Nay Minthar - မြန်မာ့လက်မှုကြေးထည်နှင့် နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Yangon
  • Nay Minthar - မြန်မာ့လက်မှုကြေးထည်နှင့် နိဗ္ဗာန်ကုန်

Nay Minthar - မြန်မာ့လက်မှုကြေးထည်နှင့် နိဗ္ဗာန်ကုန် souvenir shop

19/08/2022

ကံဇာတာမြင့်စေသော အလှူခုနစ်မျိုး

အခါတစ်ပါး၌ သူဆင်းရဲတစ်ယောက်သည် ဘုရားရှင်အား ဤသို့ လျောက်ထား၏။

"ဘုန်းတော်ကြီးသော မြတ်စွာဘုရား
"တပည့်တော်သည် လူမှု့ရေး၌ လည်းကောင်း၊ စီးပွားရေး၌ လည်းကောင်း၊
မိသားစုအရေး၌ လည်းကောင်း၊ ဘာလုပ်လုပ် အဆင်မပြေဖြစ်ကာ ကံနိမ့်နေပါတယ်ဘုရား🙏🏻

အဘယ်အကြောင်းကြောင့် ဤသို့ ကံနိမ့်နေရပါသလဲဘုရား။🙏🏻

ဘုရားရှင်က "ချစ်သားသည် မပေးမလှူလို့
အခုလို ဘာလုပ်လုပ် အဆင်မပြေ ဖြစ်နေရခြင်း ဖြစ်ပေတယ်။"

"တပည့်တော်က ဆင်းရဲနွမ်းပါးသူ တစ်ယောက်ပါဘုရား။"🙏🏻

"သူဆင်းရဲတွေလည်း လှူနိုင်တဲ့ အလှူရှိပါတယ်ချစ်သား"

"ဟောကြားပေးတော်မူပါဘုရား။"🙏🏻

"နားထောင်လော့ချစ်သား"

"ချမ်းသာသူသာမက သူဆင်းရဲများပါ
လှူနိုင်တဲ့ အလှူခုနစ်မျိုး ရှိပေသည်။"

(၁) မျက်နှာဟန်အမူအရာဖြင့်
အလှူ ဒါနပြုခြင်း
အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံပါ။

(၂) နှုတ်ဖြင့် အလှူ ဒါနပြုခြင်း
အားပေးစကား၊ နှစ်သိမ့်စကား၊
ချီးကျူး စကား ၊ညှာတာစကား၊
နွေးထွေးသောစကားများ ပြောဆိုပါ။

(၃) စိတ်ဖြင့် အလှူ ဒါနပြုခြင်း
စိတ်တံခါးကို ဖွင့်၍ ဖြူစင်သော
စိတ်ထားဖြင့် သူတစ်ပါးကို
ပွင့်လင်း ရိုးသားစွာ ဆက်ဆံပါ။

(၄) အမြင်ဖြင့် အလှူ ဒါနပြုခြင်း
ကောင်းသောစေတနာ ကောင်းသော
အမြင်ဖြင့် သူတပါး၏ကောင်းကွက်
များကို ကြည့်ပေးပါ။

(၅) ကာယလုပ်အားဖြင့် အလှူ ဒါနပြုခြင်း
ကိုယ်နိုင်နင်းသော လုပ်ဆောင်
ပေးမှုဖြင့် သူတစ်ပါးကို ကူညီပါ။

(၆) နေရာထိုင်ခင်း အလှူ ဒါနပြုခြင်း
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံ
နေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ
နှင့် ကလေးငယ် တို့အား မိမိ၏ထိုင်ခုံ
နေရာကို ထိုင်စေပါ။

(၇) နေအိမ် အလှူ ဒါနပြုခြင်း
မိမိ၏ အိမ်နေရာကို သူတပါးတို့
အနားယူရန် ပေးကမ်းပါ။

"ထိုသို့လှူသော အကျင့်ကောင်းရှိသူ၏ နောက်သို့ အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်လာလိမ့်မည်။"ဟုဟောကြားတော်မူခဲ့လေသတည်း။

၁။ ပြုံရွှင်သော မျက်နှာ
၂။ ချိုသာသော စကား
၃။ ဖြူစင်သော စိတ်ထား
၄။ ကောင်းကွက်ကို ကြည့်ပေးခြင်း
၅။ ကာယဖြင့် ကူညီခြင်း
၆။ ကြုံလျှင် မိမိထိုင်ခုံနေရာပေးခြင်း
၇။ မိမိအိမ်၌ ခေတ္တတည်းခိုခွင့်ပေးခြင်း
ပြုလျှင် များမကြာမီ ကံဇာတာမြင့်
တက်လာပါမည်။


