Pandora liquor house

Pandora liquor house 100% Cash back, no reason.

17/10/2024

ဘုရားသွားဆိုလည်းသွားကြပေါ့ ..........အပြန်ကျဆိုင်ဝင်ခဲ့ကြအုံး

ဝါလည်းကျွတ်ပြီဆိုတော့ ပုလင်းနဲ့ယောက္ခထီးကိုကန်တော့ကျတော့ မူးအောင်တိုက်ပြီးချိန်ကျမှသမီးကိုရအောင်တောင်းကြစို့လေ
16/10/2024

ဝါလည်းကျွတ်ပြီဆိုတော့ ပုလင်းနဲ့ယောက္ခထီးကိုကန်တော့ကျတော့ မူးအောင်တိုက်ပြီးချိန်ကျမှသမီးကိုရအောင်တောင်းကြစို့လေ

Pandora မှာအကောင်အထည်ဖော်ဖို့ ကြိုးစားပေးပေါ့မယ်
29/01/2024

Pandora မှာအကောင်အထည်ဖော်ဖို့ ကြိုးစားပေးပေါ့မယ်

လူတွေကကျွန်တော့်ကို "ဘယ်အရက်ကအကောင်းဆုံးလည်း"ဆိုပြီးအမြဲမေးတက်တယ်။ အဲ့မေးခွန်းကိုကျွန်တော်ကတကယ်မဖြေတက်ဘူးဗျ။ တချို့က Whi...
13/01/2024

လူတွေကကျွန်တော့်ကို "ဘယ်အရက်ကအကောင်းဆုံးလည်း"ဆိုပြီးအမြဲမေးတက်တယ်။ အဲ့မေးခွန်းကိုကျွန်တော်ကတကယ်မဖြေတက်ဘူးဗျ။ တချို့က Whiskey ကအကောင်းဆုံး တချို့လည်း cognac ကအကောင်းဆုံး တချို့တော့လည်း Vodka. single malt. blended. rum အမျိုးမျိုးပြောကြတယ်။ တချို့ဆိုကောက်ညှင်းချက်အရက်သာအကောင်းဆုံးဆိုပြီးပြောကြတယ်။ ဒီမေးခွန်းကိုမဖြစ်မနေဖြေရမယ်လို့ပြောရင် ကျွန်တော့်ရဲ့အဖြေက ကိုယ့်စားပွဲရှေ့ကအရက်သာအကောင်းဆုံးပါလို့ပဲဖြေပါရစေဗျ အားလုံးပဲရီဝေနိုင်ကြပါစေ

13/12/2023

သောက်ကောင်းလို့သောက်နေတဲ့သူတွေဆိုတာမရှိဘူး
မူးချင်လို့သောက်နေရတဲ့သူတွေပဲရှိတာ

13/12/2023

ဘယ်လိုဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်
ဆီထည့်ဖို့တန်းစီရင်းခင်ခဲ့တဲ့သူငယ်ချင်းတွေပါ

100% Cash back, no reason.

05/12/2023

ဆရာသမားတွေကိုရိုသေလေးစားကြပါ
Drink with respect

100% Cash back, no reason.

ဝိတ်ကျမှလာဝယ်မယ်ဆိုတဲ့အစ်မရေ....ပစ္စည်းချန်ထားပေးထားတယ်နော်
26/11/2023

ဝိတ်ကျမှလာဝယ်မယ်ဆိုတဲ့အစ်မရေ....
ပစ္စည်းချန်ထားပေးထားတယ်နော်

သီတင်းကျွတ်ကိုကြိုဆိုတဲ့အနေနဲ့ လေးသောင်းအထက််ယူသောလူကြီးမင်းများကို Tiger ပုလင်းကြီးတစ်လုံးလက်ဆောင်ပေးသွားပါမည့်အကြောင်း...
28/10/2023

သီတင်းကျွတ်ကိုကြိုဆိုတဲ့အနေနဲ့ လေးသောင်းအထက််ယူသောလူကြီးမင်းများကို Tiger ပုလင်းကြီးတစ်လုံးလက်ဆောင်ပေးသွားပါမည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဝါကျွတ်ပေမယ့် ကိုယ်ကျမကျွတ်သေးတဲ့ဂေါင်းကြီးတို့ရေယောက္ခထီးကိုလာဘ်ထိုးဖို့   ကိုအမြန်လာကြစို့
28/10/2023

