KK Liquor HOUSE 2

KK Liquor HOUSE 2 ပစ္စည်အစစ်အမှန်နဲ့ ဈေးနှုန်းချိုသာမှုသည် ဆိုင်​၏ဦးစားပေးဖြစ်သည်။

ထူးမြတ်လှတဲ့သီတင်းကျွတ်အခါသမယ မှစ၍မိတ်ဟောင်းမိတ်သစ်များ နှင့် မြန်မာပြည်သူပြည်သားများအားလုံးစိတ်၏ချမ်းသာကိုယ်၏ကျန်းမာခြင...
08/10/2022

ထူးမြတ်လှတဲ့သီတင်းကျွတ်အခါသမယ မှစ၍
မိတ်ဟောင်းမိတ်သစ်များ နှင့် မြန်မာပြည်သူပြည်သားများအားလုံး
စိတ်၏ချမ်းသာကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း
KK-2 ရောင်းဝယ်ရေးမိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Chang တိုမဲပါများ ရောက်ပါပြီ09777771229
06/10/2022

Chang တိုမဲပါများ ရောက်ပါပြီ

09777771229

ပြန်ဖြေဖို့ Kk2 ကိုကြွခဲ့ပါ
08/08/2022

ပြန်ဖြေဖို့ Kk2 ကိုကြွခဲ့ပါ

ယနေ့တွင်ကျရောက်သော 𝐄𝐢𝐝 -𝐀𝐥 -𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤  အခါတော်နေ့ရက်မြတ်တွင်အစ္စလာမ်ဘာသာဝင် ညီအကို မောင်နှမများစိတ်ချမ်းသာ ကိုယ်ကျန်း...
10/07/2022

ယနေ့တွင်ကျရောက်သော

𝐄𝐢𝐝 -𝐀𝐥 -𝐀𝐝𝐡𝐚 𝐌𝐮𝐛𝐚𝐫𝐚𝐤
အခါတော်နေ့ရက်မြတ်တွင်

အစ္စလာမ်ဘာသာဝင် ညီအကို မောင်နှမများ

စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေကြောင်း

ကျနော်တို့ KK2 liquor store မိသားစုမှ

ဆုတောင်းမေတ္တာပို့သအပ်ပါသည်❤️

ABCသံ၅၀၀၀၀Tiger သံ ၄၂၅၀၀chang သံတို ၂၄၀၀၀အများစျေး ၂၃၅၀၀chang ပုလင်း၂၁၅၀၀Yoma ဝါ သံရှည်၃၉၀၀၀Tuborg သံ၂၈၀၀၀G နီရှည်၂၉၀၀၀L...
29/05/2022

ABCသံ
၅၀၀၀၀

Tiger သံ
၄၂၅၀၀

chang သံတို
၂၄၀၀၀
အများစျေး ၂၃၅၀၀

chang ပုလင်း
၂၁၅၀၀

Yoma ဝါ သံရှည်
၃၉၀၀၀

Tuborg သံ
၂၈၀၀၀

G နီရှည်
၂၉၀၀၀

Leo သံ
၂၅၅၀၀

Leo ပုလင်း
၂၈၀၀၀

singha.သံ
၂၇၀၀၀

Singhaပုလင်း
၂၉၀၀၀.

Spy
၄၂၀၀၀.

Diablo
၄၁၀၀၀

09777771229
KK2 ရောင်းဝယ်ရေး မန္တလေးမြို့
41 လမ်း 91 လမ်း 92 လမ်းကြား

⚠️☣️Warning☣️⚠️မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ — မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပ...
23/05/2022

⚠️☣️Warning☣️⚠️
မျောက်ကျောက် (Monkeypox)
ရောဂါလက္ခဏာများ —

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။

မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့ (၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။

ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။

ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့ ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။

လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။

• ကျန်းမာရေးဝန်ထမ်းများဟာ
ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။

ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။

တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
• တောရိုင်းတိရစ္ဆာန်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။

• ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။

• အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။

• အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။

မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။

Credited : Aung Min
Source — WHO

သက်ဆိုင်ရာ လူကြီးမင်းများခင်ဗျားကျေးဇူးပြုပီး လက်ရှိ ဒီရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ခဏ ပိတ်ထားပေးပါ🙏ခုဒီ...
22/05/2022