Credit original source

🌕⭐ နယုန်လပြည့်နေ့ ယတြာ ⭐🌕✨ မနက်ဖြန်ဟာ နယုန်လပြည့်(မဟာသမယအခါတော်နေ့)ဖြစ်ပါတယ်နော်🌕🌟လပြည့်ရုံတင်မကဘူး Supermoon ရောဖြစ်ဦးမ...
12/06/2022

🌕⭐ နယုန်လပြည့်နေ့ ယတြာ ⭐🌕

✨ မနက်ဖြန်ဟာ နယုန်လပြည့်(မဟာသမယအခါတော်နေ့)ဖြစ်ပါတယ်နော်🌕🌟

လပြည့်ရုံတင်မကဘူး Supermoon ရောဖြစ်ဦးမှာဆိုတာလည်း ပြောပြပေးဖူးပါတယ်😙

မနက် ဖြန်ဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမွန်သောကြောင့်


မနက်ဖြန် ည 7 နာရီက နေ 10 နာရီအတွင်း
မြတ်စွာဘုရားရှင်အား သောက်တော်ရေတခွက် ကပ်လှူပေးပါ။

🌸 ပန်းပွင့် 3 ပွင့် ဆက်ကပ်လှူဒါန်းပေးပါ။
မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။
ဆီမီး ၃တိုင် ၊ အမွှေးတိုင် ၅တိုင် ထွန်းညှိ ပူဇော်ကာ

🌸
" ဧဟိ လာဘံ " ပုတီး ၃ပတ် စိပ်ကာ
မိမိလိုရာဆု တောင်းပါ။

📌 ပုတီးစိပ်ဖို့ရာ အဆင်မပြေသူများကတော့ မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ....

📌 နယုန်လပြည့်နေ့ မဂ်လာအခါတော်နေ့
လိုရာဆန္ဒများပြည့်ဝစေရန် ဒိဝါတပတိဂါထာတော်ကို
ရွတ်ဖတ်ကြရန်လည်း တိုက်တွန်းထားကြပါ၏

✨ဒီလပြည့်ရဲ့စွမ်းအင်ကြောင့် မိမိရဲ့ဆုတောင်းတွေ အမြန်ဆုံးပြည့်ပါလိမ့်မယ်....လပြည့်ရုံတင်မကဘူး
Super Moon ပါဖြစ်တဲ့ အတွက်ကြောင့် သာမာန်လပြည့်နေတွေလိုမျိုး
ဖြစ်နေမှာမဟုတ်ဘဲ လစွမ်းအားက တော်တော်ကို အားကောင်းပါတယ်နော် 💎
Super moon မှာမှန်းဆလို့မရတဲ့စွမ်းအင်အမြောက်အမြားရှိပါတယ်

📌 ဒါကတော့ Moon Water လုပ်နည်းလေးပါ

https://www.facebook.com/100054206226254/posts/346776383805900/

🔮🌙
Crd

❄️ရေတော်ကပ်ဖို့ အတွက်     အရည်းအသွေး ကောင်းမှ     ပုံစံ လှလှလေးမှ     ပုံစံ ဆန်းဆန်းလေးမှ     ကြေးသားထူထူလေးမှ     ပန်းက...
06/06/2022

❄️ရေတော်ကပ်ဖို့ အတွက်
အရည်းအသွေး ကောင်းမှ
ပုံစံ လှလှလေးမှ
ပုံစံ ဆန်းဆန်းလေးမှ
ကြေးသားထူထူလေးမှ
ပန်းကနုတ် လှလှလေး ပါမှ
ပေးရတဲ့ စျေးနဲ့ ပြန်ရတဲ့ အရည်အသွေး ထပ်တူ
ညီနေမှ လို့ ဆိုရင်
👉အရမ်းသင့်တော်တဲ့
လက်လုပ်ထည် ယိုးဒယားပုံ ကြေးရေတော်
ကလပ်ဖလား အတွဲလိုက်လေးပါ😊
🙏🙏🙏ဘုရားရှင်ကို ရေတော်ကပ်လှူပူဇော်တိုင်း ကြည်နူးပီတိ ဖြစ်စေရအောင် လှပလွန်းပါတယ်😊☺️☺️
👉ပုံလေးတွေမှာ စျေးနှုန်းရေးထားပါတယ်😊😊😊

 #တပေါင်းလပြည့်နေ့( ပြည်တော်ဝင် အခါတော်နေ့)****************************** #ဗုဒ္ဓဘုရားရှင်သည် #ကဿပညီနောင်ရှင်တစ်ထောင်ကို ...
16/03/2022

