08/01/2022
ခုတစ်ခေါက်တော့ SINGLE MALT SCOTCH တွေထဲက လူသိများတဲ့ BRAND လဲဖြစ်… ကမ္ဘာ့ အရောင်းရဆုံး ဝီစကီနိုင်ငံဖြစ်တဲ့ စကော့ထ်လန်ရဲ့ ပထမဆုံး တရားဝင် လိုင်စင်ရ DISTILLERY လဲဖြစ်တဲ့ THE GLENLIVET အကြောင်းရေးဦးမယ်။ သူက SCOTLAND ရဲ့ SPEYSIDE, HIGHLANDS, LOWLANDS, ISLAY, CAMPBELTOWN နဲ့ ISLANDS ဆိုပြီး ဝီစကီတွေထွက်ရှိရာ စကောထ့်လန်ရဲ့ အထင်ကရဒေသကြီး ၆ ခုရှိတဲ့အနက် အရှေ့မြောက်ဖျားပိုင်းမှာရှိပြီး SINGLE MALT တွေနဲ့ပတ်သက်လို့ အစဉ်အလာကြီးမားတဲ့ SPEYSIDE ကနေထွက်တာ။
THE GLENLIVET အမှတ်တံဆိပ်ကို စပြီး ထူထောင်ခဲ့သူက GEORGE SMITH… ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်နေချိန် ၁၈၂၄ ခုနှစ်မှာပဲ SPEYSIDE ရဲ့အလယ်ဗဟိုတည့်တည့်မှာရှိတဲ့ GLEN (တောင်ကြားဒေသ) တစ်ခုမှာ GLENLIVET စတင်ခဲ့လေရဲ့။ အဲ့ဒိတောင်ကြားဒေသမှာ LIVET အမည်ရှိ ကြည်လင်နေတဲ့ မြစ်ငယ်တစ်စင်းစီးဆင်းနေတာဖြစ်လို့ GLENLIVET DISTILLERY လို့အမည်တွင်စေခဲ့တာ။ GLENLIVET ကို ဘာသာပြန်ရင်တော့”ချောမွေ့ငြိမ်သက်စွာစီးဆင်းနေတဲ့ မြစ်ကလေးရှိရာတောင်ကြား” လို့ ပြန်ရမှာပေါ့။ ဒီနေရာမှာတစ်ခုပြောစရာရှိတာက SPEYSIDE မှာ ၁၇၀၀ ပြည့်နှစ်အစောပိုင်းတွေကတည်းက အရက်ချက်စက်ရုံတွေရှိနှင့်ပြီးဖြစ်ပေမယ့် မှတ်ပုံတင်ခွင့်မရှိခဲ့သေးတာကြောင့် တရားဝင်ရပ်တည်ခွင့် မရခဲ့ကြသေးဘူး။ GLENLIVET ကလည်း အဲ့ကတည်းက ရှိနေခဲ့ပေမယ့် မှတ်ပုံတင်ခွင့်စောင့်ဆိုင်းနေရဆဲပဲ။ ၁၈၂၂ မှာတော့ ဗြိတိန်ဘုရင် KING GEORGE IV တစ်ယောက် SPEYSIDE ကို ရောက်လာခဲ့ပြီး GLENLIVET သောက်ချင်ကြောင်း BY NAME နဲ့ ပြောပါရော။ ၁၈၂၃ မှာ စတုတ္ထမြောက် ဂေါ်ဒွန်မြို့စား အလက်ဇန်းဒါး ဂေါ်ဒွန်က ၁၈၂၃ အက်ဥပဒေနဲ့ ပါလီမန်မှာ ဥပဒေပြဌာန်းပေးပြီး အရက်ချက်စက်ရုံတွေကို မှတ်ပုံတင်ခွင့်ပြုလိုက်တော့ GLENLIVET က ၁၈၂၄ မှာပဲ အစောဆုံးတရားဝင်မှတ်ပုံတင်နိုင်ခဲ့ပြီး စကော့ထ်လန်ရဲ့ ပထမဆုံးသောတရားဝင် DISTELLERY ဖြစ်ခဲ့တာကြောင့်သူ့နာမည်မှာ THE (TITLE) တပ်ခဲ့ကာ THE GLENLIVET လို့ပြောင်းခေါ်ခွင့်ရခဲ့တာပေါ့။
အဲ့ဒိအချိန်ကနေ တောက်လျှောက်ရပ်တည်လည်ပတ်လာခဲ့တဲ့ THE GLENLIVET ဟာ ကမ္ဘာ့အဆိုးရွားဆုံး စီပွားပျက်ကပ်ကြီးဖြစ်ခဲ့တဲ့ GREAT DEPRESSION 1930’S ကာလတွေမှာတောင် အခက်အခဲတွေကို ကျော်ဖြတ်ရပ်တည်လာခဲ့ပြီး သက်တမ်းတလျှောက်တစ်ကြိမ်တည်းသော စက်ရုံပိတ်ထားခဲ့ရတဲ့အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ချိန်ကာလ တစ်ချို့ပဲရှိခဲ့လေရဲ့။ အဲ့လိုအစဉ်အလာကြီးပြီး သက်တမ်းရှည်ကြာမှုတွေကြောင်လဲ့ SPEYSIDE SINGLE MALT တွေရဲ့ ပြယုဒ်တစ်ခုအဖြစ် အခြားသော