The Ray News

The Ray News Lucky Mobile Korea

ဒီနေ့ခေတ် လူငယ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့သမိုင်းထဲက “ရာဇဝင်ထဲက စစ်မှန်တဲ့ချစ်ခြင်း - မင်းရဲကျော်စွာနဲ့ စောပ...
28/01/2026

ဒီနေ့ခေတ် လူငယ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့သမိုင်းထဲက “ရာဇဝင်ထဲက စစ်မှန်တဲ့ချစ်ခြင်း - မင်းရဲကျော်စွာနဲ့ စောပုလဲ” အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ 💌📜
✨ မာန်ဟုန်ပြင်းတဲ့ စစ်သည်တော်ရဲ့ ရင်ထဲက နူးညံ့တဲ့ ချစ်ခြင်း ✨
မြန်မာ့သမိုင်းမှာ “အင်းဝမင်းရဲကျော်စွာ” ဆိုရင် မသိသူမရှိလောက်အောင် တိုက်ပွဲတိုင်းမှာ ရဲရဲတောက် အောင်ပွဲခံခဲ့တဲ့ စစ်သူရဲကောင်းကြီးတစ်ဦးပါ။ ဒါပေမဲ့ ခိုင်မာလှတဲ့ သူ့ရဲ့သံမဏိနှလုံးသားကို အရည်ပျော်စေခဲ့တာကတော့ ပဲခူးဘုရင် ရာဇာဓိရာဇ်ရဲ့ သမီးတော် “စောပုလဲ” ပဲ ဖြစ်ပါတယ်။
💔 ရန်သူ့သမီးနဲ့ ရေစက်ဆုံခြင်း
အင်းဝနဲ့ ဟံသာဝတီ (ပဲခူး) တို့ နှစ်ပေါင်းလေးဆယ်စစ်ပွဲတွေ ပြင်းထန်နေချိန်မှာ မင်းရဲကျော်စွာဟာ ပဲခူးနယ်မြေတွေကို သိမ်းပိုက်ရင်း မင်းသမီးလေး စောပုလဲကို သုံ့ပန်းအဖြစ် ရရှိခဲ့ပါတယ်။ ရန်သူ့သမီးတော်ဖြစ်ပေမဲ့ မင်းသမီးလေးရဲ့ ကျော့ရှင်းတဲ့အလှနဲ့ နူးညံ့တဲ့အမူအရာတွေက မင်းရဲကျော်စွာကို တစ်ဖက်သတ် စွဲလမ်းသွားစေခဲ့ပါတယ်။
⚔️ စစ်မြေပြင်နဲ့ အချစ်
မင်းရဲကျော်စွာဟာ စစ်မြေပြင်မှာ ရက်စက်ပြတ်သားသူဖြစ်ပေမဲ့ စောပုလဲအနားမှာတော့ အလိုလိုက် အကြင်နာပိုတဲ့ ချစ်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ တိုက်ပွဲထွက်တိုင်းမှာလည်း စောပုလဲကို အမြဲတမ်း တယုတယ လိုက်ပါစေခဲ့ပါတယ်။ ဒါဟာ ရာဇဝင်ထဲမှာ အလွန်ရှားပါးတဲ့ “ရန်သူချင်း ချစ်မိတဲ့ ဇာတ်လမ်းလေး” တစ်ခုပေါ့။
🥀 ကြေကွဲစရာ ဇာတ်သိမ်း
ဒါပေမဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။ ကုလားကျကျောင်းတိုက်ပွဲမှာ မင်းရဲကျော်စွာ ကျဆုံးသွားတဲ့အခါမှာတော့ စောပုလဲတစ်ယောက် ယူကျုံးမရ ကြေကွဲခဲ့ရပါတယ်။ မင်းရဲကျော်စွာရဲ့ နောက်ဆုံးအချိန်မှာတောင် သူ့ရဲ့ ချစ်လှစွာသော စောပုလဲကို မြင်တွေ့သွားချင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းအချို့က ဆိုပါတယ်။
📖 ဒီဇာတ်လမ်းလေးက ဘာကိုပြသလဲ?
သမိုင်းဆိုတာ စစ်ပွဲတွေချည်းပဲ မဟုတ်ပါဘူး။ အမုန်းတရားတွေ ကြားထဲမှာ ပွင့်လန်းခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတွေကလည်း သမိုင်းကို ပိုမိုသက်ဝင်စေပါတယ်။ ဘယ်လောက်ပဲ မာနကြီးတဲ့ စစ်သူရဲကောင်းဖြစ်ပါစေ... မေတ္တာတရားရှေ့မှာတော့ ဒူးထောက်ခဲ့ရတာပါပဲ။
ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့သမိုင်းကြောင်းလေးတွေကို သိရှိချင်ရင် ကျွန်တော်တို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ ✅📌
#မြန်မာ့သမိုင်း #မင်းရဲကျော်စွာ #စောပုလဲ

