Ei Pont Minimart

Directions

Ei Pont Minimart Myanmar Products

📣📣📣ပစ္စည်းကျန်ခဲ့ကြောင်း အသိပေးခြင်းယနေ့ Ei Pont Restaurant & Minimart တွင် အောက်ပါပစ္စည်းများကျန်ခဲ့ပါသောကြောင့် ပစ္စည်...
18/10/2026

📣📣📣ပစ္စည်းကျန်ခဲ့ကြောင်း အသိပေးခြင်း

ယနေ့ Ei Pont Restaurant & Minimart တွင် အောက်ပါပစ္စည်းများကျန်ခဲ့ပါသောကြောင့် ပစ္စည်းပိုင်ရှင်အနေဖြင့် ဆိုင်သို့ ဆက်သွယ်၍ပြန်လည်ထုတ်ယူနိုင်ကြောင်း အသိပေးအပ်ပါသည်။

Ei Pont Restaurant & Minimart

24/09/2026

Ei Pont Restaurant & Minimart နဲ့ပတ်သက်တဲ့ Post တစ်ခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

မူရင်း Post မှာရေးထားတဲ့အတိုင်းဆိုင်ဘက်က တကယ်မှားခဲ့တဲ့အချက်တွေရှိပါတယ်။ အဲဒီအချက်တွေကို ဆိုင်ဘက်က လက်ခံပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တစ်ခုလုံး ပြည့်ပြည့်စုံစုံ မပါရှိသေးတဲ့အချက်တချို့လည်း ရှိနေတာကြောင့် အဲဒီနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ဆိုင်ဘက်က သိထားသလောက် အစအဆုံး ပြန်ရှင်းပြချင်ပါတယ်။

ပထမဆုံး ဆိုင်ဘက်က မှားခဲ့တာ ၂ ချက်ရှိပါတယ်။
ပထမအချက်က နန်းကြီးသုပ် Order ကိစ္စပါ။
အဲဒီနေ့က မိဘနှစ်ယောက်နဲ့ သားလေးတစ်ယောက် လာစားကြပါတယ်။ ကလေးစားမယ့် နန်းကြီးသုပ်မှာ “ကြက်သွန်နီမထည့် အစပ်မထည့်ပါနဲ့” ဆိုပြီး Order မှာ Instruction ထည့်ထားပါတယ်။

ဖြစ်ချင်တော့ Kitchen ဘက်က Printing System မှာ မြန်မာစာမပေါ်ဘဲ Question Marks (?) တွေပဲ ပေါ်နေတာကြောင့် အဲဒီ Instruction ကို သတိမထားမိဘဲ ပုံမှန်အတိုင်း ပြင်ပြီး Serve လုပ်ပေးခဲ့မိပါတယ်။
ဒီအချက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ဘက်က လိုအပ်ခဲ့တာပါ။

သိသိချင်းမှာပဲ အရင်ပွဲကို ပြန်ပြင်ပေးတာမဟုတ်ဘဲ အသစ်တစ်ပွဲ ပြန်လုပ်ပြီး Serve လုပ်ပေးခဲ့ပါတယ်။
အဲဒီလို အဆင်မပြေမှုဖြစ်သွားတဲ့အတွက်လည်း ဆိုင်ဝန်ထမ်းက နန်းကြီးသုပ် Bill အပေါ် မှာ 20% Discount ပေးခဲ့ပါတယ်။

Customer မိသားစုက မှာထားတဲ့ အစားအသောက် ၃ မျိုးလုံးကိုလည်း ပြည့်ပြည့်ဝဝ စားသုံးသွားတာတွေ့ရတဲ့အတွက် အစားအသောက်နဲ့ပတ်သက်ပြီး ကျေနပ်မှုရှိခဲ့မယ်လို့ ဆိုင်ဘက်က မျှော်လင့်ပါတယ်။

