White Rose Convenience Store

White Rose Convenience Store Convenience Store Opening Soon!

17/10/2025
17/10/2025

ကန့်ဘလူတွင် ခရီးသွားဇနီးမောင်နှံကို စစ်တပ်နှင့်ပျူဖမ်းဆီး၊ ဇနီးဖြစ်သူ အသတ်ခံရ
-------------------------------------
ကောလင်းနယ်မှ ကိုကျော်မျိုးနှင့် မအေးမာဦးတို့ ဇနီးမောင်နှံသည် တန့်ဆည်နယ်တွင် ကထိန်ခင်းရန် အသွား လမ်းတစ်ဝက်ရှိ စစ်တပ်ဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ကြမ္မာဆိုးနှင့်ကြုံတွေ့ခဲ့ရသည်။

ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာအနီး ရွှေဘို- မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ်နှင့်ပျူစောထီးဂိတ်က ထိုသို့ ဖမ်းဆီးကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်လာသော ခင်ပွန်းဖြစ်သူက ပြောသည်။

ဇနီးဖြစ်သူမုဒိမ်းကျင့်သတ်ဖြတ်ခံရကာ တန်ဖိုးရှိပစ္စည်းများကို လုယူထားလိုက်ကြသည်၊ ခင်ပွန်းကိုလည်း နှိပ်စက်ပြီးနောက် သတ်ဖြတ်ရန်ခေါ်လာစဉ် အနီးရှိချောင်းတစ်ခုထဲ ခုန်ချရာမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပုံစာ-ကန့်ဘလူမြို့နယ်၊ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာရွာဂိတ်တွင် ဖမ်းဆီးခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသည့် ကိုကျော်မျိုးနှင့် သူရရှိခဲ့သော ဒဏ်ရာအချို့။ (ဓာတ်ပုံ - KBL PDF)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/68593/

16/10/2025

"ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းဘက်က ဘာကြောင့် အသာရနေသလဲ"

(ဘာသာပြန်ဆောင်းပါး)

- မင်းဘုန်း

မူရင်းရေးသားသူ - Yuval Noah Harari
မူရင်းထုတ်ဝေသူ - Financial Times

~~~

“ရုရှားရဲ့ မူလရည်ရွယ်ချက် - ယူကရိန်းနိုင်ငံကို ဖျက်ဆီးရေး မအောင်မြင်ခဲ့”

ရုရှားရဲ့ ဝါဒဖြန့်မှုစကားလုံးတွေကို ဆန့်ကျင်ပြီး၊ ယူကရိန်းက ဒီစစ်ပွဲမှာ အနိုင်ရနေပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက "သင့်မှာ အနိုင်ရနိုင်တဲ့ အင်အားမရှိဘူး" လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးကို လက်ချာရိုက်ခဲ့ပြီး ရုရှားရဲ့လိုအပ်ချက်တွေကို လိုက်လျောပေးရမယ်လို့ ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တောင် ဒီအပတ်မှာတော့ "ယူကရိန်းဟာ ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့အတူ စစ်အပြိုင်တိုက်ပြီး အနိုင်ရနိုင်တဲ့ အခြေအနေမှာ ရှိတယ်" လို့ ကြေညာခဲ့ပါတယ်။

ပဋိပက္ခဟာ ၂၀၁၄ မှာ စတင်ခဲ့တုန်းက ယူကရိန်းအနေနဲ့ ရုရှားရဲ့ ကျူးကျော်မှုရှေ့မှာ လုံးဝ အကူအညီမဲ့တဲ့ပုံ ပေါ်ခဲ့ပြီး ရုရှားတွေက ခရိုင်းမီးယားနဲ့ ယူကရိန်း အရှေ့ပိုင်း အခြားနေရာတွေကို အလွယ်တကူ သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းတစ်နိုင်ငံလုံးကို နှိမ်နင်းပြီး လွတ်လပ်သော နိုင်ငံအဖြစ် တည်ရှိမှုကို အဆုံးသတ်ဖို့ အလုံးစုံ ကျူးကျော်မှု လုပ်ခဲ့တဲ့အချိန်ကစပြီး စစ်ပွဲဟာ ပိုမိုပြင်းထန်တဲ့ အဆင့်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။

အဲ့ဒီအချိန်မှာ ရုရှားခေါင်းဆောင်တွေနဲ့ ကမ္ဘာတဝှမ်းက လေ့လာသူတွေက ရုရှားဟာ ကီယက်ဗ်မြို့ကို သိမ်းယူပြီး ယူကရိန်းစစ်တပ်ကို ရက်အနည်းငယ်အတွင်း ပြတ်သားစွာ အနိုင်ရမယ် လို့ မျှော်လင့်ခဲ့ကြပါတယ်။ ယူကရိန်းရဲ့ အနောက်နိုင်ငံက ပံ့ပိုးသူတွေတောင် ယူကရိန်းရဲ့ တွန်းလှန်နိုင်စွမ်းကို ယုံကြည်မှု မရှိလို့ သမ္မတ ဇယ်လန်စကီးနဲ့ အဖွဲ့ကို ရွှေ့ပြောင်းပေးပြီး ပြည်ပမှာ အစိုးရဖွဲ့ဖို့ ကူညီမယ် လို့ ကမ်းလှမ်းခဲ့ကြပါတယ်။

