Happy pot myanmar products

Happy pot myanmar products Knowledge sharing for insurance in myanmar ဈေးမှန်၊ ပစ္စည်းမှန်၊ စိတ်တိုင်ကျ ဖြစ်ရမည်။

11/10/2025
23/09/2024

Insurance “အာမခံ”ရဲ့ အဓိပ္ပါယ်ကို အရှင်းဆုံးပြောပါဆိုရင်
အာမခံဆိုတာ Risk ကို transfer လုပ်လိုက်တာပဲ။
မိမိမှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်ဆိုးတခုခု ကြုံလာခဲ့ရင် အာမခံကုမ္ပဏီတွေကို ပုခုံးပြောင်း တာဝန်လွှဲပြောင်းပေးလိုက်တာပဲဖြစ်ပါတယ် ...

အာမခံမှာ ဥပမာ နဲ့ အရှင်းပြရဆုံး ဆိုရိုးစကားတွေရှိပါတယ်...
🛡️ "အာမခံဆိုတာ ခေတ်ကောင်းနေတဲ့ အချိန်နဲ့ ခေတ်ပျက်နေတဲ့ အချိန်မှာဆို ခေတ်ပျက်နေတဲ့ အချိန်မှာ အာမခံကပိုပြီးလိုအပ်ပါတယ်။"🛡️

တကယ်တော့ ကျွန်မတို့လူသားတွေအားလုံးနေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ အချိန်တိုင်းမှာRisk ရှိနေနိုင်သလို နေရာတိုင်းမှာလည်းပဲ Risk တွေရှိနေနိုင်ပါတယ်။

အခုလို ကျွန်မတို့တယောက်ချင်းစီတိုင်းရဲ့ပတ်ဝန်းကျင်မှာ ကျွန်မတို့ ပိုင်ဆိုင်ထားတဲ့အရာတွေကို ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တဲ့ Risk ဆိုတဲ့ အန္တရာယ်တွေဟာ အရင်တွေကထက်စာရင်ကို ပိုပိုပြီးများနေပါတယ်။

💣Covid လိုကမ္ဘာ့ကပ်ရောဂါ အန္တရာယ်၊
💣 မထင်မှတ်ထားတဲ့အခြေအနေတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးချို့ယွင်းမှုအန္တရာယ်
💣 Accident မတော်တဆထိခိုက်ဆုံးရှုံးမှုအန္တရာယ်
💣အသက် ဆုံးပါးခြင်းအန္တရာယ်
💣 မီးလောင်၊ ရေကြီးနိုင်ခြင်းအန္တရာယ်
💣Financial Risk ဆိုတဲ့ငွေရေးကြေးရေးအရ ဆုံးရှုံးနိုင်ခြင်းအန္တရာယ်
💣ရန်သူမျိုး (၅)ပါး ကြောင့် ဖြစ်ပေါ်နေရတဲ့အန္တရာယ် အခြေအနေတွေ
💣 စစ်ပွဲ အန္တရာယ်တွေ ...စသဖြင့်ပေါ့
ဒါတွေအားလုံးက Risk တွေပါပဲ...
အဲဒီRisk အားလုံးကို ကျွန်မတို့ကပုခုံးတင်ထမ်းထားနေကြတာပါ ...

ဒီလိုဖြစ်လာနိုင်တဲ့ risk တွေ
ဆုံးရှုံးမှုအန္တရာယ် အခြေအနေတွေ
မိမိရဲ့မိသားစုမှာ ဖြစ်ပေါ်လာခဲ့ရင် ငွေရေးကြေးရေးအရကုန်ကျနိုင်တဲ့ risk တွေ
မိမိရဲ့ဆုံးရှုံးမှုကို တတ်နိုင်သမျှလျော့ကျသွားအောင် ပြုလုပ်ပေးနိုင်တာ ကုစားမှုပေးနိုင်တာသည် Insurance အာမခံ company က‌နေပဲ ကူညီအထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါ့အပြင် မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်ရပ်ဆိုးတခုခုနဲ့ ကြုံတွေ့ခဲ့ရလျှင်လည်း မိမိရဲ့မိသားစုဝင်တွေအတွက် ငွေကြေး အထောက်အပံ့ကောင်း တခုကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

