Heart's 081 Mini Mart

Heart's 081 Mini Mart Build with Heart.

အလုပ်လဲလုပ်ရမယ် စာလဲဖတ်ရမယ်။
03/08/2025

အလုပ်လဲလုပ်ရမယ် စာလဲဖတ်ရမယ်။

တစ်သက်လုံး ဆင်းရဲနည်း
(၁) ချောင်ခိုပါ
သူဌေးမမြင်သောနေရာတွင် ချောင်ခို ပြီးနေပါ။ အလုပ်ကို ခိုကပ်ပါ။ စိတ်ရော ခန္ဓာပါ သက်သာအောင် ဖြစ်သလိုနေပါ။ မန်နေဂျာ ရှေ့မှာ အလုပ်လုပ်ချင်ဟန်ဆောင်ပါ။
(၂) တွက်ကပ်ပါ
ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ပါ။ အပို လုံးဝမလုပ်ပါနှင့်။ ခိုင်းရင် မကြားဟန်ဆောင်ပါ။ မဖြစ်မနေလုပ်ရမည်ဆိုလျင်လည်း အချိန်ဆွဲလုပ်ပါ။ ပြဿနာဖြစ်အောင်လုပ်ပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူလုပ်ကိုယ်လုပ် ငြင်းခုန်ပါ။
(၃) အလုပ်သမားစိတ်မွေးပါ
ရသမျှ တောင်းဆိုပါ။ အသေးအမွှားက စ မရရအောင်တောင်းပါ။ ရပိုင်ခွင့် တစ်ဆုံးနှိုက်ပါ။ မိမိတို့သည် အလုပ်သမားများဖြစ်သည့်အလျောက် အလုပ်ရှင် ရှုံးသည်မြတ်သည် ပဓာန မဟုတ် မိမိတို့ အတွက်သည်သာ အဓိကဖြစ်သည်။ ခွင့်မှန်သမျှ ရနိုင်သမျှ ယူပါ။
(၄) အလုပ်ခဏ ခဏ ပြောင်းပါ
ကြာကြာလုပ်နေလျင် ကြာကြာဒုက္ခရောက်ပါသည်။ ထို့ကြောင့် မကြာမကြာ အလုပ်ပြောင်းခြင်းသည် အလွန် ကောင်းပါသည်။ လစာ ပိုပေးသည့်နေရာသို့ ချက်ချင်း ပြောင်းပါက ချက်ချင်း ငွေပိုရပါသည်။
(၅) မသင်ယူပါနှင့်။
သင်ယူခြင်းသည်အလွန် အလုပ်ရှုပ်ပါသည်။ ခေါင်းလည်း ရှုပ်သည်။ အားလျင် နားပါ။ မအားလည်း နားပါ။ ငွေရဖို့ နှင့်မသက်ဆိုင်သော သင်ယူမှုမျိုး ကိုပိုမိုရှောင်ရှားပါ။
(၆) ရန်အမြဲတိုက်ပေးပါ
မိမိလုပ်ဖော်ကိုင်ဖက်များကို အချင်းချင်းသော်လည်းကောင်း မန်နေဂျာဖြင့် သော်လည်းကောင်း သူဌေးဖြင့်သော်လည်းကောင်း မကောင်းကြောင်းအမြဲပြော၍ ရန်တိုက်ပေးပါ။ ပြီးလျင်မသိသလိုနေပါ။
(၇) ရသမျှ ဖြုန်းပါ
ပိုက်ဆံရသမျှ ဖြုန်းပြစ်ပါ။ ချန်ထားရန်များ ကြွက်စားပါသည်။
သေလျင်ကိုယ့်နောက်ဘာမှ မပါသောကြောင့် စုဆောင်းမထားပါနှင့်။
တကယ်မလုပ်ရဘူးနော် ဆင်းရဲတတ်တယ် ဒီဘဝကော နောက်နောင်ဘဝကော😅😅
တိုးတက်ခြင်းကသင့်ရဲ့super powerဖြစ်လိုက်ပါ​။
https://www.youtube.com/-o6x
Credit:

14/07/2025

ဒီနေ့ညနေ ဆိုင်မှာ Nivea မျက်နှာသစ်ဆပ်ပြာဘူး ၁၅၀၀၀တန် ၇ဘူးခိုးယူသွားသော သူခိုးများသိစေရန်။

ခိုးလို့ရသွားသောပစ္စည်းဖြင့် စားသောက်တိုင်း ........
ခိုးလို့ရသောပစ္စည်းအား အသုံးပြုတိုင်း.......
ခိုးလို့ရခဲ့သော ပစ္စည်းဖြင့် ငွေသုံးတိုင်း..........