ဒါပေမယ့် ဇယ်လန်စကီးက ကီယက်ဗ်မှာ ဆက်နေပြီး ပြန်တိုက်ဖို့ ရွေးချယ်ခဲ့ကာ အမေရိကန်တွေကို "ငါ့အတွက် လက်နက်ခဲယမ်းပဲလိုတယ်၊ လေယာဉ် (ထွက်ပြေးဖို့) မလိုဘူး" လို့ ပြောခဲ့ပါတယ်။ လက်နက်ခဲယမ်းနည်းတဲ့ ယူကရိန်းတပ်တွေက ကီယက်ဗ်ကျူးကျော်တဲ့ ရုရှားကို ဟန့်တားခဲ့ပြီး ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ပါတယ်။ ယူကရိန်းစစ်တပ်ဟာ ၂၀၂၂ ခုနှစ်၊ နွေရာသီနှောင်းပိုင်းမှာတော့ တန်ပြန်ထိုးစစ် စတင်ခဲ့ပြီး ခါကိဗ် နဲ့ ခါဆန် ဒေသတွေမှာ အဓိကအောင်ပွဲကြီးနှစ်ခု ရရှိခဲ့ကာ ရုရှားတွေရဲ့ ကျူးကျော်မှုပထမအဆင့်မှာ သိမ်းပိုက်ထားခဲ့တဲ့ နယ်မြေများစွာကို ပြန်လည်လွတ်မြောက်စေခဲ့ပါတယ်။

အဲ့ဒီကတည်းက နှစ်ဖက်စလုံးဟာ အောင်ပွဲတွေ အပြန်အလှန် အသီးသီး ရရှိခဲ့ပေမယ့်လည်း ရှေ့တန်းစစ်မျက်နှာမျဉ်းမှာတော့ များစွာ မရွေ့လျားခဲ့ပါ။ ရုရှားတွေက သူတို့အနေနဲ့ အသာရနေတယ်ဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေး ဖန်တီးဖို့ ကြိုးစားနေပေမယ့် အမှန်တကယ်က ၂၀၂၂ နွေရာသီကတည်းက သူတို့ဟာ ကီယက်၊ ခါကိဗ် သို့မဟုတ် ခါဆန်တို့လို အဓိက ဗျူဟာမြောက် အရေးကြီးတဲ့ ပစ်မှတ်တစ်ခုကိုမျှ သိမ်းယူမှု မအောင်မြင်ခဲ့ပါ။

၂၀၂၅ ခုနှစ်မှာ သေဆုံးဒဏ်ရာရတဲ့ ရုရှားစစ်သား ၂ သိန်းကနေ ၃ သိန်းခန့် ရှိလာတဲ့တိုင် ရုရှားစစ်တပ်ဟာ ယူကရိန်း နယ်မြေရဲ့ ၀.၆ ရာခိုင်နှုန်းခန့်သာရှိတဲ့ နယ်စပ်‌ဒေသ ပါးပါးလေးကိုပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၂၅ မှာ သူတို့ သွားနေတဲ့ နှုန်းအတိုင်း သိမ်းပိုက်မယ်ဆိုရင် သီအိုရီအရ ရုရှားတွေအနေနဲ့ ကျန်ယူကရိန်း ကျန်တစ်နိုင်ငံလုံးကို သိမ်းယူဖို့ အနှစ် ၁၀၀ လိုအပ်မှာဖြစ်ပြီး စစ်သားသန်းပေါင်းများစွာ သေဆုံးရပါလိမ့်မယ်။ တကယ်တော့ ၂၀၂၅ ဩဂုတ်လမှာ ရုရှားက ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေပမာဏက ၂၀၂၂ ဩဂုတ်လက ထိန်းချုပ်ထားတဲ့ ပမာဏထက်လည်း နည်းနေပါတယ်။

ဒီအခြေအနေဟာ ပထမကမ္ဘာစစ်ကာလ အနောက်တိုင်းစစ်မျက်နှာပြင် အခြေအနေတုန်းကနဲ့ ဆင်တူပါတယ်။ ရက်စက်တဲ့ စစ်ဗိုလ်ချုပ်တွေက နယ်မြေ ကီလိုမီတာအနည်းငယ်ရဖို့ စစ်သား ထောင်ပေါင်းများစွာကို စွန့်လွှတ်ခဲ့ကြတယ်။ မျိုးချစ်သတင်းစာတွေက ဒီလို ကြီးမားတဲ့ မိုက်မဲမှုတွေကို ထိန်ချန်ဖော်ပြကြပြီး အဓိကအသာရနေမှုကိုပြတဲ့ မြေပုံတွေကိုပဲ ပုံနှိပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီမြေပုံတွေမှာ အရေးကြီးဆုံးက စကေး (Scale) ပါ။ သမိုင်းပညာရှင် Toby Thacker က ပြောခဲ့သလိုပါပဲ။ ပထမကမ္ဘာစစ်အတွင်း သတင်းစာတွေက အသာစီးရမှုတွေကို အလွန်ကြီးကြီးမားမား အောင်ပွဲရတယ်လို့ခံစားရစေမယ့် ကြီးမားတဲ့ စကေးတွေ တမင်တကာသုံးလေ့ရှိပါတယ်။ ဒါပေမယ့် ဉာဏ်ရှိတဲ့ စာဖတ်သူတစ်ယောက်က ဒါတွေဟာ အရေးမကြီးဘူးဆိုတာကို ကွဲကွဲပြားပြား မြင်နိုင်ခဲ့ပါတယ်။ သတင်းစာများစွာမှာ မှန်ကန်တဲ့မြေပြင်အချက်အလက် အသေးစိတ်က 'အမြတ်အစွန်းတွေ' နဲ့ 'အသာစီးရမှုတွေ' ကို အဆက်မပြတ်ဖော်ပြတဲ့ အချက်အလက်တွေနဲ့ တိုက်ရိုက် ကွဲလွဲခဲ့ပါတယ်။ ရုရှားရဲ့ နောက်ဆုံးအသာစီးရနေတယ်ဆိုတာတွေကလည်း ထိုနည်းလည်းကောင်းပါပဲ။

ယူကရိန်းဘက်က ဗျူဟာမြောက် ခွာစစ်တိုက်ခိုက်မှုတွေလုပ်ပြီး သူတို့ရဲ့ ခွန်အားနဲ့ စစ်သည်တွေရဲ့ အသက်တွေကို ထိန်းသိမ်းပါတယ်။ အရေးမကြီးတဲ့ အမြတ်အစွန်းအတွက် ကုန်ကျစရိတ်များတဲ့ တိုက်ခိုက်မှုတွေလုပ်တဲ့ ရုရှားတွေကို သွေးထွက်သံယိုဖြစ်စေခဲ့တာက စစ်ရေးအရ ကောင်းမွန်တဲ့ အဓိပ္ပာယ်ရှိပါတယ်။ အမှန်အတိုင်းပြောရရင် ယူကရိန်းဟာ ရုရှားကို မရှုံးတဲ့ အခြေအနေမှာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

ပင်လယ်ပြင်မှာ ယူကရိန်းရဲ့ အောင်မြင်မှုဟာလည်း အလားတူ အထင်ကြီးစရာ ကောင်းပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားရဲ့ Black Sea Fleet က ရေတပ်အင်အားသာလွန်မှု လုံးဝရှိခဲ့ပြီး ယူကရိန်းဆီမှာ အဲ့ဒါကို တန်ပြန်နိုင်မယ့် နည်းလမ်း မရှိဘူးလို့ ထင်ခဲ့ရပါတယ်။ အဲ့ဒီနေ့မှာ အကျော်ကြားဆုံး ဖြစ်ရပ်တစ်ခုက မြွေကျွန်း (Snake Island) မှာ ဖြစ်‌ပေါ်ခဲ့ပါတယ်။ ရုရှား Black Sea Fleet ရဲ့ အဓိကသင်္ဘော Moskva က အဲ့ဒီကျွန်းရဲ့ တပ်စု‌‌လေးတခုကို ရေဒီယိုမှတ်တမ်း ပို့ပြီး "ငါဟာ ရုရှားစစ်သင်္ဘောပါ။ သွေးထွက်သံယိုနဲ့ မလိုအပ်တဲ့ ထိခိုက်မှုတွေကို ရှောင်ချင်ရင် လက်နက်ချဖို့ အကြံပြုတယ်" လို့ ပြောခဲ့ပါတယ်။ တုန့်ပြန်ချက်အနေနဲ့ အဆိုပါ ယူကရိန်းတပ်စုက "Russian Warship, Go F-ck Yourself" လို့ မက်ဆေ့ခ်ျ ပြန်ပို့ခဲ့ပါတယ်။

