One drop liquor

One drop liquor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from One drop liquor, Wine, Beer & Spirits Store, Corner of 32nd×63rd Chan Aye Thar Zan, Mandalay.

🥃 အရက်မသောက်တဲ့ မိန်းကလေးများ သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေများပြား 🍾🍾🍻 လေ့လာတွေ့ရှိချက်များအရ Alcohol ကို အနည်းငယ်သောက်သု...
05/07/2025

🥃 အရက်မသောက်တဲ့ မိန်းကလေးများ
သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေများပြား 🍾🍾

🍻 လေ့လာတွေ့ရှိချက်များအရ Alcohol ကို အနည်းငယ်သောက်သုံးတဲ့ အမျိုးသမီးအများစုဟာ

သက်ကြီးပိုင်းရောက်လာရင် လုံးဝမသောက်သုံးတဲ့သူတွေထက် သူငယ်ပြန်ရောဂါကို ကာကွယ်နိုင်ပါတယ် 🙌

🥰 အမျိုးသမီးတစ်ယောက်ဟာ ဝိုင် သို့မဟုတ် အရက်ကို ပျမ်းမျှ တစ်ပတ်တစ်ကြိမ်ခန့်သောက်သုံးပါက Blood pressure နဲ့ cholesterol ကို ထိန်းညှိပေးပြီး အရွယ်မတိုင်မီအဖြစ်များတဲ့

👉Memories များပျောက်ဆုံးခြင်း
👉အမည်နာမများ မေ့လျော့ခြင်း
👉အစားမစားနိုင်ခြင်း
👉အပြောင်းအလဲမြန်ခြင်း
👉အချိန်နဲ့နေရာတို့ကို မမှတ်မိတော့ခြင်း
👉အာရုံစူးစိုက်မှု မလုပ်နိုင်တော့ခြင်း အစရှိတဲ့

သူငယ်ပြန်ရောဂါတို့မှကာကွယ်နိုင်ပါတယ် 🙌

👉ကဲ မိတ်ဆွေတို့လည်း အထာကျကျ
သူငယ်ပြန်ခြင်းမှ ကာကွယ်လိုက်ပါ🙌



အိမ်ကရေခဲသေတ္တာထဲမှာ နို့ဘူးတွေကုန်နေလို့ ထပ်ဖြည့်ဖို့စျေးကိုသွားတာ ၊အသွားတုန်းကတော့ နို့ဝယ်ဖို့ပါ 😇ပြန်လာတော့ နို့ပုလင်...
29/06/2025

အိမ်ကရေခဲသေတ္တာထဲမှာ နို့ဘူးတွေကုန်နေလို့ ထပ်ဖြည့်ဖို့စျေးကိုသွားတာ ၊အသွားတုန်းကတော့ နို့ဝယ်ဖို့ပါ 😇

ပြန်လာတော့ နို့ပုလင်းအစား ဝိုင်ပုလင်းတွေပါလာတယ်။ ထူးဆန်းလိုက်တာ 🙄



ဘာမှအသုံးမကျတဲ့အရက်သမား၊အမြဲတမ်းမူးရူးနေတဲ့အရက်သမားလို့တော့မပြောနဲ့နော် 😌အမြဲတမ်းမူးနေရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး၊ ပါရမီပါတ...
22/06/2025

ဘာမှအသုံးမကျတဲ့အရက်သမား၊အမြဲတမ်းမူးရူးနေတဲ့အရက်သမားလို့တော့မပြောနဲ့နော် 😌

အမြဲတမ်းမူးနေရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး၊ ပါရမီပါတဲ့သူတွေပဲလုပ်နိုင်တာ။

လွယ်လွယ်နဲ့မူးကြေးဆို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေပဲ လှည့်နေကြမှာပေါ့ 😉



ကျန်တာတွေလုပ်ခိုင်းရင် သဘောတူချင်တူလိုက်ဦးမယ် 😏ဘယ့်နှယ် ….အရက်သမားကို အရက်မသောက်ရဘူးလို့လာတားနေတာကြီးကတော့ သပ်သပ်မဲ့ စော...
15/06/2025