ကိုယ်ခန္ဓာအတွင်း ရောဂါတွေဖြစ်တတ်ပါတယ်။ စားသောအစာအဆိပ်ဖြစ်တတ်ပါတယ်။ လူရုပ်အသွင် မွဲစုတ်ချုခြာပြီး ဘာပဲလုပ်လုပ် ကျက်သရည်ယုတ်တတ်ပါတယ်။
ဘဝတလျှောက် လူမွေးလူတောင်မပြောင်ရောင်ပဲ ရသမျှကုန်တဲ့ သူခိုးဘဝပဲဖြစ်တတ်ပါတယ်။

အသက်ငယ်တုန်းမှာ ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်လို့ ရတဲ့ ခြေလက်အင်္ဂါအစုံပါရက်နဲ့ သူတောင်းစားထက်ဆိုးတဲ့ သူခိုးဘဝကို မရွေးခြယ်မိပါစေနဲ့လို့သတိပေးလိုက်ပါတယ်။

လူကိုယ်ခန္ဓာနဲ့မွေးလာပြီး ခွေးသူခိုးဘဝကို မရွေးချယ်မိပါစေနဲ့။

Heart's 081 စတိုးဆိုင် (တောင်ကြီး)မှာ အရောင်းဝန်ထမ်း မ(၁)ဦးအလိုရှိနေပါသည်။စာရိတ္တကောင်းမွန်ပြီး အလုပ်တကယ်လုပ်ချင်သူများ ...
12/07/2025

Heart's 081 စတိုးဆိုင် (တောင်ကြီး)မှာ အရောင်းဝန်ထမ်း မ(၁)ဦးအလိုရှိနေပါသည်။

စာရိတ္တကောင်းမွန်ပြီး အလုပ်တကယ်လုပ်ချင်သူများ လျှောက်ထားနိုင်ပါသည်။ ရေရှည်လုပ်ကိုင်လိုစိတ်ရှိသူများသာ ဦးစားပေးပါမည်။

နေစားငြိမ်းပါ။
CV ကို CB ကိုပေးပို့နိုင်သလို့
09782942356 သို့ ဖုန်းဆက်လျှောက်ထားနိုင်ပါသည်။

Lotte Soju လေးနဲ့ အဲ့လိုလုပ်သောက်ကြည့် 😋😋😋
27/05/2025

Lotte Soju လေးနဲ့ အဲ့လိုလုပ်သောက်ကြည့် 😋😋😋

ပွဲတော်အုပ်လေး ရောင်းကောင်းနေတာHeart's 081 Mini Mart ကနေဝယ်စားရင်ပိုကောင်းတယ် 😋😋😋😋😋
19/05/2025

ပွဲတော်အုပ်လေး ရောင်းကောင်းနေတာ

Heart's 081 Mini Mart ကနေဝယ်စားရင်ပိုကောင်းတယ် 😋😋😋😋😋

တောင်ကြီးမှာ စလေဇီးယိုစစ်စစ်ကိုစားချင်ပါတယ်ဆိုတဲ့အကောင်းကြိုက်သူများအတွက် Heart's 081 စတိုးဆိုင်ကနေ ကိုယ်စားလှယ်ယူဖြန့်ပ...
19/05/2025

တောင်ကြီးမှာ စလေဇီးယိုစစ်စစ်ကိုစားချင်ပါတယ်ဆိုတဲ့အကောင်းကြိုက်သူများအတွက် Heart's 081 စတိုးဆိုင်ကနေ ကိုယ်စားလှယ်ယူဖြန့်ပေးနေပါတယ်ရှင့်။
ဆိုင်ရှင်သူဌေးကြီးများ အသိနောက်ကျလို့မရောင်းလိုက်ရမရှိလေးအောင် မှာလိုက်ကြပါရှင့်။
ရောင်းကောင်းတဲ့ ပစ္စည်းလေးမို့ရောင်းကြည့်ပါ။ အရသာအရမ်းကောင်းပြီး အပြင်အဆင်လဲလှတယ်။ လူကြီးလက်ဆောင်ပေးလဲလှတဲ့ပစ္စည်းလေးပါ။

မှာယူလိုပါက
09782942356
09758285362

လိပ်စာ ၇/၄ အရှေ့မြို့ပတ်လမ်း၊ရေအေးကွင်းရပ်၊တောင်ကြီးမြို့။ အထက(၅)ဈေးအနီး

ဆိုင်မှာအသုံးပြုနေတဲ့ Samsung ဖုန်းလေး ဆိုင်ထဲဝင်ခိုးသွားပါတယ်။ ဖုန်းခိုးသွားတာ ယောက်ကျားလေး ၃ယောက်ပါ။ ဆိုင်ကယ် click ဘီ...
16/03/2025

ဆိုင်မှာအသုံးပြုနေတဲ့ Samsung ဖုန်းလေး ဆိုင်ထဲဝင်ခိုးသွားပါတယ်။ ဖုန်းခိုးသွားတာ ယောက်ကျားလေး ၃ယောက်ပါ။ ဆိုင်ကယ် click ဘီးနဲ့ ဈေးလာဝယ်ရင်းနဲ့ခိုးတာပါ၊ ညနေ ၄နာရီကျော်လောက်ကပါ။

ဖုန်းက တန်ဖိုးမရှိပေမဲ့ Data တွေကအမှတ်တရမို့ ပြန်မရနိုင်ဘူးဆိုပေမဲ့ ပြန်လိုချင်ပါတယ်။
အဲ့ဖုန်းသွားရောင်းလဲ ဘယ်လောက်မှမရပါဘူး။ မှန်ကွဲထားလို့မှန်လဲထားရပြီး Battery လဲ မခံတဲ့ဖုန်းလေးပါ။ အရမ်းလဲ hangပါတယ်။
အားလုံးလဲ သူခိုးများနဲ့ကင်းဝေးကြပါစေ။ ရန်သူမျိုးငါးပါးဒဏ်မှလဲ ကင်းဝေးကြပါစေ။

Address

7/4 East Circular Road, Yae Aye Quin Qt
Taunggyi
95

Telephone

+959790189078

Website

Alerts

Be the first to know and let us send you an email when Heart's 081 Mini Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share