ဝါကျွတ်ပေမယ့် ကိုယ်ကျမကျွတ်သေးတဲ့ဂေါင်းကြီးတို့ရေ
ယောက္ခထီးကိုလာဘ်ထိုးဖို့ ကိုအမြန်လာကြစို့

ဝီစကီ (Whisky)ကို ပိုင်းခြားစိတ်ဖြာခြင်းမြန်မာပြည်မှာ ဝီစကီလို့ပြောလိုက်ရင် စကော့ဝီစကီကိုတန်းပြီးတွေးမိတက်ကြပါတယ်။ဟုတ်ပါ...
18/10/2023

ဝီစကီ (Whisky)ကို ပိုင်းခြားစိတ်ဖြာခြင်း

မြန်မာပြည်မှာ ဝီစကီလို့ပြောလိုက်ရင် စကော့ဝီစကီကိုတန်းပြီးတွေးမိတက်ကြပါတယ်။
ဟုတ်ပါတယ် စကော့ဝီစကီသည်ကမ္ဘာ့ဝီစကီလောကကိုလက်ဝါးကြီးအုပ်ထားတာကိုး....
ဝီစကီအမျိုးအစားပေါင်းများစွာရှိပါတယ်။
Soctch whisky, Irish whiskey, Bourbon whiskey, Rye whiskey, Japanese whisky, American whiskey စသည်ဖြစ်အများကြီးရှိပါတယ်။
ဒီလိုနိုင်ငံမတူ လုပ်ဆောင်မှုမတူတဲ့ Whisky တွေထဲမှာ
ကျွန်တော်ဒီနေ့ပြောချင်တဲ့ ဝီစကီမျိုးကွဲကတော့ Blended whisky နဲ့ Single malt whisky ဖြစ်ပါတယ်။

Blended whisky ဆိုတာဘာလည်း။

Blended Whisky လို့ဆိုလိုက်ရင် ဂေါင်းကြီးတို့ Jonny walker နဲ့ Chivas ကိုပြေးမြင်မိမှာအမှန်ပဲ။ ဟုတ်ပါတယ် Blended ဆိုတဲ့စကားလုံးအတိုင်း မတူညီသောနေရာဒေသအသီးသီးမှ မတူညီသောအနံ့အရသာအမျိုးမျိုးရှိသောအရက်များကို Cocktails စပ်သလိုအကောင်းဆုံးဖြစ်အောင်ရောစပ်ထားပြီး ဝက်သစ်ချစည်ထဲထည့်ကသက်တမ်းယူထားသောဝီစကီမျိုးပါ။ မတူညီသောသက်တမ်းအလိုက်စျေးလည်းကွာခြားသွားပါတယ်။

Single malt whisky ဆိုတာဘာလည်း။

တစ်မျိုးတည်းသောကုန်ကြမ်းကိုအသုံးပြုထားပြီး တူညီသောသက်တမ်းရှိသော ဝီစကီကိုဝက်သစ်ချစည်ထဲတွင်သက်တမ်းယူထားသောဝီစကီအမျိုးအစားပါ။ စကော့ကထုတ်တဲ့ Single malt တွေဆို တူညီတဲ့ကုန်ကြမ်း၊ တူညီသောဒေသတူညီသောသက်တမ်းနဲ့ထုတ်ဖို့စည်းမျဥ်းတွေပိုတင်းကြပ်ထားပါတယ်။ စကော့ Single malt တွေကို ရိုးရိုး Single malt နဲ့ Hightland single malt ဆိုပြီးထပ်ခွဲထားသေးတယ်။
စကော့ Single malt အများအားဖြစ်မုယောစပါးဖြင့်ချက်လုပ်ကြပြီး အမေရိကန် Single malt တွေကိုကျတော့ ရိုင်းစပါးနဲ့ချက်လုပ်ကြလေ့ရှိတယ်။
အရက်နာကျတက်တဲ့ဂေါင်းကြီးတွေကို Single maltကိုပိုဦးစားပေးသောက်ဖို့ Recommend ပေးချင်ပါတယ်။
အားလုံးပဲရီဝေနိုင်ကြပါစေ.....