ကျန်တာတွေလုပ်ခိုင်းရင် သဘောတူချင်တူလိုက်ဦးမယ် 😏

ဘယ့်နှယ် ….အရက်သမားကို အရက်မသောက်ရဘူးလို့လာတားနေတာကြီးကတော့ သပ်သပ်မဲ့ စော်ကားနေတယ်လို့ပဲခံစားရတယ်🙂

အရက်မသောက်ရမယ့်အတူတူ မီးပြင်းပြင်းနဲ့သာ ကြွပ်နေအောင်ကြော်လိုက်တော့ 😏





🍸 ဆိုဂျူးဆိုတာနဲ့ ပုလင်းစိမ်းစိမ်းလေးနဲ့ ခွက်သေးသေးလေးတွေကို မြင်ယောင်မိကြမယ်လို့ ထင်ပါတယ်။ ကိုရီးယားရဲ့ ယဉ်ကျေးမှု၊ ဓလေ...
10/06/2025

🍸 ဆိုဂျူးဆိုတာနဲ့ ပုလင်းစိမ်းစိမ်းလေးနဲ့ ခွက်သေးသေးလေးတွေကို မြင်ယောင်မိကြမယ်လို့ ထင်ပါတယ်။ ကိုရီးယားရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကိုပြောမယ်ဆိုရင် ဆိုဂျူးကို ချန်ထားခဲ့လို့မရပါဘူး။🥂

🍸 ဆိုဂျူးဟာ ကိုရီးယားမှာ ၁၃ ရာစုနှစ်လောက်ကတည်းက စတင်ခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုပဲဖြစ်ပါတယ်။ အရင်ကတော့ ပိတ်ရက်တွေနဲ့ ပွဲတော်တွေမှာ သောက်သုံးလေ့ရှိကြပေမဲ့ အခုခေတ်မှာတော့ အဲတာတွေအပြင် စီးပွားရေးပတ်ဝန်းကျင်မှာရော လူမှုရေးပတ်ဝန်းကျင်မှာပါ ဆိုဂျူးသောက်သုံးမှုဟာ တွင်ကျယ်လာခဲ့ပါပြီ။ 🥂

🍸 ဆိုဂျူးကို ဆန်၊ ဘာလီ၊ ဂျုံစတဲ့ အစေ့အဆန်တွေက ထုတ်လုပ်သလို ကန်စွန်းဥ၊ ပီလောပီနံ အစရှိတာတွေကနေလည်း ထုတ်လုပ်တာရှိပါတယ်။ တံဆိပ်ပေါ်မူတည်ပြီး ဆိုဂျူးမှာ အရက်ပါဝင်မှုက ၁၆.၇% ကနေ ၅၀% ကျော်ထိ ရှိပါတယ်။ 🥂

🍸 ဆိုဂျူးရဲ့အရသာဟာ ယေဘုယျအားဖြင့်ဆိုရင် ပြင်းထန်စူးရှတယ်လို့ ဆိုကြပါတယ်။ ဗော်ဒ်ကာအရသာနဲ့တူတယ်လို့လည်း ပြောကြပါတယ်။ အဲတာကြောင့် ခုနောက်ပိုင်းမှာ လူငယ်ပိုင်းအတွက်ရည်ရွယ်ပြီး အရက်ပါဝင်မှုနည်းပြီး ပိုချိုတဲ့ အသီးအရသာဆိုဂျူးတွေကို ထုတ်လုပ်ရောင်းချလာကြပါပြီ။ 🥂

ဆိုဂျူးကို ဘာနဲ့မှမရောဘဲ သီးသန့်သောက်ကြပေမဲ့ အနောက်တိုင်းသားအချို့ကတော့ ဘီယာနဲ့လည်း ရောနှောသောက်တတ်ကြပါတယ်။