အနာဂတ်ကို မှန်းဆလို့မရနိုင်တော့တဲ့ အဘက်ဘက်က ဆုံးရှုံးနိုင်ခြေအများဆုံး... RISK တွေလည်းအများဆုံး ဖြစ်နေတဲ့အခုလို အချိန်အခါ အခြေနေမျိုးမှာ INSURANCE အကာအကွယ် ဆိုတာ ဟာလူတိုင်း မိသားစုတိုင်း တယောက်ချင်းစီတိုင်းအတွက် မရှိမဖြစ် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အနာဂတ်အတွက် ငွေကြေးစီမံကိန်း တစ်ခု ဖြစ်ဖြစ်ပါတယ်.....

အခုလို အချိန်မျိုးမှာ....
🛡️အာမခံ အကာအကွယ် 🛡️တွေက ပုံမှန်အချိန် ပုံမှန်အနေအထားတွေထက် ပိုပြီး လိုအပ်နေတာမို့....

🛡️🛡️🛡️အာမခံ ထားသူတစ်ယောက်အနေနဲ့ တကယ်ကို Peace Of Mind ဖြစ်စေတဲ့ စိတ်ခံစားမှု/ စိတ်လုံခြုံမှုတစ်ခုကို အာမခံကပဲ ပေးနိုင်ပါတယ် .🛡️🛡️🛡️

ယခုကတည်းက

✅မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်
✅ဘယ်အရာနဲ့မှပြန်လည်အစားထိုးမရနိုင်တဲ့ မိမိရဲ့ ✅မိသားစု၀င်တွေအတွက်ပဲဖြစ်ဖြစ်
✅ချစ်ရ ခင်ရတဲ့ မိတ်ဆွေကောင်းတွေအတွက်ပဲဖြစ်ဖြစ်
✅အားကိုးအားထားရတဲ့ ၀န်းထမ်းကောင်းတွေအတွက်ပဲဖြစ်ဖြစ်

💎🛡️✅အာမခံအကာအကွယ်ယူထားပါ💁‍♀️♥️
Credit

Shwe Sin Win
09421055595



တလ တစ်သိန်းဝန်းကျင်ဆိုတဲ့ပမာဏလေးနဲ့ ကျပ်သိန်း၂၇၀ တန် ထာဝရသုခအာမခံပရီမီယံဝယ်ယူခွင့်လျှေက်လွှာတင်သွင်းခဲ့သော ညီမတမျှ ရင်းန...
23/09/2024

တလ တစ်သိန်းဝန်းကျင်ဆိုတဲ့ပမာဏလေးနဲ့ ကျပ်သိန်း၂၇၀ တန် ထာဝရသုခအာမခံပရီမီယံဝယ်ယူခွင့်လျှေက်လွှာတင်သွင်းခဲ့သော ညီမတမျှ ရင်းနီးချစ်ခင်ရပါတဲ့ သူငယ်ချင်းလေးရေ မှန်ကန်တဲ့ဆုံးဖြတ်ချက်အပေါ် ဝမ်းသာဂုဏ်ယူမိပါတယ်နော်။
ချစ်ရတဲ့မိသားစုနဲ့အတူ ရည်ရွယ်ထားတဲ့ ဘာဝနာကုသိုလ်တွေ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ပါစေ။ သာသနာအကျိုး ဆထက်ထမ်းပိုးနိုင်ပါစေရှင်။

ချစ်တဲ့
ရွှေစင်ဝင်း



20/09/2024

အသက်အာမခံပရီမီယံကို ဘယ်လိုလူမျိုးတွေထံ အဓိကထားရောင်းချရမှာလဲ။

ဒီမေးခွန်းကိုမဖြေခင် အသက်အာမခံဆိုတာ မိသားစုတိုင်းအတွက် အမှန်တကယ်လိုအပ်တဲ့ အကာအကွယ်တခုဆိုတာ သိထားရပါမယ်။ ဟာ! ဒါဆိုလူတိုင်းကိုရောင်းရမှာပေါ့လို့ ဖြေကြမှာပဲနော်။ မမှားပေမယ့် အပြည့်အဝလည်း မှန်မနေပြန်ဘူးလေ။

