Myanmar Retailers Association Sagaing Region

Myanmar Retailers Association Sagaing Region မြန်မာနိုင်ငံ လက်လီရောင်းချသူများ We wish to share information and knowledge of retail business.

15/02/2023

ဒီညတော့ ခနခနလာမေးကြတဲ့ မြန်မာက ဖန်နေချာလောက(လက်သမားလောက) အလုပ်သမားလောကရဲ့ အလုပ်ခေါ်ပုံအကြောင်းပါ။ ဗဟုသုတအဖြစ်ရေးခြင်းသာတည်း။

ပထမဆုံးရှင်းပြချင်တာက လက်သမားအကြောင်းပါ။ လက်သမားမှာ အနိမ့်ဆုံးက လက်တိုလက်တောင်း တူယူဆောက်ယူ၊ ကူသယ်၊ ကူကိုင်အဆင့်ပါ။ ဒါကို အကူလို့ခေါ်ကြတာများပါတယ်။
ဒုတိယက လက်သင် ပါ။ တူယူလွှယူ ကူကိုင်အဆင့်ကနေ သံရိုက်လွှဖြတ်အဆင့်လောက်တိုးလာသူပေါ့။
တတိယက လက်ထောက် ပါ။ လက်ထောက်ကကြတော့ ရေပေါ်ထိုး၊ စရွေးထွင်း(ဆောက်ကိုင်) အဆင့်လောက်ရောက်လာပါပြီ။ ပေကြိုးဆွဲ၊ မျဉ်းကြိုးဆွဲအဆင့်ပါ။
ထိုကတစ်ဆင့်တိုး ၄ဆင့်မြောက်က နောက်လိုက်ပါ။ ဒါက ဆရာပြီးရင် ဆရာပါပဲ။ ကျွမ်းကျင်နီးပါးအဆင့်ပေါ့။ ပုံစံဖတ်တတ်လာပြီ။ Cutting list ထုတ်တတ်လာပြီ။ ထုတ်ကုန်ကို တပ်ဆင်ဖို့အထိထုတ်နိုင်လာပါပြီ။ တပ်ဆင်ဖို့ပါ စိတ်ချလာရပါပြီ။
နောက်ဆုံးက ဆရာပေါ့။ Curpenter Head သူကတော့ ခေါင်းဆောင်ပြီး အကုန်လမ်းညွှန်တတ်သူ ထိုအဆင့်၄ က လက်သမားဆရာ သုံးလေးယောက်ကို လုပ်ကွက်ချပေးနိုင်သူပေါ့။ အရမ်းကျွမ်းကျင်တဲ့ ဆရာတွေဟာ သူ့လက်အောက်မှာ နောက်လိုက်နှစ်ဖွဲ့ သုံးဖွဲ့ထိထားပြီး ဆိုက်တစ်ခုထဲ ခွဲခိုင်းထားနိုင်ကြပါတယ်။
ထိုအထက်မှာတော့ ဆရာကြီးလို့ခေါ်တဲ့ ဦးဆောင်သူရှိပါသေးတယ်။ သူကတော့ ထိုဆရာအဆင့်လေးငါးယောက်ကို တစ်ယောက်ထဲက ဆိုက်တွေခွဲပြီး လုပ်ကွက်ခွဲပြီး တစ်ပြိုင်ထဲခိုင်းနိုင်သူ၊ ညွှန်ကြားနိုင်သူမျိုးပါ။ အသက်အားဖြင့်ရေ၊ာ အတွေးအခေါ်လုပ်ကွက်အားဖြင့်ရော၊ အုပ်ချုပ်ရေးပိုင်းရော၊ အိမ်ရှင်၊ အိမ်ရှင်ခန့် တာဝန်ခံတွေနဲ့ရော သဟဇတဖြစ်အောင်လုပ်နိုင်တဲ့ Site Manager အဆင့်ပါပဲ။ Project Manager လို့လည်းခေါ်ကြပါတယ်။
Site Manager အဆင့်တွေဟာ Drawing နဲ့ Production နဲ့ Installation နဲ့ကို ကိုက်ညီအောင် ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အဆင့်တော့ဖြစ်ဖို့လိုတာပေါ့နော်။ ပြီးတော့ အိမ်ရှင်ကို ၊ Customer ကို ပိုသင့်တော်တဲ့အကြံမျိုးတွေ ပြုနိုင်သူမျိုးပေါ့။ (စာကြွင်း- ဒီမှာတော့ ပိုင်ရှင်နဲ့ သဟဇာတဖြစ်ကြသူတွေ၊ အမျိုးအဆွေတွေသာပေးတတ်တာမျိုးပါ။ တစ်ခါတလေ လက်သမားပိုင်း မသိပဲလုပ်နေသူတွေတောင် မြင်ဖူး ကြုံဖူးပါတယ်။ )