🍸 Soju အရသာစုံစုံလင်လင်ကို တစ်နေရာတည်းမှာရချင်ရင် One Drop မှာ ကိုယ်တိုင်စိတ်ကြိုက်လာရွေးနိုင်ပါပြီခင်ဗျာ။🥂



🥃 ကမ္ဘာတစ်ဝှမ်းမှ ဝီစကီအမျိုးအစားများစွာရှိတဲ့အနက်မှာမှ (၅)မျိုးအကြောင်းကို အကျဉ်းချုပ်အနေဖြင့် ရှင်းပြပေးလိုက်ပါတယ်ခင်ဗ...
04/06/2025

🥃 ကမ္ဘာတစ်ဝှမ်းမှ ဝီစကီအမျိုးအစားများစွာရှိတဲ့အနက်မှာမှ (၅)မျိုးအကြောင်းကို အကျဉ်းချုပ်အနေဖြင့် ရှင်းပြပေးလိုက်ပါတယ်ခင်ဗျာ။

🥃 American Region Whiskey

အမေရိကန်ဝီစကီများကို အမျိုးအစားငါးမျိုးဖြင့် ထပ်မံခွဲခြားထားပါသေးတယ်ခင်ဗျာ-
• Bourbon
• Starlight Bourbon
• Blended Bourbon
• RYE
• Tennessee

အမေရိကန်ဝီကစီမျိုးကွဲများအနက်မှ လူတွေအယူအဆမှားနေကြတဲ့ Bourbon ရဲ့ Rule များကိုပြောပြပေးပါမယ်ခင်ဗျာ။
Bourbon လို့ဆိုလိုက်တာနဲ့ (Kentucky)ဒေသထွက် Whiskey ကိုခေါ်တယ်လို့ အယူအဆမှားတတ်ကြပါတယ်။
(95%) သော Bourbon များကို (Kentucky) ဒေသမှထွက်တာမှန်ပေမဲ့ အမေရိကရဲ့Bourbon Rule အတိုင်းချက်တဲ့ Bourbon Whiskey ကို Bourbon ဟုခေါ်ဆိုနိုင်ပါတယ်ခင်ဗျာ။
Bourbon Whiskey ချက်ရန်သတ်မှတ်ချက်မှာ -
• ပြောင်းဖူး (51%) ပါဝင်ရပါမယ်။
• ဝီစကီတွင် Alcohol ပါဝင်မှု 125 proofs (62.5 ABV) ထက်မများ၊ 80 proofs (40 ABV )ထက်မနည်းပါဝင်ရပါမယ်ခင်ဗျာ။

🥃 Scotch Whisky

ဝီစကီတွေအနက် နာမည်အကြီးဆုံး Scotch Whisky တွေကို မုယောစပါး (သို့မဟုတ်) ဂျုံဖြင့် 700L ထက်မကြီးသော ဝက်သစ်ချစည်ထဲတွင် သုံးနှစ်နှင့်အထက် ပြုလုပ်ကြရပါတယ်။
- Scotch Whisky တွေကို အမျိုးအစားသုံးခု ထပ်မံခွဲခြားထားပါသေးတယ်ခင်ဗျာ။
• Single Malt Whisky
• Grain Whisky
• Blended Whisky
Single Malt Whisky ကို Distillery တစ်ခုထဲမှ ထုတ်လုပ်ပြီး မုယောစပါး၊ ရေ နှင့် Yeast တို့ အဓိကပါဝင်ပါတယ်။

🥃 Irish Whiskey

- အိုင်ယာလန်နိုင်ငံနှင့် မြောက်အိုင်ယာလန် တို့တွင်အဓိကထုတ်လုပ်ပြီး Scotch Whisky များနှင့် တူညီချက်များရှိနေပါတယ်။
- သုံးနှစ်အကြာသိုလှောင်ပုံ တူညီချက်များရှိနေပေမဲ့ Scotch ကဲ့သို့ ကန့်သတ်ချက်များမရှိပဲ Malt , Grain ကြိုက်နှစ်သက်ရာကို အသုံးပြုထုတ်လုပ်နိုင်ပါတယ်ခင်ဗျာ။

