IDEA

IDEA IDEA Store Mawlamyine focuses on customer satisfaction and sells a variety of products.
(1)

: Redmi 8A က 9A ထက် ဘာလို့ ပိုကောင်းနေရတာလဲ? "ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် အမြဲတမ်း Model နံပါတ် အသစ်က ပိုကောင်းတယ်လို့...
19/03/2026

: Redmi 8A က 9A ထက် ဘာလို့ ပိုကောင်းနေရတာလဲ?

"ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင် အမြဲတမ်း Model နံပါတ် အသစ်က ပိုကောင်းတယ်လို့ ထင်တတ်ကြတယ်မဟုတ်လား?

ဒါပေမဲ့ Redmi 8A နဲ့ 9A မှာတော့ အဲ့ဒီအယူအဆက မှားသွားနိုင်ပါတယ်။"

ကျွန်တော် ဒီဖုန်းနှစ်လုံးကို သုံးကြည့်တဲ့အခါမှာ Redmi 8A က ပိုပြီး သွက်လက်နေတာ (Smooth ဖြစ်နေတာ) ကို သတိထားမိခဲ့တယ်ဗျ

ဘာလို့လဲဆိုတော့ 8A မှာ သုံးထားတဲ့ Snapdragon 439 Chipset ကြောင့်ပါ။ သူက Apps တွေဖွင့်တာ၊ UI သုံးရတာတွေမှာ 9A ရဲ့ Helio G25 ထက် ပိုပြီး တည်ငြိမ်မှုရှိပါတယ်။

နောက်တစ်ချက်က အရင်ထွက်တဲ့ 8A မှာက Type-C Port ပါပြီး 18W Fast Charging တောင် ရသေးတယ်။ ဒါပေမဲ့ အသစ်ထွက်တဲ့ 9A ကျမှ Micro-USB ပြန်ဖြစ်သွားပြီး Charging ကလည်း 10W ပဲ ရတော့တာပါ။

မျက်နှာပြင် အကြမ်းခံမှုမှာလည်း 8A က Gorilla Glass 5 သုံးထားလို့ 9A ထက် ပိုပြီး စိတ်ချရတယ်။

တကယ်လို့ ကိုယ်က Screen အကြီးကြီးပဲ လိုချင်တာဆိုရင်တော့ 9A ကို ရွေးပါ။

ဒါပေမဲ့ ပိုသွက်လက်တဲ့ Performance၊ အားသွင်းမြန်တဲ့ Type-C နဲ့ ပို‌ေကာင်းတဲ့ Build Quality ကို လိုချင်တယ်ဆိုရင်တော့ 8A ကိုပဲ ရွေးချယ်ရမှာပါ




Brand ကောင်းကောင်းဖြစ်ရမယ် ဈေးလည်း သက်သာရမယ် Quality စိတ်ချရမယ် ဆိုတဲ့ ကာကာ တွေအတွက် Konfulon BTS 30 လေး ရောက်ရှိ 34800 ...
23/07/2025

Brand ကောင်းကောင်းဖြစ်ရမယ် ဈေးလည်း သက်သာရမယ် Quality စိတ်ချရမယ် ဆိုတဲ့ ကာကာ တွေအတွက် Konfulon BTS 30 လေး ရောက်ရှိ

34800 ကျပ်

25/06/2025

2 သောင်းဝန်းကျင် နဲ့ PD ( Type C အဝင်ရော အထ‌ွက်ပါရ) တဲ့ Power Bank

အမြန် စနစ်ပါဝင်တဲ့ ဒီကောင်လေးက တစ်ကိုယ်ရေ အသုံးပြု ပေါ့ပေါ့ပါးပါး သွားလေရာ သယ်သွားချင်သူတွေ အတွက်

ဖုန်းတစ်လုံးသွင်းစာလေးပေါ့

21/06/2025

ဘယ်မှာ ရမလဲ ဒီဈေးနဲ့ ဒီ Quality

Wireless Version 5.4

Design in UK

လုံးဝ တန် လုံးဝ လန်ပြန်ထွက်နေမယ် Hi Fi ကြီးနော်

Only - 42000 kyats

🎧

09 956 030 768

Fyi
19/06/2025

Fyi

👦🏻👧🏻 ကလေးတွေကို ပိုက်ဆံစနစ်တကျသုံးတတ်အောင် မသင်ပေးထားမိတာ အရမ်းနောင်တရတယ်

ဘာလို့လဲဆိုတော့ ငွေကြေးကို ထိထိရောက်ရောက်စီမံနိုင်တဲ့ အရည်အချင်း (Financial Literacy) ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက သင်ယူထားသင့်တဲ့ အရေးကြီးတဲ့ ပညာရပ်တစ်ခုဖြစ်လို့ပါ။

Financial Literacy က ဘာလို့အရေးကြီးတာလဲ ပြောပြမယ်နော်။

1️⃣ ငွေကြေးစီမံခန့်ခွဲမှုအလေ့အထကောင်းတွေ စတင်မွေးမြူနိုင်ဖို့

ဆယ်ကျော်သက်အရွယ်ဟာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ အလေ့အထတွေ စတင်ဖွံ့ဖြိုးတဲ့အချိန်ဖြစ်ပါတယ်။ အခုအချိန်မှာ ငွေစုတာ၊၊ ဘတ်ဂျက်ချမှတ်တာ၊ အသုံးအဖြုန်းထိန်းချုပ်တာ ဒီလို အလေ့အကျင့်ကောင်းတွေကို မွေးမြူထားနိုင်မယ်ဆိုရင် ကြီးပြင်းလာတဲ့အခါ ငွေကြေးပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာ အမှန်ပါပဲ။

