SHWE MIN THAR

SHWE MIN THAR မလေးရှားရောက် ရွှေမြန်မာများအတွက် ❝ရွှေမင်းသား❞

ဘယ်တွေကိုရောက်ပြီးပြီးလဲ? ဘာတွေလုပ်ပြီးပြီလဲ?ရွှေမင်းသားကနေ ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တွေကို မရောက်ဖူးသေးရင် အမြန်ဆုံးလာခ...
18/06/2025

ဘယ်တွေကိုရောက်ပြီးပြီးလဲ? ဘာတွေလုပ်ပြီးပြီလဲ?

ရွှေမင်းသားကနေ ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်တွေကို မရောက်ဖူးသေးရင် အမြန်ဆုံးလာခဲ့လိုက်ပါ။

ရွှေမြန်မာများအတွက် နေ့စဉ်ဘဝမှာ လိုအပ်တဲ့ အရာတွေကို
ရောင်းချ၊ ဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ

မြန်မာထမင်းဟင်းစားပြီး အလွမ်းဖြေမလား။
အိမ်အတွက်လိုတာတွေ ဝယ်မလား။
ဆံပင်စတိုင်တွေ ချိန်းမလား။
မြန်မာဝတ်စုံတွေ ဝယ်မလာ။

ပစိဖိတ်ပထမထပ်၊ ဘီအမ်ပလာဇာဒုတိယထပ်မှာ ရွှေမင်းသား ဆိုင်ခွဲတွေ ဖွင့်လှစ်ပေးထားလို့
အလွယ်တကူရှာတွေ့နိုင်ပါတယ်။

မလေးရှားရောက်ပြီး ရွှေမင်းသား မရောက်ဖူးသေးရင်တော့ တခြားသူတွေထက် ခြေတစ်လှမ်းနောက်ကျနေပါပြီဗျို့

ထမင်းပူပူနဲ့ မြန်မာဟင်းကောင်းကောင်းလေးဆိုရင် အိမ်ထမင်းဝိုင်းလိုပဲ ခေါင်းမဖော်ဘဲ ရှယ်ကြိတ်ကြသတဲ့ဗျို့😋တောင့်တတဲ့ ဟင်းမှန်...
17/06/2025

ထမင်းပူပူနဲ့ မြန်မာဟင်းကောင်းကောင်းလေးဆိုရင်
အိမ်ထမင်းဝိုင်းလိုပဲ ခေါင်းမဖော်ဘဲ ရှယ်ကြိတ်ကြသတဲ့ဗျို့😋

တောင့်တတဲ့ ဟင်းမှန်သမျှ အကုန်ရအောင် ငါးပိရည်တို့စရာ၊ ဟင်းချို၊ အသီးအရွက်ကြော်၊ အသားဟင်း၊ ငါးဟင်း အစုံအလင်နဲ့ နေ့တိုင်းစားရင်တောင် မရိုးတဲ့ မြန်မာအရသာဟင်းလျာတွေကို ပြင်ဆင်ပေးလျက်ပါ။

မြန်မာထမင်းဟင်းနဲ့ဆိုရင် ဘာနဲ့မှကိုမတူဘဲ ထမင်းအရမ်းမြိန်တယ် မိတ်ဆွေ...

အိမ်ထမင်းဝိုင်းမှာ ထိုင်စားနေရသလို ခံစားရပြီး တစ်နေ့တာ ပင်ပန်းမှုတွေကို ဖြေလျှော့နိုင်ဖို့
မလေးရှားမှာ ရွှေမင်းသားရှိပါတယ်။😉

“ယုံကြည်အားထား ရွှေမင်းသား”
016 9020 833 (ပစိဖိတ်ပထမထပ်) Megamal Pinang (Pacific)
017 5838339 (ဘီအမ်ပလာဇာဒုတိယထပ်) BM Plaza

Shwe Min Thar Salon မှာ မိုးရာသီ ပရိုမိုးရှင်းပေးနေပြီတဲ့ဗျို့📢“ရွှေမင်းသား Hair Salon”မှာ ဆံပင်စတိုင်ချိန်းပြီးတာနဲ့ မဖ...
16/06/2025