မြွေကျွန်းကို ရုရှားတွေက မြန်မြန်ဆန်ဆန် သိမ်းပိုက်ခဲ့ပေမယ့်လည်း ၂၀၂၂ ဇွန်လနှောင်းပိုင်းမှာ ယူကရိန်းတွေက အဲဒီကျွန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါအချိန်မှာတော့ Moskva နဲ့ ရုရှားရဲ့ အခြားမြောက်များလှတဲ့ စစ်သင်္ဘောတွေကတော့ ပင်လယ်နက် (Black Sea) ရေအောက်ကြမ်းပြင်ကို နစ်မြုပ်သွားခဲ့ပါပြီ။ ယူကရိန်းတွေဟာ ဒုံးကျည်နဲ့ ဒရုန်းနည်းပညာတွေကို ဆန်းသစ်စွာ သုံးစွဲခဲ့ကာ ရုရှားရဲ့ ရေတပ်သာလွန်မှုကို ပျက်ပြားစေခဲ့ပြီး ရေတပ်စစ်ပွဲရဲ့ သဘောသဘာဝကိုပင် ပြောင်းလဲခဲ့ပါတယ်။ ရုရှား Black Sea Fleet ရဲ့ ကျန်သင်္ဘောတွေကို စစ်မျက်နှာပြင်ရဲ့အဝေး လုံခြုံတဲ့ ဆိပ်ကမ်းတွေမှာပဲ ရှိစေခဲ့ပါတယ်။

လေကြောင်းမှာလည်း ရုရှားက မအောင်မြင်ခဲ့ပါ။ ၂၀၂၅ ဇွန်လအတွင်းက အစ္စရေးနဲ့ အီရန် ၁၂ ရက်စစ်ပွဲမှာ အစ္စရေးက လူမောင်းလေယာဉ်တစ်စင်းမှ မပျက်စီးဘဲ ၃၆ နာရီခန့်အတွင်း အီရန်ကောင်းကင်ကို ထိန်းချုပ်နိုင်ခဲ့တဲ့အချိန်မှာ ရုရှားက ယူကရိန်းရဲ့ ကောင်းကင်ကို ထိန်းချုပ်ဖို့ မအောင်မြင်ခဲ့ပါ။ ရုရှားလေတပ်က ပြင်းထန်တဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် ဇွန်လမှာ ရုရှားရဲ့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်အုပ်စုကို ယူကရိန်းတွေ တိုက်ခိုက်ခဲ့တဲ့အချိန်ပေါ့။

ရုရှားက တုန့်ပြန်မှုအနေနဲ့ ယူကရိန်းမြို့တွေကို ခြိမ်းခြောက်ဖို့ အဝေးပစ်ဒုံးကျည်နဲ့ ဒရုန်းတွေကို မှီခိုခဲ့ပါတယ်။ ယူကရိန်းက အလားတူ တုန့်ပြန်မှု ရှောင်ကြဉ်ခဲ့ပြီး ရုရှားရဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာမျိုး များစွာ ရှောင်ကြဉ်ခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းဒရုန်းတွေက လေယာဉ်ကွင်းတွေနဲ့ အခြေခံအဆောက်အအုံတွေ၊ အထူးသဖြင့် ရေနံချက်စက်ရုံတွေနဲ့ ရုရှားရဲ့ အတွင်းပိုင်း ကီလိုမီတာ ရာပေါင်းများစွာအထိ တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့ အစွမ်းကို သိသိသာသာ ပြသခဲ့ပါတယ်။

ယူကရိန်းတွေဟာ ဒီအရာအားလုံးကို ပြင်ပက တိုက်ရိုက် စစ်ရေးပါဝင်မှု မပါဘဲ အောင်မြင်ခဲ့ပါတာပါ။ ယခုအချိန်အထိ စစ်ပွဲမှာ တိုက်ရိုက် ဝင်ရောက်ခဲ့တဲ့ တခုတည်းသော တတိယပါတီအနေနဲ့ မြောက်ကိုရီးယားပဲ ဖြစ်ပြီး ရုရှားအတွက် တိုက်ခိုက်ဖို့ စစ်သား ၁ သိန်းခန့် ပို့ခဲ့ပါတယ်။ NATO နိုင်ငံတွေက ယူကရိန်းကို လက်နက်နဲ့ အခြားအရင်းအမြစ်တွေမှာ ကြီးမားတဲ့ ပံ့ပိုးမှု ပေးခဲ့ပေမယ့် NATO တပ်တွေအနေနဲ့ တိုက်ခိုက်မှုတွေမှာ တရားဝင် ပါဝင်ခဲ့ခြင်း မရှိပါ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် မတိုင်မီနဲ့ အဲ့ဒီနောက်ပိုင်း NATO နိုင်ငံတွေက ယူကရိန်းကို ပိုမို ခေတ်မီတဲ့ လက်နက်အမျိုးအစားများစွာ ပေးဖို့ ငြင်းဆန်ခဲ့ပြီး အခြားခေတ်မီလက်နက် အသုံးပြုမှုကိုလည်း ကန့်သတ်ခဲ့ပါတယ်။ အဆိုပါကန့်သတ်မှုထဲမှ အချို့က ယခုအချိန်အထိ တင်းကြပ်ထားဆဲပါ။

ဒီလိုကြားထဲ ၂၀၂၂ မှာ ယူကရိန်းတွေဟာ ကိယက်ဗ်၊ ခါကိဗ် နဲ့ ခါဆန် တို့မှာ အကန့်အသတ်ရှိတဲ့ လက်နက်တွေနဲ့ပဲ အောင်ပွဲတွေ ရခဲ့ပါတယ်။ အစကတည်းက အပြည့်အဝ ပံ့ပိုးမှု ရရှိခဲ့မယ်ဆိုရင် သူတို့ဟာ ၂၀၂၂ နှောင်းပိုင်း သို့မဟုတ် ၂၀၂၃ နွေရာသီမှာ ရုရှားက သူတို့ရဲ့ စစ်တပ်နဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်တာမပြီးခင် စစ်ပွဲကို အနိုင်ရနိုင်ခဲ့မှာ ဖြစ်ပါတယ်။