ဒုတိယအချက်က $11 ပိုကောက်မိတဲ့ကိစ္စပါ။
ဒီအချက်ကလည်း မူရင်း Post မှာရေးထားသလိုပဲ ဆိုင်ဘက်က $11 မှားပြီး ပိုကောက်မိခဲ့တာ အမှန်ပါ။
Table System မှာ Table နှစ်ခုထပ်နေတာကို Billing လုပ်တဲ့အချိန် သေချာမကြည့်မိဘဲ Customer မမှာထားတဲ့ Menu ကိုပါ ပေါင်းပြီး Bill လုပ်မိခဲ့တာပါ။

ဒါလည်း ဆိုင်ဘက်က ပေါ့ဆမိတာဖြစ်တဲ့အတွက် လက်ခံပါတယ်။ Customer ပြန်လာပြောတဲ့အချိန်မှာ ပိုကောက်မိတဲ့ $11 ကို Cash ပြန်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ မူရင်း Post ထဲ မပါသွားတဲ့အချက်လေးတစ်ခုကိုတော့ ဖြည့်ပြောချင်ပါတယ်။
Customer က ဒီကိစ္စအတွက် ဆိုင်ကို တကူးတက ပြန်လာရတဲ့အတွက် ဆိုင်ဝန်ထမ်းက Customer ကို တောင်းပန်ခဲ့ပါတယ်။ အဲဒီအချိန် ဆိုင်ထဲမှာရှိနေတဲ့ တခြားစားပွဲဝိုင်းက Customer တွေလည်း သိကြပါတယ်။
နောက်တစ်ချက်က “Voucher ကို စစ်ရမှာ Customer ရဲ့တာဝန်” ဆိုတဲ့စကားကို ဆိုင်ဝန်ထမ်းက မပြောခဲ့ပါဘူး။ ဝန်ထမ်းက သူမကိုယ်တိုင် Billing လုပ်တဲ့အချိန် သေချာမစစ်မိလိုက်ကြောင်းကိုပဲ ပြောခဲ့တာပါ။

ဒါတွေကို ပြန်ပြောနေတာက Customer ကို အပြစ်ပြန်တင်ချင်လို့မဟုတ်ပါဘူး။ အဲဒီနေ့က ဖြစ်ခဲ့တဲ့အကြောင်းအရာကို ဆိုင်ဘက်က ဘယ်လိုသိထားလဲဆိုတာ ပြည့်ပြည့်စုံစုံ ပြောပြချင်လို့ပါ။

နောက်တစ်ခုက Payment လုပ်ဖို့ Queue တန်းနေတဲ့နေရာကနေ ထွက်သွားခိုင်းတယ်ဆိုတဲ့အချက်ပါ။

Ei Pont Restaurant & Minimart ရဲ့ Motto က “စားမယ် • သောက်မယ် • စျေးဝယ်မယ်” ပါ။
စားသောက်ဖို့လာတဲ့ Customer တွေအနေနဲ့ လိုအပ်တဲ့ Minimart ပစ္စည်းတွေရှိရင်လည်း တစ်နေရာတည်းမှာ အဆင်ပြေပြေ ဝယ်လို့ရအောင် Restaurant နဲ့ Minimart ကို တွဲထားတာပါ။

ဆိုင်မှာ ဝယ်နေကျ Customer တွေဆိုရင် ဒီ Process ကို သိကြပါတယ်။
တချို့ Customer တွေက အစားအသောက်စောင့်နေတုန်း ပစ္စည်းအရင်ဝယ်ပါတယ်။ တချို့ကလည်း အစားအသောက်မမှာခင် ပစ္စည်းအရင်ယူပါတယ်။ ယူထားတဲ့ပစ္စည်းတွေကို Basket ထဲထည့်ပြီး Cashier Counter မှာထား၊ စားပြီးတဲ့အချိန်မှ အစားအသောက် Bill နဲ့အတူ တစ်ခါတည်း ပေါင်းရှင်းလို့ရပါတယ်။
Customer က Voucher တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ Payment ပြီးတာနဲ့ Voucher/Receipt က System ကနေ အလိုအလျောက် Print ထွက်ပါတယ်။