တကယ်တော့ အာမခံပရီမီယံကို အောက်ပါ လူ (၅) မျိုးကို အဓိကထားရောင်းချပေးရမှာပါ။

(၁) ပုံမှန်ဝင်ငွေရှိတဲ့သူ
ငွေစုနိုင်တဲ့ ဝင်ငွေအဆင့်အတန်းတခုရှိတဲ့ ပုံမှန်ဝင်ငွေရှိသူဖြစ်ရမယ်။ နှစ်စဉ်သွင်းရမယ့် ပရီမီယံဟာ ဝန်ထုပ်တခုလို့ ခံစားနေရရင် မြတ်နိုးတန်ဖိုးထားမှုတွေ လျော့နည်းလာတတ်ပါတယ်။

(၂) ကျန်းမာရေးကောင်းမွန်သူ
အသက်အာမခံရဲ့သဘောသဘာဝအရ ကျန်းမာနေစဉ်သာ ပရီမီယံဝယ်ယူခွင့်ရှိတာကလည်း ထူးခြားချက်ပါပဲ။

(၃) ကာကွယ်လိုတဲ့ ပုဂ္ဂိုလ်၊ မိသားစု ရှိသူ
ကာကွယ်လိုတဲ့မိသားစုဆိုလို့ အိမ်ထောင်ရှင်တွေကိုပဲ ဆိုလိုချင်တာမဟုတ်ပါဘူး။ single တွေမှာလည်း မိဘ၊ မောင်နှမများရှိတတ်ကြပါတယ်။

(၄) နောင်ရေးအတွက်ကြိုတင်ပြင်ဆင်လိုသူ
မိသားစုထဲမှာ ဦးစီးဦးဆောင်ပြုပြီး ရှာဖွေထောက်ပံ့နေသူတိုင်းရှိတဲ့စိုးရိမ်မှုပါ။ ကိုယ်သာ တစ်စုံတစ်ရာဖြစ်ခဲ့သော် ကျန်ရစ်သူမိသားစုများ အခြေမပျက် ဆက်လက်ရပ်တည်နိုင်ဖို့ မျှော်လင့်ကြသူချည်းပါပဲ။ ကံကောင်းထောက်မလို့ ပရီမီယံသက်တမ်းပြည့်ထိ ကျန်းမာအောင်မြင်နေရင်တောင် ရင်းနှီးမြှုပ်နှံမှုမှာ အားဖြည့်နိုင်ပါသေးတယ်။ စီးပွားရေရင်းနှီးမြှုပ်နှံမှု အပြင် သားသမီးပညာရေးမှာလည်း မြှုပ်နှံနိုင်ပါတယ်။ သို့တည်းမဟုတ် ပင်စင်ကာလမှာ လိုအပ်မယ့် ကျန်းမာရေးနဲ့ အခြားသောအသုံးစရိတ်များတွက်ပါ အထောက်အကူရနိုင်တယ်လေနော်။

(၅) မိသားစုဝင်ကဲ့သို့ ချစ်ခင်နှစ်သက်သူ
မိမိ မိသားစုဝင်ကဲ့သို့ ချစ်ခင်မှသာ ထိုသူ၏ကောင်းကျိုးကို နည်းလမ်းမှန်မှန် ပြည့်ပြည့်ဝဝ လမ်းညွှန်လက်တွဲနိုင်ကြတယ်မဟုတ်ပါလား။

ဒီလိုအချက်လေးတွေနဲ့ အကာအကွယ်ရောင်းဖို့ စီနီယာကြီးများအကြံပေးထားကြပါတယ်။

ဒါကြောင့် ကျွန်မဆက်သွယ်မိတ်ဆက်ခြင်းခံရတဲ့ မိတ်ဆွေအပေါင်း ဂုဏ်ယူဝမ်းမြောက်ကြပါရှင်။ ရှင်တို့ဟာ ဖော်ပြပါအချက်များနဲ့ကိုက်ညီတဲ့ အောင်မြင်သူတွေ၊ ကျွန်မ နှလုံးသားထဲရှိနေသူတွေ၊ အနာဂတ်ဘဝ လှပစေလိုသူတွေဖြစ်နေလို့ပါရှင့်။

