
01/02/2025
-ကျွန်တော်တို့ 2019 ခုနှစ်မှာ စတင်ခဲ့တဲ့
Wine Collection Liquor Store kyaw Branch ကနေ ယခု Liquor Lux Authentic Spirits Store Myaing Branch အထိ ယုံကြည်စွာနဲ့
အမာခံအားပေးခဲ့ကြသော မိတ်ဆွေဟောင်းများ ၊ လက်လီ လက္ကား ဝယ်ယူအားပေးခဲ့ကြသော Liquor Industry မှ လုပ်ငန်းရှင်များ ၊ အခက်အခဲများထဲမှာ အဆင်ပြေဆုံးဖြစ်အောင် ရောင်းချပေးခဲ့သော Wholesales Supplier များ ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ယခုအခါမှာတော့ ကျွန်တော်တို့ရဲ့ Liquor Lux Authentic Spirits Store ကို အကြောင်းအရင်းများစွာနဲ့ အပြီးပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ ကြေငြာပါရစေ။
ဆိုင်ရှိ လက်ကျန်ပုလင်းများကို ရှင်းလင်းရောင်းချနေခြင်းမှအပ A3L , WC , Liquor Lux မည့်သည့်အမည်နာမ နဲ့မှ ပုံမှန်ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို လုပ်ဆောင်ခြင်းမရှိတော့ကြောင်း အမာခံမိတ်ဆွေဟောင်းများ ၊ လုပ်ငန်းရှင်များ နဲ့ Wholesales Supplier များကို အသိပေးလိုပါတယ်ခင်ဗျာ။
ဒါ့အပြင် Asia 3 Link Trading Co.,Ltd (A3L) , Liquor Lux & Wine Collection (WC) နာမည်များကို မည်သူ တဦးတယောက်ကိုမှ လက်လွှဲရောင်းချခြင်း ၊ ကိုယ်စား ပေးအပ်ထားခြင်းများ လုံးဝ(လုံးဝ) မရှိကြောင်းကို ထပ်မံ အသိပေးအပ်ပါတယ်။
သို့ဖြစ်ပါ၍ A3L , WC , Liquor Lux အမည်အသုံးပြုပြီး လာရောက် ရောင်းချတာမျိုးရှိလာခဲ့ရင် ကျွန်တော်တို့ နဲ့ မသက်ဆိုင်တော့သည့်အတွက် မည့်သည့်ပြသနာမျိုးကိုမဆို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းနဲ့ Liquor Lux Authentic Spirits Store ရဲ့ Official Phone Number ဖြစ်တဲ့ ** 09-777 188 388 , 09-777 188 488 , 09-777 188 588 ** များကိုလည်း ဆက်လက်အသုံးပြုခြင်း မရှိတော့ကြောင်း ကို ပြောကြားလိုပါတယ်ခင်ဗျာ။
Liquor Industry များမှ
မိတ်ဆွေများနဲ့ မကြာခင်မှာ အမြန်ဆုံး ပြန်ဆုံချင်ပါသေးတယ်။
အရာအားလုံးအတွက် ကျေဇူးအထူးတင်ရှိပါတယ်။