2️⃣ အကြွေးများနဲ့ ငွေကြေးအခက်အခဲများကို ရှောင်ရှားနိုင်ဖို့

အရွယ်ရောက်လာတဲ့အခါ Credit Card သုံးတာ၊ ချေးငွေရယူတာမျိုးကနေပြီး အကြွေးပိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Financial Literacy တတ်မြောက်ထားရင် အကြွေးတွေရဲ့အန္တရာယ်၊ အတိုးနှုန်းတွေရဲ့သက်ရောက်မှုကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လာနိုင်မှာပဲ ဖြစ်ပါတယ်။

3️⃣ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝင်ငွေအပိုရှာနိုင်ဖို့

ငွေကိုသာမက ရင်းနှီးမြှုပ်နှံမှု (Investment) နဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတတွေကို ဆယ်ကျော်သက် ဘဝကတည်းက သိထားရင် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ငွေကြေးဆိုင်ရာအခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။

4️⃣ မိသားစုနဲ့ လူမှုဘဝအတွက် တာဝန်ယူနိုင်စွမ်းရှိဖို့

Financial Literacy ကောင်းမွန်တဲ့လူငယ်တစ်ယောက်ဟာ မိသားစုအတွက် ငွေကြေးအခက်အခဲမဖြစ်စေဘဲ ပံ့ပိုးကူညီနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်အိမ်ရာ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လိုအပ်ချက်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

5️⃣ အနာဂတ်အတွက် ဘဝတည်ငြိမ်မှုရရှိဖို့

ငွေကြေးကို ကောင်းစွာစီမံနိုင်တဲ့သူတွေဟာ စိတ်ဖိစီးမှုနည်းပြီး ဘဝတည်ငြိမ်မှုရှိဖို့ အလားအလာပိုများပါတယ်။ Financial Literacy ကို အရွယ်မတိုင်ခင် သင်ယူထားခြင်းဟာ အောင်မြင်တဲ့ဘဝတစ်ခုကို ဖန်တီးပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။

ငယ်သေးတဲ့အရွယ်မှာ ငွေကြေးနဲ့ပတ်သက်တဲ့ အခြေခံအယူအဆတွေကို နားလည်ထားမယ်ဆိုရင် အနာဂတ်မှာ ပိုမိုတည်ငြိမ်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒါဆို ဘယ်လိုစတင်လေ့လာမလဲ?

Myanmar Youth Platform ကနေ ငွေကြေးအကြောင်းကို သေချာနားလည်ပြီး စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ Financial Literacy Free သင်တန်းကို ဖွင့်လှစ်ထားပါပြီ။

ဒီသင်တန်းမှာဆိုရင်
✅ Module - 1 ငွေကြေးဆိုင်ရာ အသိပညာ အခြေခံအကြောင်းအရာများ
✅ Module - 2 ငွေကြေး အလုပ်လုပ်ပုံ
✅ Module - 3 ငွေကြေးစီမံခြင်းနှင့် စုဆောင်းခြင်း
✅ Module - 4 စနစ်တကျ ငွေကြေးဆိုင်ရာ အစီအစဉ်များ ရေးဆွဲခြင်း
✅ Module - 5 ချေးငွေယူခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း
✅ Module - 6 ဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများ
✅ Module - 7 ငွေကြေးဆိုင်ရာ နည်းပညာအကြောင်း
✅ Module - 8 နိုင်ငံတကာ ငွေကြေးဆိုင်ရာ နည်းစနစ်များ
✅ Module - 9 ငွေကြေးဆိုင်ရာ လှည့်စားမှုများ တစ်နည်းအားဖြင့် အလိမ်အညာများ
✅ Module - 10 လူငယ်တို့အတွက် ငွေကြေးဆိုင်ရာ အမှီအခိုကင်းမှု
✅ စနစ်တကျ ငွေကြေး စုဆောင်းခြင်းနှင့် သုံးစွဲခြင်း

စတာတွေကို သေချာစနစ်တကျ လေ့လာရမှာပါ။

ပြောရရင် လူငယ်တွေတင်မကဘူး၊ လူကြီးတွေပါ လေ့လာသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒါပေမဲ့ တစ်ခုရှိတာက Module တွေကို အစဉ်လိုက်လေ့လာဖို့တော့ လိုပါတယ်နော်)

ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ပြီး ပိုနားလည်ရအောင် အောက်က Link မှာ အလွယ်တကူ (အခမဲ့) လေ့လာလိုက်ပါ။👇
https://mmyouth.net/course/index.php?categoryid=3


12/06/2025

Quality ကောင်းကောင်းလေး ခံစားပြီးရင် Price က အတော်တန်ပါလား တစ်ဆက်တည်းတွေးရမယ့် Ven-dens design in UK (Stereo Earphones) လေးတွေ လက်လီ လက်ကားရပါမယ်

42000 ကျပ် တည်းနဲ့ Wireless Version 5.4 ဆိုတော့ မိုက်နေမှာ နော်

3900 kyats တည်းနဲ့ Quality ကောင်းတာလေးမရဘူးထင်နေပြီလား LANEX လေး သုံးကြည့်လိုက်ပါ 😍😍😍အရမ်းကြိုက်လည်း လောလောဆယ် 5 ခုပဲ ပါ...
05/06/2025

3900 kyats တည်းနဲ့ Quality ကောင်းတာလေးမရဘူးထင်နေပြီလား

LANEX လေး သုံးကြည့်လိုက်ပါ 😍😍😍

အရမ်းကြိုက်လည်း လောလောဆယ် 5 ခုပဲ ပါလို့ ဦးသူယူပါဗျာ

Address

Mupon
Mawlamyine
12011

Website

Alerts

Be the first to know and let us send you an email when IDEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share