Shwe Man Thu - Premium Box

Shwe Man Thu - Premium Box နှစ်ပေါင်း (၆၀) နှစ်ကျော်တိုင် လူကြီး၊ လူငယ်မရွေး သောက်သုံးခဲ့ကြတဲ့ “ရွှေမန်းသူ”

အရသာတစ်ခုကို ခံစားလိုက်ရတဲ့ အချိန်တိုင်းမှာ စိတ်ထဲကို အလိုလို ရောက်လာတတ်တဲ့ အမှတ်တရလေးတွေ ရှိတတ်ပါတယ်... ✨ ညနေစောင်း အလု...
27/04/2026

အရသာတစ်ခုကို ခံစားလိုက်ရတဲ့ အချိန်တိုင်းမှာ စိတ်ထဲကို အလိုလို ရောက်လာတတ်တဲ့ အမှတ်တရလေးတွေ ရှိတတ်ပါတယ်... ✨

ညနေစောင်း အလုပ်ကအပြန်ဖြစ်ဖြစ်၊ ပိတ်ရက် အေးအေးဆေးဆေး အနားယူချိန်ဖြစ်ဖြစ်... ကွပ်ပစ်လေးပေါ်မှာ ရွှေမန်းသူရဲ့ ဂန္ထဝင်အရသာလေးကို ဖြည်းဖြည်းချင်း ခံစားရင်း အမောဖြေရတာဟာ တကယ့်ကို ငြိမ်းချမ်းတဲ့ အချိန်လေးပါ... 🍃💞

ဒီလို ပြီးပြည့်စုံတဲ့ အချိန်လေးမှာ ဆရာစိုင်းထီးဆိုင်ရဲ့ သီချင်းလေးတွေပဲ ဖွင့်မလား၊ လွှမ်းမိုး၊ ခိုင်ထူး တို့ရဲ့ အလွမ်းသီချင်းလေးတွေပဲ နားထောင်မလား... ကိုယ်ပိုင် Vibe လေးတွေတော့ ကိုယ်စီ ရှိကြမှာ သေချာပါတယ်။ ၉၀ ခုနှစ်တွေဆီက သီချင်းသံစဉ်ဟောင်းလေးတွေနဲ့ ရွှေမန်းသူရဲ့ မူလအရသာ ပေါင်းစပ်သွားတဲ့အခါ အတိတ်က လွမ်းစရာ အမှတ်တရတွေဆီကို ချက်ချင်း ပြန်ရောက်သွားစေမှာ အသေအချာပါပဲ... 💯

ကဲ... မိတ်ဆွေတို့ရော 'ရွှေမန်းသူ' လေးနဲ့ ငြိမ့်နေချိန်ဆိုရင် ဘယ်အဆိုတော်ရဲ့ ဘယ်သီချင်းလေးကို အရင်ဆုံး ခေါင်းထဲ ရောက်လာတတ်လဲဗျ... ❓

Comment မှာ သီချင်းနာမည်လေးတွေ ဝင်ရေးသွားပြီး အမှတ်တရတွေကို အတူတူ မျှဝေပေးသွားကြပါဦး... 💖

#ရွှေမန်းသူ #သီချင်း

🎶 မြနန္ဒာ ရေညိုညိုရစ်ခါသမ်းတယ်ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ် 🎶 ဆရာမြို့မငြိမ်းရဲ့ သီချင်းလေးထဲကလိုပဲ... သင်္...
15/04/2026

🎶 မြနန္ဒာ ရေညိုညိုရစ်ခါသမ်းတယ်
ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ် 🎶

ဆရာမြို့မငြိမ်းရဲ့ သီချင်းလေးထဲကလိုပဲ...
သင်္ကြန်ရောက်ပြီဆိုရင် တန်ခူးနွေနဲ့ မန်းတောင်ခြေရဲ့ အေးမြတဲ့ အရိပ်အာဝါသ ၊ ငွေငန်းဖြူနဲ့ ရွှေမန်းသူ တို့ရဲ့ လိုက်ဖက်စွာ တင့်တယ်နေမှုကို မြင်ယောင်မိမှာပါ✨

