Htun Liquor Store

Htun Liquor Store Htun အဖျော်ယမကာလက်လီလက်ကားအရောင်းဆိုင်

25/04/2024
New Year မှာ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း ဖြတ်သန်းကြစို့🥂
31/12/2023

New Year မှာ မိဘတွေ ဖြစ်စေချင်တဲ့အတိုင်း ဖြတ်သန်းကြစို့🥂

:V
14/12/2023

:V

၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်စပိန်နိုင်ငံ မာယော့ကာကျွန်းကို အလည်အပတ...
04/11/2023

၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ဂျာမနီခရီးသွားတစ်စု စပိန်မှာ စံချိန်သစ်တင်

စပိန်နိုင်ငံ မာယော့ကာကျွန်းကို အလည်အပတ်လာရောက်ခဲ့တဲ့ ဂျာမနီနိုင်ငံသား ၅၅ ယောက်ဟာ ၂ နာရီခွဲအတွင်း ဘီယာ ၁၂၅၄ ခွက်သောက်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ယမကာခရီးသည်များမြို့တော်လို့ ဝေဖန်ခံရလေ့ရှိတဲ့ Playa de Palma ကမ်းခြေမှာ ဂျာမနီနိုင်ငံသားတွေက စံချိန်သစ်တင်ခဲ့ကြတာပါ။

တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မသိကျွမ်းကြတဲ့ ဂျာမနီနိုင်ငံသားတွေက WhatsApp ဂရုတွေကတစ်ဆင့် စုပေါင်းစံချိန်တင်ဖို့ စီစဉ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဂျာမနီခရီးသွားတစ်စုက ၃ နာရီအတွင်း ဘီယာ ၁၁၁၁ ခွက်သောက်ပြီး ကမ္ဘာ့စံချိန် တင်ခဲ့ကြဖူးပါတယ်။

ဂျာမနီနိုင်ငံသား ၅၅ ယောက်ဟာ နံနက် ၁၀ ခွဲကစကာ စံချိန်သစ်တင်ဖို့ ကြိုးပမ်းခဲ့ကြပြီး မွန်းလွဲ ၁ နာရီအချိန်မှာ ဘီယာခွက်ပေါင်း ၁၂၅၄ ခွက် သောက်နိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ မျှော်မှန်းထားတာထက် ၁ နာရီ ပိုကြာပေမဲ့ စံချိန်ဟောင်းထက် ခွက် ၁၀၀ ကျော် သာလွန်ခဲ့ပါတယ်။ သူတို့ရဲ့စံချိန်ချိုးမယ့် ကြိုးပမ်းမှုအတွက် ဘီယာဖိုး ကုန်ကျစရိတ်ကတော့ ယူရို ၂၃၈၀ ( ဒေါ်လာ ၂၅၃၄) ကျသင့်ခဲ့ပါတယ်။

ပျမ်းမျှအားဖြင့် အချိန် ၂ နာရီခွဲအတွင်း လူတစ်ဦးကို ဘီယာ ၂၂ ခွက်စီ သောက်ခဲ့တာဖြစ်ပြီး တချို့ကတော့ တစ်နာရီအတွင်း အနည်းဆုံး ဘီယာ ၁၀ ခွက် ကုန်အောင် သောက်နိုင်ခဲ့ပါတယ်။

Ref: World Record – German Tourists Drink 1,254 Beers in 3 Hours
Team ( ရိုးရာလေး)

 #အရက်စတင်သောက်သုံးသူများ_ကျူးလွန်လေ့ရှိကြတဲ့_အမှား၅ချက်အရက်စတင်သောက်သုံးသူများသည် ခက်ခဲရှုပ်ထွေးစွာ ချက်လုပ်ထားသော အဖျေ...
08/07/2023

#အရက်စတင်သောက်သုံးသူများ_ကျူးလွန်လေ့ရှိကြတဲ့_အမှား၅ချက်

အရက်စတင်သောက်သုံးသူများသည် ခက်ခဲရှုပ်ထွေးစွာ ချက်လုပ်ထားသော အဖျော်ယမကာများနှင့် ပက်သက်၍ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ဝါရင့်သောက်သုံးသူများမှတဆင့် တဆင့်စကား တဆင့်ကြားဖြင့် လက်ဆင့်ကမ်း မှတ်သားနာယူခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း အချို့သော ကိစ္စရပ်များအနေဖြင့်မူ ဂရုမပြုမိဘဲ အမှားများကို အရက်သောက်သည့်အခါတိုင်း ကျူးလွန်မိလျက်သား ဖြစ်နေလေ့ရှိသည်။ ထို့ကြောင့် ဂရုမပြုမိဘဲ ကျူးလွန်လေ့ရှိတဲ့ အမှား၅ချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

