22/07/2025
ဝေါ်ကီ သောက်ရာတွင်
🍂 ဖက်ကြမ်း နှင့် 🧻 Rolling Paper တို့ဖြင့် အများစုသောက်သုံးကြပါတယ်။ သောက်သုံးသူတွေ ရဲ့ အကြိုက်တွေ မတူနိုင်တာကြောင့်
🍂 ဖက်ကြမ်း နှင့် 🧻 Rolling Paper တို့ရဲ့
မတူညီ ကွဲပြားတဲ့ အချက်လေးတွေကို
ပြောပေးသွားပါမယ်....
🍁ဖက်ကြမ်း
ဖက်ကြမ်း နဲ့ လိပ်ရာတွင် ဆေးသား (သို့) စီးကရက်ကို ခွာပြီး ဆေးခြောက်ထဲ ထည့်ပြီး Roll ခြင်းဖြင့် ဖက်ကြမ်းတွင် ဆေးရွက်ကြမ်း (To***co) ပါဝင်ရောနှော သွားပြီး နီကိုတင်းနှင့် ဆေးရွက်ကြမ်း ရောနှောသွားသည့် ရနံ့ ကိုရမည်။ဖက်ကြမ်း သောက်ရာတွင် အားသာချက်ကတော့ ဖက်အရွက် ထူပြီး မီးလောင်ကျွမ်းမှုနှေးသဖြင့် ပိုမိုအချိန်ကြာရှည်စွာသောက်နိုင်ပါသည်။ ဘော်ဒါတွေနဲ့ ဝေမျှသောက်ရာတွင်လဲ ပိုမို အဆင်ပြေပါသည်။ အရသာ ကတော့ ဆေးရွက်ကြီး၏ခါးသက်သောအရသာနှင့် ဆေးခြောက်ရနံ့ ရောစပ်မှုကို နှစ်သက်သူများအတွက် အထူးကြိုက်မှာ အသေအချာပါပဲ။ဆိုးကျိုးကတော့ ဆေးရွက်ကြီးတွင် နီကိုတင်းဓာတ် ပါဝင်သောကြောင့် ဆေးလိပ်ကဲ့သို့သော စွဲလမ်းမှုနှင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါတယ်။ အလွန်အကျွံသောက်သုံးပါက အဆုတ်ကို ပိုမိုထိခိုက်စေနိုင်ပါသည်။
🧻Rolling Paper
Rolling Paper တွေကိုပါးလွှာသောစက္ကူ (ဥပမာ - H**p, Rice, သို့မဟုတ် Flax မှပြုလုပ်ထား)ပါတာကြောင့် ဆေးခြောက်၏အရသာကို ပိုမိုသိသာ ဆေးခြောက်ရဲ့ မူလအရသာနှင့် အာနိသင်ကို ပိုခံစားနိုင်ပါသည်။ နီကိုတင်းမပါဝင်သဖြင့် ဖက်ကြမ်းထက် အန္တရာယ်နည်းသည်။ သို့သော် မီးခိုးရှူခြင်းကြောင့် အဆုတ်အတွက် တော့ အန္တရာယ်ရှိဆဲဖြစ်သည်။ စက္ကူသား ပါး သဖြင့် လောင်ကျွမ်းမှုမြန်ပြီး သိပ်မကြာခဏပြန်လိပ်ရခြင်း၊ဘော်ဒါတွေနဲ့ ဝေသောက်ရာတွင် အကုန်မြန်ခြင်း တို့ဖြစ်နိုင်ပါသည်။
ဖက်ကြမ်း ကို ဆေးရွက်ကြီး နှင့် ဆေးခြောက်ရောစပ်သောအရသာကို နှစ်သက်သူများ၊အချိန်ကြာကြာ အထားခံပြီး လူအများနှင့်မျှဝေလိုသူများ အသောက်များကြပြီး Rolling Paper ကို ဆေးခြောက်၏သဘာဝအရသာနှင့် အာနိသင်ကို သန့်သန့်ခံစားလိုသူများ၊နီကိုတင်းကင်းစင်ပြီး ကျန်းမာရေးနှင့်ပိုညီညွတ်သောနည်းလမ်းကိုလိုလားသူများ အသောက်များတာတွေ့ရပါတယ်။