ဘယ်နေရာ၊ ဘယ်မြို့ကိုပဲ ရောက်နေပါစေ... 'ရွှေမန်းသူ' ကပေးတဲ့ မူလအရသာလေးကို ခံစားလိုက်ရုံနဲ့ မန်းတောင်ရိပ်ကို ရောက်သွားသလိုမျိုး ကိုယ်ရောစိတ်ပါ အေးချမ်းသွားစေကာ ရင်းနှီးပြီးသားအငွေ့အသက်လေးက ရင်ဘတ်ထဲကို တန်းရောက်လာမှာ အသေအချာပါပဲ... 💞

ဒါကြောင့်မို့ နွေနေပူရဲ့ ပူလောင်ပင်ပန်းမှုတွေကို ခဏဘေးကိုချထားပြီး...
ရွှေမန်းသူရဲ့ ဂန္ထဝင်အရသာလေးနဲ့အတူ
အေးအေးဆေးဆေး ငြိမ့်ပြီး "ရွှေမန်းတောင်ရိပ်”ကို အတူတူခိုကြပါစို့ရယ်ဗျာ… 🍂

#ရွှေမန်းသူ #ရွှေမန်းသူ #မြို့မငြိမ်း #သင်္ကြန် #မန္တလေးတောင် #မန်းတောင်ရိပ်

ဒီကနေ့ ကျရောက်လာတဲ့ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြိုနေ့လေးမှာ နှစ်ဟောင်းက ပူလောင်မှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတ...
13/04/2026

ဒီကနေ့ ကျရောက်လာတဲ့ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူး သင်္ကြန်အကြိုနေ့လေးမှာ နှစ်ဟောင်းက ပူလောင်မှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးကို အေးမြတဲ့ သင်္ကြန်ရေစင်နဲ့အတူ အပြီးတိုင် ဆေးကြောဖယ်ရှားပြီး၊ လာမဲ့ နှစ်သစ်မှာလည်း စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တွေ မွေးမြူရင်း မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်... 🍃💖

#ရွှေမန်းသူ #သင်္ကြန်အကြိုနေ့ #မြန်မာနှစ်သစ်ကူး

09/04/2026

တစ်နှစ်တာလုံး လွမ်းနေရတဲ့ သင်္ကြန်ရေအေးအေးနဲ့အတူ သူငယ်ချင်းတွေ ပြန်ဆုံကြမဲ့အချိန်... 💦

မဏ္ဍပ်ပေါ်မှာ ကခုန်ရင်း၊ လမ်းလျှောက်ရင်း စနောက်ကြမဲ့ အမှတ်တရတွေကြားမှာ အမောပြေစေဖို့ဆိုရင် ရွှေမန်းသူရဲ့ မူလအရသာက မပါမဖြစ်ပါပဲ။ နှစ်တွေပဲ ဘယ်လောက်ပဲ ပြောင်းသွားပါစေ... သူငယ်ချင်းတွေကြားက သံယောဇဉ်နဲ့ ရွှေမန်းသူရဲ့ မူလလက်ရာကတော့ အမြဲတမ်း တစ်ထပ်တည်းပါပဲ... 💛

ဒါကြောင့် ဒီနှစ်သင်္ကြန် ပြန်ဆုံကြမဲ့ပွဲမှာ အမှတ်တရတွေ ပိုပြီးတောက်ပသွားအောင် ရွှေမန်းသူလေးကိုပါ မပါမဖြစ်ခေါ်ထားလိုက်တော့နော်... 💖