#ခွက်ရွေးချယ်ခြင်း

အဖျော်ယမကာများ သောက်သုံးရန်အကောင်းဆုံးသော ခွက်အမျိုးအစားမှာ ဖန်ခွက်ဖြစ်ပါတယ်။ ဖန်ခွက်ဟာ ကြည်လင်ပြီး ထွင်းဖောက်မြင်နိုင်သောကြောင့် ဝီစကီ၏ အရောင်များကို မျက်လုံးဖြင့် ဦးစွာခံစားနိုင်ပါတယ်။ ဒါ့အပြင် ခွက်အတွင်း မသန့်ရှင်းသည့် အမှိုက်သရိုက် အညစ်အကြေးများ ပါဝင်မှု ရှိ/မရှိကိုလည်း ဆန်းစစ်နိုင်ပါသေးတယ်။ ထို့နောက် မည်သည့်အရက်အမျိုးအစားကို သောက်သုံးသည်ဖြစ်စေ သောက်သုံးမည့် အရက်အမျိုးအစားကိုလိုက်လို့ ခွဲခြားထားသည့် ခွက်အမျိုးအစားကို ထပ်မံရွေးချယ်ပါ။ * ဥပမာ ဝီစကီ ဆိုလျှင် Whisky Tumbler၊ ဘရန်ဒီ ဆိုလျှင် Snifter Glass တို့ကိုရွေးချယ်ပါ။ မည်သည့်အခါမျှ ဝီစကီကို ဒန်ခွက်၊ ကော်ခွက်တို့ဖြင့် ထည့်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

#ရေခဲ

အရသာရဲ့ ၈၀%ဟာ အနံ့ဖြစ်ပါတယ်။ အရည်တစ်မျိုးမျိုး၏ အပူချိန်ကို လျှော့ချလိုက်တဲ့အခါမှာ ထိုအရည်၏ အငွေ့ပျံမှု လျော့နည်းသွားပြီး အနံ့ထွက်မှု နည်းပါးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဝီစကီထဲကို ရေခဲထည့်ခြင်းဟာ အေးမြလန်းဆန်းခြင်းကို ဖြစ်ပေါ်လာစေသော်လည်း အချို့သော မွှေးရနံ့များကို ငုပ်လျှိုးပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒီနေရာမှာကြားဖြတ်ပြောလိုတာက ရေခဲထည့်/မထည့်ဆိုတာကို အတိအကျသတ်မှတ်ထားခြင်းမရှိဘဲ မွှေးရနံ့ ပျောက်ဆုံးသွားနိုင်သည့် အခြေအနေကို ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်မှာ ဖန်ခွက်အတွင်းသို့ ရေခဲအရင်ထည့်ပြီးမှ အရက်ကို ရေခဲအပေါ်မှ ဖြည်းညင်းငြင်သာစွာ လောင်းထည့်ဖို့ပဲဖြစ်ပါတယ်။ အချို့ အမှားလုပ်သူများဆိုလျှင် အရက်အရင်ထည့်ပြီးမှ ရေခဲကိုနောက်မှထည့်ကြလေ့ရှိပါတယ်။ ရေခဲထည့်သောက်ခြင်းအတွက် အမြင်သာဆုံးစကားလုံးမှာ ဖြစ်ပြီး ဖန်ခွက်အတွင်းသို့ ရေခဲအရင်ထည့်ပြီးမှ အရက်ငှဲ့လေ့ရှိကြပါတယ်။

#ရေ

ဝီစကီထဲကို ရေအနည်းငယ်ရောထည့်ခြင်းက ခံစားချက်အတွေ့အကြုံကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။

စတင်သောက်သုံးချိန်မှာ ဝီစကီပမာဏအများအပြား၏ ပူစပ်သော အစွမ်းကြောင့် သောက်သုံးသူအများစုမှာ ဆက်လက်သောက်သုံးရန် တွန့်ဆုတ်သွားကြလေ့ရှိပါတယ်။ ထို့ကြောင့် ရေအနည်းငယ်ထည့်ခြင်းဖြင့် အရက်၏ပူစပ်လောင်ကျွမ်းမှုကို ပျော့ပျောင်းစေပြီး အရက်၏အရသာကို ဖွင့်ပေးနိုင်ပါတယ်။ သောက်သက်ကြာလာသည်နှင့်အမျှ ထည့်သွင်းသည့် ရေပမာဏကို တဖြည်းဖြည်းချင်း လျှော့ချလိုပေလိမ့်မည်။ ထိုမှတဆင့် အရက်ထဲတွင်ပေါင်းစပ်ပါဝင်နေသည့် အရသာမှတ်စုအမျိုးမျိုးကို အာခံတွင်းခံစားချက်များကို အမှန်တကယ် ခံစားနိုင်မည်ဖြစ်သည်။

#အရက်အမျိုးအစား/ #အမှတ်တံဆိပ်တစ်မျိုးတည်းကိုသာ_သောက်သုံးခြင်း

ဝီစကီသည် ကမ္ဘာပေါ်တွင် အမျိုးအစားအစုံလင်ဆုံးသော ယမကာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် အရက်အမျိုးအစားတစ်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင် မသိသေးသော အမျိုးအစားကိုပါ စမ်းသပ်သောက်သုံးခြင်းက စွန့်စားရာကျပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ အမှတ်တံဆိပ်အသစ်၊ အမျိုးအစားအသစ်ကို စွန့်စားပြီး သောက်သုံးရန် မကြိုးစားပါက အသစ်အဆန်းများကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင်နှစ်သက်သော အရက်အမျိုးအစားများ၊ ရနံ့နှင့် အရသာအမျိုးမျိုးကို ပုလင်းများတွင်ရှာဖွေရန် သော့ချက်မှာ အရက်အမျိုးအစားစုံကို မြည်းစမ်းသောက်သုံးခြင်းပင်ဖြစ်သည်။

