Year 🎉
(၂၀၂၃) ခုနှစ် မင်္ဂလာနှစ်သစ်မှာ နှစ်သစ်မှစ၍ စိတ်ချမ်းသာ,ကိုယ်ကျန်းမာစွာဖြင့် နှစ်သစ်ကိုဖြတ်သန်းနိုင်ကြပါစေလို့ Lynn & Shinn မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏

Happy Kayin New Year  22.12.2022တွင် ကျရောက်သည့် "ကရင်နှစ်သစ်ကူး" နေ့ကိုလှိုက်လှဲစွာ ကြိုဆိုပါသည်ကရင်တိုင်းရင်းသားများနှ...
22/12/2022

Happy Kayin New Year

22.12.2022တွင် ကျရောက်သည့် "ကရင်နှစ်သစ်ကူး" နေ့ကိုလှိုက်လှဲစွာ ကြိုဆိုပါသည်

ကရင်တိုင်းရင်းသားများနှင့် တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကျန့်းမာချမ်းသာ စီးပွါး ဥစ္စာများ တိုးတက်ပီး ကောင်းခြင်းမဂ်လာနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း Lynn & Shinn မှ
ဆုတောင်းမေတ္တာပို့သ အပ်ပါသည်

💜Lynn & Shinn Customers များ သာယာသောနေ့လေးကို ဖြတ်သန်းနိုင်ပါစေ💜💕လူကြိုက်အရမ်းများကြတဲ့ မုန့်ပဲသရေစာများလည်းပါလာတာမို့ မ...
18/12/2022

💜Lynn & Shinn Customers များ သာယာသောနေ့လေးကို ဖြတ်သန်းနိုင်ပါစေ💜

💕လူကြိုက်အရမ်းများကြတဲ့ မုန့်ပဲသရေစာများလည်းပါလာတာမို့ မြန်မာပြည်အလွမ်းပြေလာရောက်ဝယ်ယူနိုင်ပါတယ်နော်✨

🔹မန်းလေးမုန့်တီ
🔹ရွှေရင်အေး
🔹ဘိန်းမုန့်
🔹ပဲကောက်ညှင်း
🔹ငှက်ပျောကောက်ညှင်း

☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

😍မြိန်ယှက်စေမယ့် ထမင်းတစ်နပ်ဖြစ်စေဖို့အတွက် မြိန်ရဲ့ အရသာရှိလှတဲ့ Side Dish လေးတွေ Lynn & Shinn မှာရရှိနေပါပြီ😍▪️မိုးတစ်...
10/12/2022

😍မြိန်ယှက်စေမယ့် ထမင်းတစ်နပ်ဖြစ်စေဖို့အတွက် မြိန်ရဲ့ အရသာရှိလှတဲ့ Side Dish လေးတွေ Lynn & Shinn မှာရရှိနေပါပြီ😍

▪️မိုးတစ်ပြိုက် နှစ်ပြိုက်ရွာတဲ့အချိန်မှာ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့ မန်ကျည်းသီးစိမ်းနုနုလေးနဲ့ စီမံထားတဲ့ ရာသီစာမန်ကျည်းသီး ငါးပိကြော်
▪️ပုစွန်ခြောက်တွေနိုင်းချင်ပါပြီး ရှုးရှဲထမင်းတပွဲစားလို့ရမယ့် ပုစွန်ခြောက် ရှူးရှဲကြော်
▪️ဟင်းခါးတွေနဲ့လိုက်ဖက်ပြီး ထမင်းတလုပ်စားတိုင်း တဂျွတ်ဂျွတ်ကိုက်ပြီးအရသာရှိစေမယ့် အာပြဲခြောက်ကြော်
▪️ချဥ်ပေါင်ဘလချောင်ကြော်လေးကတော့ လူတိုင်းနီးပါးကြိုက်နှစ်သက်ကြတဲ့ Side Dish လေးတစ်ခုပါပဲ
▪️နောက်ထပ် အရသာရှိမယ့် Side Dish လေးကတော့ ငရုတ်သီးစပ်စပ်လေးနဲ့ ကြော်လှော်ထားတဲ့ ငါးနီတူခြောက်ကြွပ်ရွရွလေးပါ