၂၀၂၅ မှာတော့ ယူကရိန်းရဲ့ ကာကွယ်ရေးမှာ အားနည်းဆုံးကွင်းဆက်ဟာ သူ့ရဲ့ အနောက်တိုင်းမိတ်ဆွေတွေရဲ့ စိတ်ထဲမှာပဲ ရှိနေတုန်းပါ။ ရုရှားဟာ လေကြောင်းနဲ့ ရေတပ်သာလွန်မှု ရရှိဖို့ မအောင်မြင်ခဲ့သလို ကုန်းတွင်းမှာ ယူကရိန်းကာကွယ်ရေးကို ဖောက်ထွင်းဖို့လည်း မအောင်မြင်ခဲ့တာကြောင့် ရုရှားရဲ့ဗျူဟာက အမေရိကန်နဲ့ ဥရောပသားတွေရဲ့ စိတ်ဓာတ်ကို တိုက်ခိုက်ပြီး ယူကရိန်းရဲ့ အနေအထားကို ရိုက်ချိုးဖို့ ကြိုးစားနေပါတယ်။

ရုရှားအနိုင် မလွှဲရှောင်ပဲ ရောက်လာလိမ့်မယ်လို့ ဝါဒဖြန့်ခြင်းအားဖြင့် ရုရှားတွေက အမေရိကန်နဲ့ ဥရောပသားတွေ ယူကရိန်းအပေါ် စိတ်ပျက်ပြီး သူတို့ရဲ့ ပံ့ပိုးမှုကို ရုတ်သိမ်းကာ လက်နက်ချစေမယ်လို့ မျှော်လင့်နေပါတယ်။ ဒီဝါဒကို လက်ခံမိပြီဆိုရင် ယူကရိန်းအတွက်သာမက ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ အကောင်းဆုံးကာကွယ်ရေးနဲ့အတူ ယုံကြည်မှုတွေပါ ဆုံးရှုံးမယ့်အရေး NATO နိုင်ငံတွေအတွက်ပါ ကြုံတွေ့လာစေမှာ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ ၎င်းရဲ့စစ်တပ်နဲ့ စစ်ပွဲစီးပွားရေးကို ဆက်လက်ချဲ့ထွင်နေတာ‌ကြောင့် ဥရောပကလည်း လက်နက်ပြန်ကိုင်ဖို့ အလျင်အမြန်ကြိုးစားနေရ‌ပေမယ့်၊ ထိုကာလအတွင်း ရုရှားတပ်မတော်နဲ့ ဝါဆော၊ ဘာလင် သို့မဟုတ် ပါရီတို့အကြား ရပ်တည်နေတဲ့ အကြီးဆုံးနဲ့ အတွေ့အကြုံရှိအဆုံးသော တိုက်ခိုက်ရေးတပ်မှာ ယူကရိန်းတပ်မတော်ပင်ဖြစ်ပါတယ်။ ပိုလန်၊ ဂျာမန်နဲ့ ပြင်သစ်တပ်မတော်တို့မှာ တပ်သား ၂ သိန်းခန့်စီရှိကြပြီး ၎င်းတို့အများစုက တိုက်ပွဲအတွေ့အကြုံမရှိသေးကြပါ။ ယူကရိန်းတပ်မတော်မှာ တပ်သားဦး‌‌ရေ ခန့်မှန်း ၁ သန်းခန့်ရှိပြီး ၎င်းတို့အများစုမှာ အတွေ့အကြုံကြွယ်ဝတဲ့ စစ်မှုထမ်းများ ဖြစ်ကြပါတယ်။

ရုရှားတိုက်လေယာဉ်တွေ အက်စတိုးနီးယားကို ကျူးကျော်ဝင်ရောက်တာ၊ ရုရှားမောင်းသူမဲ့လေယာဉ်တွေ ပိုလန်နဲ့ ရိုမေးနီးယား (ဒိန်းမတ်ပါ ပါဝင်နိုင်) အပေါ် ပျံသန်းတာတွေ ဖြစ်ပွားခဲ့ပြီး နှစ်ပတ်ကြာပြီးတဲ့နောက် ရုရှားအနေနဲ့ မနက်ဖြန်မှာ ဥရောပကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့အချက်၊ ပြီးတော့ အမေရိကန်က တိုက်ပွဲထဲမဝင်ရောက်ဘဲ နေခဲ့ရင် ဥရောပရဲ့ အကြီးဆုံးစစ်ရေးပိုင်ဆိုင်မှုမှာ ယူကရိန်းတပ်မတော်ဖြစ်တယ်ဆိုတဲ့ အချက်ကို ဥရောပသားတွေ သတိပြုသင့်ပါတယ်။ အမေရိကန်တပ်မတော်သည်လည်း ယူကရိန်းရဲ့ စစ်မြေပြင်အတွေ့အကြုံနဲ့ ခေတ်မီလက်နက်စက်မှုလုပ်ငန်းမှ သင်ခန်းစာများစွာ ယူရပါမယ်။ အထူးသဖြင့် မောင်းသူမဲ့လေယာဉ်နယ်ပယ်မှာ ယူကရိန်းရဲ့ ဆန်းသစ်တဲ့တီထွင်မှုတွေနဲ့ ဒေတာအချက်အလက်တွေက ၎င်းကို ကမ္ဘာ့ခေါင်းဆောင်သဖွယ် ဖြစ်စေပါတယ်။ ဒီအချက်က သမ္မတ ထရမ့်အနေနဲ့ မကြာသေးမီကာလတွေမှာ ယူကရိန်းကို ပိုမိုထောက်ခံလာခြင်း အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒေါ်နယ်ထရမ့်က အောင်မြင်တဲ့သူတွေကို ထောက်ခံ‌အားပေးလေ့ ရှိပါတယ်။

ဒီစစ်ပွဲ ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောဖို့ မဖြစ်နိုင်ပါ။ ဘာကြောင့်လဲဆိုရင် ၎င်းမှာ အနာဂတ်ဆုံးဖြတ်ချက်တွေအပေါ် မူတည်တာကြောင့်ဖြစ်ပါတယ်။ သို့ပေမယ့် အရေးကြီးတဲ့အချက်ကတော့ ယူကရိန်းဘက်က အောင်ပွဲရနေပြီဆိုတာ ပြောင်းလဲမရတဲ့ အဆုံးအဖြတ်တခု ဖြစ်ပြီးသွားပါပြီ။ စစ်ပွဲဆိုသည်မှာ နိုင်ငံရေးကို အခြားနည်းလမ်းတမျိုးနဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။ နယ်မြေပိုမိုသိမ်းပိုက်ခြင်း၊ မြို့များပိုမိုဖျက်ဆီးခြင်း၊ လူများပိုမိုသတ်ဖြတ်ခြင်းနဲ့ စစ်ပွဲကို အောင်မြင်မှာ မဟုတ်ပါ။ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်စွာရရှိတဲ့အခါမှ စစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။ ယူကရိန်းမှာလည်း ပူတင်ရဲ့ အဓိကစစ်ရည်မှန်းချက်ဖြစ်တဲ့ ယူကရိန်းနိုင်ငံလုံးကို ဖျက်ဆီးခြင်းကတော့ မအောင်မြင်ခဲ့ဘူးဆိုတာကို ရှင်းလင်းစွာ မြင်နိုင်ပြီး ဖြစ်ပါတယ်။

