လွမ်းပြေမုန့်ဟင်းခါးနင့်ရခိုင်မုန့်တီ

  • Home
  • Myanmar
  • Ahlone
  • လွမ်းပြေမုန့်ဟင်းခါးနင့်ရခိုင်မုန့်တီ
Directions Contact the business

လွမ်းပြေမုန့်ဟင်းခါးနင့်ရခိုင်မုန့်တီ မြန်မာ့ရိုးရာအစားအစာရောင်းချသောနေရာ
Burmese Traditional Food

ဒီပေ့ချ်လေးကို လွမ်းပြေတံဆိပ် မုန့်ဟင်းခါးနဲ့ရခိုင်မုန့်တီကို နှစ်ခြိုက်စွာ အားပေးမှာယူကြတဲ့ လွမ်းပြေပရိတ်သတ်များအတွက် ရည်ရွယ်ပြီး ၂၀၁၃ မှာစတင် တည်ထောင်ခဲ့ပါတယ်... မြန်မာရိုးရာ အစားအစာများဖြစ်တဲ့ မုန့်ဟင်းခါးနှင့် ရခိုင်မုန့်တီကို ဝယ်ယူအားပေးချင်ကြတဲ့ ပြည်တွင်းပြည်ပက မြန်မာလူမျိုးများအနေနဲ့ ဒီပေ့ချ်ကတဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါတယ်..အိမ်ချက်အရသာအတိုင်း သန့်ရှင်းလတ်ဆတ်စွာ ပြုလုပ်ထားတဲ့ လွမ်းပြေတံဆိပ် မုန့်ဟင်းခါးနဲ့ရခိုင်မုန့်တီကို အားပေးဝယ်ယူသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်

23/10/2026

ရွှေရောင်ဝင်းပြီး နူးညံ့အရသာရှိတဲ့ လွမ်းပြေဆနွင်းမကင်းကို ဝယ်ယူချင်သူများအတွက်ပါ။ cb ကနေ မှာယူနိုင်ပါတယ်နော်

✨ သီတင်းကျွတ် လက်ဆောင်လေးတွေကို လွမ်းပြေနဲ့ မျှဝေကြပါစို့ ✨သီတင်းကျွတ်မှာ ချစ်ခြင်းမေတ္တာများနဲ့ အစားအသောက်ကောင်းကောင်းလ...
22/10/2026

✨ သီတင်းကျွတ် လက်ဆောင်လေးတွေကို လွမ်းပြေနဲ့ မျှဝေကြပါစို့ ✨

သီတင်းကျွတ်မှာ ချစ်ခြင်းမေတ္တာများနဲ့ အစားအသောက်ကောင်းကောင်းလေးတွေ ကန်တော့ဖို့ရယ်၊ ပိတ်ရက်ရှည်မှာ အချိုတည်းဖို့ရယ်နဲ့ အလှူမင်္ဂလာတွေမှာ အချိုပွဲလေးနဲ့ဧည့်ခံဖို့အတွက် ရွှေဝါရောင်သန်းပြီး မွှေးပျံ့နူးအိတဲ့ ရွှေကြည်ဆနွင်းမကင်းကို ပရိုမိုးရှင်းအစီအစဉ်နဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ မိတ်ဆက်ရောင်းချပေးပါရစေ💛

အော်ဒါလေးတွေကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ရက်အထိသာ လက်ခံပေးသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ မြို့နယ်များအလိုက် ဒယ်လီခယူပြီး ပို့ဆောင်ပေးပါမယ်။
📌 မှာယူသူလေးများအတွက်
• အောက်တိုဘာ ၂၇ ရက် တစ်ရက်တည်းသာ လိုက်လံပို့ဆောင်ပေးပါမယ်။
• မနကပိုင်းအတွင်း ပို့ဆောင်ပေးပါမယ်
• Mobile banking နဲ့ ငွေကြိုတင်ကောက်ယူပါမယ်