သက်ဆိုင်ရာ လူကြီးမင်းများခင်ဗျား
ကျေးဇူးပြုပီး လက်ရှိ ဒီရောဂါဖြစ်ပွားနေတဲ့
နိုင်ငံတွေကို ပြည်ဝင်ခွင့်ခဏ ပိတ်ထားပေးပါ🙏
ခုဒီရောဂါထပ်လာမယ်ဆို မြန်မာပြည်ကြီးဟာ
ခုခေတ်စားနေတဲ့ ငိုတဲ့ video တွေထဲကလို
တကယ်ငိုရပါတော့မယ်..😢😢

အခုဖြစ်နေတဲ့ ကျောက်ရောဂါဆိုလား?
ဘာလား? ဂရုစိုက်ကြပါအုံးဗျာ
စိတ်ပူလို့ပါဗျာ့🙏😔

Mask တပ်ကြပါ
ဆားရည်နဲ့ ပလုတ်ကျင်းကြပါ
တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ကြပါ

ပုံလေးတွေယူသုံးထားပါတယ်
Credit ပေးပါတယ်

သတိထားကြပါဗျ 🙏🙏🙏🙏
22/05/2022

သတိထားကြပါဗျ 🙏🙏🙏🙏

Cheers သံတို ၂၄ ဘူးပါ၁၉၀၀၀ ကျပ်အနယ်နယ် အရပ်ရပ်ကိုဂိတ်ရောက်ငွေချေ ဘဏ်ငွေလွှဲစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ09777771229KK2 ရ...
18/05/2022

Cheers သံတို ၂၄ ဘူးပါ

၁၉၀၀၀ ကျပ်

အနယ်နယ် အရပ်ရပ်ကို

ဂိတ်ရောက်ငွေချေ

ဘဏ်ငွေလွှဲစနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ဗျ

09777771229

KK2 ရောင်းဝယ်ရေး မန္တလေးမြို့

နယ်မြို့မှ အားပေးတဲ့ အကိုတွေ မမတွေ ကျေးဇူးတင်ပါတယ်ဗျ🙏🙏🙏
https://www.facebook.com/kkliquorhouse2/

LEO ပုလင်း ၂၈၅၀၀ ကျပ် လိုသလောက်ရမယ်ဗျ09777771229KK2 ရောင်းဝယ်ရေး မန္တလေးမြို့ နယ်မြို့မှ အားပေးတဲ့ အကိုတွေ မမတွေ ကျေးဇူး...
18/05/2022

LEO ပုလင်း ၂၈၅၀၀ ကျပ်

လိုသလောက်ရမယ်ဗျ

09777771229

KK2 ရောင်းဝယ်ရေး မန္တလေးမြို့

နယ်မြို့မှ အားပေးတဲ့ အကိုတွေ မမတွေ ကျေးဇူးတင်ပါတယ်ဗျ🙏🙏🙏
https://www.facebook.com/kkliquorhouse2/

ရှားပါးလေးတွေရမယ်ဗျာ😘
18/05/2022

ရှားပါးလေးတွေရမယ်ဗျာ
😘

ကဆုန်လပြည့်နေ့KK2 ရောင်းဝယ်ရေးမိသားစု ညနေခင်းအလှူလေး🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေကောင်းသောအကျိူး ကောင...
14/05/2022

ကဆုန်လပြည့်နေ့

KK2 ရောင်းဝယ်ရေး

မိသားစု ညနေခင်းအလှူလေး

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ

ကောင်းသောအကျိူး ကောင်းသောလိုအင်ဆန္ဒမှန်သမျှ ပြည့်ဝ ပြည့်စုံကြပါစေ🙏🙏🙏

🙏🙏🙏ကဆုန်လပြည့် ဗုဒ္ဓနေ့  ⭐⭐⭐⭐⭐⭐⭐⭐ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏 #ကဆုန်လပြည့် (၅)နေ့(၁) ဗျာဒိတ်ခံယူသည့်နေ့ =...
14/05/2022

🙏🙏🙏

ကဆုန်လပြည့် ဗုဒ္ဓနေ့
⭐⭐⭐⭐⭐⭐⭐⭐

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#ကဆုန်လပြည့် (၅)နေ့

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်...

မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

အရှင်နရိန်-မော်လမြိုင်
🙏🙏🙏

စောစောစီးစီး နယ်ပို့ပေးရမယ့် Chang တိုလေးတွေရောင်းပန်းသာလို့ ဝယ်ပန်းလှကြပါစေ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏KK2 ရောင်းဝယ်ရေး မန္တလေးမြို့0...
13/05/2022

စောစောစီးစီး နယ်ပို့ပေးရမယ့်

Chang တိုလေးတွေ

ရောင်းပန်းသာလို့ ဝယ်ပန်းလှကြပါစေ

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

KK2 ရောင်းဝယ်ရေး မန္တလေးမြို့

09942315014
09777771229

Chang တိုမဲမပါ24500Chang ရှည် မဲမပါ36500Chang ပုလင်း2....Tiger မဲမပါ45000 ကျပ် လိုသလောက်ရKK 2 ရောင်းဝယ်ရေး မန္တလေးမြို့0...
12/05/2022

Chang တိုမဲမပါ

24500

Chang ရှည် မဲမပါ

36500

Chang ပုလင်း

2....

