Shwe Nwe - ရွှေနွယ် Liquor House

Shwe Nwe - ရွှေနွယ် Liquor House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Nwe - ရွှေနွယ် Liquor House, Wine, Beer & Spirits Store, D-20 , Thitsar Street, Magway.

09/04/2024

Thingyan ရက် ကဲကြမဲ့ဘော်ဘော်တို့ 🥳🥳🥳🥳

ဆိုင်လေးပိတ်ရက်မရှိ ဖွင့်ထားပါတယ်နော် လိုအပ်တာများ

လာရောက် အားပေးနိုင်ပါတယ်ရှင့် ::::

28/10/2023

သီတင်းကျွတ် ဂါရ၀ပြုလက်ဆောင်ခြင်းလေးတွေ ရပါပြီ
👏👏


20/08/2023



ပစ္စည်းနေရာလေးတွေ ဟိုရွှေ့ ဒီရွှေ့ မောတော့ မောပေမဲ့လဲ မမောနိုင်ဘူး...
30/05/2023

ပစ္စည်းနေရာလေးတွေ ဟိုရွှေ့ ဒီရွှေ့
မောတော့ မောပေမဲ့လဲ မမောနိုင်ဘူး...

Beer: alcohol 5% သောက်လိုက်ပေါက်လိုက်မူးနေချင်ရင် သေးမပေါက်ပါနဲ့။ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်များများသောက်လေ မနက...
19/04/2023

Beer:
alcohol 5%
သောက်လိုက်ပေါက်လိုက်
မူးနေချင်ရင် သေးမပေါက်ပါနဲ့။
ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်
များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ
ထုံထုံကြီး မူးတာမျိုး က beer
ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး

Stout:
alcohol 8%
ABC လို black shield လိုမျိုး
သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို
တောင့်တ တတ်တယ်
Homo ဆိုရင်တော့ မသိပါ။
မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့
ရဟတ်စီးပြီး မူးတာမျိုးက stout

Wine:
alcohol 13.5%
အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး
မူးတာမျိုးပါ
တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ်
အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့
အမူး မျိုး

Red Label:
alcohol 40%
အမူးက ရိုင်းတယ်
ချက်ခြင်း ဆောင့်တက်ပြီး မူးတယ်
သွေးဆူလွယ်တယ်
ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့
အမူးမျိုး
များရင် ခေါင်းကိုက်လိမ့်မယ်

Black and double black label:
alcohol 40%
နည်းနည်းလေး ထွေတေတေလေး
ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင်
ပျော်စရာတွေ ပြည့်နေသလိုလို
ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့
ကောင်းတယ်
မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ်

Johnnie walker Explorer series:
alcohol 40%
the spice road လို အတက်ကြမ်းပေမယ့်
နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ်

Gold label:
alcohol 40%
တခွက်သောက် ဘာမှန်းမသိသေးဘူး
နှစ်ခွက်မှာ စငြိမ့်လိမ့်မယ်
သူ့ အငြိမ့်လေးက ငြိမ်တယ်
bar တို့ ဘာတို့ထက်ဆိုင်ရင်
classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို
လွင့်နေမှာ သေချာတယ်
တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့်
အဲဒိအပေါ်မှာ မျောသွားမယ့် feel က
အမိုက္စား
မနက်ကြတော့ လန်းနေရော

Platinum label:
alcohol 40%
Gold နဲ့ မကွာလှဘူး
ငြိမ့်တာကတော့
ချစ်သူကို ကြူလို့ သိပ်ကောင်းတာ
သောက်ပြီးရင်😀😀😀

Johnnie walker 18:
alcohol 40%
Gold labelရဲ့ အပေါ်မှာ
blue လောက် မသုံးချင်ရင်
သိပ်ကောင်းတဲ့ အရာပါ
KTV ရောက်ရင် ကွကိုယ်
အဆိုတော်အလား
လမ်းလျှောက်ရင် မြေကြီးတောင်
ထိရဲ့လား ထင်ရလောက်အောင်
ပံ့ပိုးပေးပါတယ်
စိတ်ကူးထဲက အတိုင်း
ဘုရင်ကြီးအလားပေါ့