🟨 ဗန်းကြီး — အရွယ်အစား ၁၀*၁၀ (၈သောင်းကျပ်)
🟨 ဗန်းသေး — အရွယ်အစား ၇ × ၇ (၄သောင်းကျပ်)
🟨 ဘူးသေးတဘူး — ၁သောင်းကျပ်
အားပေးတဲ့ လွမ်းပြေပရိသတ် တစ်ယောက်ချင်းစီအတွက် အထူးသီတင်းကျွတ် လက်ဆောင်လေးတွေ စီစဥ်ထားပါတယ်။ အသေးစိတ်သိလိုတာပဲဖြစ်ဖြစ်၊ မှာယူချင်ရင်ပဲဖြစ်ဖြစ် ပေ့ချ်ရဲ့ Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

ဒါက လွမ်းပြေရဲ့ ပထမဆုံး မိတ်ဆက်အစီအစဉ်ဖြစ်ပြီးမယ့် နိုဝင်ဘာလကစပြီး သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ လွမ်းပြေတံဆိပ် ထုတ်ကုန်အသစ်လေးတွေကို ဆက်လက်ရောင်းချ သွားမှာဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဥ်သစ်လေးတွေအကြောင်း အချိန်မီသိရအောင် လွမ်းပြေပေ့ချ်လေးကို Like & Follow လုပ်ထားပြီး Notifications လေးလည်း ဖွင့်ပေးဖို့ မမေ့နဲ့နော်။

🪔 သီတင်းကျွတ် လက်ဆောင်မွန်အတွက် လွမ်းပြေကို သတိရလိုက်ပါ 🪔ဆီမီးရောင်လေးတွေ ထိန်လင်းတဲ့ သီတင်းကျွတ်အခါမှာ ချစ်ခင်လေးစားရသူ...
21/10/2026

🪔 သီတင်းကျွတ် လက်ဆောင်မွန်အတွက် လွမ်းပြေကို သတိရလိုက်ပါ 🪔

ဆီမီးရောင်လေးတွေ ထိန်လင်းတဲ့ သီတင်းကျွတ်အခါမှာ ချစ်ခင်လေးစားရသူတွေဆီ မေတ္တာတွေနဲ့အတူ စားကောင်းသောက်ဖွယ်လေးတွေပါ ယူဆောင်သွားချင်တယ်ဆိုရင် လွမ်းပြေက အဆင်သင့်ရှိနေပါတယ်နော်။

လူကြီးသူမတွေကို ကန်တော့ဖို့ပဲဖြစ်ဖြစ်၊ အလှူပွဲတွေမှာ ဧည့်ခံကျွေးမွေးဖို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ ဆုံကြရင်း အတူတူစုစားဖို့ပဲဖြစ်ဖြစ် လွမ်းပြေတံဆိပ် မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီထုတ်လေးတွေကို မှာယူအားပေးနိုင်ပါတယ်ရှင်။ 🍜

🎁 ကန်တော့လက်ဆောင်အဖြစ် သပ်သပ်ရပ်ရပ် ပေးလို့ရအောင် ၅ ထုတ်ဆန့်တဲ့ ဘူးလေးတွေနဲ့လည်း ထည့်ပေးနိုင်ပါတယ်နော်။

ဒီသီတင်းကျွတ်မှာ မေတ္တာနဲ့ပေးတဲ့ လက်ဆောင်လေးဖြစ်စေ၊ အတူတူစားရင်း ပျော်ရွှင်ရတဲ့ စကားဝိုင်းလေးဖြစ်စေ လွမ်းပြေရဲ့ အရသာလေးတွေနဲ့အတူ ပါဝင်ခွင့် ရချင်ပါတယ်ရှင့် 💛