SINGLE MALT တွေအဖို့ စံနမူနာထား နှိုင်းယှဉ်စရာ အမှတ်တံဆိပ်တစ်ခု ဖြစ်နေတာပေါ့။ ကမ္ဘာ့ SINGLE MALT SCOTCH ဈေးကွက်ကို နံပါတ်၂ နေရာက လိုက်နေရာကနေ နိုင်ငံတကာက ဆုတံဆိပ်များစွာကိုလဲရခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်တာသက်တမ်းအတွင်း နံပါတ် ၁ ရောင်းအား အတိုးတက်ဆုံး BRAND ဖြစ်လာတော့ အခုဆိုရင် နှစ်စဉ်ပျမ်းမျှ ပုလင်းအရေအတွက် ၆ သန်းအထိတောင် ထုတ်နေခဲ့ရပေါ့။ ရောင်းအကောင်းဆုံး အမေရိကန် တစ်နိုင်ငံထဲမှာတင် နှစ်စဉ် ပုလင်းပေါင်း ၂.၄ သန်းရောင်းနေရတော့ အမေရိကန်တွေ သောက်သမျှ ယမကာအားလုံးရဲ့ ၇ % ဟာ GLENLIVET ဖြစ်လို့ နေရော။
ပြိုင်ပွဲတွေမှာ ဆု ခဏ ခဏ ရတတ်တဲ့ GLENLIVET ရဲ့ ဆုတံဆိပ်တွေကိုကြည့်ရင် ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဒီလိုတွေ့လိမ့်မယ်။
THE GLENLIVET 12YR SINGLE MALT က ဒုတိယ ငွေတံဆိပ် ၄ ခု နဲ့ ပထမ ရွှေတံဆိပ် ၁ခု၊ စုစုပေါင်း ၅ခုကို SAN FRANCISCO WORLD SPIRITS COMPETITION ကနေ ၂၀၀၅ ကနေ ၂၀၁၀ အကြား ၅ နှစ်တာကာလ ပြိုင်ပွဲတွေမှာ ရခဲ့တယ်။
THE GLENLIVET 15YR FRENCH OAK RESERVE SINGLE MALT ကတော့ ၂၀၀၉ ခုနှစ် SAN FRANCISCO WORLD SPIRITS COMPETITION မှာ ပထမရွှေတံဆိပ်ဆု ချိတ်တယ်။
THE GLENLIVET 16YR NÀDURRA SINGLE MALT အနေနဲ့ ၂၀၀၉ ခုနှစ် SAN FRANCISCO WORLD SPIRITS COMPETITION မှာ ဒုတိယ ငွေတံဆိပ်…။
THE GLENLIVET 18YR ကတော့ အအောင်မြင်ဆုံးလို့ ပြောရမယ်။ ၂ ထပ်ကွမ်း ရွှေတံဆိပ်ကိုတောင် ၅ကြိမ်တိတိ SAN FRANCISCO WORLD SPIRITS COMPETITION ကနေ ၂၀၀၅ ကနေ ၂၀၁၂ အကြား ၇ နှစ်တာကာလ ပြိုင်ပွဲတွေမှာ ရခဲ့တာဆိုတော့…။
18YR NADURRA ကျတော့ နှစ်ထပ်ကွမ်းရွှေတံဆိပ်ကို ၂၀၁၀ SAN FRANCISCO WORLD SPIRITS COMPETITION မှာရခဲ့ပြီး THE BEVERAGE TESTING INSTITUTE ရဲ့ ရမှတ် 94/100 ကို အဲ့ဒိနှစ်မှာပဲ ထပ်ပြီး ရခဲ့…။
THE GLENLIVET 21YR SINGLE MALT ကျတော့ နှစ်ထပ်ကွမ်းရွှေတံဆိပ် ၁ခု၊ ရွှေတံဆိပ် ၁ခုနဲ့ ငွေတံဆိပ်၁ခု တို့ကို SAN FRANCISCO WORLD SPIRITS COMPETITION ရဲ့ ၂၀၀၇ ကနေ ၂၀၁၀ ကြား ၃ နှစ်အတွင်း ဆွတ်ခူးခဲ့ပြီး THE BEVERAGE TESTING INSTITUTE ရဲ့ ရမှတ် 94/100 ကို ၂၀၀၉ နဲ့ 93/100 ၂၀၁၀ တို့မှာ ရခဲ့တယ်….။
THE GLENLIVET XXV (25YR) SINGLE MALT ကတော့ ငွေတံဆိပ်ကို ၂၀၀၉ ခုနှစ် SAN FRANCISCO WORLD SPIRITS COMPETITION ကနေ ရပြီး THE BEVERAGE TESTING INSTITUTE က ၂၀၁၀ မှာ ရမှတ် 95/100 တောင် ပေးခဲ့တဲ့အထိပဲ….။
F4 Liquor House
No.74,Upper Baho Road,(2)Ward,
Mayangone Township,Yangon.
Ph-09-787400004