20/04/2026
Professional ဆန်တဲ့ လုပ်ငန်းခွင်အတွက် စားပွဲတင် ""ယွန်းလိပ်စာကဒ်ထည့်ဗူးများ""
အစည်းအဝေးပွဲတွေနဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါ မိမိရဲ့ Professional ဆန်မှုနဲ့ အဆင့်အတန်းကို အသေးစိတ်ကအစ ပေါ်လွင်စေဖို့ ယွန်းလိပ်စာကဒ်ထည့်ဗူးတွေကို Bagan Art Center မှာ စုံစုံလင်လင် ရွေးချယ်နိုင်ပါပြီ။
ဓာတ်ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း ပုဂံခေတ်ရဲ့ ကညစ်ထိုးလက်ရာနဲ့ ရွှေဇဝါလက်ရာတွေကို အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ အနုစိတ်ထုဆစ်ပုံဖော်ထားတာဖြစ်လို့ ကိုင်တွယ်လိုက်တာနဲ့ ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။
ဒီယွန်းလိပ်စာကဒ်ထည့်ဗူးတွေက အရေးကြီးတဲ့ အစည်းအဝေးပွဲတွေနဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါ မိမိရဲ့ လိပ်စာကဒ်ကို သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ ထုတ်ပေးနိုင်လို့ Professional ဆန်မှုကို ပိုမိုပေါ်လွင်စေပါတယ်။
ဒါ့အပြင် နိုင်ငံခြားသား ဧည့်သည်တော်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အမှတ်တရလက်ဆောင် ပေးဖို့အတွက် ပေါ့ပါးပြီး တန်ဖိုးရှိတဲ့ ရွေးချယ်မှုတစ်ခုပါ။
စနစ်တကျ ရွေးချယ်စုဆောင်းပေးထားလို့ ဆိုင်ကိုလာရောက်ပြီး စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးနိုင်သလို ...
ရန်ကုန်မြို့တွင်းရော နယ်ဝေးကပါ မှာယူချင်တဲ့သူတွေအတွက်လည်း Door-to-Door Delivery Service နဲ့ အိမ်အရောက် စနစ်တကျ ထုပ်ပိုးပြီး ပို့ဆောင်ပေးနေလို့ စိတ်ချလက်ချ မှာယူနိုင်ပါတယ်ခင်ဗျာ။
📍 လိပ်စာ: အမှတ်(၄၉ A)၊ အောင်တော်မူလမ်းသွယ်၊ သံလွင်လမ်း၊ ရွှေတောင်ကြား၊ ရန်ကုန်။
📞 ဖုန်းနံပါတ်: 09 5416294