💌 မှာယူလိုပါက လွမ်းပြေ Page ရဲ့ Messenger မှာ ဆက်သွယ်မှာယူနိုင်ပါတယ်။

💛 ငါးလုံးတန်းနား ရောက်ရင် လွမ်းပြေကို သတိရနော် 💛ရန်ကင်း၊ ငါးလုံးတန်းဘက် ရောက်တဲ့အခါ စားချင်တဲ့ အရသာလေးတွေကို တစ်ခါတည်း ဝ...
04/10/2026

💛 ငါးလုံးတန်းနား ရောက်ရင် လွမ်းပြေကို သတိရနော် 💛

ရန်ကင်း၊ ငါးလုံးတန်းဘက် ရောက်တဲ့အခါ
စားချင်တဲ့ အရသာလေးတွေကို တစ်ခါတည်း ဝယ်သွားလို့ရပြီနော်။ ✨

လွမ်းပြေတံဆိပ် မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီထုတ်လေးတွေ ကို မော်လမြိုင်ဒေါ်ငွေကြည် ထမင်းဆိုင် မှာ ဝယ်ယူနိုင်ပါပြီရှင်။ မုန့်ဟင်းခါးလေး စားမလား၊ ရခိုင်မုန့်တီလေး စားမလား—ကိုယ်ကြိုက်တဲ့အရသာလေး ရွေးခဲ့နော်။ 🥰

✅ ရန်ကင်းမြို့နယ်
=========
မော်လမြိုင်ဒေါ်ငွေကြည် ထမင်းဆိုင်
တိုက်အမှတ် ၂၀၉, ရန်နိုင်လမ်းသွယ် ၇
အရှေ့ရန်ကင်း ငါးလုံးတန်း
ဖုန်းအမှတ် 01577279၊ 095007791

🕯️ မီးရောင်ထိန်ထိန်လေးတွေ ထွန်းတဲ့လ… မိသားစု ချစ်ခြင်းတွေ မျှဝေကြမယ် 💛လွမ်းပြေချစ်သူတို့ရေ ဘာလိုလိုနဲ့ အောက်တိုဘာ ရောက်လ...
02/10/2026

🕯️ မီးရောင်ထိန်ထိန်လေးတွေ ထွန်းတဲ့လ… မိသားစု ချစ်ခြင်းတွေ မျှဝေကြမယ် 💛

လွမ်းပြေချစ်သူတို့ရေ ဘာလိုလိုနဲ့ အောက်တိုဘာ ရောက်လာတော့ သီတင်းကျွတ်ရဲ့ မီးရောင်လေးတွေ၊ မိသားစုဆုံစည်းချိန်လေးတွေကို တွေးရင်း စိတ်ထဲမှာ နွေးထွေးလာမိတယ် မဟုတ်ပါလား

ချစ်ရသူတွေဆီ ဆွေမျိုးမိဘ ဆရာသမားတွေဆီ အလည်သွားတဲ့အခါ လက်ဆောင်လေးယူသွားဖို့ဖြစ်ဖြစ်၊ မိသားစုစုံစုံလင်လင်နဲ့ ဝိုင်းဖွဲ့စားဖို့ဖြစ်ဖြစ် အမှတ်တရ ကန်တော့လက်ဆောင်လေးတွေ ပေးရတဲ့ အရသာလေးတစ်ခုကလည်း ပျော်ရွှင်စရာအချိန်တွေကို ပိုပြည့်စုံစေတယ်နော်။ 🥰

ဒီလို မျှဝေချင်တဲ့နေ့ရက်လေးတွေအတွက် လွမ်းပြေ မုန့်ဟင်းခါးနဲ့ ရခိုင်မုန့်တီထုတ်လေးတွေက အမြဲအသင့်ရှိနေပါတယ်ရှင့်

မုန့်ဟင်းခါးပူပူလေးနဲ့ မနက်ခင်းကို ကြိုမလား…
ရခိုင်မုန့်တီ စပ်စပ်ချဉ်ချဉ်လေးနဲ့ စကားဝိုင်းကို အရသာဖြည့်မလား…
လွမ်းပြေဆီမှာ မှာယူအားပေးလို့ ရပါတယ်နော်။ 💛

