23/01/2024
မဆုမြတ် အတွေ့အကြုံလေး share ပေးထားတာ အားလုံးလည်း သတိထားရအောင်ပါ
🇲🇲IDကဒ်/ဆင်းမ်ကဒ် အလွဲသုံးစားမှု🇲🇲
ဒီနေ့တော့ မဆုမြတ်အတွက်က ပြဿဒါးပါပဲ။
ခုတစ်လော ကိုယ်မသိဘဲ ကိုယ့်IDနဲ့ ဆင်းမ်ကဒ်အဖွင့်ခံထားရတာတွေ အရမ်းများနေပါတယ်။ အဲ့လိုပို့စ်တွေတက်လာတိုင်း ဆင်းမ်ကဒ်ဆိုင်တွေယုတ်မာလှချည်လားလို့ စိတ်ထဲကအပြစ်တင်မိတယ်။ ကိုယ်ကိုယ်တိုင် ကြုံတွေ့လာတော့မှ တစ်ချို့အရာတွေက ကိုယ်ထင်သလိုမဟုတ်မှန်းသိလာရပါတယ်။
မဆုမြတ်ဆီမှာ 2023.6.17ရက်နေ့က အကို တစ်ယောက်က ဆင်းမ်ကဒ်လာလျှောက်တယ်ပေါ့နော်။ ခု သူ့ဆီ ရဲစခန်းကနေ သူ့IDကဒ်နဲ့ ထပ်ဖွင့်ထားတဲ့ ဖုန်းနံပါတ်က မကောင်းမှု လုပ်ထားပါတယ်ပေါ့။ အဲ့ဖုန်းနံပါတ် ကိုယ်မဖွင့်ခဲ့ ဖူးဘူးဆိုရင် လျှောက်ခဲ့ဖူးတဲ့ ဆင်းမ်ကဒ်ဆိုင်ဆက်သွယ် မေးမြန်းပေါ့ပြောတော့ အဲ့အကိုလည်း မဆုမြတ်ဆီ ဆက်သွယ်လာတာပေါ့
"ညီမရေ ဘယ်လိုလုပ်လိုက်တာလဲ,ဒီလိုဒီလိုရှိတယ် အကို့IDကဒ် ညီမဆီကလွဲ ဘယ်သူမှမပေးဖူးဘူး ဘယ်လို ရှင်းပေးမှာလဲ "အစရှိသဖြင့် သူလည်းစိုးရိမ်ပြီး ပြောတာပေါ့
ကိုယ်လည်း စစချင်းကြားတော့ အံ့ဩ ပူထူနေတာပေါ့။ သူ့ကိုအသေးစိတ်မေး,ပြောဆိုပြီး လူတောင်ခဏ ကြောင်တောင်တောင်ဖြစ်သွားတယ်။ တစ်ခါမှ မကြုံဖူးတော့လေ
အဲ့တာနဲ့ဘေးဆိုင်က အမက အတွေ့ကြုံများတာမို့ အတွေ့ကြုံတွေ မေးမြန်းတော့ အမက ပြောပြပေးတာပေါ့
"ညီမလေး", ခုက ဥပမာ- အခွန်ပြန်အမ်းငွေအခမဲ့လျှောက်ပေးတယ်ဆိုပြီးနာမည်ရှိ conpanyတွေတောင်IDအလွဲသုံးစားလုပ်ကြတယ်။ ဝယ်သူတွေက အမကလွဲ ဘယ်သူမှ IDကဒ် မပို့ပေးဘူးဆိုပြီး ကိုယ်ပဲလို့ထင်ကြပေမယ့် သူတို့သတိမထားမိတဲ့မထင်ထားတဲ့ နေရာ/ရုံးကနေ IDကဒ်ပုံရောင်းစားခံတာတွေလည်းရှိတယ်။ ပြီးတော့ တစ်ချို့ဆို ရဲအယောင်ဆောင်ပြီး ပတ်လိမ်တာတောင် ရှိတယ်။အစုံပဲ။ အဲ့တော့ ပြဿနာကိုယ့်ဆီလာတာ..မစိုးရိမ်နဲ့။
ဆိုပြီး အသေးစိတ် မျှဝေပေးတာပေါ့နော်။
အဲ့တာနဲ့ ရုံးကိုလည်း ဖုန်းဆက်မေးရတာပေါ့။ရုံးက အလွဲသုံးစားလုပ်နေတဲ့ ဖုန်းနံပါတ်သိရရင် စစ်ပေးရင် ဘယ်ဆိုင်လဲဆိုတာ ဆိုတာပေါ်တယ် ဆိုတော့မှ ကိုယ်လည်း စိတ်အေးရတော့တယ်။
ပြောချင်တာတစ်ခုကတော့
ကိုယ့်IDနဲ့ ကိုယ်မသိဘဲ ဆင်းမ်ကဒ်အဖွင့်ခံရတိုင်း ဆင်းမ်ကဒ်လျှောက်ခဲ့တဲ့ဆိုင်ကလို့တော့ တစ်ထစ်ချတွက်လို့မရပါဘူးရှင့်။ ပြီးတော့ ကိုယ်IDကဒ်ဘယ်နေရာတွေပေးခဲ့ဖူးလဲ ပြန်စဉ်းစားကြည့်ရမှာပေါ့နော်။ ပြောချင်တာက ဘဏ်ဝန်ထမ်းလက်ထဲမှာ ကိုယ့်IDကဒ်ပုံရှိရင် အဲ့ပုံကို သူတစ်နေရာရာမှာ ရောင်းစားလို့လည်းရပါတယ်။ဘယ်သူ့ကိုမဆို ယုံကြည်လို့မရနိုင်ပါ။