Shwe Min Thar Salon မှာ မိုးရာသီ ပရိုမိုးရှင်းပေးနေပြီတဲ့ဗျို့📢

“ရွှေမင်းသား Hair Salon”မှာ ဆံပင်စတိုင်ချိန်းပြီးတာနဲ့
မဖြစ်မနေလုပ်ရတဲ့ ခေါင်းလျှော်တာကို 10% Discount နဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဆံပင်ညှပ်ပြီးချင်း ခေါင်းလျှော်လိုက်မယ်ဆိုရင် စိတ်ရောကိုယ်ပါ လန်းဆန်းသန့်ရှင်းသွားစေပါတယ်။
လျှော်တဲ့အချိန်မှာ သုံးပေးတဲ့ Shampoo နဲ့ Conditioner တို့ကြောင့် ဆံသားလေးက နူးညံ့ပျော့ပြောင်းပြီး
ပုံသွင်းတဲ့အခါမှာလည်း လွယ်ကူစေမှာပါ။

ပရိုမိုးရှင်းပေးသွားမယ့်အချိန်ကာလကတော့ ဇွန်လ ၂၁ မှ ၂၂ ထိ နှစ်ရက်ဖြစ်ပါတယ်။

မိုးရာသီမှာ ဖက်ရှင်ကျကျလှပနေဖို့ အတွက် ပိတ်ရက်မှာ "ရွှေမင်းသား Hair Salon" ကို လာခဲ့လိုက်ပါခင်ဗျာ

“ယုံကြည်အားထား ရွှေမင်းသား”
018 2200833, 016 9020833
(ပစိဖိတ်ပထမထပ်) ၊ Megamal Pinang (Pacific)

ကိုယ်နဲ့လိုက်ဖက်တဲ့ အလှတရားကို ရွှေမင်းသား ဇာနှင့်ချည်ထည်ပိုးထည်တိုက် မှာ စိတ်ကြိုက်ရှာဖွေလိုက်ပါ👧မင်္ဂလာပွဲ၊ အလှူပွဲတွေ...
13/06/2025

ကိုယ်နဲ့လိုက်ဖက်တဲ့ အလှတရားကို ရွှေမင်းသား ဇာနှင့်ချည်ထည်ပိုးထည်တိုက် မှာ စိတ်ကြိုက်ရှာဖွေလိုက်ပါ👧

မင်္ဂလာပွဲ၊ အလှူပွဲတွေ တက်ဖို့အတွက် ထူးခြားလှပတဲ့
ဇာထည်၊ ပိုးထည် ဒီဇိုင်းအသစ်လေးတွေ
သက်တောင့်သက်သာရှိပြီး ဖက်ရှင်ကျတဲ့ ချည်ထည် လေးတွေကို
မလေးရှားရောက် ချစ်ညီမတို့အတွက် စုံလင်အောင်တင်ထားပေးပါတယ်။

အရည်အသွေးမြင့် ဇာထည်၊ ချည်ထည်၊ ပိုးထည်တွေ ဒီဇိုင်းစုံလင်စွာရှိတာကြောင့် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်ခင်ဗျာ

ချုပ်လိုက်ရင် ကိုယ်နဲ့လိုက်ဖက်မယ့် အကွက်ဆန်းဆန်း၊ အရောင်လန်းလန်းကိုလည်း ဒီဇိုင်နာကနေ အကြံပေးရွေးချယ်ပေးသွားဦးမှာမို့လို့ အမြန်ဆုံးလာခဲ့လိုက်တော့ဗျို့...

“ယုံကြည်အားထား ရွှေမင်းသား”

018 4000833, 011 60535072
(ဘီအမ် ပလာဇာ ဒုတိယထပ်) BM Plaza

တုပ်ကွေးရာသီရောက်ပြီဆိုတော့ဖျားနာတာတွေ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။🤔မလေးရှားရောက် ရွှေမ...
12/06/2025

တုပ်ကွေးရာသီရောက်ပြီဆိုတော့
ဖျားနာတာတွေ မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။🤔

မလေးရှားရောက် ရွှေမြန်မာတွေ ဘယ်လိုဂရုစိုက်ကြရမလဲဆိုတာ " ရွှေမင်းသား " ကနေ Tips လေးတွေ မျှဝေပေးသွားမယ်ဗျို့...