ပူတင်ရဲ့ မိန့်ခွန်းတွေနဲ့ အက်ဆေးများစွာထဲမှာ ယူကရိန်းသည် နိုင်ငံအစစ်မဟုတ်ဘူးလို့ အမြဲတမ်း ငြင်းခုန်ခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းက သူထုတ်ဝေခဲ့တဲ့ "ရုရှားလူမျိုးများနှင့် ယူကရိန်းလူမျိုးများ၏ သမိုင်းဝင်စည်းလုံးညီညွတ်မှု" ဟု ခေါင်းစဉ်တပ်ထားတဲ့ ရှည်လျားတဲ့ စာတမ်းထဲမှာ ဤအချက်မှာ အဓိကအကြောင်းအရာဖြစ်ခဲ့ပါတယ်။ ပူတင်ရဲ့အဆိုအရ ယူကရိန်းဟာ အတုအ‌ယောင်နိုင်ငံတစ်ခုဖြစ်ပြီး ရုရှားကို အားနည်းစေဖို့ နိုင်ငံခြားအင်အားစုတွေက ဖန်တီးထားတဲ့ လှည့်စားမှုဖြစ်တယ်လို့ ဆိုပါတယ်။ ပူတင်က ယူကရိန်းနိုင်ငံဟာ တကယ်မရှိကြောင်း၊ ယူကရိန်းလူမျိုးတွေမှာ တကယ်တမ်း ရုရှားလူမျိုးတွေဖြစ်ကြောင်း၊ အခွင့်အရေးရှိရင် ယူကရိန်းလူမျိုးတွေဟာ မိခင်ရုရှားနိုင်ငံထဲကို ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်လာကြမှာဖြစ်ကြောင်း ကမ္ဘာကြီးကို သက်သေပြဖို့ စစ်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။

ပူတင်၏ အမြင်မှားတွေနဲ့ မာန်မာနတွေကြောင့် နောက်ထပ် လူဘယ်လောက်သေရမည်ကို မသိနိုင်ပ်ေယ့် ကမ္ဘာကြီးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ပြသခဲ့တဲ့ အချက်ကတော့ ယူကရိန်းသည် အမှန်တကယ်နိုင်ငံအစစ်တစ်ခုဖြစ်ပြီး ယူကရိန်းသန်းပေါင်းများစွာက ရုရှားဆီက လွတ်လပ်ရေးအတွက် အဆုံးစွန်ထိ တိုက်ခိုက်ဖို့ ဆန္ဒရှိကြတယ် ဆိုတာပဲ ဖြစ်ပါတယ်။

နိုင်ငံဆိုတာ မြေသားတွေ၊ သွေးစက်တွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါ့ဘူး။ လူ‌တွေရဲ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ဇာတ်လမ်းတွေ၊ ရုပ်ပုံတွေ၊ အမှတ်တရတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လာမယ့်လတွေမှာ စစ်ပွဲအခြေအနေ ဘယ်လိုဖြစ်လာပါစေ၊ ရုရှားကျူးကျော်မှု၊ ရုရှားရက်စက်မှုတွေနဲ့ ယူကရိန်းရဲ့ အနစ်နာခံမှုတွေဟာ နောင်မျိုးဆက်များစွာ ယူကရိန်းမျိုးချစ်စိတ်ဓာတ်ကို ဆက်လက်ဖြစ်ပေါ်စေမှာပါ။

ဆီသို့

16/10/2025

မော်ဒယ်ဖြစ်ချင်တဲ့အိပ်မက်ကနေ ကျွန်ဘဝရောက်ပြီး ကိုယ်အင်္ဂါအတွက် မြန်မာမှာ အသ-တ်ခံရတယ်လို့ သတင်းထွက်နေတဲ့ ဘီလာရုစ်သူလေး

အသက် ၂၆ နှစ်အရွယ် ဘီလာရုစ်နိုင်ငံသူ Vera Kravtsova တစ်ယောက် ဘန်ကောက် မြို့ရဲ့ နာမည်ကြီး runway တွေပေါ်မှာ လျှောက်လှမ်းဖို့ အိပ်မက်တွေနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ တောက်ပတဲ့အနာဂတ်အိပ်မက်တွေဟာ ရက်ပိုင်းအတွင်းမှာပဲ ကြောက်မက်ဖွယ်ရာ အမှောင်ကမ္ဘာထဲကို ရောက်သွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာ ကြေကွဲစရာဇာတ်သိမ်းနဲ့ နိဂုံးချုပ်သွားခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Vera ဟာ ဘန်ကောက် မှာ မော်ဒယ်အလုပ်အတွက် အင်တာဗျူးဖြေဖို့ လာခဲ့တာပါ။ ဒါပေမဲ့ runway ပေါ်မှာ အလုပ်လုပ်ရမယ့်အစား သူမကို အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကို လူကုန်ကူးပြီး ခေါ်ဆောင်သွားခဲ့ကာ သူဌေးတွေရဲ့ ကျွန်တစ်ယောက်အဖြစ် ရောင်းစားခံခဲ့ရတယ်လို့ Mash သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ သူမကို စက်တင်ဘာ ၁၂ ရက်နေ့လောက်မှာ မြန်မာနိုင်ငံထဲကို အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ "scam centre" တစ်ခုမှာ အလုပ်လုပ်ခိုင်းခဲ့တာပါ။ "သူမရဲ့တာဝန်တွေကတော့ အမြဲတမ်းလှလှပပနေထိုင်ဖို့၊ 'သခင်' တွေကို ဝန်ဆောင်မှုပေးဖို့နဲ့ အွန်လိုင်းပေါ်က သူဌေးတွေကို လိမ်လည်ဖို့ပါပဲ" လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုးရွားဆုံးကတော့ နောက်ဆုံးမှာ Vera တစ်ယောက် အသ-တ်ခံလိုက်ရပြီး သူမရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းချခံလိုက်ရတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Ref : The Sun

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း #ဘီလာရုစ် #ထိုင်း #မြန်မာ

16/10/2025

ငလျင်ကို ခန့်မှန်းလို့ရလား?

မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ၇.၈ မြေငလျင်ကြီးနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာ သိသိသာသာများလာတဲ့ လူနှစ်မျိုး ရှိပါတယ်။

အဲ့တာကတော့ ငလျင် ခန့်မှန်းသူ၊ ငလျင်ကျွမ်းကျင်ပညာရှင် ဆိုသူတွေနဲ့ နောက်တစ်ခါ ဒီလို ငလျင်ထပ်လှုပ်မှာကို စိုးရိမ်ထိတ်လန့်နေကြသူတွေပါ။

ငလျင်ကို ခန့်မှန်းလို့ရလား? ခန့်မှန်းချက်တွေက ဘယ်ကနေလာတာပါလဲ? နောက်တစ်ခါကော ဒီလိုငလျင်တွေ ထပ်လှုပ်မှာလား?ဆိုတာ လူအများစုရဲ့ မေးခွန်းတွေဖြစ်လာပါတယ်။

✅အရင်ဆုံးအနေနဲ့ သိရမှာက "ကမ္ဘာပေါ်က ဘယ်သိပ္ပံပညာရှင်၊ အဖွဲ့အစည်းကမှ ငလျင်လှုပ်မယ့် နေရာ၊ ပြင်းအားနဲ့ အချိန်အတိအကျကို မခန့်မှန်းမသိနိုင်ပါဘူး" ဆိုတာပါ။

ကျွန်တော်တို့မြန်မာနိုင်ငံထက် အများကြီးတိုးတက်ပြီး ငလျင်အမြဲတစေလှုပ်နေပြီး ငလျင်သိပ္ပံအတွက် နိုင်ငံတော်ဘတ်ဂျက်အများကြီးသုံးပြီးတော့ လေ့လာနေတဲ့ ဂျပန်နိုင်ငံလို ငလျင် အန္တရာယ်အမြဲတွေ့နေရတဲ့ နိုင်ငံတောင် ငလျင်ကို မမှန်းနိုင်သေးပါဘူး။

နာဆာလို ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေစုထားတဲ့ အဖွဲ့အစည်းနဲ့ USGS လို့ခေါ်တဲ့ အမေရိကန်မြေငလျင်စောင့်ကြည့်ရေးအဖွဲ့လည်း ငလျင်ကို ကြိုမသိနိုင်ပါဘူး။

ငလျင်လှုပ်ခတ်ပြီးမှသာ သတင်းထုတ်ပြန်နိုင်၊ အချိန်နဲ့ တပြေးညီပြောပြနိုင်ပါတယ်။

♦️ဘာကြောင့် မခန့်မှန်းနိုင်ရတာလဲ?

မိုးလေဝသ ခန့်မှန်းချက်တွေထုတ်နိုင်ပြီး ငလျင်ကျတော့ ဘာလို့ မထုတ်နိုင်ရတာလဲ၊ ကြိုမသိရတာလဲ ဆိုရင် မြေအောက် ကီလိုမီတာ အနက်ကြီးထဲမှာ လှုပ်ခတ်တဲ့ ငလျင်တွေကို ထောက်လှန်းသိရှိနိုင်မယ့် Sensor အချက်ပြကိရိယာတွေ မရှိ ၊မထားနိုင်လို့ပါ။

နောက်ပြီး ကမ္ဘာမြေထုရဲ့ ဖွဲ့စည်းပြောင်းလဲမှုတွေက အချိန်နဲ့အမျှ ဖြစ်ပေါ်နေပြီး အလွန်ရှုပ်ထွေးတဲ့ဖြစ်စဉ်ဖြစ်တာမို့ ဒီလိုအတိုင်းအတာတစ်ခုလုံးကို စောင့်ကြည့်တိုင်းတာနေနိုင်ဖို့ ခက်ခဲပါတယ်။

ဂြိုလ်တုတွေ အသုံးပြုပြီး မြေပြင်အနေအထားကို စင်တီမီတာလောက်အပြောင်းအလဲကို သိနိုင်တဲ့ နည်းပညာတွေရှိပေမယ့် ဒီနည်းပညာတွေကလည်း ငလျင်ကိုကြိုမမှန်းနိုင်ပါဘူး။

အရင်ကလှုပ်ခတ်ခဲ့ဖူးတဲ့ ငလျင်အခြေအနေသမိုင်းတွေ ကိုစုပေါင်းပြီး Model တည်ဆောက်လေ့လာတာမျိုးတွေရှိပေမယ့် ဒီ Model တွေက လည်းသေသေချာချာ အဖြေမထုတ်နိုင်ပါဘူး။

နေကလာတဲ့ ကိုရိုနာတွေကြောင့်လည်း ငလျင်လှုပ်မယ် မလှုပ်မယ် ပြောလို့မရပါဘူး။ဒေါ်လာ ဘီလျံပေါင်းများစွာ အကုန်အကျခံထားမယ့် လေ့လာရေးစင်တာတွေရှိရင်တော့ စက္ကန့်ဝက်လောက်ကြိုသိရတာမျိုးရှိပေမယ့် ရက်ချီ၊လချီကြိုတင်ပြီးသေချာပေါက်ကို လှုပ်ခတ်မယ်ဆိုတာမျိုးတော့ ဘယ်သူမှ အတတ်မပြောနိုင်ပါဘူး။

လူမှုကွန်ရက်မှာ ငလျင်ဗေဒကို ဝါသနာပါပြီး ကြိုခန့်မှန်းကြတဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ဘယ်အရပ်ဒေသမှာလှုပ်မယ်၊ ဘယ်လို ပြင်းအားနဲ့ ဘယ်အချိန်မှာ လှုပ်မယ်ဆိုတာကို တိတိကျကျပြောနိုင်ပြီး မှန်ကန်တဲ့သူလည်း အခုထိ တစ်ယောက်မှ မရှိပါဘူး။

သူတို့အများစုဟာ ပညာရှင်အစစ်အမှန်မဟုတ်သလို၊ တိကျတဲ့ တိုင်းတာရေးကိရိယာများနဲ့ သိပ္ပံနည်းကျ ထောက်ခံပံ့ပိုးထားတဲ့ အဖွဲ့အစည်းတွေလည်း မရှိတာမို့ သူတို့ရဲ့အယူအဆတွေဟာ မှားယွင်းမှုများလေ့ရှိပါတယ်။

🗣️ငလျင် ခန့်မှန်းချက်တွေက ဘယ်ကနေလာတာလဲ?