ဘစံ နောက်ကျခဲ့တယ်………………………………(၁)သစ်ပင်ကြီးတွေ က အုံ့ဆိုင်းမှုံပျပျ။မီးသဂြိုလ်စက်အဆောက်အဦနှင့် ခေါင်မိုးနီနီဇရပ်လေး၏ ဘေးမ...
10/01/2026

ဘစံ နောက်ကျခဲ့တယ်

………………………………

(၁)

သစ်ပင်ကြီးတွေ က အုံ့ဆိုင်းမှုံပျပျ။

မီးသဂြိုလ်စက်အဆောက်အဦနှင့် ခေါင်မိုးနီနီဇရပ်လေး၏ ဘေးမှ အသာကပ်လျှောက်ပြီး လာခဲ့လျှင်တော့ ဟိုးနောက်ဘက်အစွန်ဆုံးကျကျမှ အုတ်ဂူအဟောင်းတွေကို တွေ့ရလိမ့်မယ်။

သန်လျင်မြို့၊ အမိုးနီသုသာန် ရဲ့ အဲ့ဒီအုတ်ဂူအဟောင်းတွေထဲမှာ သေချာလေ့လာကြည့်ရင်တော့ ထူးခြားမှု တစ်ခုကိုတွေ့ရနိုင်တယ်။

ပြိုစ၊ပျက်စ၊ အညှိ့အကြေးတက်စ အဲ့ဒီအုတ်ဂူတွေကြားမှာ ထူးခြားမှုဆိုတာ ဘာများပါလိမ့်။

သေသေချာချာရှာဖွေလျင်တော့ သူ့ရဲ့အုတ်ဂူကို သတိထားမိကြမှာပါ။

''ဘစံ နောက်ကျခဲ့တယ်''

ထူးထူးခြားခြား အုတ်ဂူပေါ်မှာ ဖောင်းကြွစာလုံးနဲ့ ရေးထိုးထားတဲ့ စာတန်းတစ်ခု။

''ဘစံ နောက်ကျခဲ့တယ်''

ဘစံဟာ ဘယ်သူလဲ။ ဘစံ ဘာတွေနောက်ကျခဲ့ပါသလဲ။



(၂)

''မောင်ဘစံ..ဖခင်နာမည်''

''ဦးစံတိုး''

''ဖခင်အလုပ်အကိုင်''

''ကွယ်လွန်ပါ''

''မိခင်နာမည်''

''ဒေါ်ခင်နွဲ့''

''အမေကရော''

''အမေလည်း ကွယ်လွန်ပါ..ဆရာမ''

ရှေ့ဆောင်လူငယ်လူရည်ချွန်များရဲ့ နွေရာသီအားလပ်ရက်စခန်းသွင်းသင်တန်း အတွက် ကိုယ်ရေးအချက်အလက်မှတ်နေတဲ့ ဆရာမဟာ သူ့ရှေ့မှာ လက်ပိုက်ရပ်နေတဲ့ မောင်ဘစံ ကလေးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။

မောင်ဘစံကတော့ ဆရာမရဲ့ အကြည့်တွေကို စူးစူူးရဲရဲပဲ တုံ့ပြန်လိုက်တယ်

''ဆရာမ…ဘာဖြစ်တာလဲ..မေးစရာရှိတာ ဆက်မေးပါ''

မောင်ဘစံ ရဲ့ ခပ်တင်းတင်းအသံ။

''သားရဲ့ အခုအုပ်ထိန်းသူက ဘယ်သူလဲ''

''အန်တီစိုးပါ..သားအဖေရဲ့ အမ''

''သြော်..အင်း..သား…နွေရာသီကန့်အတွက်ဆို ဒီဖောင်ရဲ့ အောက်ဆုံးမှာ သူ့ခွင့်ပြုချက်လက်မှတ်လိုတယ်သား''

''သားဘာသာ လက်မှတ်ထိုးလို့ မရဘူးလား..ဆရာမ''

''မရဘူးကွဲ့..သားတို့က မိဘအုပ်ထိန်းမှုအောက်မှာ ရှိသေးတဲ့အရွယ်ဆိုတော့ မိဘခွင့်ပြုချက်လိုတယ်''

''ဟာ..သားမှာ မိဘမရှိပါဘူးဆို''