#တပေါင်းလပြည့်နေ့
( ပြည်တော်ဝင် အခါတော်နေ့)
******************************
#ဗုဒ္ဓဘုရားရှင်သည်
#ကဿပညီနောင်ရှင်တစ်ထောင်ကို ချေချွတ်တော်မှုပြီး၊
ပြာသိုလ်လတွင် ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မှုသည်။
သုဒ္ဓေါဒနမင်းကြီးသည် သားတော်နှင့် ၇ နှစ်ကာလ
ကြာခဲ့ပြီဖြစ်၏။

မင်းကြီးသည် မြတ်ဗုဒ္ဓအား ကပိလဝတ် နေပြည်တော်သို့
ကြွချီတော်မှုပါရန် အမတ်(၁)ဦးကို ခေါင်းဆောင်စေ၍၊
မင်းချင်း(၁၀၀၀)ဖြင့် လိုက်ပါစေ၍ ပင့်လျှောက်စေရာ ပြန်ရောက်မလာ၍၊ နောက်ထပ် (၁၀၀၀) စေလွှတ်ပြန်သော်လည်း ပြန်ရောက်မလာ

တတိယအဖွဲ့မှ နဝမအဖွဲ့ထိ ပြန်မလာဘဲ
ဘုရားရှင်ထံ ရောက်သောအခါ စေလွှတ်လိုက်သည့်
ခေါင်းဆောင် ၉ ဦးနှင့် မှူးမတ် ၉၀၀၀တို့သည်
ရဟန်းဖြစ်ကုန်ကြ၏။

နောက်ဆုံး ကာဋ္ဌုဒါယီ အမတ်ကြီး ခေါင်းဆောင်၍
မင်းချင်း(၁၀၀၀)ဖြင့် စေလွှတ်ပြန်သည်။
ထိုအမတ်သည် မြတ်ဗုဒ္ဓနှင့် ဖွားဘက်တော် ဖြစ်၏။
ကာဋ္ဌုဒါယီအဖွဲ့သည်လည်း ရဟန်းတွေချည်း
ဖြစ်ကုန်ကြ၏။ ထို့အခါမှ ကာဋ္ဌုဒါယီမထေရ်သည်
မင်းကြီးဆီကို ကြွချည်တော်မှုရန်
#တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း
၆၄ ဂါထာသီကုံး၍ လျှောက်ထားသည်။

ထိုအခါမှ ဘုရားရှင်သည်သတိဝင်၍၊ရဟန္တာပေါင်း ၂၀၀၀၀ ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊
တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် မြို့ရာဇဂြိုလ်မှ ယူဇနာပေါင်း ၆၀အကွာအဝေးကို တစ်နေ့လျှင်
၁ယူဇနာဖြင့် ရက်ပေါင်း၆၀ နှစ်လမျှ ဒေသစာရီ
ကြွချီတော်မှုပါသည်။ ဤသို့ကြွချီတော်မှုခြင်းကို အစွဲပြု၍၊ "ပြည်တော်ဝင်အခါတော်နေ့" ဟု သတ်မှတ်၍၊
#မြန်မာပြည်တွင် ဘာသာရေးအသင်အဖွဲ့များ၊
ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်ပူဇော်၍
အခမ်းနားဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ဤသို့ ကြွချီတော်မှုခြင်းကြောင့် ဗုဒ္ဓဘာသာသမိုင်းတွင်
#အောက်ပါအကျိုးဆက်များ
ဖြစ်ပေါ်လာကြောင်း မှတ်သားရသည်။

* နီဂြောဓာရုံကျောင်းတော်ကြီး
ပေါ်ပေါက်လာ၏။

* သာကီဝင်မင်းတို့၏ရန်စွယ်ကို ပယ်သောအားဖြင့်
ပေါက္ခရဝဿမိုး ရွာသွန်းသည်။

* ဂါထာ၁၀၀၀ဖြင့်တန်ဆာဆင်အပ်သော
ဝေဿန္တရာဇာတ်တော်ကို
ဘုရားရှင် ဟောကြားတော်မှုသည်။

* မဟာဓမ္မပါလ ဇာတ်တော်ကိုနာကြားရ၍
ခမည်းတော်မင်းတရားကြီး အနာဂါမ်တည်ပြီး၊
နောင်အခါ အရဟတ္တဖိုလ်တည်၏၊
မိထွေးတော်ဂေါတမီ သောတပန်တည်၏၊
နောင်အခါ ဘိက္ခုနီ သာသနာပေါ်ထွန်း၏။

