ဟင်းချက်နည်းများ

ဟင်းချက်နည်းများ my which is mini market

14/11/2023
14/02/2023
14/02/2023

ကွာဆံခကျြ (ပှဲ ၁၀ဝ စာ)

ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်ကောင်းကောင်းနဲ့ချက်တဲ့ ကြာဆံချက်က စားလို့ကောင်းတာပါ။ ပြီးတော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ မအီတဲ့ အစားအစာမို့ အလှူပွဲမှာ ကြာဆံချက် ကျွေးမွေးဧည့်ခံရတာလည်း မျက်နှာပန်းလှပါတယ်။

ပါဝင်ပစ္စည်းများ

ပဲကြာဆံ – ၁ ပိဿာ

ကြက်သား – ၂ ပိဿာ

ကြက်ရိုး – ၁ ပိဿာ

ငါးဖယ် – ၁ ပိဿာ

ငုံးဥ – အလုံး ၂၀ဝ

ကြက်သွန်နီဥသေး – ၂ ပိဿာ

မှိုခြောက် – ၁၀ ကျပ်သား

ပန်းခြောက် – ၁၀ ကျပ်သား

ပဲလိပ် – ၁၀ ကျပ်သား

ငရုတ်ကောင်းလှော် – ၂ ၁/၂ ကျပ်သား

အရောင်တင်မှုန့် – ၁၅ ကျပ်သား

ကြက်သွန်ဖြူ – ၃၅ ကျပ်သား

လက်ဖက်စားကြက်သွန်ဖြူကြော် – ၂၅ ကျပ်သား

ချင်း – ၁၀ ကျပ်သား

ဆီ – ၃၀ ကျပ်သား

အရသာမှုန့် – စားပွဲဇွန်း ၅ ဇွန်း

သကြား – စားပွဲဇွန်း ၁၀ ဇွန်း

ဆား – စားပွဲဇွန်း ၇ ဇွန်း

ဗမာငံပြာရည်ကောင်းကောင်း – ၂၀ ကျပ်သား

နံနံပင် – ၁ ပိဿာ

ကြက်သွန်နီ – ၁ ပိဿာ (ပါးပါးလှီး)