Cognac ကို ဘယ်လိုသောက်ရမလဲ။Cognac သည် ညက်ညောသိမ်မွေ့ပြီး အနက်ရောင် ၀တ်စုံလေးကဲ့သို့ပင် Cognac သည်အချိန်တိုင်း နေရာတိုင်း...
11/10/2023

Cognac ကို ဘယ်လိုသောက်ရမလဲ။

Cognac သည် ညက်ညောသိမ်မွေ့ပြီး အနက်ရောင် ၀တ်စုံလေးကဲ့သို့ပင် Cognac သည်အချိန်တိုင်း နေရာတိုင်းနှင့် လိုက်ဖက်သည်။ သင်အလိုရှိသည့်အတိုင်း များစွာခံစားနိုင်သည့် အံ့သြဖွယ်ဒရာမာကိုပေးစွမ်းနိုင်သည်။

သက်တမ်းနုသေးသော Cognac များသည် သက်တမ်းရင့်သော Cognac တွင်ရှိသော အရသာလေးနက်မှုကင်းမဲ့သည်။
ထို့ကြောင့် သက်တမ်းနုသေးသော Cognac များသည် Cocktail သောက်ရန်အတွက်အတွက် ပြီးပြည့်စုံသော ရွေးချယ်မှုတစ်ခုဖြစ်သည်။ ကော့ညက်နဲ့စပ်ထားသော ကော့တေးတွေက ပိုပြီးငြိမ့်ညောင်းသာယာမှုပေးနိုင်ပြီး ဟေမာန်မှာဖူးပွင့်သော နှင်းဆီပမာ ရနံ့၊ အရောင် အားလုံး လူကိုစွဲဆောင်မှုရှိစေတယ်။
ကော့တေးများအတွက် VS (Very Special) သို့မဟုတ်် VSOP (Very Soecial Old Pale) ကော့ညက်ကို ရွေးချယ်ပြီး တန်ဖိုးကြီးသော XO နှင့် Hors d'Age Spirits တို့ကိုတော့ Neat သို့မဟုတ် ရေခဲလေးနဲ့သောက်သုံးရန် အကြံပြုချင်သည်။

အကယ်၍ သင်သည် Cognac ရဲ့မူလအရသာကို ခံစားလိုသော ကော့ညက်ချစ်သူဖြစ်ပါက ရှည်လျားကျဉ်းမြောင်းသော tulip ပုံသဏ္ဍာန်ရှိသော 'taster's glass' ကို အသုံးပြုပါ။ Cognac ပေးထားသည့် ကြွယ်ဝသော Message တိုင်းကို သင်ဖမ်းယူခံစားနိုင်မည်ဖြစ်ပြီး အရက်ရနံ့ရဲ့နှာခေါင်းဆူးမှုလည်းသင်လုံးဝခံစားမရနိုင်ပါဘူး။ ညစာစားပြီးနောက် ကော့ညက်ကို အစာကြေဆေးအဖြစ်လည်း စားသုံးနိုင်ပါသည်။

ကော့ညက်ကို ရေခဲသေတ္တာထဲထည့်ထားရင် သူ့ရဲ့အရသာလေးနက်မှုကိုပျော့ပျောင်းစေတယ်။

ပြင်သစ်နိုင်ငံဒေသခံတချို့တော့ Cognac မှာ သဘာဝသစ်သီးဖျော်ရည် ဒါမှမဟုတ် ဂျင်းမှုန့် တစ်ဆလောက်ထည့်ပြီး ချောမွေ့ပြီး အရသာရှိတဲ့ apéritif သောက်နည်း သို့မဟုတ် အစာမစားခင်ခံတွင်းရှင်းပုံစံအနေနဲ့သောက်သုံးကြလေ့ရှိတယ်။
အားလုံးပဲ ရီဝေနိုင်ကြပါစေ.....

Address

မန္တလေး၊ လားရှိုးလမ်းမပေါ် 14လမ်းထိပ် စျေးလေးမီးပှိုင့်နှစ်ပြကျော် ပြင်ဦးလွင်
Mandalay

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959883888448

Website

Alerts

Be the first to know and let us send you an email when Pandora liquor house posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pandora liquor house:

Share