👉တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ။
မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကနေ ဗိုင်းရပ်စ်တွေ ဝင်နိုင်တာကြောင့် မဆေးကြောထားတဲ့လက်နဲ့ မျက်နှာကို မကြာခဏ မထိပါနဲ့။

👉အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးဝမှ ကိုယ်ခံအားကောင်းပြီး ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာပါ။ တစ်ရက်ကို အနည်းဆုံး (၇) နာရီမှ မအိပ်ရင် အိပ်ချိန်နည်းပြီး ဖျားလွယ်ပါတယ်။

👉ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုစားပါ။
ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို အမြဲစားသင့်ပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်သုံးပါ။

👉လူထူတဲ့နေရာတွေ ရှောင်ပါ။
တုပ်ကွေးရာသီမှာ ဖျားနာနေတဲ့သူနဲ့ အနေနီးတာ၊ တိုက်ရိုက်ထိတွေ့တာမျိုးဆိုရင် ရောဂါပိုးကူးနိုင်ပါတယ်။
မဖြစ်မနေသွားရမယ်ဆိုရင် Mask တပ်သွားပါ။

ဒီအချက်လေးတွေကို လိုက်နာရင် တုပ်ကွေးရာသီမှာ ဖျားနာခြင်းကနေ ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

မလေးရှားရောက် ရွှေမြန်မာများအားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာကြပါစေလို့ " ရွှေမင်းသား " ကနေ ထပ်မံဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ

“ယုံကြည်အားထား ရွှေမင်းသား”

ကြေးအိုးဆိုတာကတော့ မြန်မာနိုင်ငံမှာ  မသိတဲ့သူ မရှိသလောက်ပါပဲဗျို့ဒါဆိုရင် ဘာလို့ ကြေးအိုးလို့ အမည်တွင်နေလဲ ဆိုတာရောသိကြလ...
11/06/2025

ကြေးအိုးဆိုတာကတော့ မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိသလောက်ပါပဲဗျို့

ဒါဆိုရင် ဘာလို့ ကြေးအိုးလို့ အမည်တွင်နေလဲ ဆိုတာရောသိကြလား?
အရည်သောက်အစားအစာတစ်မျိုးဖြစ်တဲ့အပြင်
သူ့ရဲ့ ထူးခြားတဲ့ နာမည်နောက်ကွယ်မှာ သမိုင်းကြောင်းလေး ရှိပါတယ်။

ကြေအိုးလို့ ခေါ်နေတဲ့အကြောင်းအရင်းကတော့ အစောပိုင်းကာလတွေတုန်းက
စားသုံးသူတွေကို တည်ခင်းတဲ့အခါ ကြေးနဲ့လုပ်တာတဲ့ အိုးကြီးတွေထဲမှာ ကြေးအိုးကြီးထဲမှာ
ဆန်ကြာစံ၊ အသား၊ အသားလုံး၊ ကြက်ဥ၊ ငုံးဥ၊ ပဲပြား၊ မုန်ညှင်းစဖြင့် အမယ်တွေကို ရောထည့်၊ ပြုတ်ပြီးတော့ လာရောက်ချပေးကြလို့ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နာမည်အဖြစ်သာခေါ်လိုက်ပြီး အသုံးပြုတဲ့ ပန်းကန်အမျိုးအစားတွေက ကွာခြားသွားပါတယ်။

ပထမဆုံး ကြေးအိုးဆိုင်ကိုတော့ ရန်ကုန်မြို့မှာ ၁၉၆၈ ခုနှစ်မှာ ကြေးအိုးဘုရင် နာမည်နဲ့စတင်ဖွင့်လှစ်ခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။

သူငယ်ချင်းတွေနဲ့ အတူတူဖြစ်ဖြစ်၊ နေမကောင်းလို့စားမယ်ဆိုရင်ပဲဖြစ်ဖြစ် အရမ်းကိုစားလို့ ခံတွင်းမြိန်တဲ့အစားအစာဖြစ်ပါတယ်။
ကြေးအိုးနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေသိရင်လည်း ကောမန့်မှာ ပြောခဲ့ပေးကြပါဦးဗျို့