ငရုတ်သီးလှော်မှုန့် – ၃၀ ကျပ်သား

ပြုလုပ်နည်း

ဦးစွာ ကြက်သားကို ရေဆေးသန့်စင်၍ အတုံးသေးလေးများတုံးပြီး ဆား စားပွဲဇွန်း ၁ ဇွန်း၊ အရသာမှုန့် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် ၁၀ ကျပ်သားနှင့် ပိုင်ပိုင်နိုင်နိုင် နယ်နှပ်ထားပါ။ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ရေစိမ်ထားပါ။ ပဲကြာဆံကိုလည်း ရေစိမ်ထားပြီး ငုံးဥကို ပြုတ်ထားပါ။ ရေနွေးဆူအောင်တည်၍ ဆူလာလျှင် ချင်း ၅ ကျပ်သား ဓားပြား ရိုက်ထည့်ပြီး ကြက်သွန်ဖြူ ၁၀ ကျပ်သားကို အပေါ်ခွံနွှာ၍ ရေသန့်စင်အောင် ဆေးပြီး ထည့်ပြုတ်ပါ။ ကြက်ရိုးများ ခုတ်ထစ်ပြီး ထည့်ပြုတ်ထားပါ။ ကြက်ရိုးမှ ကစီရည်ထွက်ပြီး မွှေးလာတဲ့အထိတည်ပါ။ ထည့်ရမယ့်ရေချိန်မှာ ထမင်း ပေါင်းအိုး ၁ ပြည်ချက်နှင့် ရေ ၁၀ လုံးပါရှင်။ ရေနွေးအသင့်ဆောင်ထားပါ။ အပျစ်အကျဲပေါ်လိုက်ပြီး ရေလိုက်နိုင် ပါတယ်။ အိုးကြီးချက်အရည်ချက်တဲ့အခါ အဓိက ရေမများစေဘဲ ရေနွေး အသင့်ဆောင်ပါ။ ပျစ်လျှင် ရေလိုက်လို့ ရပေမယ့် ကျဲသွားရင်တော့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ငါးဖယ်ကို စေးနေအောင် ဆား၊ အရသာနှင့် ပေါက်ပြီး အလုံးလေးတွေ ထည့်ပြုတ်လို့ရသလို အပြားခပ်ကြီးကြီးပြားပြီး ပြုတ်ပါ။ ပြီးလျှင် ကတ်ကြေးနှင့် ညှပ်ထည့်လို့လည်း ရပါတယ်။ ကြက်သွန်ဖြူ၊ ချင်းကို ထောင်းပြီး ဆီ ၂၀ ကျပ်သားနှင့် ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် အစိမ်းမှုန့်ထည့်ပါ။ နှပ်ထားသောကြက်သားထည့်ပြီး ကျန်တဲ့ ငံပြာရည်အားလုံးထည့်ပါ။ ငံပြာရည်အစိမ်းနံ့ ပျောက် တဲ့အထိ ဆီသတ်ပါ။ ရေစိမ်လို့ ပွလာပြီဖြစ်တဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို အနေတော်အရွယ် ကတ်ကြေး နှင့်ဖြတ်ထားပါ။ ရေနွေးအိုးဆူလျှင် နယ်ထားတဲ့ မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်ကို ၅ မိနစ်ခန့်ထည့်ပြုတ်ပြီး ဆန်ခါနှင့်စစ်၍ ဆန်ခါပေါ်မှ ရေဆေးပြီး ရေစစ်ထားပါ။ အဲဒါဆိုရင် မှိုခြောက်၊ ပန်းခြောက်နှင့် ပဲလိပ်မှာပါတဲ့ ချဉ်တင်တင် အနံ့တွေပျောက်ပါပြီ။ ငုံးဥတွေကို အခွံခွာထားပါ။ ကြက်သွန်နီဥသေးကို ဟင်းရည်ထဲထည့်ဖို့ အခွံနွှာထားပါ။ ပဲကြာဆံ ရေစိမ်ထားတာကို ရေ ၃ ရေလောက် ဆေးပါ။ ပဲကြာဆံမှာ သဲတွေပါတတ်လို့ပါ။ ပြီးလျှင် ဆန်ခါနဲ့ ရေစစ်ထားပါ။ ဒယ်ကြီးကြီးထဲ ကျန် ဆီ ၁၀ ကျပ်သား ထည့်ပြီး ရေစစ်ထားသော ပဲကြာဆံများ ထည့်လှော်ပါ။ ဒီလိုလှော်ပြီးမှ ကြာဆံကို ဟင်းရည်ထဲခတ်တဲ့အခါ အဆူခံပါတယ်။ ကြာဆံများ ပြတ်ထွက်တာတွေ မဖြစ်တော့ပါဘူး။ ကြာဆံတွေ ရေဓာတ် ကုန်ပြီး ခပ်တင်းတင်းလေးဖြစ်လာလျှင် ရပါပြီ။ ကြက်ပြုတ်အိုးကို ပွက်ပွက်ဆူအောင် ပြန်တည်ပြီး မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်သွန်ဥ၊ ကြက်သားဆီသတ်၊ ငါးဖယ်၊ ဆား၊ အရသာမှုန့်နှင့် သကြားတို့ကို ထည့်ပါ။ နောက်ဆုံးမှ ကြာဆံထည့်ပါ။ အပျစ်အကျဲအနေအထားနဲ့ အရသာမြည်းပါ။ အားလုံးအနေအထားမှန်လျှင် ငရုတ် ကောင်းမှုန့်ထည့်ပါ။ ပွဲပြင်ရန်အတွက် နံနံပင်၊ ကြက်သွန်နီ၊ ရှောက်သီးလှီးထားပါ။ လက်ဖက်စားကြက်သွန်ကြော်ကို ထုခြေထားပါ။ (ကြာဆံချက်ထဲ ခတ်သောက်လျှင် အလွန်မွှေးပြီး အရသာတစ်မူထူးခြားပါတယ်။) ငရုတ်သီးလှော် မှုန့် စသည်တို့ကို ဧည့်ခံစားပွဲပေါ် လှပစွာခင်းကျင်းပြီး တည်ခင်း ဧည့်ခံနိုင်ပါပြီ။ ငုံးဥကို တစ်ပွဲ ၂ လုံးကျ ထည့်ပေးပါ။

