MAY Online Shopping

MAY Online Shopping ပစ္စည်း မျိုးစုံ မှာယူနိုင်ပါသည်။

"ပူပြင်းသော နွေရာသီ ညဉ့်ဦးယံများတွင် အိပ်စက်ခြင်း မပြုနိုင်ကြတိုင်း ဗိုလ်ချုပ်ကြီး ဗန္ဓုလ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗို...
11/11/2024

"ပူပြင်းသော နွေရာသီ ညဉ့်ဦးယံများတွင် အိပ်စက်ခြင်း မပြုနိုင်ကြတိုင်း ဗိုလ်ချုပ်ကြီး ဗန္ဓုလ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဦးဆောင်တိုက်ခိုက်ခြင်း ပြုခဲ့ကြသော ဗြိတိန် - မြန်မာ ၊ ဂျပန် မြန်မာ နှင့် မြန်မာ - တရုတ်ဖြူ စစ်ပွဲများအကြောင်းကို ပုံပြင်များသဖွယ် အပြောခိုင်းလေ့ ရှိတတ်ကြသော ဗဟိန်းအောင်နှင့် ကျော်ဇောအောင်တို့ ညီအစ်ကိုနှစ်ယောက်အတွက် ဤစာအုပ်ကို ညွှန်းလိုပါ၏"

ယခုစာအုပ်တွင် -
အပိုင်း (၁) ကိုလိုနီခေတ် မတိုင်မီ မြန်မာနိုင်ငံ
အပိုင်း (၂) အရင်းရှင်စနစ်၊ နယ်ချဲ့စနစ်နှင့် ကိုလိုနီဝါဒ
အပိုင်း (၃) ကိုလိုနီခေတ် မြန်မာနိုင်ငံ
အပိုင်း (၄) ခေတ်သစ်ကိုလိုနီဝါဒနှင့် မြန်မာနိုင်ငံ စသည့် အပိုင်းကြီး လေးပိုင်း ပါဝင်ပြီး
အခန်းအားဖြင့် ၂၃ ခန်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ ပထဝီနှင့် သမိုင်း၏ ဖြစ်ပေါ်တိုးတက်မှုကို ရှေးဟောင်းမြန်မာနိုင်ငံမှ စတင်ကာ ဖော်ပြထားပြီး မဇ္ဈိမခေတ်မှသည် ဒုတိယကမ္ဘာစစ်အပြီး ပြည်ထောင်စုခေတ် မြန်မာနိုင်ငံသမိုင်းအထိ ပြုစုရေးသားထားသည်ကို ဖတ်ရှုလေ့လာနိုင်မည့် စာအုပ်ကြီး ဖြစ်ပါသည်။

#ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း
#ဗန်းမော်တင်အောင်

ပတ်ဝန်းကျင်ကို သတိထားပါမိမိကိုယ်ကို တိုးတက်ပြောင်းလဲချင်ရင် ပတ်ဝန်းကျင်ကို သတိထားပါ။ စာတော်ချင်ရင် စာဖတ်တဲ့ပတ်ဝန်းကျင်ကိ...
11/11/2024

ပတ်ဝန်းကျင်ကို သတိထားပါ

မိမိကိုယ်ကို တိုးတက်ပြောင်းလဲချင်ရင် ပတ်ဝန်းကျင်ကို သတိထားပါ။ စာတော်ချင်ရင် စာဖတ်တဲ့ပတ်ဝန်းကျင်ကိုသွားပါ။

စီးပွားရေးအောင်မြင်ချင်ရင် အောင်မြင်နေတဲ့သူတွေနဲ့ပေါင်းပါ။ အောင်မြင်နေတဲ့သူ၊ ကြိုးစားတဲ့သူတွေနဲ့ များများပေါင်းပြီး အကြံဉာဏ်တွေ ရယူပါ။

Energy ဆိုတာ ကူးစက်တတ်ပါတယ်။

#အမှောင်ထုရဲ့အဆုံးမှာအလင်းရောင်ရှိတယ်


မြန်မာရာဇဝင်ကျမ်းများ၌ အရေးပါသော၊ရာဇဝင် ကျမ်းဟောင်းတစ်စောင်ဖြစ်၍ ဇာတာပုံများနှင့်တကွ ဖော်ပြထားသော📖ဇာတာတော်ပုံရာဇဝင်📖'ဇာတ...
11/11/2024