မလေးရှားမှာ ကြေးအိုးစစ်စစ် စားချင်တယ်ဆိုရင်တော့ "ရွှေမင်းသား" ကနေ အမြန်ဆုံးမှာစားလိုက်ပါ။

“ယုံကြည်အားထား ရွှေမင်းသား”
016 9020 833 (ပစိဖိတ်ပထမထပ်) Megamal Pinang (Pacific)
017 5838339 (ဘီအမ်ပလာဇာဒုတိယထပ်) BM Plaza

နယုန်လပြည့်၊ မဟာသမယနေ့🌕ယနေ့တွင်ကျရောက်သော နယုန်လပြည့်နေ့နဲ့အတူ မလေးရှားရောက်ရွှေမြန်မာများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ...
10/06/2025

နယုန်လပြည့်၊ မဟာသမယနေ့🌕

ယနေ့တွင်ကျရောက်သော နယုန်လပြည့်နေ့နဲ့အတူ မလေးရှားရောက်ရွှေမြန်မာများအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း ရွှေမင်းသားမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ခင်ဗျာ🙏

ဘယ်လိုပဲလုပ်လုပ် ပုံမကျဖြစ်နေတဲ့ ဆံပင်စတိုင်ကြောင့် စိတ်ညစ်မနေနဲ့တော့😎မနက်မိုးလင်း ဆံပင်တစ်ခါလောက် ဖြီးရုံနဲ့ တစ်နေကုန် ...
09/06/2025

ဘယ်လိုပဲလုပ်လုပ် ပုံမကျဖြစ်နေတဲ့ ဆံပင်စတိုင်ကြောင့် စိတ်ညစ်မနေနဲ့တော့😎

မနက်မိုးလင်း ဆံပင်တစ်ခါလောက် ဖြီးရုံနဲ့ တစ်နေကုန် ပုံကျအောင် လုပ်ပေးမယ့်
ရွှေမင်းသား Hair Salon ရှိပါတယ်။

မလေးရှားရောက် ရွှေမြန်မာတွေ အမြဲတမ်း စတိုင်ကျလှပနေအောင်
အတွေ့အကြုံရှိ Hair Stylist တွေကနေ မှော်ဆန်တဲ့လက်ရာတွေနဲ့အတူ မျက်နှာနဲ့ အလိုက်ဖက်ဆုံး၊ အလှဆုံးပုံစံကို ဖန်တီးပေးမှာဖြစ်ပါတယ်။

ပုံမကျ ပုံမလှတဲ့ ဆံပင်တွေကို သပ်ရပ်လှပပြီး ခေတ်မီတဲ့ စတိုင်အဖြစ် ပြောင်းလဲပစ်လိုက်ပါ။

ဆံပင်နဲ့ပတ်သက်ရင် ယုံကြည်မှုပြည့်ဝနေအောင် "ရွှေမင်းသား Hair Salon" ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။🤩

“ယုံကြည်အားထား ရွှေမင်းသား”

018 2200833, 016 9020833
(ပစိဖိတ်ပထမထပ်) ၊ Megamal Pinang (Pacific)

ကြက်ဥ Hair Mask ဆိုတာProtein, Biotin, Vitamin A, D, E စတဲ့ အာဟာရဓာတ်တွေက ဆံသားကို အရင်းကနေ အဖျားအထိ ကျန်းမာစေပြီး တောက်ပ...
08/06/2025

ကြက်ဥ Hair Mask ဆိုတာ
Protein, Biotin, Vitamin A, D, E စတဲ့ အာဟာရဓာတ်တွေက ဆံသားကို အရင်းကနေ အဖျားအထိ ကျန်းမာစေပြီး တောက်ပစေဖို့ အထောက်အကူပြုတဲ့ အိမ်တွင်း နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။

အိမ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ " ကြက်ဥ Hair Mask " လုပ်နည်းကို ရွှေမင်းသားကနေ ပြောပြပေးသွားမယ်😎