🥃 Japanese Whisky

- Japan Whisky တွေဟာ Scotch Whisky များရဲ့ တစ်ခုတည်းသော ပြိုင်ဖက်ဆိုရင်လည်းမမှားပါဘူး။
- Japan Whisky ကို1870 လောက်မှစတင်ထုတ်လုပ်ခဲ့ကြတယ်လို့ပြောပေမဲ့ 1923မှသာ Yamazaki မှစတင်ထုတ်လုပ်ခဲ့ပါတယ်။

🥃 Canadian Whisky

Canadian Whisky များကို Grain မှထုတ်လုပ်ပြီး တခါတရံမှာ ပြောင်းဖူးနဲ့ RYE တို့မှလဲထုတ်လုပ်ကြပါတယ်။



30/05/2025

လူတော်တော်များများက အရက်ကြောင့် ဘေးထွက်ဆိုးကျိုးများစွာ ခံစားနေရပြီး ကျန်းမာရေးတွေထိခိုက်တယ်ဆိုတာ စည်းစနစ်ကျအောင်မသောက်တတ်သေးလို့ပါ 🤗

အကယ်၍ အရက်ကို ကျန်းမာရေးမထိခိုက်အောင်သောက်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေအတိုင်းလိုက်နာပါ။

🥂နေ့တိုင်းမသောက်မိအောင်ရှောင်ပါ။
🥂တစ်ပတ်ကိုအနည်းဆုံး ၃ ရက်မသောက်ပဲနေပါ။
🥂အစာမရှိဘဲမသောက်ပါနဲ့။
🥂သောက်မိနိုင်တဲ့အခြေအနေတွေကိုရှောင်ပါ။
(ဥပမာ- ပါတီတွေဆက်တိုက်မတက်ပါနဲ့)
🥂မရှောင်နိုင်ရင် ပိုပျော့တဲ့အမျိုးအစားကိုရွေးချယ်ပါ။
🥂 On the rocks သောက်မယ့်အစား ရေ (သို့) alcohol မပါဝင်သော ဖျော်ရည်တစ်ခုခုနှင့်ရောပါ။
🥂Alcohol ကို အခြားဆေးတစ်ခုခုနဲ့တွဲပြီးမသောက်ပါနဲ့ 💊

တွဲသောက်တဲ့အခါ alcohol ရဲ့ လုပ်ဆောင်ချက်ကြောင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆေးတွေကို အသည်းကလုံလောက်စွာ မခြေဖျက်နိုင်လို့ အဆိပ်သင့်တာပါ 👍

လိုတာထက်ပိုပြီး ခြေဖျက်လိုက်တဲ့အခါ သောက်ထားတဲ့ဆေးရဲ့ အာနိသင်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ် 🤗



🍸 Vodka မှ Vodka ပဲဆိုတဲ့သူတွေ ထွက်ခဲ့ 🙌😍 ကြည်လင်နေသောယမကာ ဗော့ကာရဲ့အာနိသင်တွေက ဘာတွေလဲသိကြပြီလား 🤭🍸 Vodka ဟာ သဘာဝပိုးသတ...
25/05/2025

🍸 Vodka မှ Vodka ပဲဆိုတဲ့သူတွေ ထွက်ခဲ့ 🙌😍

ကြည်လင်နေသောယမကာ ဗော့ကာရဲ့အာနိသင်တွေက ဘာတွေလဲသိကြပြီလား 🤭

🍸 Vodka ဟာ သဘာဝပိုးသတ်ဆေးဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာတွေကို ဆေးကြောပိုးသတ်လို့ရပါတယ်😎

🍸 သွေးစီးဆင်းမှုကို မြှင့်တင်ပေးနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး နှလုံးသွေးခဲတာတွေ၊ တခြားနှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

🙌 ဒါအပြင် ခန္ဓာကိုယ်ထဲက ကိုလက်စထရောတွေကိုလည်း လျော့ကျစေပါသေးတယ်😎

🍸 Vodka ဟာ သွားကိုက်သွားနာတာကိုလည်း သက်သာပျောက်ကင်းစေနိုင်သေးတော့ တစ်မျိုးတည်းနဲ့ ဘက်စုံအားကိုးလို့ရပြီပေါ့။