အင်တာနက်ပေါ်က ငလျင်ခန့်မှန်းချက်တွေဟာ ယေဘုယျအားဖြင့် ခိုင်မာတဲ့ သိပ္ပံအခြေခံမရှိတဲ့ အချက်အလက်တွေ၊ ကောလာဟလတွေနဲ့ တစ်ကိုယ်တော် ခန့်မှန်းသူတွေဆီက လာတာများပါတယ်။

ဒီလို ငလျင်ကြီးတွေလှုပ်ပြီးချိန်ကစလို့ အားလုံးရဲ့စိတ်မှာ ဒုတိယအကြိမ် လှုပ်မည်ကို စိုးရိမ်ကြောက်လန့်နေတာ၊ ငလျင်ခန့်မှန်းချက်များလို သတင်းများကို စိတ်ဝင်တစား ရှာဖွေဖတ်ရှုကြတာကအပြစ်ပြောစရာမဟုတ်ပေမယ့် ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး လူလည်တစ်ချို့က သူတို့တွေရဲ့ လူမှုကွန်ရက်စာမျက်နှာ လူကြည့်များဖို့ နဲ့တစ်ကိုယ်ရည်ကျော်ကြားမှု ရရှိဖို့ အတွက် တိကျမှုမရှိတဲ့ခန့်မှန်းချက်တွေ ကို ထုတ်ပြန်နေကြတာဖြစ်ပါတယ်။

❌ဒီလူတွေရဲ့ တူညီချက်က ငလျင်ကြီးဖြစ်ပေါ်လာမှ ပေါ်လာတဲ့နေ့ချင်းညချင်း ကျွမ်းကျင်ပညာရှင်ဆိုပြီးဖြစ်ကုန်ကြတဲ့သူတွေပါ။ဘာပညာရှင်မှ မဟုတ်ကြပါဘူး။

လူကြည့်များလာ တာကနေ တစ်ဆင့် ကြော်ငြာဝင်ငွေရရှိဖို့နဲ့သူတို့ရဲ့ကုန်ပစ္စည်းတွေ ရောင်းချဖို့တွေလုပ်လာတာမျိုးပါ။တစ်ချို့ကျတော့ လူအများစုစိတ်ဝင်စားမှုကိုလိုအပ်နေတဲ့ Attention seeker မျိုးတွေမလို့ လူစိတ်ဝင်စားမယ့် ဘာမဆိုလုပ်လေ့ရှိတဲ့သူတွေလည်းဖြစ်တတ်ကြပါတယ်။

ဒီလိုမျိုး လူလည်ပတ်ကားတွေ နိုင်ငံတကာမှာလည်းရှိပါတယ်။မြန်မာနိုင်ငံ သိပ္ပံအသိပညာမှာ ဖွံဖြိုးမှုအားနည်းနေတာကို အခွင့်ကောင်းယူတတ်သူတွေပါ။

တိရိစ္ဆာန်အကောင်တွေ မူမမှန်တာ ကြောင့် ငလျင် လှုပ်ခတ်မယ်လို့လည်းကြိုမှန်းလို့မရသလို သူတို့ မူမမှန်နေတာပေမယ့် ငလျင်မလှုပ်တာမျိူးတွေလည်းရှိပါတယ်။ဗေဒင်ကိန်းဂဏန်းတွေနဲ့လည်းငလျင်ဖြစ်တာကို ကြိုတွက်လို့မရပါဘူး။ဒီလိုသာကြိုတွက်လို့ရရင် ဂျပန်ဘူမိဗေဒမြေငလျင်စခန်းမှာ ဗေဒင်ဆရာတွေကိုပဲခန့်ထားမှာပါ။

❌နောက်တစ်ခါကော ဒီလို ငလျင်တွေ ထပ်လှုပ်မှာလား?

မြန်မာနိုင်ငံဟာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးပေါ်တွင် တည်ရှိနေသည့်အတွက် အနာဂတ်မှာ ငလျင်တွေ လှုပ်လာနိုင်တယ်ဆိုတာကတော့ သိပ္ပံနည်းကျ သေချာနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ဒါမယ့် အနာဂတ်ဆိုတာ ဒီနေ့လား လာမယ့် နှစ်နှစ်ဆယ်မှလားဆိုတာ အတိအကျဘယ်သူမှ မသိရ မပြောနိုင်ပါဘူး။

သတင်းတစ်ခုကို မသေချာပဲ အလျင်စလို ပြောလိုက်တာ ပညာရှင်တွေရဲ့ အမူအကျင့်မဟုတ်ပါဘူး။ဘယ်လိုစေတနာရှိရှိ အများပြည်သူပိုမိုခြောက်ခြားစေမယ့် သတင်းအမှားတွေတော့ မတင်သင့်တာအမှန်ပါ။

မဖြစ်ပေါ်လာသေး ကြိုလည်းမသိနိုင်တဲ့ ကိစ္စတွေကို ထိတ်လန့်ကြောက်ရွံနေတာဟာ ဘာအကျိုးမှ မပေးနိုင်ပါဘူး။ အဓိကအရေးကြီးတာဟာ ငလျင်ဘေးအန္တရာယ်ကို လက်ခံပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ထားခြင်း သာ ဖြစ်ပါတယ်။

မိမိ မိသားစု အတွက် ငလျင်လှုပ်လျှင်လုပ်ရမယ့် (Drop, Cover, and Hold On) လုပ်ဆောင်ရန် အလေ့အကျင့်ပြုလုပ်ထားတာမျိုးတွေတော့ သိထားသင့်ပါတယ်။

တရားဝင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်တာ မဟုတ်တဲ့ တစ်ဦးတစ်ယောက်ဆီက ငလျင်လှုပ်ခတ်နိုင်တယ် အန္တရာယ်ရှိတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ လူမှုကွန်ရက်သတင်းတွေကို စိုးရိမ်ထိတ်လန့်မနေဖို့ပြောလိုပါတယ်။

~MASES

15/10/2025

ဘော်စတွန်က ကမ္ဘာ့ဖလားပွဲစဉ်တွေကို ဖျက်သိမ်းပစ်မယ်လို့ ဒေါ်နယ်လ် ထရမ့် ခြိမ်းခြောက်

Reuters

ဘော်စတွန်ဧရိယာအတွက် စီစဉ်ထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကို တခြားနေရာ ရွှေ့ပစ်ဖို့ စဉ်းစားနိုင်တယ်လို့ သမ္မတ ဒေါ်နယ်လ် ထရမ့် က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောရတာကတော့ လူထုဘေးကင်းရေး စိုးရိမ်တာတွေကို ကိုးကားရင်း မြို့တော်ဝန် မစ်ရှဲလ် ဝူး ကို ဝေဖန်သွားတာပါ။

ဘော်စတွန်က လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတဲ့ မေးခွန်းကို ထရမ့်က “အဲဒီကစားပွဲတွေကို ကျွန်တော်တို့ ရုတ်သိမ်းပစ်လို့ရတယ်” လို့ ဖြေခဲ့ပါတယ်။ “ကျွန်တော် ဘော်စတွန်လူထုကို ချစ်ပါတယ်။ ပွဲလက်မှတ်တွေလည်း ကုန်နေပြီဆိုတာ သိထားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မြို့တော်ဝန်က အဆင်ပြေမနေဘူး”