✔️ငါးပိချက်ကြိုက်သူများအတွက်လည်း
🔹မရမ်းသီးငါးပိချက်
🔹သရက်သီးငါးပိချက်
🔹မျှစ်ဟင်း၊ ချဥ်ပေါင်ဟင်းတို့နဲ့ဆို အရမ်းလိုက်ဖက်တဲ့ ငရုတ်သီးဆားထောင်း

🤤မြိန်ရဲ့ ဟင်းလျာတွေနဲ့ ထမင်းမြိန်မြိန်လေးစားပြီးရင် အချိုတည်းဖို့အတွက်
🍅ခရမ်းချဥ်သီးယို
🫒မရမ်းသီးယို
🌱ချဥ်ပေါင်ဖူးယို အစရှိတာတွေလည်းရှိသေးတာမို့ မြိန်နဲ့မှ မြိန်ချင်သော Customer များ Lynn & Shinn မှာ လာရောက်ဝယ်ယူနိုင်ပါပြီ

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

✨🌅ဒီနေ့ သာယာတဲ့ Sunday ရုံးပိတ်ရက်လေးမှာ မိသားစုနဲ့တူတူသုံးဆောင်ဖို့အတွက် Lynn & Shinn မှာလာရောက်ဝယ်ယူနိုင်ပါပြီရှင် 🤗😍မ...
04/12/2022

✨🌅ဒီနေ့ သာယာတဲ့ Sunday ရုံးပိတ်ရက်လေးမှာ မိသားစုနဲ့တူတူသုံးဆောင်ဖို့အတွက် Lynn & Shinn မှာလာရောက်ဝယ်ယူနိုင်ပါပြီရှင် 🤗

😍မလင်းလင်းရဲ့ နာမည်ကြီး ဟင်းခါးရည်လေးပါတဲ့ အမျိုး ၂၀ပါ အစုံသုပ်ကတော့ သေချာနယ်ဖက်စားလိုက်ရင် ဆွေမျိုးပါမေ့တာမို့လို့ မြန်မြန်လေး လာရောက်ဝယ်ယူဖို့တော့လိုမယ်နော် 🤩

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

Lynn & Shinn ချစ် Customer များ မဂ်လာရှိသော နေ့ရက်လေးပိုင်ဆိုင်နိုင်ပါစေ🌤️ဆံပင်ဆိုတာ ဒုတိယမျက်နှာ ဆိုတဲ့ ဆိုရိုးစကားအတို...
02/12/2022

Lynn & Shinn ချစ် Customer များ မဂ်လာရှိသော နေ့ရက်လေးပိုင်ဆိုင်နိုင်ပါစေ🌤️

ဆံပင်ဆိုတာ ဒုတိယမျက်နှာ ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကျန်းမာသော ဆံကေသာ လှလှလေးကိုပိုင်ဆိုင်နိုင်စေဖို့အတွက် ဓာတုဆေးဝါးလုံးဝမပါဝင်တဲ့ ခေါင်းလျှော်ရည်လေးနဲ့မိတ်ဆက်ပေးမယ်ရှင်

ခုတလော Good Review တွေနဲ့ နာမည်ကြီးပြီး သုံးဖူးတဲ့လူတိုင်းကြိုက်ကြတဲ့ “မြန့်မာအလှ” ခေါင်းလျှော်ရည်လေးက တရော်ကင်ပွန်း၊ လက်ဖက်၊ ထောလပတ်ရွက်၊ ရှားစောင်းလက်ပက်၊ ပျားရည်၊ သံလွင်ဆီ အစရှိတဲ့ ဆံသားအတွက် အများကြီး အထောက်အကူပြုတဲ့ သဘာဝသစ်ဥသစ်ဖုတွေနဲ့ ပြုလုပ်ထားပါတယ်။