Tiger မဲမပါ

45000 ကျပ် လိုသလောက်ရ

KK 2 ရောင်းဝယ်ရေး မန္တလေးမြို့

09777771229
09942315014

 #မြန်မာတွေဘာကြောင့်ဆိုင်ပြုတ်သလဲ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်းလုပ်ကြတယ်။လေး ငါးနှစ်က...
12/05/2022

#မြန်မာတွေဘာကြောင့်ဆိုင်ပြုတ်သလဲ
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

လူမျိုးခြား ဘာသာခြားတွေ ဆိုင်လုပ်ငန်း
လုပ်ကြတယ်။
လေး ငါးနှစ်ကြာတဲ့အခါ…
ဆိုင်ခွဲတွေ ထပ်ဖွင့်နိုင်တယ်။

လုပ်ငန်းအထိုင်ကြလို့ ဆယ့်ငါးနှစ်လောက်ကြာရင်
ဆိုင်ခွဲ အနည်းဆုံး သုံးခုဖြစ်သွားပြီ။

မြန်မာဆိုင်နဲ့ ဘေးချင်းယှဉ်လာဖွင့်ရင်
မြန်မာဆိုင်ဟာ သိပ်မကြာခင် ပြုတ်ပြီး ပြေးရပြီ။

ကျွန်တော်ဟာ…
လွန်ခဲ့သော နှစ်သုံးဆယ်လောက်က
အရောင်းအဝယ် ကောင်းတဲ့ ဆိုင်တစ်ဆိုင်
မှာ
ပညာသင်အလုပ်သမားအဖြစ် ဝင်လုပ်ရင်း
လေ့လာကြည့်မိတယ်။

၁။အလုပ်ချိန်တိကျတယ်။

ဆိုင်ပိတ်ချိန် တစ်ခါတစ်ရံမှသာ နောက်ကျတယ်။
နယ်အော်ဒါများလို့
ဒီနေ့ဝင်တဲ့အော်ဒါ ဒီနေ့အပြီး ထုတ်တယ်။
နေ့ကူးရင်
နောက်နေ့အော်ဒါတွေ ထပ်ပြီး ဂျမ်းမဖြစ်စေဖို့ပါ။

၂။သူဌေးက အစ အလုပ်သမား အဆုံး
အကုန် အလုပ်လုပ်တယ်။

ဆိုင်မှာသွားပြီး လက်ဖက်ရည်ဆိုင်ထိုင်
အာ မရိုက်ဘူး။
သောက်ချိန်ရောက်ရင်
လုပ်ငန်းခွင်မှာ ဆယ်မိနစ်ခန့် နားပြီး သောက်တယ်။

၃။သူဌေးအလုပ်က
ဆိုင်ရဲ့ ပစ္စည်းအဝင် အထွက် ပစ္စည်းအားလုံး
ခေါင်းထဲမှာ ရှိတယ်။

ဆိုင်သမားရဲ့အသက်က ပစ္စည်းရှိရမယ်။
စစ်သားရဲ့အသက်က ကျည်ဆံရှိရမယ် လို့
အမြဲပြောတဲ့ သူဌေးရဲ့စကား။

၄။ဆိုင်မှာ လာအားပေးသူ အားလုံးကို
နည်းနည်း များများ
ပျူငှာသော ဆက်ဆံရေးနဲ့ ကြိုဆိုတယ်။

၅။အကြွေးကို ပေးသင့်သူကို ပေးတယ်။
မပေးသင့်သူကို
လုံးဝမပေးတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်။
အားနာလို့ အားပါသွားတာမျိုး မရှိ။

၆။တိကျမှန်ကန်တဲ့ စာရင်းအင်း ရှိတယ်။

ဆိုင်ပိတ်ရက် တနင်္ဂနွေနေ့တိုင်း
တစ်ပတ်စာ အရောင်းအဝယ်စာရင်းကို ပြန်စစ်တယ်။
အမှားအယွင်းရှိခဲ့ရင်
ကုန်သည်ထံ ချက်ခြင်း အကြောင်းကြားပေးတယ်။
( မှားခဲ့တာတော့ ရှားပါတယ် )