ဘယ်လိုလုပ်ရမလဲဆိုတော့
👉ကြက်ဥတစ်လုံး (သို့) နှစ်လုံးကို ခွက်ထဲကို ဖောက်ထည့်လိုက်ပါ။
ဖောက်ထည့်ပြီးရင်တော့ သမအောင် ခလောက်ပေးပါ။
👉သံလွင်ဆီ (သို့) အုန်းဆီကို ရောထည့်ပေးပါ။ ဗောက်ထတဲ့သူတွေဆိုရင်တော့ ဒိန်ချဉ် (၂-၃) ဇွန်း ရောထည့်နိုင်ပါတယ်။
👉အားလုံးကို သမအောင်မွှေပြီးရင် ဦးရေပြားပေါ်နဲ့ ဆံသားအရင်းကနေ အဖျားအထိလိမ်းပေးပါ။
👉Shower Cap နဲ့ ဆံပင်ကို ဖုံးအုပ်ထားပြီး မိနစ် ၃၀ ခန့်ထားပါ။
👉ပြီးရင်တော့ ရေအေးနဲ့ ဆေးချလိုက်ပါ။

ဒီလိုဆိုရင်တော့ ဆံပင်ကို ကြက်ဥ Hair Mask လုပ်နည်းလေးပြီးဆုံးပါပြီခင်ဗျာ

ဆံသားခြောက်သွေ့တာ၊ ပျက်စီးတာ၊ ဗောက်ထတာ စတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အိမ်တွင်း နည်းလမ်းကောင်းလေးတစ်ခုဖြစ်လို့ လိုက်လုပ်ကြည့်ကြပါဦးဗျို့

“ယုံကြည်အားထား ရွှေမင်းသား”
018 2200833, 016 9020833
(ပစိဖိတ်ပထမထပ်) ၊ Megamal Pinang (Pacific)

ဘယ်နေရာကိုပဲရောက်ရောက် မြန်မာအရသာ ဟင်းတစ်ခွက်ကိုတော့ တောင့်တမိကြမှာပါ ချက်လိုက်တဲ့ဟင်းတိုင်း မြန်မာအရသာထွက်စေဖို့အတွက် အ...
07/06/2025

ဘယ်နေရာကိုပဲရောက်ရောက် မြန်မာအရသာ ဟင်းတစ်ခွက်ကိုတော့ တောင့်တမိကြမှာပါ

ချက်လိုက်တဲ့ဟင်းတိုင်း မြန်မာအရသာထွက်စေဖို့အတွက် အမိနိုင်ငံထုတ် ဟင်းခတ်အမွှေးအကြိုင်တွေကတော့ မပါမဖြစ်ပဲလေ

ငရုတ်၊ ငါးပိ၊ မဆလာ စတဲ့ ဟင်းခတ်အမွှေးအကြိုင် နိုင်နိုင်နင်းနင်းနဲ့မှ ဟင်းက အရသာပြည့်ဝပြီး ထမင်းဝိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်စေမှာပါ။

ရွှေမြန်မာတို့ ပစိဖိတ်နဲ့ ဘီအမ်ပလာဇာ ဘက်ရောက်ခဲ့ရင် ဈေးခြင်းတောင်းလေးဆွဲ အိမ်အတွက်
မြန်မာဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ယူဖို့အတွက်
ဝင်လာခဲ့လိုက်ပါခင်ဗျာ

“ယုံကြည်အားထား ရွှေမင်းသား”
018 7700833 (ပစိဖိတ်ပထမထပ်) Megamal Pinang (Pacific) Mini Mart
018 4020833 (ဘီအမ်ပလာဇာဒုတိယထပ်) BM Plaza

အပြင်မှာ တိမ်ညိုတွေစွေပြီး မိုးဖွဲဖွဲလေးကျတော့မယ်ဆိုရင်မိုးခိုဖို့ အနီးနားမှာ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကို ရှာဖူးကြမှ...
06/06/2025

အပြင်မှာ တိမ်ညိုတွေစွေပြီး မိုးဖွဲဖွဲလေးကျတော့မယ်ဆိုရင်
မိုးခိုဖို့ အနီးနားမှာ ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကို ရှာဖူးကြမှာပါ။🤔