အဲဒီနေ့ကလည်း Customer က အစားအသောက်မှာပြီးသားဖြစ်လို့ ဝန်ထမ်းက “အရင်စားပါ၊ စားပြီးမှ တစ်ခါတည်းပေါင်းရှင်းလို့ရပါတယ်” ဆိုတဲ့သဘောနဲ့ ပြောခဲ့တာပါ။

Customer ကို Queue ကနေဖယ်ထုတ်ချင်တာ၊ ဒါမှမဟုတ် ပိုက်ဆံပိုကောက်ဖို့ ရည်ရွယ်ပြီး ပြောခဲ့တာမျိုး မဟုတ်ပါဘူး။ Customer ကို အရင်အေးအေးဆေးဆေး စားစေချင်ပြီး နောက်မှ တစ်ခါတည်းရှင်းလို့ရကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က မူရင်း Post မှာ “ဒါပါနဲ့ဆို ၂ ခါရှိပြီ” လို့ ရေးထားတဲ့အချက်ပါ။
ဒီအချက်ကိုတော့ ဆိုင်ဘက်ကလည်း သိချင်ပါတယ်။
ဆိုင်က Monday တစ်ရက်ပဲပိတ်ပြီး ကျန်တဲ့ရက်တွေ ပုံမှန်ဖွင့်ပါတယ်။ အရင်တစ်ခေါက်က ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ ဆိုင်ဘက်က အခုချိန်အထိ မသိရသေးပါဘူး။

အရင်တစ်ခေါက်ကလည်း ဆိုင်ဘက်က လိုအပ်ခဲ့တာ၊ မှားခဲ့တာ တစ်ခုခုရှိခဲ့တယ်ဆိုရင် ဒီ Post ရဲ့ Comment မှာဖြစ်ဖြစ်၊ Page Messenger ကနေဖြစ်ဖြစ် ပြောပြပေးစေချင်ပါတယ်။ ဆိုင်ဘက်က သေချာပြန်စစ်ပြီး မှားခဲ့တာရှိရင် တာဝန်ယူဖြေရှင်းပေးပါမယ်။

ဒီစာကိုရေးတာက မူရင်း Post ပိုင်ရှင်နဲ့ အပြန်အလှန် အငြင်းပွားဖို့မဟုတ်ပါဘူး။

Customer တစ်ယောက်အနေနဲ့ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အဆင်မပြေမှုကို Feedback ပေးပိုင်ခွင့်ရှိသလို၊ ဆိုင်ဘက်ကလည်း ကိုယ်မှားခဲ့တာကို လက်ခံပြီး မူရင်း Post မှာ ချန်ခဲ့တဲ့အချက်တွေ၊ ဖြစ်စဉ်တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ ပြန်ရှင်းပြတာပါ။

ဒီကိစ္စကြောင့်လည်း Kitchen Printing System၊ Order Instruction နဲ့ Billing Process တွေကို ဆိုင်ဘက်က ပြန်စစ်ပြီး နောက်ထပ်အလားတူအမှားမျိုး မဖြစ်အောင် ဝန်ထမ်းတွေကိုလည်း ထပ်ပြီး သေချာသင်ကြားပေးသွားပါမယ်။

ဆိုင်ဖွင့်ထားတဲ့အချိန် မကြာသေးတာကြောင့် လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ Customer တွေပေးတဲ့ Feedback တွေကိုလည်း လေးလေးစားစား လက်ခံပါတယ်။

ဒါပေမယ့် ဖြစ်စဉ်တစ်ခုကို ပြန်လည်မျှဝေတဲ့အခါမှာလည်း နှစ်ဖက်လုံးက ဖြစ်ခဲ့တဲ့အကြောင်းအရာ အပြည့်အစုံကို သိရှိပြီးမှ နားလည်စေချင်တာက ဆိုင်ဘက်ရဲ့ ရည်ရွယ်ချက်ပါ။