* ယသော်ဓရာကို အကြောင်းပြု၍၊
စန္ဒကိန္ဒရီဇောတ်တော်ကို ဟောကြားတော်မှု၏။

* ဇနပဒကလျာနီ ကြင်ယာတော်နန္ဒမင်းသား
ရဟန်းဖြစ်လာရ၏။

* သားတော် ရာဟုလာ အမွေတောင်း၍၊
သာမဏေဘဝ ရဟန်း ဖြစ်လာ၏။

* သာကီဝင်မျိုးမှ မင်းပေါင်း(၁၀၀၀)
ရဟန်းဘောင်သို့ ဝင်ရောက်ရ၏။

* ကာဋ္ဌုဒါယီမထေရ်သည် ဆွေမျိုးတို့အား
မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌
အမြတ်ဆုံးဘွဲ့ "ကုလပ္ပသာလ" ဧကဒဂ်ဘွဲ့
ချီးမြှင့်ခြင်း ခံရသည်။

* အရှင်သာရိပုတ္တရာက လျှောက်ထား၍
ဗုဒ္ဓဝင်ဒေသနာတော်ကို မြတ်ဘုရား
ဟောကြားတော်မူ၏။

Credit_____________________

မင်္ဂလာပါဗျ🙏🙏🙏ဒီတစ်ခါ ပန်းစေတီပူဇော်ဖို့အတွက် ဆင်ပေးထားတာလေးပါ😊💐🌸🌹၅လက်မ အဝ ပန်းစေတီ နဲ့ ၈လက်မ ပန်းကလပ် အတွဲလေးပါစျေးလေးက...
12/03/2022

မင်္ဂလာပါဗျ🙏🙏🙏
ဒီတစ်ခါ ပန်းစေတီပူဇော်ဖို့အတွက်
ဆင်ပေးထားတာလေးပါ😊
💐🌸🌹၅လက်မ အဝ ပန်းစေတီ နဲ့ ၈လက်မ ပန်းကလပ် အတွဲလေးပါ
စျေးလေးက ၃၅၀၀၀ကျပ်နဲ့ ရပါမယ်
လိုအပ်ပါက မှာယူပူဇော်နိုင်ပါတယ်🙏

06/03/2022

ဘဝမှာ ကံဇာတာတွေ ကောင်းချင်ရင်

၁။မနက် မျက်နှာသစ်တဲ့အခါ သရဏဂုံကို ရွတ်ဆိုပါ။
( မျက်နှာအကြည်ဓာတ်လေး ရစေပါတယ် )

၂။သွားတိုက်တဲ့အခါ ဂုဏ်တော်ပွါးများပါ။
( ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်
အပြောအဆို မှန်သမျှ အောင်မြင်စေပါတယ် )

၃။သတိရရင် ရသလို မေတ္တသုတ် ရွတ်ပါ။
( မေတ္တာပေးတဲ့သူနား မေတ္တာပြန်ပေးသူတွေနဲ့
လုံခြုံ နွေးထွေးစေပါတယ် )

၄။တစ်နေ့( ၂ )ကြိမ် အနည်းဆုံး သောက်တော်ရေ ကပ်လှူပါ။
( "၇"ရက် သားသမီးများ အေးချမ်းသလို
ကိုယ့်ဘဝလဲ အေးချမ်းပါတယ တစ်ကြိမ် မဟာသမယသုတ် ရွတ်ဖြစ်အောင် ရွတ်ပါ။
( နတ်တို့ ချစ်ခင် စောင့်ရှောက်ပါတယ် )

၆။တစ်နေ့ တစ်ကြိမ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါ။
( အကျိုးကျေးဇူး ဧကန်ထူးပါတယ် )

၇။တစ်နေ့ တစ်ကြိမ် ခင်ပွန်းကြီး( ၁ဝ )ပါးကို ဝန်ချတောင်းပန်ရှိခိုးပါ။
(အပြစ်မှန်သမျှ ဆင်ခြင်မိစေပါတယ် l)

၈။ငါးပါးသီလကို လုံခြုံအောင် အတတ်နိုင်ဆုံး စောင့်ထိန်းပါ။
( သီလအကျိုးကြောင့် လူ့တန်ဖိုး မြင့်တက်လာပါတယ် )

၉။မိဘကျေးဇူးကို အထူးသိတတ်ပါ။
( ရောက်ရာအရပ်မှာ လူချစ်လူခင် ပေါပြီး
ကူညီစောင်မသူတွေနဲ့ တွေ့ရပါလိမ့်မယ် )

၁ဝ။စိတ်ကောင်းရှိစွာ နေထိုင်ပါ။
( စိတ်နောက်ရင် ဘဝက နောက်ပါတယ် )

၁၁။နေ့စဉ် ကုသိုလ် ပညာ ဥစ္စာထဲက တစ်ခုခုရဖို့ ကြိုးစားပါ။( လူဖြစ်ရတဲ့ အခိုက်အတန့်မှာ လူဖြစ်ရကျိုး နပ်စေပါတယ် )