ဘစံမျက်လုံးစုံမှိတ်ပြီး အော်လိုက်တဲ့အသံက တစ်ခန်းလုံးက ကျောင်းသားတွေတင်မကဘူး။ အပြင်ဘက် ဆရာများနားနေဆောင်လောက်ပါ ကြားရလောက်တယ်။

ဆရာမ လည်း လန့်ဖြန့်သွားတယ်။

''အေးပါကွယ်.အေးပါ..ဒါဆိုလည်း မင်းအဒေါ်လက်မှတ်..အဲ့ဒါကို ပြောတာပါ''

''အဒေါ်လည်း မရှိဘူး..ဆရာမ''

''အဒေါ်က မြသလွန်ဘုရားပွဲမှာ ဈေးသွားရောင်းတယ်ဆရာမ''

''သူက ဘယ်တော့ပြန်လာမှာလဲ''

''တစ်လလောက်ကြာမှာ ဆရာမ''

''ဟင်..ဒါဆို သား အိမ်မှာ ဘယ်သူနဲ့နေလဲ''

''သားတစ်ယောက်တည်းပဲနေတယ်။ အဒေါ်ကြီးထားခဲ့တဲ့ ပိုက်ဆံရှိတယ်။ ကိုယ့်ဘာသာ ထမင်းချက်စားတယ်။ ကိုယ့်ဘာသာကျောင်းလာတယ်။ အဲ့ဒီတော့ ကိုယ့်ဘာသာ တာဝန်ယူပြီး လက်မှတ်ထိုးလို့ရော မရဘူးလား..ဆရာမ''

ဆရာမ ဘာပြန်ပြောရမှန်းပင်မသိတော့။



(၂)

''ကျွန်တော် ဆယ်တန်းအောင်တယ်..အန်တီကြီး''

အညာပွဲဈေးသို့ တက်ရန်အတွက် ငါးရံခြောက်များကို ဈေးနှုန်းအလိုက် ခွဲခြားနေသော အဒေါ်ကြီးကတော့ ဘစံရဲ့ အနိမ့်အမြင့်မရှိတဲ့ လေသံကို နှစ်ပေါင်းများစွာ အသားကျနေလေပြီ။

''ဂုဏ်ထူး နှစ်ဘာသာ ပါတယ်''

''အေး..အဲ့ဒီတော့..သား ဘာတက်ချင်လဲ''

''ကျွန်တော် စာပေးစာယူပဲတက်မယ်။ ကိုယ့်ပိုက်ဆံကိုယ်ရှာဖို့ အလုပ်လုပ်တော့မယ်..အန်တီကြီး''

''ငါနဲ့ ဈေးလိုက်ရောင်းမလား''

ဘစံ ထံမှ မည်သည့်အဖြေမှ ပြန်မလာ။

ဘစံဟာ သူ့ရဲ့ ကိုယ်ပိုင်အခန်းငယ်လေးထဲကို ရောက်တာနဲ့ အိပ်ရာပေါ် လှဲချလိုက်တယ်။

မလဲတာကြာလို့ အောက်သိုးသိုးဖြစ်နေပြီဖြစ်တဲ့ အိပ်ရာခင်းရဲ့ အနံ့ဟာတော့ ဘစံအတွက် ယဉ်ပါးနေပြီးသား။

ပြီးတော့ သူ့ခေါင်းရင်းက ဖတ်လက်စ စာအုပ်ကို ကောက်လှန်လိုက်တယ်။

စာအုပ်ခေါင်းစဉ်မှာရေးထားတာက…''မက်စ်ဝါဒ အခြေခံသဘောတရားများ''။

''ဟေ့..ဘစံ..ဘစံ''

စာဖက်လက်စ အိပ်ပျော်နေတဲ့ ဘစံ တစ်ယောက် တင်မောင်မောင် အသံကြောင့် နိုးလာတယ်။

တင်မောင်မောင်ဆိုတာ ဘစံ တို့ ဘေးအိမ်က။

ဘစံအဒေါ်အိမ်နဲ့ တင်မောင်မောင့်အိမ်ဟာ တခြံဝန်းထဲကို နှစ်ပိုင်းခွဲထားတဲ့ ခြံတွေ။ ခြံချင်းက သိပ်ကပ်လွန်းပြီး မိသားစုချင်းလည်း ရင်းနှီးကြတဲ့အတွက် ခြံစည်းရိုးပင် ခတ်မထား။

