13/07/2026
**ချစ်သမီးလေးနန်းနန်းအတွက် မွေးနေ့ဆုတောင်းစကား**
ဒီကနေ့ ဇူလိုင် (၁၂)ရက်...
ရပ်ဝေးရောက် ချစ်သမီးလေး နန်းနန်းရဲ့ ( # #)နှစ်မြောက် မွေးနေ့ပါ
သမီးလေး နန်းနန်း ရေ၊
“ပျော်ရွှင်စရာ မွေးနေ့မင်္ဂလာပါ” နော်။
ဒီကနေ့အိမ်မှာ သမီးလေး မွေးနေ့ကို အကြောင်းပြုလို့...
ပကာသနမပါတဲ့ အငယ်စားကုသိုလ်ကောင်းမှုလေးတွေ ပြုဖြစ်ပါတယ်။
“သမီးကြိုက်တဲ့၊ အားပေါ်ကြိုက်တဲ့” နန်းကြီးသုပ် ချပ်ပြုပ်လုပ်ကိုင်ပြီး..
ဘုရားမှာ ဆွမ်းတော်ကပ်၊ အိမ်းနားနီးချင်းတွေနဲ့ အရပ်ထဲက မိတ်ဆွေတွေကို ဝေငှတယ်။
အမိမွေးရပ်မြေနဲ့ အလှမ်းကွာဝေးလှတဲ့....အရှေ့ဖျား ဝေးရပ်နိုင်ငံမှာ
ဆွေမျိုး၊မိဘတွေနဲ့ ဝေးပြီး၊ လူမျိုးခြား သူစိမ်းလူစိမ်းတွေရဲ့ ကြားမှာ....
ဘဝတာ ဖြတ်သန်းရင်း....နေ့သစ်ကို လျှောက်လမ်းနေရတာ...
ကျင့်သားရနေလောက်ပြီလို့....အားပေါ် ယူဆပါတယ်....။
အနာဂတ်နေ့ရက်တွေ လင်းလက် လှပဖို့....
ဒီနေ့ရက်တွေမှာ....စိတ်ပင်ပန်း...လူပင်ပန်း...
နေ့စဉ် အလုပ်တွေနဲ့ ရှုပ်နေမယ် လုပ်နေရလိမ့်မယ် ....
ဒါပေမယ့် မိမိကိုယ့်မိမိကျန်းမာရေးကို အရင်ဆုံး ဦးစားပေး..ဂရုစိုက် နေထိုင်ပါ။
သမီးလေး နန်းနန်း အများကြီး ကြီးပြင်းလာတာ၊ ကောင်းကောင်း ရပ်တည်ရင့်ကျက်လာကို
မြင်ရတော့ မိဘအနေနဲ့ အရမ်းပျော်ရွှင် အားရ ကျေနပ် ပီတိ ဖြစ်မိပါတယ်။
အနေ ဝေးကွာနေပေမယ့် အမြဲတမ်း သမီးလေးကို အားပေးနေတယ်။
ဒီနေ့ ဒီအချိန်က စ၍ လာမယ့် နေ့ရက်များစွာ...
သမီးအတွက် ပိုမိုကောင်းမွန်တဲ့ နေ့ရက် နေ့သစ် တွေဖြစ်ပါစေ။
ပြီးတော့ ပိုမိုကောင်းမွန် တဲ့ မိတ်ဆွေကောင်း လူကောင်း သူတော်ကောင်း...
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကောင်းတွေ နဲ့ ဆုံဆည်းရပြီး
ပျော်ရွှင်စရာ အခိုက်အတန့်တွေ အများကြီး အများကြီး ဆက်ကာ ဆက်ကာ...ရရှိပါစေ။
တစ်ပါးသူ အားမကိုးပဲ....မိမိကိုယ် မိမိ ယုံကြည်မှုအပြည့်နဲ့ ဘဝကို ထွန်းလင်းတောက်ပနိုင်ပါစေ။
အားပေါ် နဲ့ အားမေ
တနိုင်းသစ္စာစတိုး
မြန်မာပြည်။
ရက်စွဲ။ ၁၂.၀၇.၂၀၂၆