27/05/2026
သူဌေးဆိုတာ
ကိုယ့် Plan ၊ ကိုယ့် Vision နဲ့ကိုယ်
ရှေ့ဆက်နေပြီးသားသူတွေပါ။
ဝန်ထမ်းတစ်ယောက် မရှိတော့လို့
လုပ်ငန်းတစ်ခုလုံး ရပ်သွားမယ်ထင်နေရင်
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာပဲ ဖြစ်တယ်။
လူတိုင်းမှာ အစားထိုးလို့ရတဲ့နေရာရှိတယ်။
ဒီနေ့ ကိုယ်အရေးပါတာက
ကိုယ်တကယ်မရှိမဖြစ်မို့မဟုတ်ဘဲ
အခွင့်အရေးပေးထားလို့ ဖြစ်နိုင်တယ်ဆိုတာ
သတိရဖို့လိုတယ်။
ခုခေတ် ဝန်ထမ်းတချို့က
မြှောက်စားမိရင် ခေါင်းပေါ်တက်ဖို့ပဲ သိလာကြတယ်။
အလုပ်ရှင်က အလုပ်သမားလို ပင်ပင်ပန်းပန်းလုပ်နေရပြီး
ဝန်ထမ်းကတော့ သူဌေးလို အမူအရာတွေနဲ့
ဖြစ်နေကြတာများလာတယ်။
တချို့ဆို သူဌေးကတောင် သူတို့မျက်နှာကြည့်ပြီး အလုပ်လုပ်နေရတဲ့အခြေအနေတွေရှိလာတယ်။
လူကို တန်ဖိုးထားတာက ကောင်းပါတယ်။
ဒါပေမယ့် မြှောက်စားလွန်းရင်
ကိုယ့်နေရာ၊ ကိုယ့်အဆင့်ကို မေ့သွားတတ်ကြတယ်။
“ဇီးသီးသည် ဗျိုင်းမဖြစ်ဖို့”တော့ လိုတယ်။
ရေမြင့်လို့ ကြာတင့်လာတာကို
ကိုယ်တိုင် သိပ်တက်လှပြီထင်နေကြပေမယ့်
ရေမရှိရင် ကြာလည်း မတင့်နိုင်ဘူးဆိုတာ
သတိမေ့နေတတ်ကြတယ်။
ကိုယ့်ကို အခွင့်အရေးပေးတဲ့နေရာကို
တန်ဖိုးထားတတ်ဖို့လည်း လိုသလို
လူတစ်ယောက်ရဲ့ အောင်မြင်မှုနောက်မှာ
ဘယ်သူတွေ ပံ့ပိုးထားလဲဆိုတာ မမေ့ဖို့လည်း လိုတယ်။
Mahar Twae Production