#အရက်ပုလင်းများကို_မှားယွင်းစွာသိမ်းဆည်းခြင်း

ကျွန်တော်တို့ စုဆောင်းထားသည့် အရက်ပုလင်းများကို အိမ်/ရုံးတွင် အလှပြသကြလေ့ရှိပါတယ်။ ထိုကဲ့သို့ အလှပြရာတွင် အရက်ပုလင်းများကို နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာများကို ဦးစားပေးရှောင်ရှားဖို့လိုပါတယ်။ နေရောင်ခြည်ဟာ ဖန်ပုလင်းအတွင်းမှ အယ်လ်ကိုဟောလ်ဓာတ်ပေါင်းများကို ပြိုကွဲစေပြီး ရှာလကာရည်အဆင့်သို့ ပြောင်းလဲသွားစေပါတယ်။ ထို့ကြောင့် မည်သည့် အဖျော်ယမကာကိုမဆို ပုံမှန်အခန်းအပူချိန်အတွင်း နေရောင်ခြည်တိုက်ရိုက်မကျရောက်နိုင်သည့် မှောင်မိုက်သည့်နေရာတွင်သာ သိမ်းဆည်းသင့်ပါတယ်။


#ယမကာသုတေသီ_တင်အောင်လွင်
OP
https://www.facebook.com/100072360353170/posts/292284586526884/?mibextid=Nif5oz

Whisky Vs Whiskey ?Whiskyကို Malt တွေ Grain တေနဲ့ချက်တယ်Whisky တေကို ပထမဆုံးစချက်တဲ့နိုင်ငံက Ireland နိုင်ငံက Iris လူမျိ...
07/07/2023

Whisky Vs Whiskey ?

Whiskyကို Malt တွေ Grain တေနဲ့ချက်တယ်Whisky တေကို ပထမဆုံးစချက်တဲ့နိုင်ငံက Ireland နိုင်ငံက Iris လူမျိုးတေ စချက်တာ ။ ဒါပေမယ့် သူတို့ချက်တုန်းက နာမည်မကြီးဘူး ။ နောက်ပိုင်း Scotland နိုင်ငံ မှာရှိတဲ့ Gaelic ဆိုတဲ့လူမျိုးတေ က နေ Whisky ကို စချက်ကြတယ်။ စချက်တုန်း ကနာမည်ကို Usiage Batcheous Skines ဆိုပီး ချက်တာ။ နောက် မှ ။ Whisky ဆိုပီး ဖြစ်လာတာ။ သူတို့က IAA မှာမှတ်ပုံတင်ပီးသား သူတို့တနိုင်ငံတည်းသာ
Whisky ဆိုပီးချက်ခွင့် ရှိတာ။ သူတို့နဲ့ စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး စတာတေနဲ့ လာပက်သက်ရင်
Whisky ဆိုပီးချက်ခွင့်ရှိတယ်။ ပထမဆုံး ပက်သက်တဲ့နိုင်ငံက Japan နိုင်ငံဖြစ်တယ် ။JapanကWhiskyတေလည်းသောက်လို့ကောင်းတယ်။ ကမ္ဘာပေါ်မှာ Whisky ဆိုပီးထွက်လာတာ တေဟာ Scotland နိုင်ငံ နဲ့ပက်သက်ထားလို့ ချက်ခွင့် ရှိတာ။ သူတို့ဆီက Fermented လုပ်ထားတဲ့ maltတေGrainတေ ယူသုံးထားလို့ ။
Whisky မှာ Alchol percent က 40 %to 46 % ရှိတယ် ။ သုံးနှစ်လောက် အနည်းဆုံးသက်တမ်းယူကြတယ် ။ Whisky မှာ နှစ်မျိုး ရှိတယ်
-Single malt whisky (100% maltတမျိုးတည်းပါတယ် ၊ စက်ရုံတစ်နေရာထဲက ချက်လုပ်ထား၊ ရောနှောမှု မရှိဘူး
- vatted (or) maried whisky လည်း ရှိတယ် ။သူကကျေတော့ Grainတေ ရော maltတေရော ရောနှောထားတာ
အဲ့တာကို ၅မျိူးပြန်ခွဲ လို့ရတယ်
-single malt whisky (၁၀၀%malt တမျိုးတည်း၊တနေရာတည်းကချက်၊မရောနှောဘူး,ဈေးကြီးပီးရှားပါး )
-single grain whisky( Grainနဲ့ပဲချက်၊ဈေးပေါ ၊ပေါများ)
-vatted pure (0r) blended malt whisky
(maltတေ ၂ မျိုး၃မျိုးရောထားတာ)
-vatted grain (0r) blended grain whisky
(grain 2မျိူး ၃မျိုးရောထား)
-blended whisky
(malt+grain ရောထား)
Whiskyတေကို Scotlandနိုင်ငံရဲ့နေရာငါးခုက အဓိကထုတ်တယ်
Highland
Lowland
Islay
Spicside
Cambeldown
Borboun Whisky
-U.S.A ကထုတ်
-grain တေနဲ့ချက် ထူးခြားတာက Corn 51%ထိပါ
-distill လုပ်တဲ့အခါ Alc 80% မကျော်ရဘူး
-carrel oak caskတေမှာ သက်တမ်းယူတယ်
-စည်ပိုင်းတေမှာ သက်တမ်းယူ တဲ့အခါ Alc62.5 ထက် မ‌ကျော်ရဘူး
-natural waterကိုပဲ အသုံးပြုတယ်
-2 နှစ်သက်တမ်း ယူ တယ်
-distill 3ကြိမ်လုပ်တယ်
- ၄နှစ် နှငိ့အထက်သက်တမ်းယူရင် ပုလင်းတေမှာဖော်ပြရတယ်
USAတောင်ပိုင်းက ထုတ် Tenessy Whisky (Bourbon) ဈေးကွတ်ထဲပေါ များတယ်
မြောက်ပိုင်းက ထုတ် တာက Kentucky ( Bourbon)
ဈေကြီးပီး ရှားပါး ပါတယ်