#ရွှေမန်းသူ #မူလအရသာ #သင်္ကြန်အမှတ်တရ

"မန္တလေး" ဆိုတာနဲ့ ဘာကို အရင်ဆုံး ပြေးမြင်မိလဲ? 🏰✨တချို့က လှပတဲ့ မန္တလေးတောင်နဲ့  "ကျုံး" ကြီးကို ပြေးမြင်သလို၊ တချို့က ...
28/03/2026

"မန္တလေး" ဆိုတာနဲ့ ဘာကို အရင်ဆုံး ပြေးမြင်မိလဲ? 🏰✨

တချို့က လှပတဲ့ မန္တလေးတောင်နဲ့ "ကျုံး" ကြီးကို ပြေးမြင်သလို၊ တချို့က ရွှေမန်းမြို့ရဲ့ အရသာရှိလှတဲ့ထိုးမုန့်၊ လက်ဖက်၊ အကြော် နဲ့ မြန်မာမုန့်မျိုးစုံကို ပြေးမြင်ကြပါလိမ့်မယ်။ တချို့ကျတော့လည်း မန္တလေးသားတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း ပါဝင်နေတဲ့ 'ရွှေမန်းသူ' ကို ပြေးမြင်ကြမှာပါ။

မိတ်ဆွေတို့ရဲ့ ရွှေမန်းမြို့နဲ့အတူ တွဲမြင်မိတဲ့ စိတ်ထဲကအဖြေတစ်ခုခု ရွေးကြည့်ထားလိုက်ပါဦးဗျာ…

ကျွန်တော်တို့ကတော့ ...
"မန္တလေး" ဆိုတာနဲ့ ပထမဆုံး ပြေးမြင်တာက 'ရွှေမန်းသူ' ပါပဲ… ✨

၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက
မန္တလေးမြေမှာ အခြေချခဲ့တဲ့ ရွှေမန်းသူကတော့...
ရိုးရှင်းတဲ့ Lifestyle လေးနဲ့ နေ့တိုင်း အေးအေးဆေးဆေး ငြိမ့်ဖို့အတွက် မပါမဖြစ် ရှိနေရတာကိုး။

ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ...
မန္တလေးရဲ့ အငွေ့အသက် အစစ်အမှန်နဲ့
မပြောင်းလဲတဲ့ မူလအရသာကို ပေးစွမ်းနိုင်တာ
'ရွှေမန်းသူ' ပဲ ရှိတာပါ… 💖

မိတ်ဆွေတို့ စိတ်ထဲက အဖြေလေးနဲ့ရော တိုက်ဆိုင်မှု ရှိရဲ့လားဗျ?
(Comment မှာ ဝင်ရေးခဲ့လို့ ရပါတယ်နော်)

#ရွှေမန်းသူ

10/03/2026

🎶 “ချိုပြုံးရွှင်သော နှမပျိုငယ်
တစ်ကိုယ်လုံးပင်ချော အလှပိုတယ်
မြို့မနဲ့တစ်မိတည်းဖွားလို့ ဆိုတော့မယ်ကွယ်” 🎶

ဆရာမြို့မငြိမ်းရဲ့ သီချင်းထဲက ရွှေမန်းသူလေးရဲ့အကြောင်းဖွဲ့ဆိုထားတဲ့သီချင်းစာသားလေး ကြားလိုက်တာနဲ့ မန္တလေးရဲ့ ယဉ်ကျေးမှု၊ မန္တလေးရဲ့ အငွေ့အသက်တွေက ရင်ထဲကို တန်းရောက်လာတော့တာပါပဲ… ✨

သီချင်းထဲက တင်စားချက်လိုပဲ "မြို့မနဲ့ တစ်မိတည်းဖွား" လို့ ဆိုရလောက်အောင် မန္တလေးမြေမှာပဲ အခြေချမွေးဖွားခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာတိုင် မန္တလေးသားတွေရဲ့ နေ့စဉ်ဘဝမှာ ခိုင်ခိုင်မာမာ နေရာယူထားတဲ့ ဂန္ထဝင်အဖော်မွန်ကတော့ Shwe Man Thu ပါ… 🍂