ထိုစဉ်က သံလျင်မြို့ဆိုသည်မှာ အေးချမ်းငြိမ်သက်သောမြို့ကလေး။

သူငယ်ချင်းအပေါင်းအသင်းနည်းလွန်းတဲ့ ဘစံအတွက်တော့ တင်မောင်မောင် ဟာ တစ်ဦးတည်းသောနဲ့ အခင်မင်ရဆုံးကောင်ပဲ။

''ဟေ့ရောင်..ဘစံ..မနက်ဖြန် ရန်ကုန်ဘက် ကူးရအောင်ကွာ..ပပဝင်းရုံမှာ ဝင်းဦး ကားသစ်တင်နေတယ်''

''ဟာ..မင်းကလည်း လိုက်ခဲ့ပါကွ…ငါဆယ်တန်းအောင်လို့ဆိုပြီး မုန့်ဖိုး တစ်ဆယ်တောင် ရထားတယ်..ဆရာ.. ရုပ်ရှင်ကြည့်ပြီးရင်..မြို့ထဲ နည်းနည်းပါးပါးလိုက်ဂျပိုးထိုးတာပေါ့..ပြီးတော့ မင်းပဲ..ဟိုတလောက ပန်းဆိုးတန်းက ကိုအေးငွေ ဆီမှာ စာအုပ်တစ်အုပ် ယူစရာရှိတယ်ဆို..လိုက်ခဲ့ပါကွ..ငါ..ဝက်ထောနေတုန်းအချိန်မို့ပါ''

ဘစံခေါင်းညိတ်လိုက်တယ်။

ဟုတ်တာပေါ့။ ကိုအေးငွေ ဆီကို သူသွားရဦးမယ်။

ဘုံဝါဒနှင့် ဗမာပြည်ဆိုတဲ့ စာအုပ် အဟောင်းလေးတစ်အုပ် ကိုအေးငွေ ဆီက သူငှားထားတာ ကိုအေးငွေကလည်း လာယူဖို့ ပြောထားသည်ကိုး။

နောက်တစ်နေ့နံနက်။

၁၂ နာရီခွဲပွဲ ရုပ်ရှင်ပြီးသည်နှင့် သူတို့နှစ်ယောက် ကိုအေးငွေ ဆီ ရောက်သွားတယ်။

ကိုအေးငွေက ရွှေကြည်အေး လက်ဘက်ရည်ဆိုင်ရဲ့ ထောင့်စားပွဲမှာ တစ်ယောက်တည်း။

'ဘစံနဲ့ တင်မောင်မောင် လာဟေ့..ခဏထိုင်ဦး..ဘစံ မင်းပြောထားတဲ့စာအုပ် ငါသွားယူလိုက်ဦးမယ်''

ဘစံတို့ ဆမူဆာတစ်ယောက်တစ်ခု၊ လက်ဘက်ရည်တစ်ယောက်တစ်ခွက်ဖြင့် ကိုအေးငွေ ပြန်အလာကို ထိုင်စောင့်တယ်။

''ရော့..ဘစံ..မင်းဖတ်ချင်တဲ့စာအုပ်..သြော်..ဒါနဲ့…အခုပဲ ငါ့အကိုနဲ့ တွေ့ခဲ့တာ..ငါ့အကိုက ပါတီယူနစ်ရုံးမှာလေ..အဲ့ဒါ..ပါတီယူနစ်ရုံးမှာ ဆယ်တန်းအောင်ပြီးသားထဲက လုပ်အားပေးလိုလို့ တဲ့..တစ်လ အစိတ်ရမယ်.အဲ့ဒါ ဘစံ နဲ့ တင်မောင်မောင် မင်းတို့ ထဲက ဘယ်သူလုပ်မလဲ''

''ကျွန်တော်က အာအိုင်တီတက်မှာ ကိုအေးငွေ..ဘစံမင်းကရော''

''အတော်ပဲ..ကိုအေးငွေရေ..ကျွန်တော်လည်း..စာပေးစာယူတက်ရင်း အလုပ်လုပ်ချင်နေတာနဲ့..ဒါနဲ့.. ဘယ်မှာ ရုံးတက်ရမှာတုန်း''

''မနက်ဖြန် ထပ်လာခဲ့ကွာ..ရုံးကတော့ ပါတီရုံးချုပ်မှာပဲ…မင်းကျောင်းတက်လည်း ရန်ကုန်တကသိုလ်ပဲလေကွာ.. အဆင်ပြေတာပေါ့..နေတာတော့ ပါတီရုံးချုပ်မှာ ကပ်နေလို့ရတာပဲ..ရုံးအိပ်ရုံးစားပေါ့''

