03/08/2025
https://www.facebook.com/share/p/1B9XUojf47/?mibextid=wwXIfr
ခွေးကိုက်ခံရရင် ARV (Anti Rabies Vaccine) ခွေးရူးကာကွယ်ဆေး အခမဲ့ဘယ်မှာ ထိုးလို့ရသလဲဆိုတာ သိချင်သူများအတွက် စာရင်းပြုစုပေးလိုပါတယ်။
မနေ့ညနေ (1.8.2025) က MSAP မှ Admin တဦး နီးစပ်ရာ အင်းစိန်ဆေးရုံကိုသွားပြီး မေးမြန်းစုံစမ်းခဲ့တာလေးကို ပြန်ပြောပြပေးချင်ပါတယ်။
🏥 အင်းစိန်ဆေးရုံ
ကာကွယ်ဆေးထိုးချင်ရင် အရေးပေါ်ဌာနကို ဝင်သွားရပါတယ်။ ပြီးရင် ခွေးရူးကာကွယ်ဆေး ထိုးချင်တယ်ပြောပါ။ အကိုက်ခံရတာ '၂၄ နာရီမကျော်သေးဘူး' ပြောရင် ဆေးထိုးပေးပါလိမ့်မယ်။ မေးခိုင်ကာကွယ်ဆေးပါ ထိုးပေးပါတယ်။ (အခမဲ့ပါ) စေတနာရှိရင် အလှုငွေထည့်လို့ရပါတယ်။ မတတ်နိုင်လို့ မထည့်ရင်လည်း ဘာမှ မဖြစ်ပါဘူးနော်။
💉 ဆေးထိုးပေးချိန် (မွန်းလွဲ ၂ - ၄ နာရီအတွင်း)
မှတ်ချက်။ ။ ပထမဦးဆုံးသွားထိုးတဲ့အချိန် ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်။ နောက်အကြိမ် ထပ်လာထိုးမယ်ဆိုမှသာ အဲ့အချိန်အတွင်း လာခိုင်းတာပါ။
🇲🇲 မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံ တော်တော်များများမှာ အလားတူပဲဖြစ်မယ်လို့ ယူဆပါတယ်။ အောက်ပါဆေးရုံတွေက အခမဲ့ထိုးခဲ့ဖူးသူများ ပြောပြတဲ့ စာရင်းတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
🏥 ရန်ကုန်ဆေးရုံကြီး
🏥 ရန်ကုန် အနောက်ပိုင်းဆေးရုံ
🏥 မြောက်ဥက္ကလာ မေဒါဝီ ဆေးရုံကြီး
🏥 စံပြဆေးရုံ
🏥 မြောက်ဒဂုံဆေးရုံ
🏥 လှိုင်သာယာ ရုံးရှေ့ဆေးရုံ
🏥 ဂန္ဓီဆေးရုံ (နေ့လည် ၁ နာရီခွဲ)
🏥 လှည်းကူးဆေးရုံ
🏥 သံလျင်ဆေးရုံကြီး
🏥 မန္တလေး ဆေးရုံကြီး
🏥 မန္တလေး ကလေးဆေးရုံ
🏥 မန္တလေး ကုတင် ၃၀၀ ဆေးရုံ (၆၂ လမ်းပေါ်)
🏥 မန္တလေး ၆၂/ ၁၀၂/ ၁၀၃ သင်ကြားရေးဆေးရုံ
🏥 နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ
🏥 နေပြည်တော် ပုဗ္ဗကုတင် ၅၀
🏥 နေပြည်တော် ဇေယျာသီရိကုတင် ၅၀
🏥 တောင်ကြီး အမျိုးသမီးနှင့် ကလေးဆေးရုံ
🏥 ပျဥ်းမနား ကုတင် ၂၀၀ ဆေးရုံ
🏥 မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံကြီး
🏥 ကလေးမြို့ ဆေးရုံကြီး
🏥 လက်ပံတန်းဆေးရုံ
👩🏻⚕️ ဆရာဝန်တဦး၏ ဖြည့်စွက်ချက်
" ကာကွယ်ဆေးက ဆေးရုံတိုင်းကို ခွဲတမ်းနဲ့ချပေးတာပါ။ ကိုယ်သွားတဲ့အချိန်မှာ ဆေးရှိနေရင် အလှူငွေလောက်ပဲထည့်ပြီး ထိုးလို့ရပါတယ်။ မရှိတာနဲ့ကြုံရင်ဝယ်ထိုးရပါတယ်။ အခမဲ့ရတဲ့ဆေးတွေက သူများနိုင်ငံကလှူထားတာတွေကို ပြန်ချပေးတာမို့ အမြဲတမ်းတော့မရှိပါဘူး။ ''
(2019လောက်က ဆေးရုံကြီးတစ်ခုရဲ့ OPD မှာတာဝန်ကျခဲ့သူ)
________________________________________
♦ SSB (Social Security Board)♦
ဆေးရုံကြီးတွေမသွားချင်လို့ မိမိမှာ လူမှုဖူလုံရေးကဒ် (SSB) ရှိရင် အခမဲ့ထိုးလို့ရတဲ့ ဆေးခန်း (၉၆) ခုရှိပါတယ်။ အောက်ပါလင့်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။ 👇
🏥 လူမှုဖူလုံရေးဆေးခန်း လိပ်စာများ
https://share.google/KPhpYr5xuz8VZoXx9
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
▪ ခွေးရူးကာကွယ်ဆေးကို ပိုက်ဆံပေးထိုးဖို့ အခက်ခဲရှိသူများအားလုံး အဆင်ပြေအောင် မြန်မာနိုင်ငံတဝှမ်းမှ မိဘပြည်သူများအားလုံးအတွက် မျှဝေပေးတာဖြစ်ပါတယ်။
▪ မိတ်ဆွေများလည်း မိမိသိထားတဲ့ အခမဲ့ဆေးထိုးလို့ရတဲ့ နေရာများကို ပြန်လည်မျှဝေပေးစေလိုပါတယ်။
▪ မိတ်ဆွေများ ပြောပြလာတဲ့ အချက်အလက်များကို ယခုပိုစ့်တွင် edit လုပ်ပြီး ထပ်မံဖြည့်စွက်သွားပါမယ်။ ပူးပေါင်းပါဝင်သူအားလုံး ကျေးဇူးတင်ပါတယ်ရှင်။