ညနေစောင်း နေဝင်ရီတရော အချိန်လေးမှာ မြို့မသီချင်းဟောင်းလေးကို ဖွင့်... ရေနွေးကြမ်းပူပူလေးရယ်၊ ရွှေမန်းသူလေးရယ်နဲ့ အေးအေးဆေးဆေး ငြိမ့်ရတဲ့ အရသာဟာ မန္တလေးသားတွေသာ အသိဆုံးဖြစ်မဲ့ တကယ့် Classic Lifestyle တစ်ခုပါပဲ…

အချိန်တွေ၊ လူတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... ဟန်ဆောင်မှုကင်းတဲ့ မန္တလေးရဲ့ အငွေ့အသက် အစစ်အမှန်ကို ခံစားချင်တယ်ဆိုရင်တော့ ဆရာမြို့မငြိမ်းရဲ့ သီချင်းလေးလိုပဲ ဘယ်ခေတ်ရောက်ရောက် ရိုးမသွားမဲ့ မြို့မနဲ့ တစ်မိတည်းဖွားတဲ့ Shwe Man Thu က အမြဲတမ်း အသင့်ရှိနေမှာ အသေအချာပါပဲ… 💖

#ရွှေမန်းသူ

လယ်ယာမြေတွေနဲ့ အမြဲတမ်း အဖော်ပြုရင်း ရာသီဥတု ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်ခဲ့က...
02/03/2026

လယ်ယာမြေတွေနဲ့ အမြဲတမ်း အဖော်ပြုရင်း ရာသီဥတု ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ တစ်နှစ်ပတ်လုံး ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ တောင်သူဦးကြီးများအားလုံး... ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာတော့ အလုပ်အကိုင်တွေ ခဏနားပြီး သစ်ပင်ရိပ်အောက်က ကွပ်ပစ်လေးပေါ်မှာ ရေနွေးကြမ်းပူပူလေးရယ်၊ စိတ်လက်ပေါ့ပါးပြီး အမောပြေစေမဲ့ ရွှေမန်းသူလေးရယ်နဲ့အတူ အေးအေးချမ်းချမ်း အနားယူဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ရပါတယ်… 🌾✨

#ရွှေမန်းသူ #တောင်သူလယ်သမားနေ့

23/02/2026

“ရွက်ဟောင်းကြွေတဲ့အညာနွေ ရွှေမန်းသူနဲ့အမောဖြေ”

သစ်ရွက်ခြောက်တွေ တဖွဲဖွဲ ကြွေတဲ့ အညာနွေ
နေ့လယ်ခင်းတွေက ပူပြင်းတယ်လို့ ထင်ရပေမဲ့
တကယ်တော့ သူ့မှာလည်း ငြိမ်းချမ်းမှု တမျိုးရှိနေတတ်ပါတယ်... 🍃

ရွာထိပ်က ကုက္ကိုပင်ရိပ်အောက် ကွပ်ပစ်လေးပေါ်မှာ...
ရေနွေးကြမ်း အခါးရည်အိုးလေး ဘေးချ၊
ယပ်တောင်အိုလေး တခါခါနဲ့
'ရွှေမန်းသူ' လေးနဲ့အတူ အေးအေးဆေးဆေး ငြိမ့်လိုက်တဲ့အချိန်... ⌛

လေပူတိုက်လို့ လွင့်ပါးသွားတဲ့ သင်းပျံ့တဲ့ အငွေ့အသက်လေးတွေနဲ့အတူ
တစ်နေ့တာရဲ့ ပင်ပန်းမှုတွေ၊ အပူအပင်တွေပါ ပါသွားသလိုပါပဲ...