Credit : ပန်းခရေ for Food Magazine
crdphoto

14/02/2023

#မလိုင်လုံးဆိမ့်ဆိမ့်ပြုလုပ်နည်း

အချိုပွဲအတွက် ပျစ်နှစ်နေတဲ့ မလိုင်လုံးအီအီလေးကို အိမ်မှာအဝဆွဲဖို့ မလိုင်ဆိမ့်ဆိမ့်လုံးပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း(အလုံး ၃၅လုံး)
********
နွားနို့ခဲ – ၄၀၀ ဂရမ်
ဂျုံ – ၆၀ ဂရမ်
နို့မှုန့် – ၃၀ ဂရမ်
ဆော်ဒါ – ဇွန်းတဝက် လ္ဘက်ဇွန်း
ကြော်ရန်ဆီ
သကြားရည်
*********
သကြား – ၆၀၀ ဂရမ်
ရေ – ၆၀၀ ml
ဖာလာစေ့ – ၃စေ့
သံပုရာသီး – တစ်စိတ်
ပြင်ဆင်ပြုလုပ်ပုံ
***********

ပြုလုပ်နည်း
1.လွယ်ကူတဲ့နည်းအဖြစ်နွားနို့ခဲကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ဇလုံတခုတွင်နွားနို့ခဲကိုလက်ဖြင့်ေြ ကအောင်ခြေထားပါ။
2.ဂျုံမှုန့်နို့မှုန့်နှင့်ဆော်ဒါထည့်ပြီးသမအောင်နယ်ပါ။
3.အားလုံးသမအောင်နယ်ပြီးပါကအသားကြိတ်စက်ဖြင့်မွနေအောင်ကြိတ်ပေးပါ။(ကြိတ်စက်အဆင်မပြေပါကလက်ဖြင့်ကြေညက်နေအောင်ခြေပေးဖို့လိုပါတယ်)
4.ကြိတ်ပြီးပါကအနေတော်အလုံးလေးများကိုချောမွေ့နေအောင်ဖွဖွလုံးပေးပါ။
5.လုံးနေစဉ်တဖက်မှသကြားရည်ကျိုထားပေးပါ။သကြားရည်ကျိုမည့်အိုးတွင်သကြားဖာလာစေ့ရေနှင့်သံပုရာသီးညစ်ပြီးဆူပွက်အောင်ကျိုပါ။
6.သကြားပျော်သွားပါကမီးလျော့ပြီးဆယ်မိနစ်ခန့်တည်ထားပါ။သကြားရည်ကိုလက်ဖြင့်ကိုင်ပြီးစမ်းကြည့်ပါကစေးပျစ်သည့်အနေအထားရပါကမီးပိတ်ထားပါ။
7.ပြီးလျှင်ဆီအိုးတည်ပြီးလုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးနီညိုရောင်သမ်းသည်ထိကြော်ပေးပါ။အရောင်ညီစေရန်အဆက်မပျက်မွေပေးပါ။
8.နီညိုရောင်သမ်းပါကဆယ်ယူဆီစစ်ကာအသင့်ကျိုပြီးသားသကြားရည်ပူပူထဲသို့စိမ်ပေးပါ။
9.လက်ကျန်မလိုင်လုံးများကိုလည်းအထက်ပါအတိုင်းကြော်ပြီးသကြားရည်တွင်စိမ်ပါ။
10.အားလုံးကြော်ပြီးစိမ်ပြီးပါကသကြားရည်အိုးကိုပြန်လည်အပူပေးပါ။(ဆူပွက်ရန်မလို)ပူလာပါကမီးပိတ်အဖုံးအုပ်ကာမလိုင်လုံးများသကြားရည်စုပ်သွားအောင်နှစ်နာရီခန့်စိမ်ထားပြီးနှစ်ဆခန့်ပွလာပါကအအေးခံကာနူးအိချိုစိမ့်နေသောမလိုင်လုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
C. R. D to
Ref; asianfood