ချစ်ခြင်းဖြင့်
ဒေါ်ရွှေစင်ဝင်း
09421055595


20/09/2024

အသက်အာမခံဆိုတာ အိမ်၊ ခြံ၊ မြေ၊ ကား၊ ရွှေ၊ ငွေ ကဲ့သို့သောပစ္စည်းများကို ပိုင်ဆိုင်ရရှိထားသလို တန်ဖိုးငွေအပြည့်အရင်ပေးချေစရာ မလိုတဲ့ ကိုယ့်အနာဂတ်အတွက်၊ မိသားစုအတွက် ရေတို၊ ရေရှည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့၊ ရန်သူမျိုးငါးပါးရန်ကပင် ကင်းလွတ်တဲ့ အမှန်တကယ်ပိုင်ဆိုင်မှုတစ်ခုပါ …



မိတ်ဆွေဟာအသက်အာမခံအကြောင်းကို ဂဃနဏ သိရှိရပြီး အာမခံပရီမီယံဝယ်ယူဖို့ စိတ်ကူးမိပြီဆိုရင် ဖော်ပြပါ အချက်လေးတွေကိုလည်း သိထား...
19/09/2024

မိတ်ဆွေဟာအသက်အာမခံအကြောင်းကို ဂဃနဏ သိရှိရပြီး အာမခံပရီမီယံဝယ်ယူဖို့ စိတ်ကူးမိပြီဆိုရင် ဖော်ပြပါ အချက်လေးတွေကိုလည်း သိထားသင့်ပါတယ်နော်။

၁ - နှစ်စဉ်ပေးသွင်းရမည့် အာမခံပရီမီယံကြေးသည် မိမိအတွက် ခေါင်းအေးအေးနဲ့ သွင်းနိုင်မည့်ပမာဏ ဖြစ်ဖို့လိုပါတယ်။

၂ - အာမခံဝယ်ယူခွင့်လျှောက်လွှာမှာ မိမိရဲ့ ကျန်းမာရေးရာဇဝင်ကို ထိန်ချန်ကွယ်ဝှက်ခြင်းကင်းတဲ့ အမှန်အတိုင်းသာဖြည့်စွက်ဖို့ အထူးသတိပြုရမှာဖြစ်ပါတယ်။

၃ - အာမခံအကာအကွယ်ရှိစဉ်ကာလအတွင်းသော်လည်းကောင်း၊ အာမခံသက်တမ်းပြည့်ချိန်သော်လည်းကောင်း အကာအကွယ်နှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာရှိခဲ့သော် ငြိုငြင်မှုမရှိ အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်မည့် After sales service ကောင်းမွန်သည့် Financial Adviser (Agent) တစ်ဦးနှင့်ဆက်သွယ်ဝယ်ယူသင့်တာကလည်း အရေးပါတဲ့အချက်ဆိုတာ မမေ့သင့်ပါဘူးနော်။

ဒီတော့ အသက်အာမခံနှင့်ပါတ်သက်ပြီး သိလိုသမျှကို အချိန်မရွေးလက်ခံဆွေးနွေးအကြံပေးဖို့ သင်တို့အတွက် အမြဲအဆင်သင့်ရှိပါတယ်။

အားလုံးကိုချစ်တဲ့
ဒေါ်ရွှေစင်ဝင်း
Financial Adviser
Chubb Life Myanmar
09421055595

19/09/2024

အသက်ငယ်ငယ်မှာ ဝင်ငွေလမ်းကြောင်းပေါ်ရောက်ပြီး ကျန်းမာ​ရေးကောင်းနေစဉ်ကတည်းက အသက်အာမခံ ထားဖို့ ဘာကြောင့်လိုအပ်တာလဲလို့ မိတ်ဆွေတွေးမိကောင်းတွေးမိပါလိမ့်မယ်။ အမှန်က အသက်အာမခံဆိုတာ ငွေကြေးအကာအကွယ်တစ်ခုထက်ပိုပါတယ်။