သူ့ရဲ့အဓိက အားသာချက်က
💕 Conditioner တွေထပ်သုံးစရာမလိုပဲ သဘာဝအလျောက်ဆံသားပျော့ပြောင်းစေတယ်
💕 SLA နဲ့တာရှည်ခံဓာတုဆေးဝါးတွေမပါဝင်ဘူး

ဆိုတော့ ဆံပင်ပျော့ဆေးဖိုး မသုံးရတော့ Budget လည်း Save ဖြစ်တဲ့အပြင် Chemical မပါတဲ့အတွက် ဦးရေပြားကျန်းမာရေးအတွက် တကယ်ကောင်းစေတယ်။

ဒီ ခေါင်းလျှော်ရည်လေးကိုသုံးသင့်တဲ့သူတွေက
✅ Covid ကြောင့် ဆံပင်တွေအရင်လိုမသန်ပဲ ဖြီးချတိုင်း ကျွတ်နေတဲ့သူတွေ
✅ အဖျားတွေ ရှုပ်ပြီးနှစ်ခွဖြစ်လွန်းလို့ ရှင်းရခက်နေတဲ့သူတွေ
✅ ခေါင်းလျှော်ပြီး ဘယ်နှရက်မှမရှိသေး ဗောက်တအားထလွန်းလို့စိတ်ညစ်နေသူတွေ တကယ်ကိုစမ်းသုံးကြည့်သင့်ပါတယ်နော်

သုံးဖူးတဲ့သူတွေရဲ့ review အရဆိုရင်
✨ ဆံပင်အရှည်မြန်တယ်
✨ ဆံသားကပျော့ပြောင်းပြီး ဝပ်ဝပ်လေးနဲ့ပုံကျတယ်
✨ ဗောက်မထတော့ဘူး
✨ ဆံပင်အသစ်နဲ့ Baby Hair လေးတွေကအစပြန်ပေါက်တယ်
✨ ဆံသားနှစ်ခွတွေမဖြစ်အောင် ကာကွယ်ပေးတယ်

အစရှိတဲ့ ကောင်းကျိုးတွေအများကြီးပဲနော်။ စမ်းသုံးဖို့အတွက် လာရောက်ဝယ်ယူချင်တယ်ဆိုရင်တော့

⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

✨🌅သာယာတဲ့ Sunday ရုံးပိတ်ရက်လေးမှာ မိသားစုနဲ့တူတူသုံးဆောင်ဖို့အတွက် မြန်မာမုန့်အစုံအလင်ကတော့ Lynn & Shinn မှာလာရောက်ဝယ်ယ...
20/11/2022

✨🌅သာယာတဲ့ Sunday ရုံးပိတ်ရက်လေးမှာ မိသားစုနဲ့တူတူသုံးဆောင်ဖို့အတွက် မြန်မာမုန့်အစုံအလင်ကတော့ Lynn & Shinn မှာလာရောက်ဝယ်ယူနိုင်ပါပြီရှင် 🤗

🔸ခုလိုရာသီဥတုပူပူမှာ ရင်အေးစေမယ့်ရွှေရင်အေး
🔸ပဲပလာတာ
🔶ထမနဲ
🔸ထောပတ်နံ့မွှေးအီနေမယ့် ထောပတ်ဘိန်းမုန့်
🔸ငှက်ပျောကောက်ညှင်း
🔸ပဲကောက်ညှင်း
🔸မုန့်ဖက်ထုပ်
🔸မိုးအေးအေးလေးမှာ ရှူးရှူးရှဲရှဲ စားဖို့ ချဉ်ငံစပ် ကြက်ပဲရည် စမူဆာသုပ်လေး

အစရှိတာလေးတွေ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါပြီနော်
⭐️Lynn & Shinn Mini Mart⭐️
☎️ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ +65 6336 1227 ပါ
🏬လိပ်စာလေးကတော့ 04-65 Pennisula Plaza မှာပဲဖြစ်ပါတယ်

Address

04-65 Peninsula Plaza, 111 North Bridge Road
Singapore
179098

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 08:00 - 19:00

Telephone

+6563361227

Website

Alerts

Be the first to know and let us send you an email when Lynn & Shinn Mini Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lynn & Shinn Mini Mart:

Share