အိုင်ယာလန် နဲ့အမေရိကန်ကဘဲဝီစကီကိုWhiskey လို့ပေါင်းပါတယ်။အကြောင်းက အမေရိကန်မှာဝီစကီကိုစချက်တာအိုင်းရစ်တွေမို့ပါ။ ထင်ရှားသာဓကအနေနဲ့ အိုင်ယာလန်ကျေးလက်ရိုးရာ the Dubliners ရဲ့သီချင်းခေါင်းစဉ်က Whiskey in the jar ၊အဲ့ဒါကိုကာဗာတဲ့အိုင်းရစ်band Thin Lizzy ကလဲအဲ့လိုဘဲပေါင်းတော့ ကောက်စားတဲ့ Metallica လဲအဲ့လိုဘဲပေါင်း။
ကျန်တဲ့နိုင်ငံအကုန် Whisky လို့ပေါင်းပြီးဗျိတိသျှတပြည့်ခံကြပါတယ်။ ဥပမာ Germany , Iceland ကလဲWhisky လို့ဘဲပေါင်းပါတယ်။ နိုင်ငံနာမည်မှာ e ပါခြင်းမပါခြင်းနဲ့မဆိုင်။

လိုအပ်တာလေးတွေရှိခဲ့ရင်လဲ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဗျ

Tower ဆိုရပီး
10/06/2023

Tower ဆိုရပီး

ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်ပုံမှန် ဘီယာတွေလို အမြှုပ်...
25/03/2023

ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်

ပုံမှန် ဘီယာတွေလို အမြှုပ်ထ၊ အရသာရှိပြီး ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံဖြစ်တဲ့ နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် က ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် ဟာ နှစ်ပေါင်း ၅၀၀ နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ဘီယာချက်စက်ရုံဖြစ်ပါတယ်။ ဘီယာကြိုက်သူတွေဟာ သူတို့ထုတ်ထားတဲ့ ဘီယာမှုန့်အနည်းငယ်ကို ဖန်ခွက်ထဲထည့်၊ ရေနဲ့ရောပြီး မွှေလိုက်ရုံဖြင့် အသင့်သောက် ဘီယာတစ်ခွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဟာ ဘီယာဈေးကွက်ကို ပြောင်းလဲစေမယ့် ဖန်တီးမှုကြီးပါ။ အခုလက်ရှိ ဘီယာဈေးကွက်မှာ ကုမ္ပဏီတွေဟာ ဘီယာကို သူတို့နိုင်ငံမှာ သူတို့ရေနဲ့ ချက်လုပ်ပြီး သံဘူး ဒါမဟုတ် ပုလင်းတွေနဲ့ ထုပ်ပိုးကာ ဝယ်လက်တွေဆီ ပို့ရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဘီယာ သယ်ယူပို့ဆောင်တဲ့အချိန်မှာ နေရာပိုယူပြီး အလေးချိန် ပိုများပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ဘီယာမှုန့်ဟာ ရေ၊ သံဘူးနဲ့ ပုလင်းတွေလိုမှာမဟုတ်တဲ့အတွက် သယ်ယူပို့ဆောင်ရာမှာ အလေးချိန်ကို အရင်ကထက် ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မယ်လို့ နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် အထွေထွေမန်နေဂျာ စတီဖန် ဖရစ်ချာ က ပြောလာပါတယ်။

လက်ရှိမှာတော့ ဘီယာမှုန့်မှာ အရက်မပါဝင်သေးပါဘူး။ ဒါပေမယ့် မကြာခင် အရက်ပါတဲ့ ဘီယာကို ထုတ်သွားမှာဖြစ်ပြီး ကမ္ဘာ့အနှံ့တင်ပို့ဖိုအထိ မျှော်လင့်ထားတယ်လို့ စတီဖန်က ပြောပါတယ်။

Source: New York Post

Biggest Redesign in Chivas History ဝီစကီပုလင်းဒီဇိုင်းတွေပြောင်းတဲ့အထဲမှာ ဒီတစ်ခေါက် Chivas 12 ရဲ့ design ပြောင်းတာက တစ်...
15/09/2022