14/02/2023

ဝက်သားတုတ်ထိုး လုပ်နည်း
━━━━━━━━━━━
ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။

အသားများကိုဆေးကြောသန့်စင်ပြီး ဆား.. သကြားတို့ဖြင့်ရောနယ်ထားပါ.

အူများကိုပထမ ပဲမှူန့်နဲနယ်ဆေးပါ။ ဒုတိယအနေနဲ့ ရှာလကာရှည်ဖြင့်ပွတ်ဆေးပြီးရေသန့်နဲ ့၃ကြိမ်ခန့်ဆေးကြောပြီးပြောင်းပြန်လုပ်ကာ တူဖြင့်အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့််ထပ်ပါ။

ပြုတ်တဲ့ခါ. ၂အိုးခွဲပြုတ်ရမှာဖြစ်ပါတယ်. အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊နားရွက်၊ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့်တစ်အိုးပြုတ်ပြီး.. အူသတ်သတ် တစ်အိုးပြုတ်ပါ။ရောပြုတ်လိုက်ရင် အရောင်မလှတတ်လို့ပါ။

★အူပြုတ်နည်း★

အိုးကိုပူအောင်တည်ပြီသကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ။ငြုပ်ကောင်းမှူန့်အနည်းငယ်နဲ့လေးညှင်း၂ပွင့် နာနတ်၁ပွင့်တို့ ပဲငံပြာပြာရည်..လက်ဖက်ဇွန်း၂ဇွန်းခန့်ထည့်ပါအရောင်အတွက်ထည့်တာဖြစ်ပါတယ်။ရေခန်းအောင်းလုံးထားပြီးမှရေအမြုပ်ထည့်ပြီးပြုတ်ပါနံနံပင်အမျှစ်၃ပင်ခန့်ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းသည်ထိမီးဖြည်းဖြည်းဖြင့်ပြုတ်ပါ။

★အသဲ၊အဆုပ်၊ကျောက်ကပ်၊သာ၊နားရွက်ပြုတ်နည်း★

ရေနွေးဆူအောင်တည်ပြီးဆား...သကြားထမင်းစားဇွန်းဝက်..နာနတ်၁ပွင့့်..ပဲငံပြာရည်..ငြုပ်ကောင်းမှူန့်တို့ထည့်ပြီးအသားထည့်ကာမီးဖြည်းဖြည်းနဲ့နူးသည်ထိပြုတ်ပြီးဗန်းထဲဆည်ထည့်ကာအအေးခံပြီးအချဉ်ရည်ဖြင့်တွဲဖက်စားနိုင်ပါပြီးရှင့်။ကြက်ဥပြုတ်ကြိုက်ပါက ၅လုံးခန့်ပြုတ်ပြီ..ထည့်ပြုတ်နိုင်ပါတယ်ရှင့်။

★အချဉ်ရည်ပြုလုပ်နည်း★

မန်ကျည်းသီး လက်တဆုပ်ခန့်နဲ့ထန်းလျှက်ခဲ၃ခဲခန့်ကိုရည်နဲ့အနှစ်ရအောင်ပြုတ်ပါ။အနှစ်ရအောင်ဇကာနဲ့တိုက်ထားပါ။ကြက်သွန်ဖြူ.ငရုပ်သီးစိမ်းရောထောင်းပြီးကြိုထားတဲ့မန်ကျည်းအနှစ်နဲ့ရောပြီးယိုးဒယားပဲငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ဖျော်ပြီးသုံးဆောင်နိုင်ပါပြီးရှင့်။

Credit Aye Thazin
Credit Original Owner's Photos

02/02/2023

🌽 ပြောင်းဖူးထောင်း🌽

ပြောင်းဖူး ၂ဖူး(ပြုတ်ပြီး အချပ်လိုက် လှီးရန်)

ထောင်းရန်...