Blue label:
alcohol 40%
ငြိမ့်ချက်ဆိုတာ
သင်္ဘောမှာတုန်းက
Fitter ကြီးတယောက်ရှိတယ်
အရက်မူးရင် သူ့ကိုစလို့ရှိရင်
မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ်
သူလို လူမျိုးတောင် blue သောက်ပြီး
စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ်
ပြောချင်တာ အရမ်း ငြိမ့်တယ်
ရန်မလိုဘူး ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ်
အတွေး ထဲကအတိုင်း
စီးမျော သွားတာ
မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ

Johnnie walker XR 21:
21 years old alcohol 40%
blue ဈေးပဲမို့
blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး
ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ
ဆိုလား😬😬😬

Monkey shoulder:
alcohol 40%
အမူးလွယ်တယ်
percetage တူပေမယ့် ပိုမူးသလိုပဲ
မွှေးလည်းမွှေး အဝင်လည်းမိုက်
သီချင်းဆိုလို့လည်း ကောင်းပ
ကြိုက်တယ် မနက်ဆို အလန်းပဲ
ခေါင်း လုံးဝ မကိုက် ကြည်လင်လို့

Jagermeister 35%
အဝင်မဆိုးဘူး၊
လည်ချောင်းထဲပူဆင်းသွားတာမျိုး။
အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။
ကျွဲရိုင်းတို့ shark တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။

Grand Royal ID 37.2%
အဝင်ရှင်းတယ်နော်၊
ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။
စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။
မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။
အိပ်ရာဘေး သံပုရာသီးဆောင်ထား။

Baileys 17%
နုနုရွရွသောက်မယ်၊
ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။
ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊
လုံးဝအထာကျတယ်။
မွှေးချိုပူဆင်း လည်ချောင်းရှင်း။
ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊
ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။

Chivas Regal 40%
ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊
ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။
ခွက်ထဲ နှစ်ပတ်လာက်ထည့်
ရေခဲတစ်တုံးထည့်
ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊
ကြာကြာသောက်နိုင်တယ်။
ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။
ဖင်ထိုင်လဲသွားမယ်။
ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။

Vodka 40%
ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။
နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။
အလွတ်ရူးသွားမယ်။
ကျုပ်ကတော့ သိပ်မကြိုက်ဘူး။
အမူးရိုင်းလို့။

Gin 40% ( approximately )
သူလည်း Vodka လိုပဲ။
ပိုတောင်ရှသေးတယ်။
မရှိလို့သောက်ရင်တောင်
နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။
ဆိုးလိုက်တဲ့အဝင်။
ဂျင်နှစ်ပတ်
သံပုရာသီးတစ်စိတ်ညစ်
သကြားတစ်ဇွန်းမွှေထည့်။
ဒါက ရိုးရာပေါ့နော။
ကျုပ်တော့ လုံးဝမကြိုက်။
AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။
မုန်းလို့။

Soju 20%
ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။
တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့
ရေခဲတစ်တုံးထည့်၊
ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။
အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။
နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ
ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။
အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး
ဖင်ယားခဲ့မိလေခြင်း။

ခေါင်ရည် ( % မသိ 😂 )
စကားပြောမယ်၊
အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။
သေးခဏခဏထပေါက်မယ်၊
ဘီယာလောက်ဗိုက်မတင်းပေမယ့်
များရင်တော့ ရီဝေဝေနဲ့
အတော်တွေးလို့ကောင်းတယ်။
ပုလင်းကိုဇောက်ထိုးငှဲ့၊
နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။
ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ
သောက်သင့်တယ်။

ချဉ်စော်ခါး ( % မသိ )
ပြဲချင်လား။
အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့
ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။
သူလည်းဆိုင်ရွေးတယ်။
ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။
အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။
သူ့အထာနဲ့သူ။
မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ်
သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။
လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊
သီချင်းဆိုလို့ အတော်ကောင်း။

Regency (Thai made)
Brandy အမျိုးအစား
On the rock သောက်ရင်အလွန်ကောင်း။
သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။
သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်


Hello...မဂ်လာပါရှင်..🙏🙏🙏မင်မင် ဒီရက်ပိုင်းနေသိပ်မကောင်းလို့ Page မှာ ဘာမှမတင်ဖြစ်ဘူး  ချစ်သောတို့ရေ... မင်မင်တို့ Shwe N...
14/04/2023