ပိုစ့်ပိုင်ရှင်ကပိုစ့်ကို Group Page တွေမှာတင်ထားတာတွေ့သော်လည်း ယခု Ei Pont Restaurant & Minimart Page မှာ တင်ထားတဲ့ Post အောက်က Comments တွေကိုပဲ ဆိုင်ဘက်က လေးလေးစားစား ပြန်လည်ဖြေရှင်းပေးသွားပါမယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းလိုတာ၊ ပြောပြလိုတာရှိရင် Page Messenger မှာလာရောက်ပြောကြားနိုင်ပါတယ်။

အမြဲလာရောက်အားပေးကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းနဲ့ Feedback ပေးကြတဲ့ Customer တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Ei Pont Restaurant & Minimart
Savour • Sip • Shop

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️                        ကျေးဇူးတင်မှတ်တမ်း♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️၂၀၂၆ ခုနှစ...
20/09/2026

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
ကျေးဇူးတင်မှတ်တမ်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် Ei Pont Restaurant & Minimart ဆိုင်ဖွင့်ပွဲအခမ်းအနား သို့ အချိန်ပေး၍ တက်ရောက်ဂုဏ်ပြုအားပေးခဲ့ကြသော မိတ်ဆွေသူငယ်ချင်းများနှင့် Customer များအားလုံးကို Ei Pont မိသားစုမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Ei Pont Restaurant ကို စတင်ဖွင့်လှစ်ခဲ့သည့် (၇) ပတ်ကာလအတွင်း လိုအပ်ချက်များနှင့် ပိုမိုကောင်းမွန်တိုးတက်စေရန် ပြင်ဆင်သင့်သည့် အချက်များကို စေတနာဖြင့် အပြုသဘောဆောင်စွာ အကြံပြု Feedback ပေးခဲ့ကြသော Customer တစ်ဦးချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ရရှိလာသည့် Feedback များနှင့် လိုအပ်ချက်များကို ပြင်ဆင်ပြီး ပိုမိုကောင်းမွန်သော အစားအသောက်နှင့် ဝန်ဆောင်မှုများအတွက်ဆက်လက်ကြိုးပမ်းသွားပါမည်။

Ei Pont ၏ စတင်ခြင်းမှ ယနေ့အထိ အတူတကွ ရပ်တည်အားပေးပေးခဲ့ကြသူ တစ်ဦးချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ရှေ့ဆက်၍လည်း Ei Pont Restaurant & Minimart ကို ဆက်လက်ချစ်ခင်ယုံကြည်အားပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Ei Pont Restaurant & Minimart
Savour • Sip • Shop

1 Bedok Central
#01-11 Sky Eden Condo
Singapore (469657)

🎉 Ei Pont Restaurant & Minimart ဆိုင်ဖွင့်ပွဲ ဖိတ်ကြားလွှာ 🎉ချစ်ခင်ရပါသော Customer များရှင့် 💛Ei Pont Restaurant & Minim...
14/09/2026

🎉 Ei Pont Restaurant & Minimart ဆိုင်ဖွင့်ပွဲ ဖိတ်ကြားလွှာ 🎉

ချစ်ခင်ရပါသော Customer များရှင့် 💛
Ei Pont Restaurant & Minimart ရဲ့ ဆိုင်ဖွင့်ပွဲကို
📅 စက်တင်ဘာလ ၁၉ ရက် (စနေနေ့) တွင် ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အားလုံးကို ချစ်ခင်စွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ 🥰
------------------------------------------------------------------------------
🎁 ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် အစီအစဉ် 🎁
🍜 ကြာဇံကြော် (ဝက်သား/ကြက်သား) စုစုပေါင်း ဘူး ၃၅၀ ကို ⏰ နေ့လယ် ၁၁:၀၀ နာရီမှ ၁:၀၀ နာရီအထိ ဝေငှပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ 💕
------------------------------------------------------------------------------

ဆိုင်ကိုတော့ အဲ့ဒီနေ့ (ညနေ ၃:၀၀ နာရီ) မှစပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