Biggest Redesign in Chivas History

ဝီစကီပုလင်းဒီဇိုင်းတွေပြောင်းတဲ့အထဲမှာ ဒီတစ်ခေါက် Chivas 12 ရဲ့ design ပြောင်းတာက တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်ခင်ဗျာ။ ဒါ့အပြင် Blackpink အဖွဲ့ဝင် Lisa ကို Asia Brand Ambassador ခန့်လိုက်တာကလည်း အားလုံးရဲ့စိတ်ဝင်စားမှုကို တော်တော်လေးရနေပါတယ်။

ပထမဆုံးအနေနဲ့ Chivas Regal x Lisa အကြောင်းလေး အရင်ပြောချင်ပါတယ်ခင်ဗျာ။ Lisa ရဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ၊ မရပ်မနားကျော်ကြားမှုတွေ၊ record-breaking solo career တွေအကြောင်းတော့ အားလုံးသိပြီးဖြစ်မှာပါခင်ဗျာ။ ကိုယ့်ဘဝတက်လမ်းကို ကိုယ့်ဘာသာလမ်းဖောက်ရင်း တရှိန်ထိုးအောင်မြင်လာတဲ့ Lisa ကို လူငယ်တော်တော်များများက အထင်ကြီး inspire ဖြစ်ကြပါတယ်။ အဲ့ဒီ Lisa ရဲ့ အောင်မြင်မှု story ဟာ တချိန်က Chivas ရဲ့ စတင်အောင်မြင်လာချိန်က story ကို ပြန်ပြောင်းထင်ဟပ်နေစေပါတယ်ခင်ဗျာ။ အဲ့ story နှစ်ခုကို ရောစပ် blend ပြီး ကမ္ဘာကျော် Blended Scotch Company ကြီးက I Rise We Rise ကြော်ငြာနဲ့အတူ Chivas 12 ရဲ့ ဒီဇိုင်းတစ်ခုလုံးကို redesign လုပ်ပစ်လိုက်တာက တကမ္ဘာလုံးရဲ့ attention ကိုရယူလိုက်နိုင်ပါတယ်ခင်ဗျာ။

လူကြီးတွေကြားထဲမှာ heritage brand အနေနဲ့ နာမည်ကျော်တဲ့ Chivas ဟာ Lisa နဲ့အတူ လူငယ်တွေရဲ့စိတ်ဝင်စားမှုကိုသိမ်းပိုက်ရင်း Chivas 12 ရဲ့ဒီဇိုင်းကိုလည်း လူငယ်အကြိုက် modernize ပုံစံဘက်ကို ကူးပြောင်းလာပါတယ်။ Chivas ရဲ့ သင်္ကေတ luckenbooth (friendship လို့အဓိပ္ပာယ်ရ) လို့ခေါ်တဲ့ heart ပုံစံလေးက ပုလင်းရဲ့အလယ်တည့်တည့်မှာ သိသာစွာပါဝင်လာပါတယ်ခင်ဗျာ။ ပုလင်းကပိုရှည်လာပေမယ့် အရမ်းကြီး elegant ဖြစ်တဲ့ပုံစံမျိုးကိုမသွားပဲ boldness & luxurious ဖြစ်တဲ့ဘက်ကိုသွားပါတယ်။ Chivas ရဲ့ 12 ဆိုတဲ့နေရာမှာ XII ပုံစံမျိုး ရောမအက္ခရာပါထပ်ထည့်ထားတာကိုကြည့်ရင် Chivas ကိုယ်တိုင်ကလည်း သူ့ရဲ့ပုလင်းကို elegant & sexy ဖြစ်ဖို့ထက် classic & premium ဆန်ဆန်နဲ့ modernize ဖြစ်ပြီး လူကြီးရောလူငယ်ပါကြိုက်တဲ့ပုံစံမျိုးဖြစ်စေချင်တာ ပေါ်လွင်ပါတယ်ခင်ဗျာ။ (ကျွန်တော်ကိုယ်တိုင်လည်း Chivas ရဲ့ classic ဖြစ်တဲ့ heritage ကို မပျောက်ပျက်စေချင်ပါဘူးခင်ဗျာ)

နောက်အရေးကြီးတဲ့တစ်ခုက ပုလင်းဒီဇိုင်းပြောင်းတာဟာ marketing reason ကြောင့်ပဲမဟုတ်ပါဘူးခင်ဗျာ။ ပူနွေးပျက်စီးလာတဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ရန်အတွက် eco-friendly ဖြစ်ဖို့၊ စွမ်းအင်ချွေတာဖို့၊ recycle ပြန်သုံးဖို့စတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တာတွေကိုလျော့ချဖို့ ကမ္ဘာကျော်ကုမ္ပဏီတွေ အပြိုင်အဆိုင်ကြိုးစားနေတဲ့အထဲမှာ Chivas ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Chivas က 2025 မှာ 100% recyclable & environmental friendly ဖြစ်ဖို့ကြွေးကြော်ထားတဲ့ ကုမ္ပဏီပါ။ ကျွန်တော့်အထင် အဲ့တာရဲ့ခြေလှမ်းတစ်ခုအနေနဲ့ပါ ပုလင်းဒီဇိုင်းပြောင်းတယ်လို့ ယူဆမိပါတယ်ခင်ဗျာ။

