မေတ္တာရှင်ဆေးဆိုင် -မန္တလေး

  • Home
  • Myanmar
  • Yangon
  • မေတ္တာရှင်ဆေးဆိုင် -မန္တလေး

မေတ္တာရှင်ဆေးဆိုင် -မန္တလေး Medical store

  - 28 သန္ဓေတားဆေး ✌ ဝလာမှာကြောက်တယ်ဝက်ခြံဖုတွေထွက်လာမှာကြောက်တယ်၊ အသားရည်တွေမွဲခြောက်သွားမှာကြောက်တယ် ဆိုတဲ့ အမျိုးသမီး...
08/03/2025

- 28 သန္ဓေတားဆေး

✌ ဝလာမှာကြောက်တယ်
ဝက်ခြံဖုတွေထွက်လာမှာကြောက်တယ်၊
အသားရည်တွေမွဲခြောက်သွားမှာကြောက်တယ်
ဆိုတဲ့ အမျိုးသမီးတွေအတွက် အရည်အသွေးကောင်း စိတ်ချရပြီး ဘေးထွက်ဆိုးကျိူးနဲတဲ့ ဆေး
လေးဖြစ်ပါတယ်ရှင့်😘😘
Companyပစ္စည်းမို့ ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်ရှင်...
Mts pharmancy
09977170771

08/03/2025

ဆီးချိုရောဂါနှစ်မျိုးနှစ်စားရှိပါတယ်။ အမှတ် (၁) နဲ့အမှတ် (၂) ဆိုပြီးခေါ်ပါတယ်။ အမှတ် (၁) အမျိုးအစားကတော့ အင်ဆူလင်ဟိုမုန်းမထုတ်လို့ ဖြစ်ရတာဖြစ်ပြီး အဝလွန်ရောဂါနဲ့ ပါတ်သက်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အမှတ် (၂) ကတော့အဝလွန်ရောဂါရဲ့နောက်ဆက်တွဲ ပြဿနာလို့ပြောနိုင်ပါတယ်။

အဝလွန်ပြီး လှုပ်ရှားမှုနည်းသူတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်မှာ အင်ဆူလင်တွေရှိပေမဲ့ အဲဒီအင်ဆူလင်တွေကို အသုံးမပြုနိုင်ပါဘူး။ အင်ဆူလင်ဆိုတာကတော့ ပန်ကရိယမှာရှိတဲ့ ဘီတာဆဲလ်တွေကနေ ထုတ်ပေးလိုက်တဲ့ ဟိုမုန်းတစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့အဓိက တာဝန်ကတော့ကျွန်တော်တို့စားလိုက်တဲ့ အစားအစာမျိုးစုံကို အူနံရံကနေစုပ်ယူပြီး အသဲကနေတဆင့် နောက်ဆုံးမှာ ဂလူးကို့စ်အဖြစ်ပြောင်းရပါတယ်။ အဲဒီ ဂလူးကို့စ်တွေကို စွမ်းအင် (Energy) အဖြစ် အသုံးချဖို့အတွက် ဆဲလ်တစ်ခုချင်းစီကို ပို့ပေးရပါတယ်။

အဲဒီဆဲလ်တစ်ခုချင်းစီထဲဝင်ဖို့ တံခါးပေါက်နဲ့တူတဲ့ Receptor လေးတွေရှိပါတယ်။ အဲဒီတံခါးလေးတွေကို အင်ဆူလင်ကနေဖွင့်ပေးလိုက်မှ ဂလူးကို့စ်တွေဟာ ဆဲလ်ထဲဝင်လာပြီး Energy အဖြစ် အသုံးပြုရပါတယ်။ ဒါကြောင့် အစာစားပြီးတိုင်း အင်ဆူလင်ထုတ်ပါတယ်။ ပုံမှန်စားတဲ့သူတွေအနေနဲ့ အင်ဆူလင်ပုံမှန်ထုတ်လို့ ဘာပြဿနာမှမရှိပါ။ ဒါပေမဲ့ အစားကိုလိုတာထက် ပိုစားမယ်ဆိုရင် အင်ဆူလင်သာမာန်ထက် ပိုလိုပါတယ်။ အဲဒီအခါမှာ ဘီတာဆဲလ်တွေကနေပါ ပိုထုတ်ပေးရပါတယ်။

တခါတလေမှာ နောက်ဆုံးအဆင့် ကုန်ချောထိရောက်အောင် မထုတ်ရသေးတဲ့ အင်ဆူလင်တွေဟာသွေးထဲကိုရောက်လာပါတယ်။ အဲဒီအင်ဆူလင်တွေဟာ ပုံမှန်တာဝန်မထမ်းဆောင်နိုင်တဲ့အတွက် ဆဲလ်တွေရဲ့ Receptor တွေကို ဖွင့်မပေးနိုင်ပါဘူး။ ဒါကြောင့် သွေးထဲမှာ ဂလူးကို့စ် တွေများလာပါတယ်။ ဒါကိုဆီးချိုရောဂါအမှတ် (၂) လို့ခေါ်ခြင်းဖြစ်ပါတယ်။

ဆီးချိုရောဂါဆိုတာ သွေးကြောလေးတွေကို ပျက်စီးစေတဲ့အတွက် သွေးရောက်တဲ့နေရာတိုင်းကို ဖျက်ဆီးဖို့အမြဲကြိုးစားနေပါတယ်။ မျက်စိကတော့ မှုန်သွားတာနဲ့ သိသာလို့ ထင်ထင်ရှားရှားမြင်သာပေမဲ့ မမြင်ရတဲ့ နေရာတွေဖြစ်တဲ့ နှလုံးတို့ကျောက်ကပ်တို့ ဦးနှောက်သွေးကြောတို့ကိုလည်းအများကြီး ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေတွေလက်တွေဆီကိုသွားတဲ့သွေးကြောတွေကိုထိခိုက်ပျက်စီးစေတဲ့အတွက် ခြေလက်တွေပုတ်သွားတာတို့ ဖြတ်ပစ်ရတာတို့တွေလဲ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ အမှတ် (၂) မဖြစ်ရလေအောင် အဝမလွန်ဖို့ထိန်းသိမ်းရန် လိုအပ်ပါတယ်။ အထူးသဖြင့် လမ်းလျှောက်တာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာတွေ လုပ်ဖို့လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်ပြီးနေပြီဆိုရင်လဲ ခန္ဓာကိုယ်အလေးချိန်လျော့ချလိုက်တာနဲ့အမျှ ရောဂါလည်း သိသိသာသာ သက်သာလာမှာ ဖြစ်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Address

ကျိုက်ကဆံအိမ်ယာ တိုက်B အရှေ့မြင်းပြိုင်ကွင်းလမ်း (Sky Star ဟိုတယ်အနီး)ရန်ကုန်
Yangon
0504

Opening Hours

Monday 06:30 - 20:30
Tuesday 06:30 - 20:30
Wednesday 06:30 - 20:30
Thursday 06:30 - 20:30
Friday 06:30 - 20:30
Saturday 06:30 - 20:30
Sunday 06:30 - 20:30

Telephone

+959977170771

Website

Alerts

Be the first to know and let us send you an email when မေတ္တာရှင်ဆေးဆိုင် -မန္တလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share