''အိုကေဗျာ..ဒီလိုဆို ဘစံ လည်း အလုပ်ပါတစ်ခါတည်းရသွားပြီ..ကဲ..ကိုအေးငွေပါလိုက်ခဲ့ဗျာ..ကျွန်တော်တို့ တရုတ်တန်းက လောက်စိန်ဟိုတယ်ကို သွားကြမယ်..နည်းနည်းပါးပါးချကြတာပေါ့''

အဲ့ဒီနေ့မှာပဲ ဘစံ ဟာ..အရက်ကို စသောက်ဖူူးခဲ့တယ်။

လောက်စိန် ဘဲကင် နဲ့ ရမ်နှစ်ပက် ရဲ့ အရသာဟာ ဘစံရဲ့ အပျော်တွေကို ပိုမိုတောက်ပစေခဲ့ရဲ့။

နောက်တစ်ရက်မှာတော့ ကိုအေးငွေက ဘစံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ရုံးချုပ်ကို ခေါ်သွားပြီး သူ့အကိုနဲ့ တွေ့ပေးတယ်။

ဘစံ ချက်ချင်း အလုပ်ရခဲ့တယ်။

အဲ့ဒီအထိမ်းအမှတ်အတွက် နောက်တစ်ခါ သူတို့သုံးယောက်သား တရုတ်တန်းကို ရောက်ခဲ့ပြန်တယ်။

ဘစံ ဟာ ပျော်ရွှင်တဲ့အခါ၊ အောင်မြင်တဲ့အခါ..သောက်သုံးရမယ့်အရာအဖြစ် အရက်ကို အသိအမှတ်ပြုလာခဲ့ြ့ပီပေါ့။



(၃)

ဘစံ ဘွဲ့ရပြီး သုံးနှစ်အကြာမှာ သူ့အဒေါ်ကြီး ဆုံးသွားတယ်။ ဘစံဟာလည်း လမ်းစဉ်ပါတီရုံးမှာ အရာရှိငယ်တစ်ယောက်ဖြစ်လာခဲ့ပြီ။

အဒေါ်ဆုံးသွားတဲ့အခါ ဘစံ ဟာ တစ်ဦးတည်းသောအမွေခံအဖြစ်နဲ့ သန်လျင်မြို့ မှာ ပြန်နေတယ်။

အဒေါ်ရဲ့ ကျန်ရစ်တဲ့ လက်ဝတ်လက်စားတွေကို ထုခွဲပြီး ကားလေးတစ်စီးဝယ်တယ်။ ရန်ကုန်ကို ရုံးတက် ရုံးပြန် စီးဖို့အတွက်ပေါ့။

ငယ်သူငယ်ချင်း တင်မောင်မောင်လည်း အိမ်ထောင်ကျသွားခဲ့ပြီ။

အာအိုင်တီ မပြီးလိုက်တဲ့ တင်မောင်မောင် ဟာ သန်လျင်ဈေးထဲမှာ ဆိုင်ဖွင့်ပြီး စီးပွားရေးသမားဖြစ်သွားခဲ့တယ်။

ပါတီယူနစ် မှာ အကောင်ဖြစ်နေတဲ့ ဘစံ နဲ့ စီးပွားရေးသမား တင်မောင်မောင်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နဲ့ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားရှိမယ့် အလုပ်တွေအများကြီးတွဲလုပ်ကြတယ်။

တွဲလုပ်ပြီး အောင်မြင်တဲ့အခါတိုင်းလည်း သူတို့ ဟာ ပုလင်းလေးတွေထောင်ကြပေါ့။

တဖြည်းဖြည်းနဲ့ ကိုဘစံ ဟာ သူ့အိမ်မှာ ပုလင်းထောင်တဲ့ အဆင့်ဖြစ်လာတယ်။

ကလေးနှစ်ယောက်ရလာပြီဖြစ်တဲ့ တင်မောင်မောင်ကလည်း အပြင်သိပ်မထွက်ကြတော့ပဲ သူတို့နှစ်ယောက် ညနေပိုင်းဆို ကိုဘစံအိမ်ဘက်မှာ ယစ်ရွှေရည်စားပွဲတည်ကြလေတယ်။

တင်မောင်မောင် ဟာ ကိုဘစံအိမ်ကို သွားတိုင်း သတိထားမိတာတစ်ခုရှိလာတယ်။

ကိုဘစံအိမ်က ဘုရားစင်မှာ ပန်းရေဆီမီးလုံးဝမရှိတော့တာပဲ။

''ဘစံ ရာ အိမ်ထောင်မရှိတာလည်း မရှိတာပေါ့… ဘုရားစင်မှာတော့ ပန်းလေး ဆွမ်းလေး တော့ တင်ပါဟ..လူမြင်မကောင်းဘူး..မင်းအလုပ်မအားလို့ဆိုရင်လည်း ငါ့မိန်းမ စိုးစိုးခိုင်ကို မနက်ပိုင်း လာလုပ်ခိုင်းပေးမယ်လေကွာ..မင်းအလုပ်သွားနေတုန်း သော့ပေးခဲ့ပေါ့''