"ရာသီတွေ ပြောင်းလဲသွားတာကို ထိုင်ကြည့်ရင်း...
လက်ထဲက အရသာကို ခံစားရတာကလည်း ဘဝရဲ့ အရသာတစ်ခုပါပဲ" 🌞

ပင်ပန်းသမျှ အရာရာ...
ရွှေမန်းသူနဲ့ အတူတူ ဒီလေထဲမှာပဲ မျှောလိုက်ကြရအောင်ဗျာ... 💖

#ရွှေမန်းသူ

ဖေဖော်ဝါရီ ၁၄ ရောက်ခါနီးပြီဆိုရင် လူတိုင်းက ပန်းစည်းတွေ၊ ချောကလက်တွေ၊ တန်ဖိုးကြီး လက်ဆောင်တွေအကြောင်းပဲ ပြောကြတယ်… 🎁 ဒါပ...
14/02/2026

ဖေဖော်ဝါရီ ၁၄ ရောက်ခါနီးပြီဆိုရင် လူတိုင်းက ပန်းစည်းတွေ၊ ချောကလက်တွေ၊ တန်ဖိုးကြီး လက်ဆောင်တွေအကြောင်းပဲ ပြောကြတယ်… 🎁

ဒါပေမဲ့... တကယ့် ရင့်ကျက်တဲ့ ချစ်သူတွေ၊ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့သူတွေအတွက်တော့ "လက်ဆောင်" ဆိုတာ အဲ့ဒါတွေထက် ပိုပါတယ်... ✨

တစ်ခါတလေကျတော့... အလုပ်တွေပိပြီး ပင်ပန်းနေတဲ့ ညနေခင်းတစ်ခုမှာ ကိုယ့်ကို နားလည်ပေးတဲ့ စကားတစ်ခွန်းက လက်ဆောင်ပါပဲ။ တစ်ခါတလေကျတော့... ကိုယ်အကြိုက်ဆုံး ရွှေမန်းသူလေးတစ်ဗူးကို မမေ့မလျော့ ဝယ်လာပေးတဲ့ ဂရုစိုက်မှုလေးက လက်ဆောင်ပါပဲ… 💯

"မင်းကြိုက်တတ်မှန်းသိလို့ ကိုယ်တိုင်ရွေးဝယ်လာခဲ့တာ" ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် ကျနော်တို့အတွက် ပြည့်စုံနေပါပြီ။

ကဲ... မိတ်ဆွေတို့ရော... ဒီနှစ် Valentine မှာ ကိုယ့်ချစ်သူဆီကနေ အဓိပ္ပာယ်ရှိတဲ့ "ဘယ်လိုလက်ဆောင်မျိုး" ကို မျှော်လင့်နေမိလဲ❓

ရင်ထဲမှာ တိတ်တိတ်လေး ဆန္ဒရှိနေတဲ့ အရာလေးတွေကို Comment မှာ ဖွင့်ဟခဲ့ပါဦး 😉👇


#ရွှေမန်းသူ

08/02/2026

ဆောင်းလေအေးတွေ တိုက်ခတ်နေတဲ့အချိန်...

ဘေးနားမှာ ကိုယ်ချစ်ရတဲ့သူ မရှိရင်တောင် သူ့ရင်ထဲအထိ နွေးထွေးသွားစေမဲ့ အရာတစ်ခု ရှိပါတယ်... ✨

စကားလုံးတွေ အများကြီး မလိုပါဘူး...
သူအကြိုက်ဆုံး 'ရွှေမန်းသူ' လေးသာ လက်ဆောင်ပေးလိုက်ပါ။

ဒါဟာ... အေးစက်မှုတွေကို အနိုင်ယူမဲ့ အကောင်းဆုံး မေတ္တာလက်ဆောင်ပါပဲ... 💖

#ရွှေမန်းသူ

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က... အဖေဟာ သစ်သားကုလားထိုင်မှာထိုင်၊ ရေဒီယိုလေးနားထောင်ရင်း ရွှေမန်းသူကို အရသာခံ ေ-သာက်သုံးခဲ့ဖူ...
24/01/2026