🍸 အဆစ်ရောင်တာလည်း ပျောက်ကင်းစေတာကြောင့် လူကြီးလူငယ်မရွေးလည်းကြိုက်နှစ်ကြပါတယ်။

🍸 Vodka ကိုအမျိုးအစားစုံစုံလင်လင်နဲ့စိတ်ကြိုက်ရွေးချယ်ချင်တဲ့ Vodka Fan တွေအတွက် One Drop မှ အမြဲကြိုဆိုနေပါတယ် ခင်ဗျာ။🙌




စစ်မြင်းတစ်ယောက် ၃ဘူးသောက်ပြီးအိမ်ပြန်ချိန်😤Me : ဟျောင့် ….ငါမောင်းမယ် 🤓My Friend: မင်းကိုမယုံဘူး ၊ငါ့နောက်ကသာအေးဆေးထိုင...
18/05/2025

စစ်မြင်းတစ်ယောက် ၃ဘူးသောက်ပြီးအိမ်ပြန်ချိန်😤

Me : ဟျောင့် ….ငါမောင်းမယ် 🤓

My Friend: မင်းကိုမယုံဘူး ၊ငါ့နောက်ကသာအေးဆေးထိုင်ပြီးလိုက်ခဲ့
အိမ်အရောက်ပို့ပေးမယ်

ရောက်တော့ရောက်လိုက်ပါတယ် …အိမ်တော့မဟုတ်ဘူး ရေခဲတိုက်ကို 🤌

ကျေးဇူးပါလို့ ၊ လာလည်းမနောက်တော့ဘူး နောက်လည်းမလာတော့ဘူး 🫵

28/04/2025

ဝီစကီဆိုရင် စကော့တလန်နိုင်ငံကလုပ်တဲ့ စကော့ချ်ဝီစကီတွေက အကောင်းဆုံးနဲ့အထင်ရှားဆုံးပါပဲ။ မုယောစပါးနဲ့လုပ်တဲ့အရက်ပဲဖြစ်ဖြစ်၊ နှံစားပြောင်းနဲ့လုပ်တဲ့အရက်ပဲဖြစ်ဖြစ် စကော့တလန်နိုင်ငံမှာလုပ်တဲ့ အရက်တွေဖြစ်လို့ စကော့ချ်ဝီစကီလို့ပဲခေါ်ကြပါတယ်။

ကမ္ဘာပေါ်က လူတော်တော်များများနှစ်နှစ်ခြိုက်ခြိုက်သောက်သုံးနေကြတဲ့ စကော့ချ်ဝီစကီတွေထဲကမှ ဈေးအကြီးဆုံးစကော့ချ်ဝီစကီတွေကို ယမကာလုလင်တွေ သွားရည်ကျလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ MACALLAN 64 YEARS OLD IN LALIQUE (တန်ဖိုး- ဒေါ်လာ ၄၆၀၀၀၀)

ဒီစကော့ချ်ဝီစကီပုလင်းကိုတော့ lost wax နည်းပညာနဲ့ဒီဇိုင်းပြုလုပ်ထားပြီး အဆင့်အတန်းအလွန်မြင့်မားတဲ့ အရသာကိုပေးစွမ်းနိုင်ပါတယ်။

၂။ DALMORE 64 TRINITAS (တန်ဖိုး- ဒေါ်လာ ၁၆၀၁၀၀)

ဒီအရက်ပုလင်းနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်တစ်ချက်ကတော့ ဒီအရက်ပုလင်းမျိုး (၃) လုံးပဲ ထုတ်လုပ်ရောင်းချခဲ့ပြီး အရက်ပုလင်းဒီဇိုင်းတွေကိုလည်း Limited edition တံဆိပ်တွေကပ်နှိပ်ထားပါတယ်။