''နေပါစေကွာ..အလကားအပိုအလုပ်တွေ..ကိုယ်လုပ်မှ ကိုယ်ရတာ..ဘုရားဆိုတာကလည်း ဒီပန်းတွေ၊ ဆီမီးတွေကို သာယာနေမှာမှ မဟုတ်တာ..သူက ကိလေသာပယ်ပြီးသားဆိုကွ.အပိုတွေ..လုပ်မနေနဲ့..သောက်စရာရှိတာသောက်..ဟေ့ကောင်''

ရုပ်ဝါဒ စာပေ လွှမ်းခဲ့တဲ့ ကိုဘစံကို တင်မောင်မောင် ဘာမှ ထပ်မပြောတော့။

ဒီလိုနဲ့ နောက်ထပ် သုံးလေးနှစ်ကြာတဲ့အထိ ဘစံနဲ့ တင်မောင်မောင်တို့ ရဲ့ အရက်ဝိုင်းလေဟာ စိုစိုပြေပြေပဲ။

တစ်ခုပဲရှိတယ်..တင်မောင်မောင်ကသာ ညနေပိုင်းပဲသောက်တာ။

ဘစံကတော့ မောနင်းနှစ်ပက်စီးပွားတက် ဆိုပြီး မောနင်းလည်းမော့၊ နေ့ခင်းလည်းမော့၊ ညနေလည်း မော့၊ ပတ်ချာလည်မေ့ဖြစ်နေခဲ့ပြီ။

တစ်ရက်မှာတော့..တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားတွေဖြစ်တဲ့နေ့။

ဘစံလည်း အလုပ်များလို့ ရုံးမှာ နှစ်ရက်ဆက်တိုက် ညအိပ်ခဲ့ရတယ်။

သန်လျင်ပြန်လာတဲ့နေ့မှာ…ရန်ကုန်က ပါလာတဲ့ ရမ်ပုလင်းလေးကို ဖောက်ပြီးတာနဲ့ တင်မောင်မောင့် ကို လှမ်းအော်ခေါ်လိုက်တယ်။

တင်မောင်မောင် ငိုက်စိုက် ငိုက်စိုက်နဲ့ ရောက်လာတယ်။

မျက်နှာမကောင်း။

''ဟေ့ကောင်..ဘာတွေစိတ်ညစ်နေတာလဲ..ချမယ်ကွာ..ဒီမှာ စားဖျော်က တစ်လုံးရတာနဲ့ ဆွဲလာတယ်.ရမ်ကွ.ရမ်''

''…………….''

တင်မောင်မောင် မျက်နှာမကောင်း။

''ဘစံ..ငါတော့ ခွေးဖြစ်ပြီကွာ..ဟိုနေ့ကမှ ကုန်ဖိုးတွေ ရှင်းတာ ရာတန်တွေချည်း..အခု ငါ့ဆီမှာ အဲ့ဒါတွေ ပုံနေပြီ..ရာတန်တွေသိမ်းမယ်ဆိုတာ.မင်းနည်းနည်းမှ သတင်းမရဘူးလား..အခုတော့ ငါ့မှာ ကုန်ပြီ..ငါ့ ဘဝပျက်ပြီကွာ…အဲ့ဒါတွေက မော်လမြိုင်က ကုန်သည်တွေကို ငါပြန်ရှင်းရမှာတွေ..ငါဘာလုပ်ရမလဲ..သူငယ်ချင်း..ငါဘာလုပ်ရမလဲ''

ဘစံ ဘာမှ အကြံမပေးတတ်။

ဘစံတက်တာက တင်မောင်မောင့်ရှေ့က ဖန်ခွက်ထဲ အရက်ငှဲ့ထည့်ပေးဖို့ပါပဲ။

အဲ့ဒီနေ့ညက သူတို့ တော်တော်မူးသွားကြတယ်။

ဘစံလည်း ကုလားထိုင်မှာပဲ အိပ်ပျော်သွားပြီး တင်မောင်မောင်ဘယ်အချိန် ပြန်သွားမှန်းလည်း မသိတော့။

