
10/03/2025
ပိန္နဲသီးကို ရင့်တဲ့အခါခူးပြီးသပ်ရိုက် မှည့်အောင်စောင့်ကြပါတယ် မှည့်ဖို့ကြာပါတယ် မှည့်တဲ့အခါလဲအချိုပေါ့တာကြုံဘူးကြမှာပါ
တနည်းပေးပါမယ်စမ်းကြည့်ပါ
အရင့်ခူးချိန်တန်တဲ့အခါခူးလိုက်ပါ ခူးပြီးအညာရင်းကိုအသီးကနေလိမ်ချိုးလိုက်ပါ မရရင်အရင်းကကပ်ဖြတ်လိုက်ပါ ပြီးရင်ညဘက် ဖြတ်ထားတဲ့အညာအရင်းပေါ်ကိုဆားမကျည်းတစေ့စာပုံထားပြီးအသီးကိုထောင်ထားပါ
နံနက်မိုးလင်းရင် အညှာရင်းမှာအရည်ပြည့်နေပါလိမ့်မယ် စောင်းသွန်လိုက်ပါ အရည်ကုန်ရင်ပြန်ထောင်ထားပါ ညရောက်ရင်အနံမွေးလာပါလိမ့်မယ် နောက်တနေ့စားလို့ရပါပြီ
မချိုတဲ့အသီး ချိုပါလိမ့်မယ် ချိုတဲ့အသီးအချိုလေးပြီးစားကောင်းပါလိမ့်မယ်ဒီနည်းကိုစမ်းသပ်ပြီး လက်ဆင့်ကမ်းပေးလိုက်ကြပါ