၁။ကြက်သွန်ဖြူအသေး ၅မွှာ

၂။ငရုပ်သီးမှည့် ၁၀တောင့်

၃။ပဲသီး ၃တောင့် (ချိုးထည့်ရန်)

၄။ပုဇွန်ခြောက် ၂ဇွန်း

၅။မြေပဲလှော် ၂ဇွန်း

၆။ငံပြာရည် ၂ ဇွန်း

၇။ထိုင်းထန်းလျက်ပျော့ ၂ ဇွန်း

၈။သံပုရာရည် ၄ဇွန်း

၉။ခရမ်းချဉ်သီးအနည်းငယ်

၁၀။ပြောင်းဖူး

တို့ လိုအပ်ပါတယ်။

ထမင်းစားဇွန်းနဲ့ချိန်တွယ်ပါတယ်။

အစဉ်လိုက်ထောင်းပါတယ်။

မုန်လာဥနီ၊ပုဇွန်တို့လည်းထပ်ထည့်မယ်ဆိုရပါတယ်။

*ပြောင်းဖူးကို ထောင်းစရာမလိုပါ။

ကြက်သွန်ဖြူ၊ငရုပ်သီးတို့ကိုသာထောင်းပါတယ် ။

ကျန်တာကိုမွှေထောင်းရုံသာထောင်းပါတယ်။

ပြီးမှပြောင်းဖူးကို ပုံမပျက်စေပဲ ထည့်မွှေလိုက်ရင်ရပါပြီ။

🌽 ပြောင်းဖူးထောင်း🌽

ပြောင်းဖူး ၂ဖူး(ပြုတ်ပြီး အချပ်လိုက် လှီးရန်)

ထောင်းရန်...

၁။ကြက်သွန်ဖြူအသေး ၅မွှာ

၂။ငရုပ်သီးမှည့် ၁၀တောင့်

၃။ပဲသီး ၃တောင့် (ချိုးထည့်ရန်)

