29/07/2026
မြတ်စွာဘုရားရှင်၏ ပဋိသန္ဓေယူခြင်း၊ တောထွက်တော်မူခြင်းနှင့် ပဉ္စဝဂ္ဂီ (၅) ဦးတို့အား သစ္စာလေးပါးတရားကို အသိပေးခဲ့သည့် ပထမဆုံး "ဓမ္မစကြာဒေသနာတော်" ကို စတင်ဟောကြားတော်မူခဲ့သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဝါဆိုလပြည့်နေ့ ရောက်ရှိလို့ လာခဲ့ပါပြီ။
ဒါ့အပြင် ရဟန်းသံဃာတော်များ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးကာ တရားဘာဝနာ ပွားများနိုင်ရန်အတွက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းတို့ဖြင့် ကုသိုလ်ယူ ကပ်လှူကြသည့် ဝိသေသနေ့တစ်နေ့လည်း ဖြစ်ပါတယ်။
မင်္ဂလာရှိသော ဤအခါသမယမှာ မြတ်စွာဘုရားရှင်၏ တရားတော်များကို အာရုံပြုရင်း ခန္ဓာ၏ဒုက္ခများမှ လွတ်မြောက်ကာ အေးချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ် ခင်ဗျာ။
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့ #ဝါဆိုလပြည့် #ဓမ္မစက်ဟောမြွက်သံချိုလဝါဆို