ဆက်ပြောပြရရင် အုပ်ချုပ်ရေးစွမ်းရည်ဟာ အလုပ်စွမ်းရည်နဲ့ ရောနှောအချိုးကျမှ ထိုလုပ်ငန်းခွင်အတွက် ပြည့်စုံတာမျိုးပါ။
ခနခန တွေ့နေရတာ့ မြန်မာက အလုပ်ခေါ်ပုံတွေက နောက်လိုက်ကျွမ်းကျင်တို့ကျွမ်းကျင်အကူတို့ ဘာတို့ညာတို့ စုံနေတာပါပဲ။
ပေးတဲ့စျေးကတော့ လုပ်တဲ့အလုပ်ရှင်ရဲ့ အလုပ်လက်ခံတဲ့ တန်ကြေးပေါ်မူတည်ပြီး မတူကြတာပါ။ အဖွဲ့အစု၊ အလုပ်ရုံ၊ စက်ရုံ၊ Company အဆင့် စတာတွေပေါ်လည်းမူတည်တာပေါ့နော်။ သူတို့အမြတ်နဲ့ အချိုးချပြီးနိုင်သလောက်ရမှာပေါ့နော်။ ဒါတော့ ကျတော်ဝင်ရေးပြဖို့မရတာမျိုးပေါ့။
တစ်ခါတလေ အုပ်ချုပ်သူကဘာမှမသိပဲ အုပ်ချုပ်ခေါင်းဆောင်တာတွေလည်းမြင်ဖူးသလို၊ ငါကသူဌေး ငါကလုပ်ငန်းရှင် ငါခိုင်းတာလုပ်ရမယ်ဆိုတာတွေလည်း အများကြီး ကြုံဖူးပါတယ်။
အလုပ်ရှင်က လုပ်ငန်းထောင်ထားတယ်။ လက်သမားဆရာတွေက ဝင်လုပ်ကြတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။ အလိုအပ်ဆုံးက အလုပ်တွင် လေးစားမှုပါ။ သူဌေးဆိုတဲ့ အလုပ်ရှင်ဆိုတဲ့ အတ္တသမားတွေအများကြီးမြင်ဖူးသလို အလုပ်ကိုမလေးစား၊ ငါက လက်သမားဆရာပဲ ငါလုပ်တာ သူခံပေတော့ ဆိုတဲ့ သူတွေလည်း အများကြီး ကြုံဖူးပါတယ်။
စိတ်ဓာတ်မပြည့်၀တဲ့ သူဌေးအောက်မှာ အလုပ်သမားကောင်းမရှိသလို၊ (ရှိလည်းခနပဲခံတာပေါ့နော်) ၊စိတ်ဓာတ်မကောင်းတဲ့ အလုပ်သမား(လက်သမားဆရာ) ကလည်း ကောင်းမွန်တဲ့ အလုပ်တွေ ကြာကြာမရကြပါဘူး။
လက်သမားပညာပြလို့ ခံရတဲ့ သူဌေးထက် ၊ ထိုနောက်က အိမ်ရှင် ( Customer) ကပိုခံစားသွားရတာတွေ အများကြီး မြင်ဖူးကြားဖူးပါတယ်။
လောကပါလတရားက ရိုးရှင်းတယ်ဗျ။
ကျတော့်အဖိုးကလည်း အမြဲမှာပါပါတယ်။
"သူကောင်းကိုအရင်မရှာနဲ့ ကိုယ်အရင်ကောင်းလိုက်ပါ"
ဒါနဲ့မပြီးဖူးဗျ အဖိုးပြောခဲ့သလိုတွေမဖြစ်တဲ့ အလုပ်ရှင်တွေလည်းအများကြီးဆုံဖူးတဲ့အခါ ကျတော်ထပ်ရေးသွားခဲ့ပါတယ်။ ဒါက
"ကိုယ်ကကောင်းခဲ့သားနဲ့ သူမကောင်းရင်လည်း သူ့ကို စွန့်ခွာထားခဲ့ပါ"

နတ်သား
https://www.facebook.com/netthardecoration

23/06/2022

In Australia polarised DC circuit breakers were used as isolator switches on solar power systems until 2010. One of the main problems with polarised DC circ...