၃။ GLENFIDDICH JANET SHEED ROBERTS RESERVE 1955 (တန်ဖိုး- ဒေါ်လာ ၉၄၀၀၀)

ဒီဝီစကီရဲ့ရနံ့ကတော့ ဗနီလာအနံ့ရှိပြီး အရောင်ကလည်း ခပ်ဖျော့ဖျော့နဲ့ ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံးဝီစကီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၄။ MACALLAN FINE AND RARE 1926 (တန်ဖိုး- ဒေါ်လာ ၇၅၀၀၀)

နွယ်ချိုအရသာရှိတဲ့ဒီစကော့ချ်ဝီစကီကို အရသာရဖူးတာနဲ့ တခြားဝီစကီတွေကိုသောက်ချင်တော့မှာမဟုတ်ပါဘူး။ ဒီစကော့ချ်ဝီစကီပုလင်းကို လေလံပွဲတစ်ပွဲမှာ ကိုရီးယားလူမျိုးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၇၅၀၀၀ ပေးပြီးဝယ်ယူဖူးပါတယ်။

၅။ DALMORE SINGLE MALT SCOTCH (တန်ဖိုး- ဒေါ်လာ ၅၈၀၀၀)

သုတေသနတွေအရဆိုရင် အခုချိန်ထိ ကမ္ဘာပေါ်မှာ လူ (၆) ယောက်ပဲ ဒီအရက်ကိုအရသာခံဖူးပြီး ဗြိတိန်နိုင်ငံက ပန်နီဟေးလ်ဟော်တယ်မှာ ဒီအရက်ပုလင်းတစ်လုံးကို ဒေါ်လာ (၅၈၀၀၀) နဲ့လေလံတင်ခဲ့ပါတယ်။ ၁၈၆၈ ခုနှစ်ကနေ ၁၉၄၃ ခုနှစ်အတွင်းမှာ ဒီအရက်ပုလင်းမျိုးကို ရံဖန်ရံခါထုတ်လုပ်ခဲ့ပြီး အခုချိန်မှာတော့ ကမ္ဘာ့ဈေးအကြီးဆုံးစကော့ချ်ဝီစကီတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။

နောက်ထပ်ဗဟုသုတရစရာတွေကိုဆက်လက်ဝေမျှပေးဦးမှာဖြစ်လို့ One Drop Page လေးကို စောင့်ကြည့်ပေးပါဦးနော် 🤗🤗


#ကမ္ဘာ့စျေးအကြီးဆုံးဝီစကီများ

ပြဿနာတိုင်းမှာ အဖြေဆိုတာရှိပါတယ်🤓မိန်းမကအရက်သောက်တာမကြိုက်ရင် မိန်းမပြောင်းကြည့်လိုက်လေ 😌အရက်သောက်တာကြိုက်တဲ့မိန်းမနဲ့ ထ...
20/04/2025

ပြဿနာတိုင်းမှာ အဖြေဆိုတာရှိပါတယ်🤓

မိန်းမကအရက်သောက်တာမကြိုက်ရင် မိန်းမပြောင်းကြည့်လိုက်လေ 😌

အရက်သောက်တာကြိုက်တဲ့မိန်းမနဲ့ ထပ်တွေ့ချင်တွေ့မှာပေါ့ ☺️



🥃 ROYAL SALUTE ကို မြန်မာတွေက CHIVAS ကြွေအိုးလို့ ခေါ်တတ်ကြပါတယ်။ CHIVAS ရဲ့ ပထမတန်းစား အဆင့်မြင့်မြင့်ဖန်တီးထားတဲ့ ဇိမ်...
12/04/2025

🥃 ROYAL SALUTE ကို မြန်မာတွေက CHIVAS ကြွေအိုးလို့ ခေါ်တတ်ကြပါတယ်။ CHIVAS ရဲ့ ပထမတန်းစား အဆင့်မြင့်မြင့်ဖန်တီးထားတဲ့ ဇိမ်ခံအရသာတစ်ခုပါပဲ။ ROYAL SALUTE ကို CHIVAS ကနေ ခွဲထွက်ထုတ်လုပ်ဖို့ဖြစ်လာခဲ့တာကတော့ အကောင်းဆုံးတွေကိုမှ နှစ်ခြိုက်ခုံမင်တတ်တဲ့ ဗြိတိန်အထက်တန်းလွှာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ပါ။