မနက်လေးနာရီထိုးလောက်မှာ ရေဆာတာနဲ့ ဘစံ နိုးလာတယ်။

ရေတစ်ချိုင့်ကို ကုန်အောင်သောက်ပြီးပြန်တော့ သေးက ပေါက်ချင်လာပြန်ရော။

မီးမှောင်မှောင်မှာ လက်နှိပ်ဓာတ်မီးကို ရှာပြီး အိမ်နောက်ဖေး က အိမ်သာဆီ ထွက်လာခဲ့လိုက်တယ်။

အိမ်သာဆီထွက်လာရင်း တင်မောင်မောင်တို့ အိမ်ဘက်အခြမ်းက သရက်ပင် မှာ မဲမဲအရာတစ်ခုကို ဘစံ သတိထားမိလိုက်တယ်။

လက်နှိပ်ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တဲ့အခါ..။

''ဟာ…ဟာ…………………………''

ဘစံ ဟာ မျက်လုံးကြီး ပြူးပြီး ပါးစပ်ကလည်း အသံအကျယ်ကြီးထွက်လာတယ်။

''စိုးစိုးခိုင်..စိုးစိုးခိုင်ရေ..ဒီမှာ..တင်မောင်မောင်..တင်မောင်မောင်…အား.လာကြပါဦး''

ဘစံအသံကြောင့် ဘေးအိမ်တွေနိုးလာတယ်။

တင်မောင်မောင် မိန်းမ စိုးစိုးခိုင်လည်း နိုးလာတယ်။

လက်နှိပ်ဓာတ်မီးရောင်တွေဟာ ဘစံ ညွှန်ပြရာဆီ တစ်ပြိုင်တည်း ထိုးလိုက်ကြတဲ့အခါမှာတော့..သရက်ပင်ကိုင်းဖျားမှာ လည်ပင်းကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ တင်မောင်မောင့် အလောင်းကို တွေ့လိုက်ရတော့တာပါပဲ။



(၄)

အဲ့ဒီနေ့ကစပြီး ဘစံ ဟာ ညည အိပ်မပျော်တော့ဘူး။

မျက်လုံးမှိတ်တိုင်း…ကြိုးတန်းလန်းအောက်မှာ လျှာကြီးထွက်နေတဲ့ သူ့ အရင်းနှီးဆုံးသူငယ်ချင်းကြီး တင်မောင်မောင့် မျက်နှာကိုပဲ မြင်နေတော့တယ်။

အိပ်ပျော်အောင် အရက်တွေ ဖိသောက်လည်းပဲ မျက်လုံးမှိတ်တိုင်း ဒီမျက်နှာကြီးပဲ သူမြင်နေတယ်။

အလုပ်က ခွင့်တလယူပြီး အရက်တွေဖိသောက်တယ်။

ဒါပေမယ့်…ညအိပ်တိုင်း ဟိုမျက်နှာကြီးတော့ သူမြင်ဆဲပဲ။ အရက်သောက်တိုင်းလည်း တင်မောင်မောင့်ကိုသတိရစမြဲပဲ။

ကြာလာတဲ့အခါ ဘစံ အိပ်ရာထဲလဲပြီ။

တင်မောင်မောင်မိန်းမ စိုးစိုးခိုင် နဲ့ ကိုအေးငွေတို့ ရောက်လာပြီး ဘစံကို ဆေးခန်းပြဖို့ပြောတယ်။

နောက်ဆုံး ကိုအေးငွေ အစီအစဉ်နဲ့ တံတားလေးစိတ်ရောဂါဆေးရုံမှာ ဘစံ ပြတယ်။

ဆေးတွေပေးလိုက်ပေမယ့်..ဘစံရဲ့ ရောဂါက မသက်သာ။ မျက်လုံးမှိတ်တိုင်း တင်မောင်မောင့်အလောင်းကြီးပဲ ပေါ်ပေါ်လာနေတယ်။

နောက်ထပ် စိတ်ရောဂါအထူးကုဆရာဝန်ကြီးတစ်ယောက်ဆီမှာ ထပ်ပြပြန်တယ်။

ဒီတစ်ခါ ဆရာကြီးရဲ့ ကုသနည်းကတော့ အဆန်း။

''ည အိပ်မရဘူး..မှတ်လား..တစ်..နှစ်..သုံး..လေး ကို တစ်ရာထိ စိတ်ထဲက ရေပြီးအိပ်..အဲ့ဒီအခါ ဟိုမျက်နှာကြီး ပေါ်လာရင်လည်း မကြောက်နဲ့..သေချာစိုက်ကြည့်ပြီး မြင်တယ်..မြင်တယ်လို့မှတ်…သူက လျှာကြီးထွက်နေတာဆို.လျှာထွက်နေတယ်..လျှာထွက်နေတယ်လို့ စိတ်ထဲကမှတ်..တစ်နှစ်သုံးလေးကိုလည်း မပြတ်စိတ်ထဲကမှတ်သွား..အိပ်ပျော်သွားလိမ့်မယ်''