၁၂။တစ်နေ့ကို အနည်းဆုံး ( ၁၅ )မိနစ်ခန့် တရားထိုင်ပါ။
( သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါတယ် )

မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်
Crd🙏🙏🙏

🙏မင်္ဂလာပါ🙏ရေတော်ငါးပါးစုံ ကပ်လှူပူဇော်ချင်သူများအတွက်ရေတော်ဖလား ၅စုံနှင့် ပန်းဗန်းအတွဲလေး ရပါမယ်လက်လုပ်ဖလား လက်လုပ်ပန်း...
03/03/2022

🙏မင်္ဂလာပါ🙏
ရေတော်ငါးပါးစုံ ကပ်လှူပူဇော်ချင်သူများအတွက်
ရေတော်ဖလား ၅စုံနှင့် ပန်းဗန်းအတွဲလေး ရပါမယ်
လက်လုပ်ဖလား လက်လုပ်ပန်းဗန်းလေးတွေမို့
👍အရည်အသွေး စိတ်ချရပါတယ်ဗျ
ရေတော်၅ပါ ဗန်း အတွဲလိုက်လေးကို ၅၀၀၀၀ကျပ်ပါ😊

 #ပေါကြွယ်ဝစေသောဦးချို(မင်းသိင်္ခ)တစ်နေ့သ၌ကျွန်ုပ်ထံသို့အယ်ဒီတာ မောင်မောင်မြင့်အေးရောက်လာပြီး လျှင် ကျွန်ုပ်အားဆရာရေ...။...
07/02/2022

#ပေါကြွယ်ဝစေသောဦးချို(မင်းသိင်္ခ)

တစ်နေ့သ၌ကျွန်ုပ်ထံသို့အယ်ဒီတာ မောင်မောင်မြင့်အေးရောက်လာပြီး လျှင် ကျွန်ုပ်အား

ဆရာရေ...။ အခုတလောအိမ်မှာ လာဘ်တိတ် သလိုပဲ...။ ပိုက်ဆံသိပ်မ၀င်ဘူး ဆရာရေ...။ လာဘ်ပွင့်တဲ့နည်းလေး ဘာလေး ပေးစမ်းပါဦး...။ ဟုပြောလေ၏...။
ထိုအခါကျွန်ုပ်က... ဒီလိုရှိတယ် မောင်မောင်မြင့်အေးရဲ့...။
လခစားသမားတွေကတော့လာဘ် ပွင့်တယ်၊ လာဘ်တိတ်တယ် မရှိဘူး...။ မင်းတို့ ငါတို့လိုလူတွေကတော့လခစားသမားနဲ့မတူဘူးကွ...။ တစ်လလုံးမှာ..... ဆက်တိုက် ရနေချင်လည်းရနေတာ...။ တစ်ခါတစ်လေ တစ်ရက်တည်း
ရပြီး...နှစ်ဆယ့်ကိုးရက်လောက် မရတဲ့နေ့တွေလည်းရှိတာပေါ့ကွာ...။ တစ်လမှာငွေ၀င်တဲ့ရက်ကများပြီး မ၀င် တဲ့ရက်က နည်းရင်တို့အတွက် ဟန်တာပဲ...။ မ၀င်တဲ့ရက်ကများရင်အဲဒီလအကြွေးတင်တော့တာပဲ..။ မ၀င်တဲ့ကွက်လပ်ရက်တွေအတွက်အကြွေးနဲ့ဖြည့်ရတာကိုးကွ.. .ဟုပြောလိုက်ရာ မောင်မောင်မြင့်အေးက...
အခု...ဆရာပြောသလိုဖြစ်နေတာ...။ မ၀င်တဲ့ရက်က များနေတာ...။ အဲဒါ ကြောင့် ဆရာ့ဆီလာပြီး နည်းလမ်းက
လေး ဘာလေး တောင်းရတာပေါ့...။ ဟုပြောလေ၏။
ဒါက ဒီလိုရှိတယ်... မောင်မောင်မြင့်အေးရေ...။ သုံးတဲ့စွဲတဲ့နေရာမှာ... သတိ ဝီရိယရှိဖို့ လိုတယ်ကွ...။
ဟု ကျွန်ုပ်က ပြောလိုက်ရာ...
ကျွန်တော်က အသုံးအစွဲ မကြမ်းပါဘူး ဆရာရယ်...။ ပြီးတော့ ချွေတာလည်း ချွေတာပါတယ်....။
ဟုပြန်ပြောလေ၏...။

ငါပြောတဲ့ သတိဝီရိယ ဆိုတာ အဲဒါမျိုး မဟုတ်ဘူးကွ...။ ဥပမာ- မင်းအခုနေ ငွေတစ်ထောင်ရပြီ ဆိုပါစို့ကွာ...။ မင်း ဘာ၀ယ်မလဲ?...။ ဟု ကျွန်ုပ်က ပြန်၍မေးလိုက်ရာ...