မြန်မာရာဇဝင်ကျမ်းများ၌ အရေးပါသော၊
ရာဇဝင် ကျမ်းဟောင်းတစ်စောင်ဖြစ်၍ ဇာတာပုံများနှင့်တကွ ဖော်ပြထားသော
📖ဇာတာတော်ပုံရာဇဝင်📖

'ဇာတာတော်ပုံ ရာဇဝင်'ကို တည်းဖြတ်ရာတွင်-
🍀မူရင်းစာသားအတိုင်း ထားရှိပြီး လွဲမှားနေသည်ဟု ယူမှတ်သည်များကိုအောက်ခြေမှတ်စုများဖြင့်ပြင်ဆင်ပေးခြင်း။

🍀ဇာတာတော်ပုံပါ ဇာတာခွင်များကို ဗေဒင်ကျမ်းပါ ဇာတာခွင်များနှင့် တိုက်ဆိုင် စစ်ဆေးပေးခြင်း။

🍀မြန်မာသက္ကရာဇ်များကို ခရစ်နှစ် ပြောင်းပေးခြင်း။

🍀မင်းဆက်ဇယားတွင် ပြင်ဆင်သင့်သည်များကို အောက်ခြေမှတ်စုဖြင့် ပြခြင်း။

🍀ဇာတာခွင် ပါရှိသည့် မင်းများနှင့် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖော်ပြခြင်း။

🍀အက္ခရာဝလိအညွှန်း ပြုစုပေးထားခြင်း... တို့ကို စွမ်းသမျှ ပြုစုထားပါသည်။

#ဇာတာတော်ပုံရာဇဝင်

"ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ" ဘာသာရေးလောကသို့ ဗုံးတစ်လုံးပစ်ချလိုက်သကဲ့သို့သော စာအုပ် 📘ဤစာအုပ်ကို အထူးသဖြင့် မိရိုးဖလာအတွေးအခေါ်မ...
11/11/2024

"ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ"

ဘာသာရေးလောကသို့
ဗုံးတစ်လုံးပစ်ချလိုက်သကဲ့သို့သော စာအုပ် 📘

ဤစာအုပ်ကို အထူးသဖြင့် မိရိုးဖလာအတွေးအခေါ်များထဲမှဖောက်ထွက်ချင်သူများ အဓိကဖတ်သင့်ပါတယ် ။ ဤစာအုပ်တွင် ဗုဒ္ဓအကြောင်းလွဲမှားစွာလက်ခံထားသော အယူအဆများကိုအထောက်အထားခိုင်လုံစွာဖြင့်ချေပထားပါတယ်( ဥပမာ- သုဒ္ဓေါဓနသည် ဘုရင်မဟုတ်...၅၅၀သည် ဗုဒ္ဓဟောကြားထားခဲ့သောအကြောင်းအရာများမဟုတ်... အဘိဓမ္မာသည် ဘုရားသောမဟုတ် နောက်ပေါ်ကျမ်းဖြစ်သည် စသည်ဖြင့် ...)

ဗုဒ္ဓသည် လူအများစုခံယူထားသကဲ့သို့ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုသာ ညွှန်ပြခဲ့ခြင်းမဟုတ်ဘဲ အကျင့်သီလအပေါ်၌အခြေခံ၍ တမလွန်ဘဝကောင်းစားရေးသို့ရှေးရှူသော လူတို့အတွက်လည်း ဟောကြားခဲ့သေးသည် ။
ဗုဒ္ဓ၏အလိုအားဖြင့် အကျင့်သီလသည် မကောင်းမှုကို ရှောင်ကျဥ်ရုံဖြင့် မပြီးဘဲ ကောင်းမှုကိုလည်းပြုမှ ပြီးပြည့်စုံမည်ဖြစ်သည် (စာ-၂၃၉)

ဗုဒ္ဓ၏အလိုအားဖြင့် အယူတစ်ခုကို အကောင်းအဆိုးဆုံးဖြတ်ရာ၌ ၎င်း၏အကျိုးသက်ရောက်မှုကိုကြည့်၍ ဆုံးဖြတ်ရမည်ဖြစ်၏ (စာ-၆၉ ၇၀)

ဤစာအုပ်တွင် ဗုဒ္ဓဝါဒနှင့်စဥ်းစားဝေဖန်မှု ပါဠိပိဋကတ်စစ်တမ်း ဒုက္ခသစ္စာ အနတ္တဝါဒ နိဗ္ဗာန် စသည်ဖြင့်အခန်းပေါင်း ၂၀ ကို အကိုးအကားခိုင်လုံတိကျစွာဖြင့် ရေးသားဖော်ပြထားပါတယ်