Hello...မဂ်လာပါရှင်..🙏🙏🙏
မင်မင် ဒီရက်ပိုင်းနေသိပ်မကောင်းလို့ Page မှာ ဘာမှမတင်ဖြစ်ဘူး ချစ်သောတို့ရေ...
မင်မင်တို့ Shwe Nwe ဆိုင်လေး သကြ်န်အခါရက်
ပိတ်ရက်မရှိ နေ့တိုင်းဖွင့်ပါတယ်နော် .....
Shwe Nwe ဆိုင်ရဲ့အားပေးသူ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့ နှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်... 🎉🙏

06/03/2023

Hello.... ချစ်ရပါသော အားပေးတဲ့မိတ်ဆွေ သူငယ်ချင်း လူ​ကြီးမင်း​အပေါင်းတို့ရေ 🙏🙏
မင်မင်တို့( 7.3.2023)ကနေ (18.3.2023)ရက်နေ့ထိ ဆိုင်လေး ပိတ်ပါတယ်ရှင်..
(19.3.2023)နေ့မနက်မှာ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ရောင်းချပေးပါမယ်နော်...
အားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင့်...❤

12/01/2023

မင်မင်တို့ ခရီးက ပြန်ရောက်ပါပြီရှင်😍
သွားတာက သုံးရက်ခရီးပဲ...
စိတ်ပါပြီး ငါးရက် ဖြစ်သွားလို့ ဆိုင်လေးရက်ကြာပိတ်လိုက်ရတဲ့အတွက် အားပေးတဲ့ Customer တွေအကုန်လုံး အားနာပါတယ်ရှင် ဒီ​ေန့ဆိုင်လေးပုံမှန်အတိုင်း ပြန်ဖွင့်ပါပြီနော်
လာရောက်အားပေးလို့ ရပါပြီရှင့်😍😍😘😘❤

05/01/2023

မနက်ဖြန် မင်မင်တို့ ခရီးသွားစရာလေးရှိလို့
ဆိုင် (3)ရက် ပိတ်ပါမယ်နော်...☺☺
ပြန်လာမှ တွေ့ကြမယ်နော် အမျိုးတို့ရေ...

မဂ်လာပါ အမျိုးတို့ရေ...😍😍မနက်ဖြန် New Year မှာ ဘော်ဘော်တွေနဲ့ အတူတူ Cheer ဖို့အတွက်အ​ပြေးလေး လာ​ရောက်အားပေးဖို့ ဖိတ်ခေါ်...
30/12/2022

မဂ်လာပါ အမျိုးတို့ရေ...😍😍
မနက်ဖြန် New Year မှာ ဘော်ဘော်တွေနဲ့ အတူတူ Cheer ဖို့အတွက်အ​ပြေးလေး လာ​ရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် လိုအပ်တဲ့ Bottle အစုံကို လူကြီးမင်းတို့ စိတ်တိုင်းကျအဆင်ပြေစွာရောင်းချပေးနေပါပြီရှင်
ဝယ်ယူအားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
Shwe Nwe Liquor Store မှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..😍😍😘😘

ညပိုင်းလေးမှာ လုပ်ပေးလ်ိုက်ရတဲ့ order ​ကန်တော့ခြင်းလေးNew Year အတွက် ကန်တော့ခြင်းလေး အားပေးတဲ့မောင်လေး ကျေးဇူးအထူးတင်ရှိ...
29/12/2022

ညပိုင်းလေးမှာ လုပ်ပေးလ်ိုက်ရတဲ့ order ​ကန်တော့ခြင်းလေး
New Year အတွက် ကန်တော့ခြင်းလေး အားပေးတဲ့
မောင်လေး ကျေးဇူးအထူးတင်ရှိပါတယ် ရှင့်..
ဒီထက်မက စီးပွားရေးတွေ တိုးတက်အောင်မြင်ပါစေနော်..