20/10/2021

သီတင်းကျွတ် အခါသမယမှာ လက်လီအသင်းသူအသင်းသားများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းသာယာ ကြစေဖို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

MMRA အသင်းဝင်ဆိုင်များ၊မိသားစုဝင်များနှင့် ဝန်ထမ်းများက်ို COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး အစီအစဉ်
16/08/2021

MMRA အသင်းဝင်ဆိုင်များ၊မိသားစုဝင်များနှင့် ဝန်ထမ်းများက်ို COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး အစီအစဉ်

22/07/2021

စစ်ကိုင်းတိုင်းလက်လီအသင်းက အောက်စီဂျင်အိုး ၁၀၀ မှာထားပါတယ် နောက်လ ၂၅ကျော်လောက် ရောက်မှာပါ
အသင်းက ပိုမိုအားဖြည့်ကူညီနိုင်တော့မှာပါ…….

စစ်ကိုင်းတိုင်းဒေသကြီး လက်လီရောင်းချသူများ အသင်းကြီး၏ အစည်း​ဝေး ဆုံး ဖြတ်ချက် မှာ 👉🏻ယခုလို နိုင်ငံ တစ်ဝှမ်း ကျရောက်နေသော...
20/07/2021

စစ်ကိုင်းတိုင်းဒေသကြီး လက်လီရောင်းချသူများ အသင်းကြီး၏ အစည်း​ဝေး ဆုံး ဖြတ်ချက် မှာ 👉🏻

ယခုလို နိုင်ငံ တစ်ဝှမ်း ကျရောက်နေသော COVID-19 ကပ်ဆိုးကြီးအတွင်းမှ မိဘပြည်သူများ လိုအပ်နေသော အောက်ဆီဂျင် လိုအပ်ချက် ကို တဒေါင့် တစ်နေရာမှ ပါဝင် ဖြည့်ဆည်းပေးနိုင်ရန် အလို့ငှါ အောက်ဆီဂျင် ဘဏ် တစ်ခုတည်ထောင်၍ ယခု ကဲ့သို့ ပူးပေါင်း ပါဝင်ကြရန် ဆုံဖြတ်ခဲ့ကြပါသည်။ 🤝🤝🤝💊💊💊

👫👬လုပ်ဆောင်မှု အစုစုတို့တွင် ပါဝင်ဆောင်ရွတ်လိုသော အသင်းသူအသင်းသားများကိုလဲဖိတ်ခေါ် အပ်ပါသည်။ 👋👋👋👬👬👬

စစ်ကိုင်းတိုင်းဒေသကြီး လက်လီရောင်းချသူများ အသင်းကြီး၏ အစည်း​ဝေး ဆုံး ဖြတ်ချက် မှာ 👉🏻ယခုလို နိုင်ငံ တစ်ဝှမ်း ကျရောက်နေသော...
20/07/2021

စစ်ကိုင်းတိုင်းဒေသကြီး လက်လီရောင်းချသူများ အသင်းကြီး၏ အစည်း​ဝေး ဆုံး ဖြတ်ချက် မှာ 👉🏻

ယခုလို နိုင်ငံ တစ်ဝှမ်း ကျရောက်နေသော COVID-19 ကပ်ဆိုးကြီးအတွင်းမှ မိဘပြည်သူများ လိုအပ်နေသော အောက်ဆီဂျင် လိုအပ်ချက် ကို တဒေါင့် တစ်နေရာမှ ပါဝင် ဖြည့်ဆည်းပေးနိုင်ရန် အလို့ငှါ အောက်ဆီဂျင် ဘဏ် တစ်ခုတည်ထောင်၍ ယခု ကဲ့သို့ ပူးပေါင်း ပါဝင်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။ 🤝🤝🤝💊💊💊

👫👬လုပ်ဆောင်မှု အစုစုတို့တွင် ပါဝင်ဆောင်ရွတ်လိုသော အသင်းသူအသင်းသားများကိုလဲဖိတ်ခေါ် အပ်ပါသည်။ 👋👋👋👬👬👬

 #မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း_စစ်ကိုင်းတိုင်းဒေသကြီးကျွန်ုပ်တို့၏ သဘောထားထုတ်ပြန်ပါသည်။ယခုထုတ်ပြန်ကြေညာချက်သ...
07/02/2021

#မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း_စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်ုပ်တို့၏ သဘောထားထုတ်ပြန်ပါသည်။

ယခုထုတ်ပြန်ကြေညာချက်သည် အသင်းကြီး၏

ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၏

သဘောထားအမှန်ဖြစ်ပါသည်။






Address

Monywa, Yone Gyee Road, Myanmar Retailer Assocation Sagaing Region
Sagaing Region

Website

Alerts

Be the first to know and let us send you an email when Myanmar Retailers Association Sagaing Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Retailers Association Sagaing Region:

Share