19/03/2026
Malibu Original ကို ဘာဘေးဒိုးစ် (Barbados) နိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်
လက်ရှိ 1L ဘူးရဲ့ စျေးနှုန်းက 80000ပါရှင့်
အုန်းသီးနံ့ အဓိက (Coconut Forward): ပုလင်းဖွင့်လိုက်တာနဲ့ လတ်ဆတ်တဲ့ အုန်းသီးနံ့က သိသိသာသာ ထွက်လာပါတယ်။
သောက်ပြီးသွားရင်လည်း ပါးစပ်ထဲမှာ အုန်းသီး အရသာလေး ခပ်သင်းသင်း ကျန်ရစ်ခဲ့ပါတယ်။
သောက်နည်းဖန်ခွက်ထဲ ရေခဲထည့်၊ Malibu လောင်းထည့်ပြီး နာနတ်ရည်နဲ့ အုပ်လိုက်ရုံပါပဲ။
အရသာ: အုန်းသီးနဲ့ နာနတ်သီး ပေါင်းစပ်သွားပြီး ကမ်းခြေရောက်သွားသလိုမျိုး လန်းဆန်းတဲ့ အရသာရပါမယ်။
နေ့ခင်းဘက် အလုပ်တွေရှုပ်ပြီးလို့ ညနေစောင်း အပန်းဖြေတဲ့အချိန်မှာ ရေခဲအေးအေး၊ အအေးတစ်မျိုးမျိုးနဲ့ ရောစပ်ပြီး သောက်ရင် အရမ်းလန်းဆန်းစေပါတယ်။ နေပူထဲက ပြန်လာတဲ့အချိန်မျိုးမှာ ဆိုဒါနဲ့ရောသောက်တာက လူကို တကယ်ကြည်လင်သွားစေတာပါ။
သူကိုယ်တိုင်က ချိုတဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ ကိတ်မုန့်တွေ ဒါမှမဟုတ် ရေခဲမုန့်တွေနဲ့အတူ တွဲဖက်သောက်သုံးရင်လည်း အရသာထူးခြားပါတယ်။