ပစိဖိတ်နဲ့ ဘီအမ်ပလာဇာဘက်ရောက်နေရင်တော့
စိတ်ကိုလန်းဆန်းစေမယ့် အငွေ့အသက်တွေနဲ့အတူ
ရွှေမင်းသား စားသောက်ဆိုင်ကတော့ တိမ်ညိုတွေဆိုင်းတဲ့အချိန်မှာ
လာရောက်ခိုနားဖို့ အသင့်တော်ဆုံးနေရာလေးပါပဲ။

အရသာရှိပြီး နွေးနွေးထွေးထွေးဖြစ်သွားစေမယ့် အစားအသောက်တွေနဲ့ဆိုရင်
ဒီလိုရက်မျိုးက ပြီးပြည့်စုံနေစေမှာပါ။🥘

တိမ်ညိုတွေ စွေတဲ့အချိန်တိုင်း စိတ်ညစ်မနေပါနဲ့။
ရွှေမင်းသားကို လာရောက်ပြီး အေးအေးချမ်းချမ်း ခိုနားလိုက်ပါခင်ဗျာ။

“ယုံကြည်အားထား ရွှေမင်းသား”
016 9020 833 (ပစိဖိတ်ပထမထပ်) Megamal Pinang (Pacific)
017 5838339 (ဘီအမ်ပလာဇာဒုတိယထပ်) BM Plaza

မြန်မာလူမျိုးတွေဆိုတော့မလေးရှားထုတ်ကုန်‌တွေ ဘယ်လောက်ပဲကောင်းကောင်း ကိုယ့်ဒေသထွက်ကုန်ကို တော်တော်များများ ရှာဝယ်ဖူးကြမှာပ...
04/06/2025

မြန်မာလူမျိုးတွေဆိုတော့
မလေးရှားထုတ်ကုန်‌တွေ ဘယ်လောက်ပဲကောင်းကောင်း
ကိုယ့်ဒေသထွက်ကုန်ကို တော်တော်များများ ရှာဝယ်ဖူးကြမှာပါ။

ဒေသထွက်ကုန်တွေမှာ ဘယ်အရာနဲ့မှ မလဲနိုင်တာကတော့ ဟင်းခတ်အမွှေးအကြိုင်နဲ့ အခြောက်အခြမ်းတွေပါပဲ။🧂

🧂ဟင်းခတ်အမွှေးအကြိုင်တွေဆိုရင်လည်း မြန်မာအရသာ ဟင်းကောင်းကောင်း တစ်ခွက်ဖန်တီးနိုင်တယ်။
🥓အခြောက်အခြမ်းတွေဆိုတာလည်း ဟင်းချက်တဲ့အချိန်မှာ အရမ်းကို အသုံးဝင်ပါတယ်။

ရွှေမင်းသား Mini Mart မှာ ရောင်းချပေးနေတဲ့ ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်နဲ့ အခြောက်အခြမ်းတွေက သန့်ရှင်းသပ်ရပ်စွာ ပြုလုပ်ထားပြီး တာရှည်ခံအောင် ဓာတုပစ္စည်းတွေ အသုံးပြုမှုနည်းတာကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်ခင်ဗျာ

မလေးရှားရောက် ရွှေမြန်မာတို့ ပစ္စည်းစုံစုံလင်လင်နဲ့ ကိုယ့်စိတ်ကြိုက်ရှာဝယ်ချင်တယ်ဆိုရင် တော့ ရွှေမင်းသား Mini Mart ရှိပါတယ်ဗျို့...📢

အလှမ်းဝေးနေတဲ့ ရွှေမြန်မာတွေလည်း လိုချင်တဲ့ပစ္စည်းကို Page ကနေ တစ်ဆင့် ဆက်သွယ်ပြီးတော့ Delivery နဲ့ မှာယူနိုင်ပါကြောင်းကိုလည်း လက်တို့လိုက်ပါတယ်။

“ယုံကြည်အားထား ရွှေမင်းသား”
018 4020833 (ပစိဖိတ်ပထမထပ်) Megamal Pinang (Pacific)
018 7700833 (ဘီအမ်ပလာဇာဒုတိယထပ်) BM Plaza

Address

(1-97, 1-108, 1-133, 1-135) Megamal Pinang, 2828, Jalan Baru, Bandar Perai Jaya
Prai
13600

Telephone

+60174747400

Website

Alerts

Be the first to know and let us send you an email when SHWE MIN THAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE MIN THAR:

Share