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က... အဖေဟာ သစ်သားကုလားထိုင်မှာထိုင်၊ ရေဒီယိုလေးနားထောင်ရင်း ရွှေမန်းသူကို အရသာခံ ေ-သာက်သုံးခဲ့ဖူးတယ်... 🍃

ဒီနေ့ ဒီအချိန်မှာတော့... ကျွန်တော်ဟာ ဒီနေရာမှာပဲထိုင်၊ ဖုန်းလေးကြည့်ရင်း အဖေကြိုက်တဲ့ ရွှေမန်းသူကိုပဲ စွဲစွဲလမ်းလမ်း ေ-သာက်နေမိပြန်တယ်... ✨

ပုံစံတွေ၊ အသုံးအဆောင်တွေ၊ နည်းပညာတွေ ပြောင်းလဲသွားခဲ့ပေမဲ့... နှုတ်ခမ်းဖျားမှာ တွေ့ထိလိုက်တဲ့ ဂန္ထဝင်အရသာကတော့ အဖေ့ခေတ်ကအတိုင်း တစ်စက်ကလေးမှ မပြောင်းလဲပါဘူး။

မျိုးဆက်တစ်ခုနဲ့ တစ်ခုကြား ဘယ်လောက်ပဲ ကွာခြားနေပါစေ...
ကျွန်တော်တို့ကို စည်းလုံးပေးထားတာ ဒီရွှေမန်းသူ ရနံ့သင်းသင်းလေးပါပဲ။

ဒါဟာ... ရွှေမန်းသူ
ဒါမှမဟုတ် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ အကြိုက်ဆုံး အမွေအနှစ်တစ်ခုပါပဲ... 💖

🔸 ဆေးသားအရသာ ပြည့်ဝကောင်းမွန်တဲ့ ရွှေမန်းသူ ကို လက်ကားဝယ်ယူလိုပါက Page Messenger (သို့မဟုတ်) သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်ကြီးများဆီမှာ ဝယ်ယူရရှိနိုင်ပါတယ်။ 🔸

#ရွှေမန်းသူ

07/01/2026

အခုလို ဆောင်းညနေခင်းမျိုးမှာ နွေးထွေးမှုကို ရှာဖွေနေတယ်ဆိုရင်... ✨

လက်ထဲမှာ ရေနွေးကြမ်း ပူပူတစ်ခွက်... 🍵
ဘေးနားမှာ သင်းပျံ့တဲ့ "ရွှေမန်းသူ" ဖက်ကြမ်းငွေ့လေးရယ်...
ပြတင်းပေါက်အပြင်ဘက်က အေးစက်တဲ့ နှင်းငွေ့တွေရယ်... က စိတ်အေးချမ်းမှုကို ရစေမှာပါ။ 🍃

ဘယ်နေရာရောက်ရောက်
ဘယ်အချိန်ပဲဖြစ်ဖြစ်...
ဒီအရသာ၊ ဒီအငွေ့အသက်က ဘယ်တော့မှ ရိုးမသွားဘဲ နွေးထွေးမှုကို ပေးစွမ်းနိုင်တာဖြစ်လို့ ရွှေမန်းသူနဲ့အတူ ပင်ပန်းမှုတွေကို ဖြေဖျောက်လိုက်တော့နော်… 💖

🔸 ဆေးသားအရသာ ပြည့်ဝကောင်းမွန်တဲ့ ရွှေမန်းသူ ဆေးပေါ့လိပ် ကို လက်ကားဝယ်ယူလိုပါက
Page Messenger (သို့မဟုတ်) သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်ကြီးများဆီမှာ ဝယ်ယူရရှိနိုင်ပါတယ်။ 🔸

#ရွှေမန်းသူ #ဆေးပေါ့လိပ်

Address

Myaing

Telephone

+9592063366

Website

Alerts

Be the first to know and let us send you an email when Shwe Man Thu - Premium Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share