အချုပ်အားဖြင့်ဆိုရသော် ဤစာအုပ်ကို ဖတ်ရှုရာတွင်လည်း မိမိဉာဏ်ဖြင့် ဝေဖန်ပိုင်းခြားစီစစ်ပြီးမှလက်ခံကြစေလိုကြောင်း
Review by - Aung Hein Khant

#ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ
#ဦးအေးမောင်

ဤစာအုပ်၌ လေးနက်လှသည့် "ဘဝ၊ နိဗ္ဗာန်၊ ကံ၊ သိက္ခာ" တို့၏ သဘောတရားတို့ကို ရှင်းလင်းတင်ပြထားသည်။ဤစာအုပ်ကို ဖတ်လျှင် -အချိန်ယ...
28/10/2024

ဤစာအုပ်၌ လေးနက်လှသည့် "ဘဝ၊ နိဗ္ဗာန်၊ ကံ၊ သိက္ခာ" တို့၏ သဘောတရားတို့ကို ရှင်းလင်းတင်ပြထားသည်။

ဤစာအုပ်ကို ဖတ်လျှင် -

အချိန်ယူ၍ ဖတ်ရန်၊
နိဒါန်းမှစ၍ နိဂုံးအထိ အစဉ်အတိုင်း ဖတ်ရန်၊
ဖတ်ပြီးသမျှ ပြန်လည်သုံးသပ်ရန်၊
အထပ်ထပ် ဖတ်ရန် -
တိုက်တွန်း မှာကြားထားပါသည်။

#ဘဝနှင့်နိဗ္ဗာန်
#ဥုးမာနိတသိရီဘိဝံသ(ကထိကရဟန်း)

"အကြီးအကဲ" အရှေ့အလယ်ပိုင်းပြဿနာကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုလျှင် ဤစာအုပ်မပါဘဲနှင့် ပြည့်စုံလိမ့်မည် မဟုတ် ။ကျွန်ုပ်...
01/10/2024

"အကြီးအကဲ"

အရှေ့အလယ်ပိုင်းပြဿနာကို နက်နက်ရှိုင်းရှိုင်း လေ့လာလိုလျှင် ဤစာအုပ်မပါဘဲနှင့် ပြည့်စုံလိမ့်မည် မဟုတ် ။

ကျွန်ုပ်မှာသာ အာဏာရှိခဲ့လျှင် ဤစာအုပ်ကို ကုလသမဂ္ဂဝင် နိုင်ငံအားလုံး ဖတ်ခိုင်းမည်ဖြစ်သည် ။ ဤစာအုပ်ကို ကျွန်ုပ် အလေးအနက် နှစ်သက်ချီးကျူးမိသည် ။

ဒီစာအုပ်ဟာ Exodus ရဲ့ အဆက်မဟုတ်ပေမဲ့ Exodus ဝတ္ထုရဲ့ တခြားတစ်ဖက်က မျက်နှာလို့ပြောရင် ရတဲ့စာအုပ် ။

ဝတ္ထုနှစ်ပုဒ် (အိပ်ဇိုးဒပ်စ် နဲ့ အကြီးအကဲ) ပေါင်းမှ သမိုင်းနှင့်ချီလာခဲ့သော အာရပ် အစ္စရေး ပဋိပက္ခနှင့် ပါလက်စတိုင်း ပြဿနာတို့ကို အနီးအဝေးမြင်ကွင်းကျယ်ဖြင့် ရုပ်လုံးပေါ်အောင် ပီပြင်စွာ မြင်နိုင်မည် ။

#အကြီးအကဲ
#မောင်ပေါ်ထွန်း

🤵အမျိုးသားတို့အတွက် အသားကောင်းပြီး ဒီဇိုင်းလှတဲ့ Great ရှပ်အင်္ကျီများ👔💁အသားလည်း ကောင်း၊ ချုပ်ရိုးချုပ်သားမှာလည်း ပြောစရ...
30/09/2024

🤵အမျိုးသားတို့အတွက် အသားကောင်းပြီး ဒီဇိုင်းလှတဲ့ Great ရှပ်အင်္ကျီများ👔

💁အသားလည်း ကောင်း၊
ချုပ်ရိုးချုပ်သားမှာလည်း ပြောစရာမရှိအောင် သေသပ်ခိုင်ခံတဲ့အပြင်
ဝတ်ရတာသက်တောင့်သက်သာရှိပြီး စမတ်ကျစေလို့👇