၄။ပုဇွန်ခြောက် ၂ဇွန်း

၅။မြေပဲလှော် ၂ဇွန်း

၆။ငံပြာရည် ၂ ဇွန်း

၇။ထိုင်းထန်းလျက်ပျော့ ၂ ဇွန်း

၈။သံပုရာရည် ၄ဇွန်း

၉။ခရမ်းချဉ်သီးအနည်းငယ်

၁၀။ပြောင်းဖူး

တို့ လိုအပ်ပါတယ်။

ထမင်းစားဇွန်းနဲ့ချိန်တွယ်ပါတယ်။

အစဉ်လိုက်ထောင်းပါတယ်။

မုန်လာဥနီ၊ပုဇွန်တို့လည်းထပ်ထည့်မယ်ဆိုရပါတယ်။

*ပြောင်းဖူးကို ထောင်းစရာမလိုပါ။

ကြက်သွန်ဖြူ၊ငရုပ်သီးတို့ကိုသာထောင်းပါတယ် ။

ကျန်တာကိုမွှေထောင်းရုံသာထောင်းပါတယ်။

ပြီးမှပြောင်းဖူးကို ပုံမပျက်စေပဲ ထည့်မွှေလိုက်ရင်ရပါပြီ။

02/02/2023
02/02/2023

ဆိတ်နံနုရိုးဟင်းချက်နည်း. ကိုယ်ချက်တတ်သလိုပေါ့. အရင်ဆုံးဆိတ်နံနုရိုးလေးတွေအနေတော်ခုတ်မယ်နော်. အသားကိုဆားကြမ်းနဲ့ ပွတ်ဆေးပါတယ်.တခြားနည်းလေးရှိရင်လဲအလင်းပြနော်. ပီးရင်ရေစင်စင်ပြန်ဆေးရေစစ်ပါ. ဒိန်ချဉ်ထမင်းစားဇွန်း၃ဇွန်းရယ်အသားကိုနယ်ပီး၁၀မိနစ်ထားတယ်. ပီးရင်အရသာမှုန့်ရယ်
ဆားရယ်မျှင်ငပိရယ်မဆလာရယ်ကိုနှပ်ထားဆိတ်သားနဲ့ ရောနယ်ပြန်နှပ်ထား၁၀မိနစ်ပဲ. အချိန်ကြာကြာနှပ်ရင်တော့ပိုကောင်းတာပေါ့.
ငြုတ်ပုဂျင်းကြက်သွန်ဖြူနီထောင်းမယ်.အိုးထဲမှာနှပ်ထားတဲ့ဆိတ်သားကိုထောင်းထားတာတွေရယ်ဆီရယ်ရောထည့်လုံးမယ်.
ပီးရင်ရေမြုပ်အောင်ထည့်. ၂ရည်ဆိုအသားလေးတွေနှူးအိနေရော.
ချက်ကြည့်နော်.
Crd Original Uploader

02/02/2023

ဒီနေ့မနက် ခေါပြင်မုန့်ပါ
ကောက်ညှင်း နို့ဆီခွက်
၁ ခွက်ကိုရေဆေးပြီးထမင်းပေါင်းအိုးမှာထည့်ပါ
ရေနို့ဆီခွက် ၁ ခွက်ထည့်ပါ
ဆီ ဟင်းခတ်ဇွန်းနှင့် ၁ ဇွန်း
ထည့်ပါ ဆားနဲနဲထည့်ပါ
နာရီဝက်ခန့်စိမ်ထားပြီးနောက်
ပေါင်းအိုးခလုတ်မီးဖွင့်၍
ချက်ပါ အချိန်ပြည့်ရင်ကျက်
ပြီးခလုပ်ကျပါကခဏနှပ်ထားပါ ကောက်ညှင်းပေါင်းကိုဇွန်း
နှင်ခပ်ပြီးဆုံမှာထည့်ကာညက်
ညက်ထောင်းပါ ညက်ရင်ဗန်း
တခုမှာဆီသုတ်ပြီးဖြန့်ခင်း၍
အပေါ်ဘက်ကိုနှမ်းမဲလှော်ဖြူး
ပေးပါဇွန်းနှင့်ဖိပြီးမျက်နာပြင်
ညှိပေးပါ ခေါပြင်မုန့်ရပါပြီ
မော်လမြိုင်ဘက်မှာတော့
ခွက်ပြင်မုန့်လို့ပဲခေါ်ပါတယ်
ထန်းလျက်လုံးကိုအိုးတလုံး
မှာထည့်ရေနဲနဲထည့်ပြီးဆူ
အောင်တည်ပါ ထန်းလျက်လုံး
ပျော်ရင်စကာဖြင့်ပန်းကန်းလုံး
တခုထဲစစ်ယူပါ ထန်းလျက်
အရည်ရပါပြီ ခေါပြင်မုန့်နှင့်
တို့စားလို့ရပါၿပီ
စားကောင်းကြပါစေ

Credit U Kyaw Shwe

😂🤣🤣🤣
02/02/2023

😂🤣🤣🤣

02/02/2023

တောင်ကြီးဈေးနေ့မှာရောင်းတဲ့ အင်းလေး🤤ဆပ်ယာဂု ပါ စားကြပါအုံးရှင့်
အဲ့ ၁၅၀၀ ဖိုး တဲ့
အိအိလေးနဲ့ စားလို့သိပ့်ကောင်း 🤤
credit Nan Mwe Hlyan

Address

Taungoo
NO

Telephone

09768951153

Website

Alerts

Be the first to know and let us send you an email when ဟင်းချက်နည်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share