Chivas 12 ရဲ့ ပုလင်းအသစ်က ပုလင်းဟောင်းထက် အလေးချိန်ပိုပေါ့ပါတယ်။ Chivas ရဲ့အဆိုအရပိုပေါ့အောင်လုပ်ထားတဲ့အတွက် တစ်နှစ်ကိုဖန်တန်ချိန်ပေါင်း 1000 ချွေတာရာရောက်ပါတယ်ခင်ဗျာ။ အပြင်ကစက္ကူဘူးရဲ့ ဒီဇိုင်းအသစ်က fully recyclable ဖြစ်ပြီး environmental friendly လည်းဖြစ်ပါတယ်။ ပလပ်စတစ်မပါတဲ့ packaging ကြောင့် 2.3 million ပလတ်စတစ်ဘူးခွံပမာဏ လျော့ချနိုင်တဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကိုလည်း သိသာစွာလျော့ချလိုက်နိုင်ပါတယ်ခင်ဗျာ။

Chivas 12 ရဲ့ ပုလင်းပုံစံအသစ်ဟာ Chivas ရဲ့ရာစုနှစ်တစ်ခုကျော်ကြာသမိုင်းတစ်လျောက်မှာ အကြီးမားဆုံးသော ပုလင်းပုံစံ redesign လုပ်တာပါ။ ကားလောကစကားနဲ့ပြောရမယ်ဆိုရင် all new generation ပြောင်းပြီး ပုံပြောင်းသွားသလိုပါပဲ။ ဒါပေမယ့် ပုလင်းထဲမှာပါဝင်တဲ့ whisky ကတော့ အရင်အဟောင်းရဲ့ မူလအရသာအနှစ်သာရအတိုင်းပါပဲခင်ဗျာ။ (တချို့တွေကတော့ အသစ်ကမဆိုသလောက်လေးပိုညက်ညောတယ်လို့ ပြောကြပေမယ့် ကျွန်တော့်အတွက်တော့ အသစ်နဲ့အဟောင်းက အတူတူပါပဲခင်ဗျာ)

နိဂုံးချုပ်ရရင် Chivas ဆိုတာ heritage ကိုအရမ်းတန်ဖိုးထားတဲ့ တကယ့် classic brand ကြီးပါ။ အဲ့လို brand ကြီးက redesign လုပ်တယ်ဆိုပေမယ့် classic & premium ပုံစံကိုဆက်ပြီးထိန်းသိမ်းရင်း ကမ္ဘာကြီးကိုကယ်တင်ဖို့လျှောက်လှမ်းရာမှာ ပါဝင်လာတာဆိုတော့ ကျေနပ်မိပါတယ်ခင်ဗျာ။ ပြီးတော့ လူငယ်အကြိုက် modern ပုံစံဖြစ်အောင်လည်းလုပ်ရင်း Lisa နဲ့ကြော်ငြာတာကိုကြည့်ရင် Chivas က လူကြီးကော၊ လူငယ်ကော၊ မိန်းကလေးတွေကောပါ ပိုမိုနှစ်သက်လာအောင် ကြိုးစားလျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေပြီလို့ ယူဆမိပါတယ်ခင်ဗျာ။




(Photos from Internet)

Ballantine’s 12မြန်မာပြည်မှာက သက်တမ်း 12 Years ဆိုရင် ဆရာကြီး ၂ ဆူရှိပြီးသားပါ။ Johnnie Walker Black နှင့် Chivas Regal ...
14/09/2022

Ballantine’s 12

မြန်မာပြည်မှာက သက်တမ်း 12 Years ဆိုရင် ဆရာကြီး ၂ ဆူရှိပြီးသားပါ။ Johnnie Walker Black နှင့် Chivas Regal 12 ပါ။ မြန်မာမှာရော ကမ္ဘာမှာပါ JW က အအောင်မြင်ဆုံးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Chivas က ကမ္ဘာမှာ Ballantine’s လောက် ရောင်းအားမကောင်းပါဘူး။ ဒီနောက်ပိုင်းဆို Chivas က အဆင့် ၄ / အဆင့် ၅ လောက်အထိကို ပြုတ်ကျသွားပေမယ့် Ballantine’s က ကမ္ဘာမှာ JW ပြီးရင် အဆင့် ၂ ရောင်းအားအကောင်းဆုံးပါပဲ။ (Europe မှာဆို Ballantine’s ကို အဆင့် ၁ လို့တောင် ပြောကြပါတယ်ခင်ဗျာ)
Ballantine’s ကော၊ Chivas ကောက Pernod Ricard ကုမ္ပဏီလက်အောက်ကပါ။

Aroma - ရနံ့က sweet ဖြစ်ပါတယ်။ ပျားရည်ရနံ့လေးရယ်၊ ပန်းမျိုးစုံရနံ့လေးရယ်၊ vanilla ရနံ့လေးရယ် ပေါင်းစပ်ထားတာက aroma ကို sweet ဖြစ်စေရုံမက creamy & smooth ပါ ဖြစ်စေပါတယ်ခင်ဗျာ။ ဆေးဖက်ဝင်အပင်တွေရဲ့ စူးရှတဲ့ herbal spice ရနံ့လေးကလည်း aroma ကို ပိုပြီးလေးနက်စေပါတယ်။ Aged 12 Years ဆိုတဲ့အတိုင်း တချက်တချက် oak ရနံ့လေးကိုလည်း ခံစားရပါသေးတယ်ခင်ဗျာ။