💁ရုံးတက်မလား၊ အပြင်သွားမလား
အားလုံးအဆင်ပြေတဲ့ Great Shirt တွေမို့ လူကြီး၊ လူလတ်၊ လူငယ် မရွေး ဝတ်ဆင်လို့ရပါတယ်ရှင့်🥰

☘️ကိုယ်တိုင်ပဲဝတ်ဝတ် ၊ လက်ဆောင်အဖြစ်ပဲပေးပေး
တန်ဖိုးမှာ အသင့်တင့်မို့ အမြန်ဆုံးဝယ်ယူလိုက်ကြပါနော်☘️

Code - DN-001-1
Fitting - Slim Fit
Size - S, M, L, XL
Price - 18,000 ks

Code - DN-304
Fitting - Slim Fit
Size - S, M, L, XL
Price - 16,000ks

မှာယူမယ်ဆို အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံလေး ပေးပို့ပြီး မှာယူလို့ရပါတယ်နော်

"ကိုယ်တကယ်မလုပ်ကြည့်သေးဘဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့"တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘဝတွေမှာ အုတ...
26/09/2024

"ကိုယ်တကယ်မလုပ်ကြည့်သေးဘဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့"

တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘဝတွေမှာ အုတ်နံရံကြီး ကာဆီးသလို ခက်ခဲသော အနေအထားမျိုး ကြုံရတတ်ပါတယ်။

ဖြေရှင်းရန်နည်လမ်း မရှိတော့ပြီဟု ထင်ရသည့် ပြဿနာမျိုး။

ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။

သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူမပြောပါနှင့်။

ငါမတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့စမ်းသပ်ကြည့်ပါ။

ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်ပါသည်။

#ဖေမြင့်
#မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား

ဘဝမှာစိတ်မကောင်းစရာတွေ ကြုံနေရတာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒီကြားထဲမှာ ရယ်မောစရာတွေ တွေ့ရင်လည်း ...ရယ်သာရယ်လိုက်ပါ..။ရ...
26/09/2024

ဘဝမှာစိတ်မကောင်းစရာတွေ ကြုံနေရတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီကြားထဲမှာ ရယ်မောစရာတွေ တွေ့ရင်လည်း ...
ရယ်သာရယ်လိုက်ပါ..။
ရယ်မောခြင်းမှာ အပြစ်မရှိပါဘူး...။

#စိတ်ကိုအဆိပ်ထုတ်ခြင်း
#မွန်ဟော်စီ

ငါမပိုင်ဆိုင်ခဲ့ရတဲ့ ကြာသပတေးနာမ်နဲ့ သက်ရှိလေးရေ...ခုတော့ ဘယ်ကောင်းကင်ဆီလွင့်ပြီးဘယ်အရပ်မှာ ဖူးပွင့်နေမလဲဆိုတာသိချင်မိပါ...
26/09/2024

ငါမပိုင်ဆိုင်ခဲ့ရတဲ့
ကြာသပတေးနာမ်နဲ့ သက်ရှိလေးရေ...
ခုတော့ ဘယ်ကောင်းကင်ဆီလွင့်ပြီး
ဘယ်အရပ်မှာ ဖူးပွင့်နေမလဲဆိုတာသိချင်မိပါရဲ့...။

နေကောင်းကျန်းမာပါရဲ့လား...
အရင်ကလို ဒဏ်ရာ၊ အနာတရတွေကို
စီးကရက်ငွေ့တွေနဲ့ ရောထွေးပစ်တုန်းလား
နာကျင်ရတိုင်း ခါးသက်သက်အရာတွေကို
မော့သောက်နေတုန်းလား...။

ငါ့ရဲ့အချစ်ဦးလေးရေ...
သတိတရမနက်ခင်းတွေဆို
ငါမင်းအတွက် ရည်ရွယ်ပြီး မေတ္တာပို့သပါတယ်။
မင်းပျော်ရွှင်နေဖို့ မျှော်လင့်ရင်း
မင်းသန်မာစေဖို့ ဆုတောင်းရင်းပေါ့...။