လိုအပ်ချက် တွေရှိတာပေါ့ဆရာရယ်...။ အဲဒါတွေ ၀ယ်ရမှာပေါ့...။ ဥပမာ ဆရာရယ်...။ အိမ်သာ သုံးစက္ကူ ကုန်တော့ မယ်...။ အဲဒီစက္ကူ သုံးလိပ်လောက် ၀ယ်ရမယ်...။ မီးသွေးလည်း ကုန်နေပြီ...။ မီးသွေးလည်း ၀ယ်ရမယ်... ဟုမောင် မောင်မြင့်အေးက ပြန်၍ ပြောလေ၏...။
ဒီလိုရှိတယ် မောင်မောင်မြင့်အေးရဲ့...။ အိမ်နဲ့ ယာနဲ့ နေတယ်ဆိုတော့ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရှိတာ ပေါ့ကွာ...။ အဲဒီပစ္စည်း တွေကို ကောင်းသောပစ္စည်း၊ မကောင်းသော ပစ္စည်းရယ်လို့ ခွဲရမယ်..။ ဆန်းဗေဒင် စကား နဲ့ပြောရရင် ဣဋ္ဌပစ္စည်း ၊အနိဋ္ဌ ပစ္စည်းပေါ့ကွာ...။ နံတဲ့ပစ္စည်း၊ မဲတဲ့ပစ္စည်း၊ မီးရှို့ပစ်ရတဲ့ပစ္စည်း ၊ အိမ်သာ ရေချိုး ခန်း စတဲ့ နေရာတွေမှာ သုံးတဲ့ ပစ္စည်းကို အနိဋ္ဌ ပစ္စည်းလို့ခေါ်တယ်...။ စောစောက မင်းပြောတဲ့ အိမ်သာသုံး စက္ကူ တို့ မီးသွေးတို့ ပေါ့ကွာ။ ဒါတွေဟာ ၀ယ်တော့၀ယ်ရမယ် ၊ အနိဋ္ဌပစ္စည်းလို့တော့ သိရမယ်။ လာဘ်ဦးလာဘ်ဖျား ပိုက်ဆံကို အနိဋ္ဌပစ္စည်း မ၀ယ်ရဘူး။ ဥပမာကွာ ငါစီးကရက် သိပ်ကြိုက်တယ် ။ စီးကရက်ဟာ မီးလောင်ကုန်ဆုံး သွားတဲ့ ပစ္စည်းဆိုတော့ အနိဋ္ဌ ပစ္စည်းပေါ့။ ငွေကြေး ၀င်လာတာနဲ့ စီးကရက်တော့ ၀ယ်ချင်တာပေါ့ကွာ။ ဒါပေမယ့် အနိဋ္ဌ ပစ္စည်းဆိုတော့ မ၀ယ်ဘူးဟေ့။ ကောင်းတဲ့ပစ္စည်း ဣဋ္ဌ ပစ္စည်းကို ၀ယ်ပြီးမှ အနိဋ္ဌ ပစ္စည်းကို ၀ယ်တယ်ကွာ။ အဲဒါလေးကို သတိမထားမိတာနဲ့ ငွေ၀င်ပြီးရင် ဆက်တိုက်၀င်ရမယ့်ငွေဟာ မ၀င်ဘဲ ရပ်တန့်သွားတတ်တယ်။ငါပြောတာ မယုံရင်လုပ်ကြည့်ပါလား....ဟုကျွန်ုပ်ကရှင်းပြလိုက်၏။
ဣဋ္ဌပစ္စည်းဆိုတာ ကျွန်တော်မခွဲတတ်ဘူး ဆရာရဲ့။ အလွယ်ဆုံးကျွန်တော်ကိုပြောပြပါဦး ဆရာရဲ့...ဟု မောင်မောင်မြင့်အေးကပြောလေ၏။
ရှည်ရှည် ဝေးဝေး ခွဲစရာ မလိုပါဘူးကွာ။ မင်းတို့ ငါတို့ ဗုဒ္ဓဘာသာ တွေပဲ တခြား ဣဋ္ဌပစ္စည်း မရှာတတ်ရင် ဘုရား ဆွမ်းတော် တင်ဖို့ပစ္စည်း ဘုရားပန်း စတာတွေဟာ ဣဋ္ဌ ပစ္စည်း တွေပေါ့ကွာ။ ငွေ၀င်လာတာနဲ့ အဲဒါတွေ အရင်... ၀ယ်လိုက်ပေါ့ကွာ။ အဲဒါတွေ၀ယ်ပြီးမှကျန်တာတွေ ၀ယ်ခွင့်ရှိသွားပြီ။ ၀ယ်ချင်ရာ ၀ယ်ပေတော့.... ကျွန်ုပ်က ပြောလိုက်လျှင် မောင်မောင်မြင့်အေးက...