မိတ်ဟောင်း မိတ်သစ် Customer များအားလုံး ဆိုင်ဖွင့်ပွဲလေးကို အတူတူ ပါဝင်ဆင်နွှဲပေးကြဖို့ Ei Pont Restaurant & Minimart မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ 🙏💛

အားလုံးနဲ့ ဆိုင်ဖွင့်ပွဲနေ့မှာ တွေ့ဆုံဖို့ စောင့်မျှော်နေပါတယ်ရှင့်။ 🥰🎊

📍 ဆိုင်လိပ်စာ
1 Bedok Central, Sky Eden Condo #01-11,
Singapore 469657

03/09/2026

📣 ဆိုင်ပိတ်ရက်လေး အသိပေးပါရစေရှင် 💛

ချစ်ခင်ရပါသော Customer များရှင့်

၇.၉.၂၀၂၆ (တနင်္လာနေ့) မှ ၁၀.၉.၂၀၂၆ (ကြာသပတေးနေ့) အထိ

📍 1 Bedok Central ရှိ Ei Pont Restaurant & Minimart
📍 Blk 204 Bedok North St 1 ရှိ Ei Pont Minimart
ဆိုင်များ ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။

၁၁.၉.၂၀၂၆ (သောကြာနေ့) မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ချစ်ရတဲ့ Customer များကို ပြန်လည်ဝန်ဆောင်မှုပေးသွားပါမယ်ရှင်။ 🥰

အမြဲအားပေးချစ်ခင်ပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ရှင်။ 🙏💛

See you again on 11.9.2026! ✨

17/08/2026

📢 Customer များအား အသိပေးကြေညာခြင်း

ချစ်ခင်လေးစားရပါသော Customer များရှင့်

📍 1 Bedok Central ရှိ Ei Pont Restaurant & Minimart
📍 Blk 204 Bedok North St 1 ရှိ Ei Pont Minimart

ဆိုင်နှစ်ဆိုင်လုံး၏ အပတ်စဉ် တနင်္လာနေ့တိုင်းကို ပုံမှန်ပိတ်ရက် အဖြစ် သတ်မှတ်ထားပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။

📌 အကယ်၍တနင်္လာနေ့သည် Public Holiday နှင့် တိုက်ဆိုင်ပါက တနင်္လာနေ့တွင် ဆိုင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး၊ နောက်တစ်ရက်ဖြစ်သော အင်္ဂါနေ့ (Tuesday) ကို အစားထိုးပိတ်ရက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ပါတယ်ရှင့်။

ဆိုင်ပိတ်ရက်ကြောင့် အဆင်မပြေမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။ 🙏

✨ ပုံမှန်ဖွင့်ရက်များမှာ Tuesday မှ Sunday အထိ ဖြစ်ပြီး Customer များကို အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ကြိုဆိုပေးသွားမှာဖြစ်ပါတယ်။ 🥰

Ei Pont ကို အစဉ်အမြဲ ယုံကြည်ချစ်ခင်စွာ လာရောက်အားပေးကြသော Customer တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ ❤️

Ei Pont Restaurant & Minimart
Savour • Sip • Shop ✨

📢 ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်းချစ်ခင်လေးစားရပါသော Customer များရှင် 🙏📍 1 Bedok Central ရှိ Ei Pont Restaurant & Minimar...
10/08/2026

📢 ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း

ချစ်ခင်လေးစားရပါသော Customer များရှင် 🙏

📍 1 Bedok Central ရှိ Ei Pont Restaurant & Minimart နှင့်
📍 Blk 204 Bedok North St 1 ရှိ Ei Pont Minimart

📅 11 Aug 2026 (Tuesday) တွင်
တစ်ရက်တာ ဆိုင်ပိတ်မည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

Customer များအနေဖြင့် အဆင်မပြေမှုများရှိခဲ့ပါက နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🙏

အမြဲအားပေးချစ်ခင်ကြသော Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။ ❤️

Ei Pont Restaurant & Minimart

Address

1 Bedok Cental, Sky Eden Condo #01/11
East Region
469657

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Ei Pont Minimart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby convenience stores