၇။ဆိုင်မှာ သူဌေးတစ်ယောက်ပဲ ရှိတယ်။

သူဌေးသားတွေလည်း အလုပ်သမားတွေနဲ့ တန်းတူ
အလုပ်လုပ်ရတယ်။

အောက်သက်ကျေအောင်
အလုပ်သမားဘဝကို စာနာတတ်အောင်
လုပ်ခိုင်းထားတော့
သူဌေးသားတွေလည်း အလုပ်သမားနဲ့ တန်းတူ
ညီအကိုလိုဖြစ်ပြီး
လုပ်ငန်းခွင်မှာပျော်တော့ အလုပ်ထွက်သူ မရှိဘူး။

တရုတ်နှစ်ကူးလို အချိန်ရောက်ရင်
ဘောက်ဆူးပေးတာ
အလုပ်သမားရဲ့လခ တစ်နှစ်စာလောက် ရှိတယ်။

ဆိုင်မှာလုပ်တဲ့ အလုပ်သမားရဲ့ လုပ်သက်ဟာ
ကျွန်တော်အလုပ်စဝင်တုန်းက မေးကြည့်တာ
ဆယ်နှစ်အောက် မရှိဘူး။

ဒီနေ့…
ကျွန်တော် ပိုက်ဆိုင်မှာ ပိုက်ခေါင်းတစ်ခု သွားဝယ်
တော့…
သူဌေးကတော်က TVကြည့်နေတယ်။
သူဌေးလို့ထင်ရတဲ့ကောင်က ဖုန်းပွတ်နေတယ်။

နောက်ဆိုင်ကို ပစ္စည်းသွားဝယ်မယ် ပြင်တော့မှ
ထချင်သလို
မ ထချင်သလိုနဲ့ ထသွားပြီး ပစ္စည်းရှာတာ
ငါးမိနစ်ကြာတယ်။

ပြီးမှ ကုန်နေတယ် ပြောတယ်။

ကျွန်တော်ဝယ်တာ တစ်ခုထဲ။

ကျွန်တော် ဘာသာခြားဆိုင် ရောက်တယ်။
ချက်ခြင်း ထယူပေးတယ်။

ငွေရှင်းတော့…
ကျေးဇူး အထပ်ထပ်တင်ကြောင်း ပြောတယ်။

ဘာကြာသလဲ-?

ဒီဘာသာခြားဆိုင်က စဖွင့်ချိန်မှာ သေးသေးလေး။
အခု အတော်ကြီးလာပြီ။
မကြာမီ ထပ်ကြီးလာတော့မယ်။

သူတစ်ပါးကြီးပွားလာတာဟာ အကြောင်းမဲ့ မဟုတ်။

ဒီအချိန်ရောက်မှ
လူမျိုးခြားတွေ စီးပွားရေး လက်ဝါးကြီးအုပ်ထားတယ်
ပြောလို့မရ။

မြန်မာတွေ ကြီးပွားချင်ရင်တော့…ဒီဂါထာလေး
နေ့တိုင်းရွတ်ဖို့ မမေ့ပါနဲ့။

ဥဳံ…
မပျင်းနဲ့။
မဖျင်းနဲ့။
အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်။
ဒါပါပဲ။

မိုးနဲ့တော့ ဟုတ်နေပြီ😖Tiger ပုလင်းမိတ္ထီလာနယ်က စျေးဝယ်များအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာရောင်းပန်းသာလို့ဝယ်ပန်းလှကြပါစ...
28/04/2022

မိုးနဲ့တော့ ဟုတ်နေပြီ😖

Tiger ပုလင်း

မိတ္ထီလာနယ်က စျေးဝယ်များအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာ

ရောင်းပန်းသာလို့ဝယ်ပန်းလှကြပါစေ

တတိုင်းရ လိုတိုင်းရတဲ့ဘဝပိုင်ဆိုင်နိုင်ကြပါစေဗျာ🙏

KK2 ရောင်းဝယ်ရေးမိသားစု

Address

41st X 91st92st
Mandalay

Opening Hours

Monday 08:00 - 20:30
Tuesday 08:00 - 20:30
Wednesday 08:00 - 20:30
Thursday 08:00 - 20:30
Friday 08:00 - 20:30
Saturday 08:00 - 20:30
Sunday 08:00 - 20:30

Website

Alerts

Be the first to know and let us send you an email when KK Liquor HOUSE 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share