တစ်ရက်၊ နှစ်ရက် အဆင်မပြေ။

ခုနှစ်ရက်မြောက်နေ့တွင်တော့ ည နှစ်နာရီခန့်တွင် ဘစံအိပ်ပျော်သွားသည်။

နောက်တစ်ရက် ဆရာဝန်ကြီးထံ သွားပြသည်။ အကျိုးအကြောင်းပြောပြသည်။

''အိုကေ..တိုးတက်လာပြီ..တစ်နှစ်သုံးလေးကို ဆက်မရေနဲ့တော့..နှာသီးဖျားမှာ အာရုံထားပြီး..ဝင်သက် ထွက်သက်ကို လိုက်မှတ်…ဟိုမျက်နှာကြီးထပ်ပေါ်လာလိမ့်မယ်..မြင်တယ်..မြင်တယ်လို့ ပဲ မှတ်..ဘာဖြစ်ဖြစ် ဖြစ်လာတဲ့အပေါ် ဖြစ်တယ်လို့ပဲ မှတ်..''

သုံးလလောက်ကြာတော့ ဘစံ အဆင်ပြေပြီ။

အိပ်မပျော်တာ အိပ်ပျော်တာထက်..ညဘက် ဝင်သက်ထွက်သက်လေးမှတ်ပြီး နေရသည့် အရသာကို ဘစံ သိလာသည်။

အစပိုင်းလများကတော့ ညောင်းညာကိုက်ခဲတာ ရှိပေမယ့် နောက်ပိုင်း အသားကျလာသည်။

''မောင်ဘစံ..အခြေအနေကကောင်းသွားပါပြီ…ဒါပေမယ့်..ညဘက်ကျ ဝင်သက်ထွက်သက် မှတ်ပေးနော်..အိပ်ပြီးမှတ်မနေနဲ့ တင်ပလင်လေး ခွေထိုင်ပြီးမှတ်…ဆရာလုပ်ပြမယ်''

ဒေါက်တာကြီး က နည်းပြသည့်အပြင် ဝိပသနာရှုနည်းစာအုပ်ကိုလည်း လက်ဆောင်ပေးလိုက်တယ်။

ဒီတော့မှ ဘစံ ဟာ သူ့ကို ဆရာကြီးပေးတဲ့နည်းက ဗုဒဘာသာ ဝိပသနာရှုမှတ်နည်းဆိုတာကို သိရတယ်။

ဆေးပင်စင်တင်ပြီးတဲ့နောက်မှာတော့ ဘစံဟာ ဆရာကြီးရဲ့ အကူအညီနဲ့ သဲအင်းဂူဝိပသနာ တရားစခန်းတွေကို ဝင်နေခဲ့ပါပြီ။

အရက်လည်းပြတ်သွားပြီဖြစ်တဲ့ ဘစံဟာစိတ်ရဲ့ ငြိမ်းအေးခြင်းကို ရှာဖွေတတ်လာပါပြီ။

ဒါပေမယ့်…………………

နှစ်ပေါင်းများစွာ အရက်ကို နေ့ရောညပါ သောက်ခဲ့တဲ့ သူ့ရဲ့ အသဲကတော့ ငြိမ်းအေးခြင်းတွေ နိဌိတံခဲ့ပါတယ်။

အသဲကင်ဆာရောဂါဟာ ဘစံဆီမှာ ကျွမ်းလောင်နေခဲ့ပါပြီ။

ဆရာဝန်များလက်လျော့ရတဲ့အခြေအနေမှာတော့ တရားရဲ့အရသာကို ပျော်မွေ့နေတဲ့ မောင်ဘစံ ဟာ အရာရာကိုတည်ငြိမ်စွာရင်ဆိုင်ခဲ့ပါတယ်။

အမိုးနီသုသာန်ကို သွားပြီး သူ့အုတ်ဂူမှာ သူသေရင် သူ့အုတ်ဂူမှာရေးမယ်စာသားကို သေချာစွာ အပ်ခဲ့ပါတယ်။

''ဘစံ..နောက်ကျခဲ့တယ်''



ခက်ဇော်
The Real Lives Real Stories
2019

Address

Pyay
Yangon

Alerts

Be the first to know and let us send you an email when The Ray News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category