Hello...Hello မင်မင်ချစ်ရတဲ့ကာကာတို့ရေ..😍ဆိုင်မှာ Heineken bot 640ml, 330ml, Can 500ml, 330ml ပစ္စည်းအစုံအလင် ရရှိပါပြီန...
27/10/2022

Hello...Hello မင်မင်ချစ်ရတဲ့ကာကာတို့ရေ..😍
ဆိုင်မှာ Heineken bot 640ml, 330ml,
Can 500ml, 330ml ပစ္စည်းအစုံအလင် ရရှိပါပြီနော်..
အရင်ရက်က ပစ္စည်းပျက်လို့ မဝယ်လိုက်ရတဲ့ ကာကာတို့ အပြေးလေး လာရောက်ဝယ်ယူလို့ရပါပြီရှင်...🙆
Bottle လေးတွေက သောက်ချင်စရာလေးတွေမလို့
မင်မင်တောင် မနည်းစိတ်ထိန်းထားရတယ်ရှင်..🍻 😁
ဝယ်ယူအားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်....😘😘...
🏡 ဆိုင်လိပ်စာလေးက -ပြည်တော်သာလမ်းနဲ့
ထ (1)လမ်းကြား သစ္စာလမ်းမပေါ်/ကိုရဲမျက်မှန်ဆိုင်နဲ့
ကပ်လျက်/ မကွေးမြို့။
☎ 09-420837881/ 09-762380511

Hello....Hello😍😍မင်မင် ချစ်ရတဲ့ ကာကာတို့ရေ💓💓ဆောင်းရာသီ အေးတဲ့ အချိန်ရောက်တော့မယ့်ကာလလေးမှာ ဝိုင်လေးနဲ့အေးဆေး 🍷🍷ယခုလို ဝိ...
21/10/2022

Hello....Hello😍😍
မင်မင် ချစ်ရတဲ့ ကာကာတို့ရေ💓💓
ဆောင်းရာသီ အေးတဲ့ အချိန်ရောက်တော့မယ့်
ကာလလေးမှာ ဝိုင်လေးနဲ့အေးဆေး 🍷🍷
ယခုလို ဝိုင်ချစ်သူလေးများ အတွက်
မင်မင်ဆိုင်မှာ တင်ထားတဲ့ ဝိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်...🙆
ကိုယ်တော့ ခွက်လေးကြိုက်လို့ မှာထားတာ ပစ္စည်းအသင့်ရှိနော် လက်ဆောင်ပေးလို့လဲလှမှလှ 🎁
ဝိုင်တစ်လုံးဝယ်တာနဲ့ ခွက်လှလှလေးပါ လက်ဆောင်ရမှာ.
အရမ်းသောက်လို့ကောင်း မိန်းကလေးတွေ အတွက်လဲအဆင်ပြေ အရမ်းမမူးဘူးနော်......
🏡 ဆိုင်လိပ်စာလေးက -ပြည်တော်သာလမ်းနဲ့ ထ (1)လမ်းကြား သစ္စာလမ်းမပေါ်/ကိုရဲမျက်မှန်ဆိုင်နဲ့ကပ်လျက်/ မကွေးမြို့။
☎ 09-420837881/ 09-762380511.

🎉Hello... Hello...🎉Jagermeister 1L giveaways ပေါက်တဲ့ အကောင့်လေးတွေပါရှင့်😍😍 မကွေးကဆိုရင် ဆိုင်ကိုချက်ချင်းလာထုတ်လို့ရပါ...
09/10/2022

🎉Hello... Hello...🎉
Jagermeister 1L giveaways ပေါက်တဲ့ အကောင့်လေးတွေပါရှင့်😍😍 မကွေးကဆိုရင် ဆိုင်ကိုချက်ချင်းလာထုတ်လို့ရပါတယ် နယ်ကဆိုရင် ကားဂိတ်ကနေ ပို့ပေးပါမယ်ရှင့်
Cbကနေ လာhi ပေးပါနော်...
သီတင်းကျွတ် လပြည့်နေ့လေးရဲ့ ကံထူးရှင်လေးတွေပါ😍😍 အပျော်လေးတွေ..ကူးစက်ပါစေရှင့်..
ရှယ်ပြီးမန့်ပေးတဲ့သူအားလုံးကိုလဲကျေးဇူးအထူးတင်ရှိပါတယ်နော် ..နောက်လဲမကြာမကြာမဲဖောက်ပေးပါမယ်နော်😘...
🏡ဆိုင်လိပ်စာလေးက -ပြည်တော်သာလမ်းနဲ့ ထ-(1)လမ်းကြား/ သစ္စာလမ်းမပေါ်/က်ိုရဲ မျက်မှန်ဆိုင်နဲ့ကပ်လျက်/ မကွေးမြို့။
☎09-420837881/09-762380511