# စိတ်အေးချမ်းခြင်း
မှီခိုသူမရှိသေးရင်တောင်မှ အသက်အာမခံထားထားခြင်းအားဖြင့် မမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ ချစ်ရတဲ့သူတွေအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးလျော့ကျစေမှာပါ။

# ပရီမီယံကြေးသက်သာခြင်း
အသက်ငယ်ပြီး ကျန်းမာလေလေ၊ ပေးဆောင်ရမယ့် အာမခံပရီမီယံနှုန်းထား ပိုနည်းလေလေပါပဲ။

# စုဆောင်းငွေအပေါ် အတိုးခံစားခွင့်ရှိခြင်း
နှစ်စဉ်မှန်မှန် ပရီမီယံကြေးပေးသွင်းရုံဖြင့် စုငွေစာရင်းတစ်ခုမှ နှစ်စဉ်အတိုးနှုန်းနှင့် ဘောနပ်စ် ခံစားခွင့်များရရှိနိုင်မှာပါ။

# ကျန်းမာရေးအကာအကွယ်ရှိခြင်း
အချို့အာမခံမူဝါဒတွေမှာ ရေရှည်နာမကျန်းဖြစ်တာမျိုးအတွက် အကျိုးခံစားမှုတွေထားရှိပေးထားပါတယ်။

# အနာဂါတ်မှာ ပြောင်းလွယ်ပြင်လွယ်ခြင်း
အာမခံအကာအကွယ်အသစ်တစ်ခု နောက်မှ စတင်လျှောက်ထားတာထက် ရှိပြီးသားအာမခံကို အချိန်မရွေး လိုသလိုပြင်ဆင်ပြောင်းလဲလို့ရတဲ့ ထာဝရသုခ အသက်အာမခံအမျိုးအစားရှိနေပါတယ်။

# အချိန်မရွေးထုတ်ယူသုံးစွဲခွင့်ရှိခြင်း
အချိန်တစ်ခုရောက်လို့ ရင်းနှီးမြှုပ်နှံမှုထဲ ထပ်ဖြည့်ချင်လို့ပဲဖြစ်ဖြစ်၊ ပညာရေးကိစ္စကြောင့်ပဲဆိုဆို ကြီးကြီးမားမားကုန်ကျစရိတ်ရှိခဲ့လို့ ငွေကြေးလိုအပ်မှုရှိခဲ့သော် မိမိစုငွေပမာဏမှ သတ်မှတ် % အတိုင်းထုတ်ယူသုံးစွဲခွင့်ကို အာမခံအကာအကွယ်မပျက် ထုတ်ယူသုံးစွဲနိုင်ပါသေးတယ်။

ဒီထက်မက သိချင်တာလေးတွေရှိနေသေးရင်တော့ ကျွန်မကိုတိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ လူကြီးမင်းတို့အတွက် အကောင်းဆုံးအကြံဉာဏ်များပေးဖို့ အမြဲ အဆင်သင့်ပါ။

အားလုံးကိုချစ်တဲ့
ဒေါ်ရွှေစင်ဝင်း
Financial Adviser
Chubb Life Myanmar
09421055595

ဟိတ်!သူငယ်ချင်းအာမခံထားဖို့ဆိုတာ လွယ်လွယ်လေးပါ။ မင်းသာ ကျန်းမာနေသေးတယ်ဆိုရင်ပေါ့။မင်းအတွက် အချိန်ပြည့် ကိုယ်ရှိနေပါတယ်။C...
18/09/2024

ဟိတ်!
သူငယ်ချင်း
အာမခံထားဖို့ဆိုတာ လွယ်လွယ်လေးပါ။ မင်းသာ ကျန်းမာနေသေးတယ်ဆိုရင်ပေါ့။
မင်းအတွက် အချိန်ပြည့် ကိုယ်ရှိနေပါတယ်။

Call me now!