ဒီဘဝမှာတော့...
လွမ်းတယ်လို့တောင်
ငါ့မှာပြောခွင့်မရှိလောက်အောင် ဝေးသွားခဲ့ပြီပဲ
မိုးနဲ့အတူ အလွမ်းတွေမစဲပေမဲ့ ချစ်နေခွင့်ရရုံနဲ့
ငါ့တစ်သက်စာဟာလုံလောက်ပါတယ်...။
#ကေသရီ

#မင်းအတွက်ငါရေးတဲ့စာ
#ကလောင်စုံ

“ သူဟာ လွန်းကို ချစ်နေမိပါသည် ဆိုသည့် ခိုင်မာသောအရာသည် လွန်းနဲ့ ခွဲခွာဖို့ တိကျနေသောအချိန်မှာ သေချာသွားခဲ့လေသည် ”ဒီစာသား...
26/09/2024

“ သူဟာ လွန်းကို ချစ်နေမိပါသည် ဆိုသည့် ခိုင်မာသောအရာသည် လွန်းနဲ့ ခွဲခွာဖို့ တိကျနေသောအချိန်မှာ သေချာသွားခဲ့လေသည် ”

ဒီစာသားလေးကို ဖတ်ရုံနဲ့ ဘယ်သူ့ရဲ့ ခံစားချက်ဆိုတာကို “ မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း ” ရဲ့ စာဖတ်သူတွေကတော့ တိတိပပ သိနေမှာပါ ။

စည်းအထပ်ထပ်နဲ့ ကာရံထားခဲ့မိတဲ့ ခံစားချက်တွေက ပွင့်အန်ကျလာပေမဲ့ တစ်ပြိုင်တည်းမှာပဲ ချစ်ရသူနဲ့ ဝေးကွာရမဲ့အချိန်နဲ့ ထပ်တူကျနေခဲ့တာက ဘယ်လောက်တောင်နာကျင်စရာကောင်းသလဲ ???

ရှေ့တိုးလို့လည်း မရ ၊ နောက်ဆုတ်လို့လည်း မရတော့တဲ့အချိန်မှာ အဲ့ဒီခံစားချက်တွေကို မျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးမိကြမယ် ထင်ပါတယ် ။

ပုံကိုမြင်ရုံနဲ့ နာမည်တပ်စရာမလိုဘဲ တစ်မိုးအောက်က တစ်ယောက်သော သူကို ပြေးမြင်မိမှာ အသေအချာပါပဲ ။

တစ်မိုးအောက်က နှစ်ယောက် မရှိတဲ့သူ...

#မြကျွန်းညိုမှလိပ်ပြာဝှက်တမ်း
#ဆီးနှင်းခဲ

🍃လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊ အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။ နေ့ရက်တိုင်းဟာ အမြဲတမ်းတော့ ပျော်စရာ ကောင်းမနေသလို အမ...
26/09/2024

🍃လူတိုင်းမှာ ခက်ခဲတဲ့ နေ့ရက်တွေ၊ အတိတ်တွေ၊အကြောင်းအရာတွေ ရှိမှာပါ။ နေ့ရက်တိုင်းဟာ အမြဲတမ်းတော့ ပျော်စရာ ကောင်းမနေသလို အမြဲတမ်း ဝမ်းနည်းစရာ ကောင်းနေတာလည်း မဟုတ်ဘူး။

🍃ကျွန်မတို့ နေ့စဥ်ဘဝမှာ ဖြစ်ပျက်နေတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ပင်ပန်းစရာတွေ၊ သင်ခန်းစာရစရာတွေ၊ ဂုဏ်ယူစရာတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

🍃ကျွန်မ ကိုယ်တိုင် ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ ဖြစ်ရပ်မှန်တွေအပေါ် ပြန်ပြီး အခြေခံရေးသားထားတာဖြစ်လို့ ကျွန်မ စိတ်ဓာတ်တွေ အရမ်းကျလာတဲ့အခါ ခဏခဏ ဖွင့်ဖတ်မိမယ့်စာတွေပဲ ဖြစ်ပါတယ်။

🍃ကျွန်မရဲ့အတွေ့အကြုံနဲ့ လေ့လာမှတ်သားမိသလောက်ကို စာဖတ်သူတွေကို ပြန်လည် မျှဝေပေးမိတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

#ရှင်သန်နေမယ့်နေ့ရက်များ
#သက်ထားရွှေစင််

Address

93 Street
Yangon

Alerts

Be the first to know and let us send you an email when MAY Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share