စိတ်ချပါ ဆရာ။ အဲဒီအတိုင်း လုပ်မယ်။ ပြီးတော့ လာဘ်ရွှင်စေတဲ့ အဆောင်လေး ဘာလေးလည်း လုပ်ပေးပါဦး ဆ ရာရဲ့။ အဆောင်ဆိုလို့ ပြောရဦးမယ် ဆရာရေ။ ဆရာက ကျွန်တော် အတွက်ဆိုပြီး အဆောင် လုပ်ပေး။ ကျွန်တော် ကအိမ်မှာ လုပ်ထား။ ကျွန်တော်အိ့မ် လာတဲ့လူက လိုက်ပြီး လုပ်ရော ဆရာရေ့။ အိမ်ကို လာတဲ့ လူကလည်း လူပေါင်း စုံဆရာရေ။ တစ်ချို့က ဗုဒ္ဓဘာသာ၀င် မဟုတ်ဘူး။ အဲဒီ လူမျိုးတွေက အခက်အခဲ ရှိနေပြန်ရော။ အဲဒါကြောင့် ကျွန်တော်ကို လုပ်ပေးတဲ့ အဆောင်ဆိုရင် လူမျိုးမရွေး ဘာသာမရွေး ဆောင်လို့ရမယ့် အဆောင် လုပ်ပေးပါ ဆရာရယ် ဒါမှ သူတို့ လိုက်လုပ်ချင်လည်း လိုက်လုပ်လို့ရတာပေါ့... ဟုပြောလေ၏။
ငါသုံးတဲ့ အဆောင်တစ်မျိုး ရှိတယ်ကွ။ အရင်တုန်းက လက္ခဏာဆရာ၊ ဗေဒင်ဆရာ လုပ်စားတုန်းက အဲဒီအဆောင် မျိုး လုပ်ပေးဖူး ပါတယ်ကွာ။ အဲဒါကတော့ HORN OF PLENTY ဟွန်းအော့ဖ်ပလန်းတီး လို့ခေါ်တယ်။ ပေါကြွယ်၀ သောဦးချိုလို့ အဓိပ္ပာယ်ရတာပေါ့။ ရှေးတုန်းက ဥရောပ တိုက်မှာရှိတဲ့ မုဆိုးကြီး တွေဟာ သူတို့ရတဲ့ သားကောင်ရဲ့ ချိုကြီးတွေကို ပစ္စည်းထည့်တဲ့ ပုံးကြီးတွေ အဖြစ် အသုံးပြုလေ့ရှိတယ်။ အဲဒါတွေကို ဥရောပ တိုက်မှာရှိတဲ့ လောကီ ပညာ ဆရာတွေက အဲဒီ ချိုကြီးတွေထဲမှာ သီးနှံတွေ ငွေတွေ ထည့်ပြီး အစီအရင်အဖြစ် လုပ်ကြတယ်။ အစီအရင်ဆို တာလည်း တခြားဟာ မဟုတ်ပါဘူး။ လာဘ်ရွှင်တဲ့ အစီအရင်ပေါ့ကွာ။ အဲဒီ အစီအရင်ဟာ ဘယ်လောက် စွမ်းသလဲ ဆိုရင် တကယ့်ဦးချိုနဲ့၊ တကယ့် ပစ္စည်းတွေ ထည့်ထားတာ မပြောနဲ့။ အဲဒီပုံကို နံရံမှာ ချိတ်ထားရင်တောင် လာဘ်ရွှင် တယ်ကွာ။ ဥရောပ တိုက်မှာ အဲဒီပုံတွေ တော်တော် များများ ချိတ်ထား လေ့ရှိတယ်။ ဒီမှာလည်း တော်တော်များများ ငါသုံးဖူးပါတယ်ကွာ။ ဗေဒင် လက္ခဏာ ဆရာလုပ်တုန်းက အဲဒီပုံတွေ ငါလုပ်ပေးဖူးပေါင်း များပြီ။ သုံးတဲ့ လူတွေက လည်း အကျိုးရှိတယ်လို့ ပြောကြပါတယ်။. ...ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်မောင်မြင့်အေးက
အဲဒီ ပေါကြွယ်၀တဲ့ အဆောင်နဲ့ ပတ်သက်လို အထောက်အထား စာအုပ်ရော ရှိမလားဆရာ... ဟုမေးလိုက်လေ၏။
ရှိပါတယ်ကွာ။ တစ်ချို့ အဘိဓာန်က ဆိုရင် အဲဒါကို CORNUCOPIA လို့ပြတယ်ကွာ။ အဓိပ္ပာယ်ကတော့ ဒါပါပဲကွာ။ တောင်ဆိတ် ချိုထဲမှာ ဖွံ့ဖြိုးနေတဲ့ သီးနှံတွေ ထည့်ထားပုံက ပြတာပါပဲ။ အနီးဆုံး အဘိဓာန်တစ်ခုကို ညွှန်းမယ်။ ရီးဒါး ဒိုင်ဂျက် စွယ်စုံ အဘိဓာန်အတွဲ(၁) ၊ စာမျက်နှာ ၂၀၄-မှာ ပုံနှင့်တကွ ဖော်ပြထားတာကို မင်း တွေ့ရပါလိမ့်မယ်. ဟု ကျွန်ုပ်က ပြောလိုက်လေတော့သတည်း....။