သီတင်းကျွတ်မီးရောင်လေးတွေလို
အိမ်တိုင်းမှာ အပြုံးတွေ လင်းလက်ပြီး
ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးကြပါစေ

12/09/2026

Weekend မှာကိုကိုမောင်မောင်တွေနဲ့ အတူတူစားဖို့ လွမ်းပြေလေးကို သတိရလိုက်နော် ❤️❤️❤️

12/09/2026

လွမ်းပြေ Weekend Vibe 😁😁

သောကြာနေ့ရောက်ပြီဆိုတော့ 😍Diet လုပ်မယ်ဆိုတဲ့စိတ်ကို  စနေနေ့မှ ပြန်ခေါ်ကြတာပေါ့နော် 🤭ဒီညတော့ မုန့်ဟင်းခါးပူပူလေးတစ်ပွဲ 🍜 ...
11/09/2026

သောကြာနေ့ရောက်ပြီဆိုတော့ 😍

Diet လုပ်မယ်ဆိုတဲ့စိတ်ကို စနေနေ့မှ ပြန်ခေါ်ကြတာပေါ့နော် 🤭

ဒီညတော့ မုန့်ဟင်းခါးပူပူလေးတစ်ပွဲ 🍜 ကြက်ဥလေးထည့် အကြော်လေးစုံစုံနဲ့ တစ်ပတ်လုံး ပင်ပန်းထားသမျှကို လွမ်းပြေ နဲ့ အားဖြည့်လိုက်ကြစို့ 💛

Friday ဆိုတာ ပျော်ဖို့လေ ဗိုက်ဆာနေဖို့ မဟုတ်ဘူးနော်

(လွမ်းပြေချစ်သူတစ်ဦး ပေးပို့ထားသောပုံ)
#လွမ်းပြေ #မုန့်ဟင်းခါး

09/09/2026

I got over 500 reactions on one of my posts last week! Thanks everyone for your support! 🎉

🌧️ မိုးအေးအေးနဲ့ မုန့်ဟင်းခါးပူပူလေး…ဒီနေ့ မိုးလေးကလည်းရွာ၊ အပြင်လည်းမထွက်ချင်တာနဲ့လွမ်းပြေအက်မင်တစ်ယောက် AI လေးနဲ့ ဟိုစ...
09/09/2026

🌧️ မိုးအေးအေးနဲ့ မုန့်ဟင်းခါးပူပူလေး…

ဒီနေ့ မိုးလေးကလည်းရွာ၊ အပြင်လည်းမထွက်ချင်တာနဲ့
လွမ်းပြေအက်မင်တစ်ယောက် AI လေးနဲ့ ဟိုစမ်းဒီစမ်းလုပ်ရင်း ဒီပုံလေး ထွက်လာပါတယ်ရှင် 😍

ကြည့်ရင်းနဲ့ ကိုယ်တိုင်တောင် လွမ်းပြေ မုန့်ဟင်းခါးပူပူလေးတစ်ပွဲ စားချင်လာရော… 🤭🍜

မိုးအေးအေးလေးမှာ မုန့်ဟင်းခါးပူပူလေးစားရတဲ့ အရသာကတော့ လွမ်းပြေချစ်သူတွေ သိပြီးသားဟုတ်? 💜

AI ပုံလေးကရော ချစ်စရာကောင်းရဲ့လား ပြောခဲ့ဦးနော် 🥰

Address

Shwegonethu Residence, Kyimyintdine
Ahlone
11101

Website

Alerts

Be the first to know and let us send you an email when လွမ်းပြေမုန့်ဟင်းခါးနင့်ရခိုင်မုန့်တီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လွမ်းပြေမုန့်ဟင်းခါးနင့်ရခိုင်မုန့်တီ:

Shortcuts

Share

Nearby convenience stores