Taste - ပျားရည်တွေရဲ့ အချိုလေးရယ်၊ vanilla ရဲ့ creamy and smooth လေးရယ်က taste မှာ ပိုပေါ်လွင်လာပါတယ်။ ဆေးဖက်ဝင်အပင်တွေရဲ့ herbal အရသာက oaky ဖြစ်တဲ့အရသာနဲ့အတူ ထင်ရှားပေါ်လွင်လာပါတယ်။ ခါးသက်သက် bitterness အရသာလေးကလည်း နောက်ကနေ ပါဝင်နေပါသေးတယ်။ သူတို့ကုမ္ပဏီက floral flavors လို့ပြောပေမယ့် ကျွန်တော့်အတွက်တော့ floral & bitterness ကိုတွဲပြီး herbal နဲ့ ပိုတူသလိုခံစားရပါတယ်ခင်ဗျာ။

Finish - အဆုံးသတ်က တော်တော်ကို သိသိသာသာကြာပါတယ်။ မသိမသာချိုတာလေးရယ် မသိမသာ spicy ဖြစ်တာလေးရယ်က သူ့ရဲ့ refreshing bitterness ကိုကျော်မိုးနိုင်ခြင်းမရှိပါဘူး။ Smoky ဖြစ်တာကလည်း မသိသာလှပါဘူးခင်ဗျာ။

ABV - 40%

Beginner တွေအတွက် ပြဿနာဖြစ်စေတာက သူ့ရဲ့ bitterness ခါးသက်သက်အရသာပါ။ On the rock လိုမျိုး သုံးဆောင်ရင်တောင် တခြား flavors တွေက ပျော့သွားပေမယ့် bitterness က သိသိသာသာ လျော့သွားခြင်းမရှိပါဘူး။ အခါးကြောက်တဲ့သူ / beginner တွေကိုတော့ recommend မပေးပါဘူး။

တကယ်တော့ ဒီ Ballantine’s 12 က Ballantine’s Finest ထက်စာရင် အရသာ ပိုပြီးလေးနက်ညက်ညောပါတယ်။ ပိုကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် bitterness ကြောင့် Johnnie Walker Black လောက် smooth မဖြစ်သလို ဖြစ်နေတာပါ။ Ballantine’s 12 က creamy sweet ဖြစ်တာကို herbal character နဲ့တွဲပြီး luxury ဆန်ဆန် အရသာမျိုးထွက်အောင် balance လုပ်ဖန်တီးထားတာပါ။ အခါးကြောက်တဲ့သူတွေအတွက် balance ပျက်သလိုဖြစ်ပြီး bitterness ကထင်းထွက်လာသလို ဖြစ်တာပါခင်ဗျာ။

Smooth ဖြစ်တဲ့ ညက်ညောမှုကို အဓိကမထားတဲ့သူ / whisky အရသာပေါင်းစုံကို လေးလေးနက်နက်ခံစားကြည့်ချင်တဲ့သူ / Ballantine’s Finest ကိုကြိုက်လို့ နောက်တစ်မျိုးထပ် try ကြည့်ချင်တဲ့သူ ဆိုရင်တော့ Ballantine’s 12 ဟာ သုံးဆောင်ကြည့်သင့်တဲ့ whisky တစ်ခုလို့တိုက်တွန်းရင်း နိဂုန်းချုပ်ပါရစေခင်ဗျာ။

(Photo from Internet)

Bowmore 12 Years OldSmoky လိုင်းကိုမှ အသဲစွဲဆိုတဲ့သူတွေအတွက် နှစ်သက်မှာသေချာသလောက်ရှိတဲ့ ယမကာကောင်းတစ်ခုအကြောင်းလေး ရေးခ...
13/09/2022

Bowmore 12 Years Old

Smoky လိုင်းကိုမှ အသဲစွဲဆိုတဲ့သူတွေအတွက် နှစ်သက်မှာသေချာသလောက်ရှိတဲ့ ယမကာကောင်းတစ်ခုအကြောင်းလေး ရေးချင်ပါတယ်။ ဒီတစ်ခါတော့ စာမရှည်တော့အောင် ရနံ့နဲ့ အရသာကိုတန်းပြောကြရအောင်ခင်ဗျာ။