မှတ်ချက်။....။၎င်းပုံကို ကူးယူ၍ ယုံကြည်စွာဖြင့့််မိမိတို့အိမ်တွင််ချိပ်ဆွဲထားပါက အကျိုးဖြစ်ထွန်းမည် ဖြစ်သည်။

crd~ဆရာကြီးမင်းသိင်္ခ၏မနောမယလက်ဆောင်ပေါင်းချုပ်စာအုပ်မှ

30/01/2022

ဘာပဲဖြစ်ဖြစ် ခဏပါ
---------------

ချီးမွမ်းတာဖြစ်ဖြစ်
ကဲ့ရဲ့တာဖြစ်ဖြစ် အတူတူပဲလေ။
ခဏပဲဟာ ။
အခိုက်အတန့်ပစ္စည်းလေ။
ဒါတွေက ကိုယ်နဲ့မဆိုင်ဘူး။
"ဆိုင်သလားဗျာ"
"မဆိုင်ပါဘူး ဘုရား"
ချီးမွမ်းတာကလဲ သူ့စိတ်ထဲ ပီတိဖြစ်လို့ပြောတာ ၊
တို့အတွက်ပြောတာမဟုတ်ဘူး။
သူ ပီတိဖြစ်လို့ပြောတာ။

ကဲ့ရဲ့တာကလဲ သူ့စိတ်ထဲ ဒေါမနဿဖြစ်လို့
သူ့ဒေါမနဿကခိုင်းလို့ ပြောရရှာတာ
သူ့တာဝန်သူထမ်းတာ၊ ဒို့ကိုပြောတာမဟုတ်ဘူး။
ဒို့က ဒိုကိုပြောတယ်ထင်နေတယ်။
ကိုယ်က ဝင်ပါလိုက်တာ။
တကယ်က ကိုယ်နဲ့မှမဆိုင်ပဲနဲ့။
သူတို့အလုပ် သူတို့လုပ်သွားတာလေ။
ဘုရားကိုယ်တိုင်လဲ ပြောခံခဲ့ရတာလေ။
ဘုရားရှင်တောင်မလွတ်မှတော့
ဒို့တွေလဲ လွတ်နိုင်ပါ့မလား "
"မလွတ်နိုင်ပါဘူးဘုရား"

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

crd

ဦးမြင့်ခိုင် &SAI MYO WIN

🙏မင်္ဂလာပါဗျ🙏လက်လုပ် ကြေးထည် ပန်းဖလား လေးတွေ လိုအပ် ပါက မှာယူ နိုင်ပါတယ်ဗျပုံလေးတွေ အောက်မှာ စျေးနှုန်းလေးတွေ ရေးပေးထားပ...
26/01/2022

🙏မင်္ဂလာပါဗျ🙏
လက်လုပ် ကြေးထည် ပန်းဖလား လေးတွေ လိုအပ် ပါက မှာယူ နိုင်ပါတယ်ဗျ
ပုံလေးတွေ အောက်မှာ စျေးနှုန်းလေးတွေ ရေးပေးထားပါတယ် ခင်ဗျ😊

🙏မင်္ဂလာပါ🙏ညကျရင် လက်လုပ်ထည်ဖလား လေးတွေ ဆိုဒ်စုံ တင်ပေးပါမယ်ဗျ လိုအပ်ပါက မှာယူနိုင်ပါတယ်ဗျ😊😘
26/01/2022

🙏မင်္ဂလာပါ🙏
ညကျရင် လက်လုပ်ထည်ဖလား လေးတွေ ဆိုဒ်စုံ တင်ပေးပါမယ်ဗျ
လိုအပ်ပါက မှာယူနိုင်ပါတယ်ဗျ😊😘

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nay Minthar - မြန်မာ့လက်မှုကြေးထည်နှင့် နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category