“သူမက ဉာဏ်ကောင်းပေမဲ့ အစွန်းရောက်လက်ဝဲသမားပါ။ ပြီးတော့ သူတို့တွေက ဘော်စတွန်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်နေကြတာ” လို့ သူက ပြောပါတယ်။ “ကျွန်တော်တို့က နှစ်စက္ကန့်လောက်နဲ့ အဲဒီနေရာတွေကို ပြန်ရအောင် လုပ်လို့ရတယ်။ သူမလုပ်ရမှာက ကျွန်တော်တို့ကို ဖုန်းဆက်ဖို့ပဲ။ ကျွန်တော်တို့ ဝင်ပြီး ပြန်သိမ်းပေးမယ်၊ ဒါပေမဲ့ သူမက နိုင်ငံရေးအရ မကောင်းမှာကြောက်လို့ မလုပ်ရဲဘူး”

၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တွေကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ ပူးတွဲကျင်းပမှာဖြစ်ပြီး ဘော်စတွန်ရဲ့ အနောက်တောင်ဘက် မိုင် ၃၀ လောက်အကွာ ဖောက်စ်ဘာရိုး (Foxborough) မှာရှိတဲ့ Gillette ကွင်းကြီးမှာ ခုနှစ်ပွဲ ကစားဖို့ စီစဉ်ထားတာပါ။ FIFA ကတော့ ၂၀၂၂ တုန်းကတည်းက လက်ခံကျင်းပမယ့် မြို့ ၁၆ မြို့နဲ့ ပွဲစဉ်တွေကို အတည်ပြုပြီးသား ဖြစ်ပါတယ်။

ထရမ့်က ပွဲတွေကို နေရာရွှေ့ဖို့အတွက် FIFA ဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနို ကို တိုက်ရိုက်ပြောပြီး အကူအညီတောင်းနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

“တယောက်ယောက်က အလုပ်ကို ညံ့ဖျင်းစွာ လုပ်နေရင်၊ ဒါမှမဟုတ် လုံခြုံမှု မရှိဘူးလို့ ခံစားရရင် ကျွန်တော် ဂီယာနီ ကို ဖုန်းခေါ်မယ်—သူက အရမ်းတော်ပြီး ထူးခြားတဲ့ FIFA အကြီးအကဲပါ—ပြီးတော့ ‘တခြားနေရာကို ပြောင်းရွှေ့လိုက်ရအောင်’ လို့ ပြောလိုက်မယ်။ သူတို့ကလည်း လုပ်ပေးမှာပါ။ သူ သိပ်တော့ သဘောကျမှာမဟုတ်ဘူး၊ ဒါပေမဲ့ အလွယ်တကူ လုပ်ပေးလိမ့်မယ်” လို့ ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ ဒီပွဲစဉ်တွေရဲ့ အဆုံးအဖြတ်အာဏာကတော့ FIFA မှာပဲ ရှိပါတယ်။ ဒီလအစောပိုင်းမှာပဲ FIFA ဒုတိယဥက္ကဋ္ဌ ဗစ်တာ မွန်တာလီယာနီ က “ဒီပွဲက FIFA ရဲ့ ပြိုင်ပွဲ၊ FIFA ရဲ့ လုပ်ပိုင်ခွင့်ပါ။ FIFA ကပဲ ဆုံးဖြတ်ချက်တွေ ချပါတယ်” လို့ ပြောဖူးပါတယ်။

ထရမ့်ရဲ့ မှတ်ချက်တွေက သူ့ရဲ့ အိမ်ဖြူတော်မှာ အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေး နဲ့ အတူ ထွက်ပေါ်လာတာပါ။ ညဉ့်နက်ပိုင်း လမ်းပေါ်စုဝေးမှုတခုကနေ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး လူအများအပြားကို ဖမ်းဆီးခဲ့တယ်လို့ ဘော်စတွန်ရဲတပ်ဖွဲ့ အစီရင်ခံစာ ထွက်ပေါ်ပြီး မကြာခင်မှာ ဖြစ်ပါတယ်။ မြို့တော်ဝန် ဝူး ရုံးကတော့ ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။

ကမ္ဘာ့ဖလား စီစဉ်သူတွေကတော့ ပြိုင်ပွဲလက်ခံကျင်းပမယ့် အိမ်ရှင် ဈေးကွက်တွေအတွက် စီးပွားရေးအရ အကျိုးသက်ရောက်မှု အများကြီးရှိမယ်လို့ ပြောထားပြီး လက်မှတ်လျှောက်လွှာဖွင့်ချိန်ကတည်းက ဝယ်လိုအား အရမ်းမြင့်နေတယ်လို့ သိရပါတယ်။ ပြိုင်ပွဲ စမယ့် ဇွန်လ ၁၁ ရက်နေ့ ဟာ ရှစ်လလောက်ပဲ လိုတော့တာဖြစ်လို့ နေရာကို နောက်ကျမှ ပြောင်းမယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းနဲ့ စာချုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေ အများကြီးရှိလာနိုင်ပါတယ်။

ဘော်စတွန်မှာ ပထမဆုံးပွဲစဉ်ကို ပြိုင်ပွဲရဲ့ တတိယနေ့၊ ဇွန်လ ၁၃ ရက်နေ့ မှာ အုပ်စု C က အသင်းတွေ ကစားဖို့ စီစဉ်ထားပါတယ်။

#ဘော်စတွန်
#ကမ္ဘာ့ဖလားပွဲစဉ်
#ဖျက်သိမ်း
#ထရမ့်_ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန

------------------------------------------------------------------

Address

Yangon
11041

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

09777507336

Alerts

Be the first to know and let us send you an email when White Rose Convenience Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to White Rose Convenience Store:

Share