🤳 09421055595

17/09/2024

ချစ်သောမိတ်ဆွေတို့အတွက် အထူးသတင်းကောင်းလေးတခု ပြောပြသွားမယ်နော်။

ဒီတစ်ပါတ် တနင်္ဂနွေနေ့မှာ Professor Dr. Kyaw Zin Wai မှ HEALTHY KIDS, SAFE FUTURE AND INSURANCE IMPACT ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကလေးမိဘများအတွက်ရည်ရွယ်တဲ့ ဟောပြာပွဲတခု တက်ရောက်ခွင့်ရကြမှာဖြစ်ပါတယ်။ အချိန်က နံနက် ၉:၃၀ မှ ၁၁:၃၀ ထိဖြစ်ပြီး နေရာကတော့ Chubb Life Myanmar Office ဖြစ်တဲ့ 18th Floor, Tower 2, Myanmar Plaza. ဖြစ်ပါတယ်။
တက်ရောက်လိုသောမိတ်ဆွေအပေါင်း မနက်ဖြန် ရုံးဆင်းချိန် နောက်ဆုံးထား၍ ကျွန်မထံစာရင်းပေးနိုင်ပါတယ်။

ကလေးမိဘများ မလွတ်သင့်တဲ့အခွင့်အရေးလေးမို့ ပါဝင်စေချင်ပါတယ်။
ဖိတ်စာရတော့ သေချာထပ်တင်ပေးမယ်နော်🥰

အားလုံးကိုချစ်တဲ့

ဒေါ်ရွှေစင်ဝင်း
Financial Adviser
Chubb Life Insurance Myanmar
09421055595

မိတ်ဆွေ အဲ့လို နောက်မကျရလေအောင် ခုကတည်းက ဆက်သွယ်လိုက်နော်။ ကျွန်မထွက်မပြေးချင်ဘူးလို့ 🥰။အားလုံးကိုချစ်ခြင်းဖြင့် အကြံပေး...
16/09/2024

မိတ်ဆွေ အဲ့လို နောက်မကျရလေအောင် ခုကတည်းက ဆက်သွယ်လိုက်နော်။ ကျွန်မထွက်မပြေးချင်ဘူးလို့ 🥰။

အားလုံးကိုချစ်ခြင်းဖြင့် အကြံပေးလိုသော

ဒေါ်ရွှေစင်ဝင်း
Financial adviser
CHUBB Life Insurance Myanmar
09421055595

ကျွန်မရဲ့ ချစ်စွာသောမိတ်ဆွေများအတွက် စိတ်ဝင်စားလို့ တက်ရောက်လေ့လာချင်သူများကို ဖိတ်ကြားပါရစေရှင့်။Sunday ပိတ်ရက်ကလေးမှာ ...
11/09/2024

ကျွန်မရဲ့ ချစ်စွာသောမိတ်ဆွေများအတွက် စိတ်ဝင်စားလို့ တက်ရောက်လေ့လာချင်သူများကို ဖိတ်ကြားပါရစေရှင့်။
Sunday ပိတ်ရက်ကလေးမှာ မိသားစုနဲ့ အပြင်ထွက်ရင်း မိသားစုအနာဂါတ်ဘဝအေးချမ်းစေဖို့ လေ့လာစီစဉ်နိုင်ပါတယ်ရှင့်။
ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝများပိုင်ဆိုင်နိုင်ကြပါစေရှင်။

PS. ဘဝရဲ့အဖိုးအတန်ဆုံးသောလူသားများဖြစ်တဲ့ လူပျို(ကြီး)၊ အပျို(ကြီး) များအတွက်လည်း အသက်အရွယ်တခုရောက်လို့ အနားယူချိန်မှာ သာယာအေးချမ်းစွာ၊ ကျန်းမာရွှင်လန်းစွာ၊ လွတ်လပ်ပေါ့ပါးစွာ ဆက်လက်ရှင်သန်နိုင်ကြစေဖို့ စီစဉ်နိုင်ပါကြောင်း ထပ်လောင်းအကြံပြုပါတယ်ရှင့်။

တက်ရောက်ဖို့ စိတ်ကူးလေးရှိရင်တော့ VVIP sitting plan လေးအတွက်နောက်မကျရလေအောင် Friday (13.9.24) နောက်ဆုံးထားလို့ hello လိုက်တော့နော။

ဒေါ်ရွှေစင်ဝင်း
Financial Adviser
Chubb Life Myanmar Insurance
09421055595

Address

No. 22(B5), Yuzana Street 7Ward (east), Thaketha
Yangon
11181

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 18:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Happy pot myanmar products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy pot myanmar products:

Share