သီတင်းကျွတ် လပြည့်နေ့လေးမှာ ထပ်မံပို့ရတဲ့မင်းဘူးနဲ့ မကွေးကို သွားရမဲ့ အော်ဒါကန်တော့ခြင်းလေးတွေ မှာယူအားပေးတဲ့ တစ်ဦးတစ်ယ...
09/10/2022

သီတင်းကျွတ် လပြည့်နေ့လေးမှာ ထပ်မံပို့ရတဲ့
မင်းဘူးနဲ့ မကွေးကို သွားရမဲ့ အော်ဒါကန်တော့ခြင်းလေးတွေ
မှာယူအားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်😍..
🏡 ဆိုင်လိပ်စာလေးက -ပြည်တော်သာလမ်းနဲ့ ထ (1)လမ်းကြား သစ္စာလမ်းမပေါ်/ကိုရဲမျက်မှန်ဆိုင်နဲ့ကပ်လျက်/ မကွေးမြို့။
☎ 09-420837881/ 09-762380511

ဒီနေ့ ရေနံချောင်းကို ပို့ရန်အတွက် ထပ်လုပ်ပေးရတဲ့ ကန်တော့ခြင်းလေး.... 🎁🎉လူကြီးမင်းတို့စိတ်တိုင်းကျ ပစ္စည်းလေးတွေထည့်ပေးပါ...
08/10/2022

ဒီနေ့ ရေနံချောင်းကို ပို့ရန်အတွက် ထပ်လုပ်ပေးရတဲ့ ကန်တော့ခြင်းလေး.... 🎁🎉
လူကြီးမင်းတို့စိတ်တိုင်းကျ ပစ္စည်းလေးတွေထည့်ပေးပါတယ်ရှင့် ဝယ်ယူအားပေးတဲ့တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏🙏...
🏡 ဆိုင်လိပ်စာလေးက ပြည်တော်သာလမ်းနဲ့ ထ(1)လမ်းကြား/သစ္စာလမ်းမပေါ် /ကိုရဲမျက်မှန်ဆိုင်နဲ့ကပ်လျက်/ မကွေးမြို့။
☎ 09-420837881/09-762380511

ကျောက်ပန်းတောင်းထိအောင် သွားရမဲ့ ကန်တော့ခြင်းလေးမှာယူအားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...
07/10/2022

ကျောက်ပန်းတောင်းထိအောင် သွားရမဲ့ ကန်တော့ခြင်းလေး
မှာယူအားပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်......
🏡 ဆိုင်လိပ်စာလေးက -ပြည်တော်သာလမ်းနဲ့ ထ(1)လမ်းကြား/သစ္စာလမ်းမပေါ် /ကိုရဲမျက်မှန်ဆိုင်နဲ့ကပ်လျက်/ မကွေးမြို့။
☎ 09-420837881/09-762380511။

Hello ..Hello...🎉🎉သီတင်းကျွတ် အချိန်ခါသာမယ..မှာမကွေးမြို့မှ ကန်တော့ခြင်း (1)ခြင်း အားပေးသွားတဲ့ သူငယ်ချင်း ကျေးဇူးအများက...
03/10/2022

Hello ..Hello...🎉🎉
သီတင်းကျွတ် အချိန်ခါသာမယ..မှာ
မကွေးမြို့မှ ကန်တော့ခြင်း (1)ခြင်း အားပေးသွားတဲ့ သူငယ်ချင်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်
နောက်လဲဒီထက်မက စီးပွားလာဘ်လာဘတွေ
တိုးတက်အောင်မြင်ပါစေရှင့်...☺
🏡ဆိုင်လိပ်စာလေးက -ပြည်တော်သာလမ်းနဲ့ထ(1)လမ်းကြား/သစ္စာလမ်းမပေါ်/ကိုရဲမျက်မှန်ဆိုင်နဲ့ ကပ်လျက်/ မကွေးမြို့။
☎09-420837881/ 09-762380511

Address

D-20 , Thitsar Street
Magway

Telephone

+959420837881

Website

Alerts

Be the first to know and let us send you an email when Shwe Nwe - ရွှေနွယ် Liquor House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share