30/04/2025
FYI
လုပ်ငန်းခွင် အသုံးချ ကွန်ပျူတာအခြေခံ သင်တန်း အတွက် သင်တန်းသားခေါ်ယူခြင်း
—----------------------------------------------
မွန်ပြည်နယ်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် မွန်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ Upward Training Center နှင့် ပူးပေါင်း၍ “လုပ်ငန်းခွင် အသုံးချ ကွန်ပျူတာအခြေခံ သင်တန်း” အား ၂၀၂၅ ခုနှစ် မေလတွင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
အသက် ၁၅ နှစ်အထက် မည်သူမဆို လျှောက်ထားနိုင်မှာဖြစ်ပြီး သင်ကြားသွားမည့် သင်ခန်းစာများ ကတော့
🖥Introduction to computer
🖥Computer Knowledge
🖥Typing (Myanmar/English)
🖥Microsoft Office Suite
🖥Internet & Email
🖥Google Workspace
🖥Zoom
သင်တန်းကြေး - အခမဲ့
သင်တန်းကာလ - ၁လခွဲ
သင်တန်းနေရာ - Upward Training Center၊ အမှတ် ၃၉ (က)၊ ၃လွှာ၊ တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်အနီး၊ မော်လမြိုင်မြို့။
မေလအတွင်း သင်တန်းဖွင့်လှစ်သွားမှာဖြစ်လို့ လျှောက်ထားလိုသူများအနေဖြင့် Upward Training Center ၏ page စာမျက်နှာမှတစ်ဆင့်ဖြစ်စေ၊ ဖုန်း- 09 740 977 946၊ 09 740 977 949 သို့ ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
လူငယ်များ၊ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူများ ဦးစားပေးခေါ်ယူသွားမှာဖြစ်ပြီး သတ်မှတ်အရေအတွက်ပြည့်ပါက ခေါ်ယူတာ ရပ်နားသွားမှာဖြစ်ပါတယ်
#ကွန်ပျူတာသင်တန်း #အခမဲ့ #မော်လမြိုင်