Aroma - ရနံ့နဲ့ပက်သက်ရင် ၂ ချက်က သိသာပါတယ်။
ပထမတစ်ချက်က Smoky ဖြစ်တာပါ။ Bowmore ရဲ့ trademark လို့ပြောရမယ့် Peaty Smokiness ပါ။ Peated Whisky ဆိုတာက whisky ပြုလုပ်ရာမှာ smoky ဖြစ်အောင် မြက်ဆွေးလိုဟာမျိုးနဲ့ မှိုင်းတိုက်ထားတာကို ဆိုလိုတာပါ (ပုံမှာကြည့်ပါခင်ဗျာ)။ Peaty Smokiness က ရိုးရိုး smoky ဖြစ်တာနဲ့မတူပါဘူး။ တချို့တွေအတွက် peaty smokiness က အသည်းစွဲပါခင်ဗျာ။
နောက်တစ်ချက်အနေနဲ့ သိသာတာက ပျားရည်ရနံ့ပါ။ ဒီကောင်မှာ peaty smokiness နဲ့ ပျားရည်ရနံ့က အသိသာဆုံးနဲ့ လိုက်ဖက်အညီဆုံးပါ။ ရနံ့စအဖွင့်ကို peaty smokiness နဲ့ဖွင့်ပြီး အရမ်းပြင်းမသွားအောင် ပျားရည်ရနံ့က လိုက်ထိန်းပေးထားပါတယ်။ ပျားရည်ရနံ့ကိုမှ လိမ္မော်ရနံ့က ထပ်လောင်းအားဖြည့်ထားပြီး သေချာခံစားကြည့်မယ်ဆိုရင် မြက်ခြောက်ရနံ့လေးကိုပါ မသိမသာ ခံစားရမှာပါခင်ဗျာ။ Bowmore ရဲ့ aroma ရနံ့ကတော့ နာမည်ကျော်တဲ့အတိုင်းကို တော်တော်လေး ခံစားလို့ကောင်းတဲ့ aroma တစ်ခုပါ။

Taste - အရသာနဲ့ပက်သက်ရင်တော့ အရသာက rounded ဖြစ်ပါတယ်။ စစချင်းမှာ ပျားရည်အရသာလေးရယ်၊ vanilla အရသာလေးရယ်ခံစားရမယ်။ ဒါပေမယ့် ခဏလေးနဲ့ အဲ့အရသာနှစ်ခုကပျောက်သွားပြီး spicy ချက်ချင်းဖြစ်လာတယ်။ ပြီးမှ peaty smokiness လေးပေါ်လာပြီး အဆုံးသတ်အထိ ကြာကြာလေးခံစားသွားရပါတယ်။ ဒီမှာ ပျားရည်နဲ့ vanilla အရသာ နည်းနည်းကြာကြာလေးပေါ်ရင် ပိုကောင်းမယ်ထင်ပါတယ်ခင်ဗျာ။ Spicy က ချက်ချင်းကြီးပေါ်လာတော့ ပျားရည်နဲ့ vanilla က အရသာပါမှန်းတောင် သိပ်မသိသာတော့ပါဘူး။ ဒါပေမယ့် spicy က အရမ်းမပြင်းသလို ကြားထဲမှာ some sweetness လေးနဲ့ spicy ကို မသိမသာ ပြန်ထိန်းပေးထားတာလေးက မိုက်ပါတယ်ခင်ဗျာ။

Finish - အဆုံးသတ်ကတော့ smoky လေးကိုမှ spicy နည်းနည်းလေးနဲ့ပါ။ Finish က ချက်ချင်းမပျောက်သွားပဲ ကြာပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် taste ကတော့ အရမ်းသိသိသာကြီး ကောင်းနေတာမျိုးမရှိပါဘူး။ သူ့ရဲ့ မသိမသာနဲ့ sweetness လေးက အရမ်းမချိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ subtle ဖြစ်တဲ့အတွက် လုံးဝလုံးဝ မအီပါဘူး။ Peaty smokiness က aftertaste မှာလည်း သိသိသာပေါ်တဲ့အပြင် finish လေးကလည်းကြာပါတယ်။ Taste ကမဆိုးပါဘူးခင်ဗျာ။

ဒါပေမယ့် aroma ကတော့ smoky သမားတွေအတွက် အကြိုက်ပါ။ ဒီ Bowmore 12 ရဲ့ peaty smokiness က တခြား Ardbeg တို့လိုမျိုး peaty bomb ဖြစ်လောက်အောင်လည်း မပြင်းပါဘူး၊ Islay Whisky တို့ရဲ့ ထုံးစံအတိုင်း typical peaty smokiness ကိုလည်း ပေးစွမ်းနိုင်တဲ့အတွက်၊ smoky သမားတွေနဲ့ peat smokiness ကို စမ်းကြည့်ချင်တဲ့သူတွေအတွက်ဆို လုံးဝ recommend ပါခင်ဗျာ။

Spicy က မပြင်းပေမယ့် ကြာတာရယ်၊ smokiness က အစကော အဆုံးမှာကော ပါတာရယ်ကြောင့် beginner တွေအတွက်တော့ recommend မပေးပါဘူးခင်ဗျာ။
ဒါပေမယ့်လည်း smoky ဆိုတာဘာလဲ၊ peaty smokiness ဆိုတာဘာလည်း စမ်းကြည့်ချင်လို့ သုံးဆောင်ကြည့်မယ်ဆိုလည်း မတားပါဘူး။ မမှားတဲ့အပြင် ကြိုက်တောင်ကြိုက်သွားနိုင်တဲ့အတွက် ယမကာကောင်းတစ်ခုလို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

Address

Meiktila
100701

Opening Hours

Monday 09:00 - 00:00
Tuesday 09:00 - 00:00
Wednesday 09:00 - 00:00
Thursday 09:00 - 00:00
Friday 09:00 - 00:00
Saturday 09:00 - 00:00
Sunday 09:00 - 00:00

Telephone

+959797162993

Website

Alerts

Be the first to know and let us send you an email when Htun Liquor Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share