အကယ်လို့ ဒီစာဖတ်နေတဲ့သူတွေလည်း ပုံပါ စာအတိုင်း ဘယ်နေ့မှာ ဆင်းမ်ကဒ် အဖွငိ့ခံထားရတယ်ဆိုပြီးကြုံတွေလာရသော် ,ရဲစခန်းမှအကြောင်းကြားလာသော်
1) ရဲစခန်းကနေ ကိုယ့်IDကဒ်နဲ့ ဖွင့်ထားတဲ့ အလွဲသုံးစားဖုန်းနံပါတ်ကို ရဲစခန်းမှာ တောင်းယူပါ။
2) ဖုန်းမက်ဆေ့တွေဖျက်ဖျက်မပစ်ပါနဲ့။ ခုတင်ထားတဲ့ပုံထဲမှာ အဲ့နံပါတ်က kt?lg? ရုံးခွဲ အမည် အစရှိသဖြင့် ပါပါတယ်။အဲ့ရုံးကိုဖုန်းဆက်ပြီး ဘယ်ဆိုင်က ဖွင့်ထားတာလဲဆိုတာ အတိကျသိရပါတယ်။ ဆင်းမ်ကဒ်ပိတ်လို့ရပါတယ်။ မလုပ်တတ်ရင် နီးစပ်ရာ ယုံကြည်ရတဲ့ဆိုင်ကို အကူညီတောင်းပါရှင်။
ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်IDနဲ့ အဖွင့်ခံထားရတဲ့ နံပါတ်များရှိနေမလား စိုးရိမ်နေရင် နီးစပ်ရာ kt대리점,LG 대리점, Skt대리점 3ခုလုံးကိုသွားပြီး
" 제 ID로 가입회선 모두 확인하러 왔습니다“လို့ ပြောရင် စစ်ပေးပါတယ်။
ထိုသို့ကြုံတွေ့လာရရင်လည်း ရဲစခန်းအကြောင်းကြားထားရင်ရပါတယ်။ ခုလို အလွဲသုံးစားလုပ်ခံရမှုက တော်တော်လေးများလာတော့ ,ကိုယ့်ဘဏ်အကောင့်ထဲ ငွေဝင်ထားတာတွေမရှိရင်တော့ တစ်အားစိုးရိမ်ဖို့ မလိုပါဘူး,ပြီးတော့ နိုင်ငံခြားသားဖြစ်တဲ့အတွက် ကိုယ်က လိမ်ဖို့နေနေသာသာ စကားအခက်ခဲရှိတယ်။ကိုယ်ကတောင် ပြန်အလိမ်ခံရနိုင်ခြေရှိတာ ရဲစခန်းတွေကလည်း သိပါတယ်။(လက်လွတ်စပယ်ပြောတာတော့မဟုတ်ပါဘူး)။အဲ့တာကြောင့် တစ်အားမစိုးရိမ်ပါနဲ့ရှငိ့။
အခုလို IDအလွဲသုံးခံရမှုတွေက အတော်များလာလို့ ဒီနှစ် ၄လပိုင်းမှာ အားလုံး အွန်လိုင်းကနေ ဆင်းမ်ကဒ်လျှောက်လို့မရတော့ဘဲ ကိုယ်တိုင်ဆိုင်လာလျှောက်ရတဲ့အထိ တင်းကြပ်ပါလိမ့်မယ်။ဆိုင်တွေကလည်း မှတ်ပုံတင်တာတွေတစ်ခြားကိစ္စအကုန်လုပ်ရပါမယ်။ နောက်ပိုင်းတော့ ဒီလိုကိစ္စတွေလျော့နည်းသွားမယ်လို့ထင်ပါတယ်။
မဆုမြတ်လည်း ခဏတာ စိတ်သောကရောက်ရတော့မှာပေါ့ ,ဒီကိစ္စမပြေလည်မချင်း။
ဒီကိစ္စပြေလည်သွားတာနဲ့ အတွေ့ကြုံထပ်သိရရင် ပြန်လည် ဝေမျှပေးပါ့မယ်ရှင့်။
ဘေးဆိုင်က မမိုးကိုလည်းကျေးဇူးတင်ပါတယ်။ ဒီထက်ပိုရောင်းအားတက်ပါစေရှငိ။
ပုံ- တစ်ခြားဆိုင်မှာလုပ်ထားတဲ့ သူက ကိုယ့်ကိုလာပြပြီး ဘာစာလည်းလာမေးတာပေါ့နော်။ ကိုယ်ကတော့ စိတ်ထဲ အဲ့လျှောက်ပေးတဲ့ဆိုင်ကို စိတ်ထဲက ကျိန်ဆဲနေတာ,ခုတစ်ခါတော့ ကိုယ်ကိုယ်တိုင် ခံရ။😢