🥃 အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ်က စထုတ်ပြီး ROYAL SALUTE GUN SALUTE 21 လို့ခေါ်ပါတယ်။ ဝီစကီတော်တော်များများအတွက် ၂၁ ဆိုတာ သက်တမ်းအတော်ရင့် အရည်အသွေးတစ်ခုရဲ့ သင်္ကေတတစ်ခုဖြစ်ပေမယ့် ROYAL SALUTE အတွက်ကတော့ ၂၁နှစ် ဆိုတာ ပုံမှန်ပါပဲ။

🥃 GUN SALUTE 21 ဆိုတာကတော့ ဗြိတိန်နန်းတွင်းနဲ့ ပတ်သက်တဲ့ တော်ဝင်ပွဲလမ်းသဘင်များမှာ အရိုအသေပေးပစ်ဖေါက်တဲ့ အမြှောက် ၂၁ ချက်ကို အစွဲပြုခေါ်ဆိုတာပဲဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာ ဝီစကီကျွမ်းကျင်သူ ဆမ်ဘရွမ့်ဖ်မန်းက စကော့ထ်လန်မှာရှိတဲ့ အငယ်ဆုံးသက်တမ်း၂၁ နှစ်ရှိ အရှားပါးဆုံးသော နှစ်ချို့ဝီစကီတွေကို အကောင်းဆုံးရောစပ်ကာ ဗြိတိန်ဘုရင်မကြီး အဲလိစဘက် (၂) ရဲ့ တော်ဝင်နန်းတက် အခမ်းအနားကျင်းပရာပွဲမှာ သောက်သုံးကြစေဖို့ စတင်ဖန်တီးမွေးဖွားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစလို့ ROYAL SALUTE 21 ဟာ ဗြိတိန် မင်းစိုးရာဇာများနဲ့ နန်းတွင်းမှူးမတ်များရဲ့ လက်စွဲတော်ဇိမ်ခံဝီစကီတစ်ခုအဖြစ် တော်ဝင်အခမ်းအနားတွေမှာ ပါဝင်လာခဲ့ပါတယ်။

🥃 ရှားပါးကောင်းမွန်တဲ့ အရည်အသွေးရှိဝီစကီများကို ကျွမ်းကျင်စွာ ရောစပ်ဖန်တီးနိုင်ခဲ့တဲ့ရလာဒ်အဖြစ် ROYAL SALUTE 21 ဟာ ညက်ညောသိမ်မွေ့တဲ့အရသာနဲ့ ဝီစကီဇာတ်ခုံပေါ်မှာထိပ်တန်းနေရာတစ်နေရာကို အခိုင်အမာသိမ်းပိုက်ထားတယ်ဆိုတာကတော့ မေးခွန်းရှိနေစရာမလိုအပ်တော့ပါဘူး…။

🥃 ဇိမ်ခံဝီစကီဖြစ်တဲ့အတွက် သူ့ကို ရေခဲတို့ ရေတို့နည်းနည်းနဲ့သာ ရောစပ်သောက်သုံးသင့်ပါတယ်...
တခြားဘာနဲ့မှ ရောမသောက်သင့်ပါဘူးနော်...
ABV ကတော့ 40 % ပါ....။

နောက်ထပ်ဗဟုသုတရစရာတွေကိုဆက်လက်ဝေမျှပေးဦးမှာဖြစ်လို့ One Drop Page လေးကို စောင့်ကြည့်ပေးပါဦးနော် 🤗🤗



Address

Corner Of 32nd×63rd Chan Aye Thar Zan
Mandalay

Telephone

+959941300008

Website

Alerts

Be the first to know and let us send you an email when One drop liquor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to One drop liquor:

Share