Zen Miniature Green Gifts

Zen Miniature Green Gifts Find peace in the pause …..

ရှုပ်ထွေးလှတဲ့ နေ့စဉ်ဘဝထဲမှာ ခေတ္တမျှ ရပ်တန့်ပြီး အသက်ရှူဖို့ လိုအပ်သလိုပဲ  Zen Miniature မိသားစုလေးလည်း အနားယူစွမ်းအင်ဖ...
30/10/2026

ရှုပ်ထွေးလှတဲ့ နေ့စဉ်ဘဝထဲမှာ ခေတ္တမျှ ရပ်တန့်ပြီး အသက်ရှူဖို့ လိုအပ်သလိုပဲ
Zen Miniature မိသားစုလေးလည်း အနားယူစွမ်းအင်ဖြည့်ဖို့အတွက် ခေတ္တ ဆိုင်ပိတ်ထားမှာဖြစ်ပါတယ်။ 🤍

အောက်တိုဘာ ၃၁ ရက်၂၀၂၆ (စနေ) မှ
နိုဝင်ဘာ ၂ ရက် ၂၀၂၆ (တနင်္လာ) အထိ (၃ ရက်)ဆိုင်လေးပိတ်မှာဖြစ်ပါတယ်

ဆိုင်ခေတ္တပိတ်ထားချိန်မှာ Page Chatbox ကနေ Message လေးတွေ ချန်ထားခဲ့လို့ရပြီး ပြန်လည်ဖွင့်လှစ်တာနဲ့ စာလေးတွေကို စနစ်တကျ ပြန်လည်ဖြေကြားပေးသွားပါမယ်နော်။

လူကြီးမင်းတို့ရဲ့ နေ့စဉ်ဘဝမှာလည်း ခဏလောက် အနားယူပြီး စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ဖြည့်တင်းနိုင်ပါစေ... ✨

အိမ်ပြန်ရောက်တဲ့အထိ တစ်နေ့တာအကြောင်းတွေ ခေါင်းထဲမှာ ပြည့်နေတုန်းပဲလား? 🤍ဒီလိုမျိုးအတွေးတွေ များနေပြီဆို ဖုန်းလေးခဏချပြီး...
30/10/2026

အိမ်ပြန်ရောက်တဲ့အထိ တစ်နေ့တာအကြောင်းတွေ ခေါင်းထဲမှာ ပြည့်နေတုန်းပဲလား? 🤍

ဒီလိုမျိုးအတွေးတွေ များနေပြီဆို ဖုန်းလေးခဏချပြီး ကိုယ့်အတွက် သီးသန့်အချိန်ပေးကာ အနားယူကြည့်လိုက်နော်။ စိတ်ထဲကအတွေးတွေကို ထိန်းချုပ်ဖို့အရမ်းမကြိုးစားဘဲ အချိန်ပေးလို့ လွှတ်ထားလိုက်တာက စိတ်လေးကိုပေါ့ပါးသွားစေတယ်လေ။ Zen Miniature ရဲ့ 7 Chakra Tree လေးရဲ့ အေးချမ်းတဲ့ Energy တွေကလည်း စိတ်လေးကိုပေါ့ပါးသွားစေဖို့ အကောင်းဆုံးကူညီပေးသွားမှာပါ။

ဟန်ချက်ညီမှုနဲ့ အကောင်းမြင်စိတ်ကို ကိုယ်စားပြုတဲ့ သဘာဝကျောက် ၇ မျိုးကို ပေါင်းစပ်ထားတာမို့
တစ်နေ့တာရဲ့ အမောတွေကို 7 Chakra Tree နဲ့အတူ ဖြေဖျောက်ရင်း ကံကောင်းခြင်းတွေကို ဆွဲငင်လိုက်ကြရအောင်။

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

ကြိုးစားမှုတွေနဲ့အတူ ကံကောင်းခြင်းတွေပါ ပွင့်လန်းပါစေ🍀ကိုယ်လုပ်နေတဲ့အရာလေးတွေ တဖြည်းဖြည်း အရာထင်လာဖို့ ကြိုးစားရင်း ကိုယ...
27/10/2026

ကြိုးစားမှုတွေနဲ့အတူ ကံကောင်းခြင်းတွေပါ ပွင့်လန်းပါစေ🍀

ကိုယ်လုပ်နေတဲ့အရာလေးတွေ တဖြည်းဖြည်း အရာထင်လာဖို့ ကြိုးစားရင်း ကိုယ့်အတွက် အခွင့်အလမ်းကောင်းလေးတွေ ပေါ်လာဖို့လည်း မျှော်လင့်မိပါတယ်။

အစိမ်းရောင်ကျောက်လေးတွေရဲ့ လန်းဆန်းတဲ့အလှနဲ့ Positive Energy ကို ခံစားရင်း ကိုယ်ရည်မှန်းထားတာတွေအတွက် ယုံကြည်မှုရှိရှိ ရှေ့ဆက်ဖို့ အဖော်လေးတစ်ခုအဖြစ် Green Aventurine Tree လေးက အားလုံးနဲ့အတူရှိနေမှာပါ။

ကိုယ့်ကြိုးစားမှုတွေ တစ်ဆင့်ချင်း ကြီးထွားလာအောင် အားထုတ်ရင်း Green Aventurine Tree လေးနဲ့အတူ ကံကောင်းခြင်းနဲ့ အခွင့်အလမ်းသစ်တွေကို ကြိုဆိုလိုက်ရအောင်။ ✨

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူလာရာ ခရီးလမ်းကို ဆီမီးထွန်းညှိပူဇော်ကြတဲ့ မင်္ဂလာရှိ...
26/10/2026

မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူလာရာ ခရီးလမ်းကို ဆီမီးထွန်းညှိပူဇော်ကြတဲ့ မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယမှာ… 🪔

ပူဇော်ရာ ဆီမီးထိန်ထိန်ညီးသလို လူကြီးမိဘတို့ရဲ့ ဆုမွန်ကောင်းတွေ၊ ချစ်ရသူတို့ရဲ့ မေတ္တာတွေနဲ့အတူ ဘဝခရီးမှာလည်း ကောင်းခြင်းမင်္ဂလာ ထွန်းလင်းကာ မျှော်လင့်ထားတဲ့ ဆန္ဒကောင်းတွေ ပြည့်ဝလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ မေတ္တာအပြုံးတွေ ဝေဆာပါစေကြောင်း Zen Miniature မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🤍

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

20/10/2026

ရရှိတဲ့ customers 3000 လုံး ရဲ့ feedback ကောင်းတွေက
Zen Miniature Green Giftsက Team တစ်ခုလုံးကို အမောပြေစေပါတယ် ☘️✨

သီတင်းကျွတ် ရောက်ပြီဆိုရင် အိမ်တိုင်းမှာ မီးထွန်းညှိကြရင်း ချစ်ရသူတွေအတွက် ဆုမွန်ကောင်းတွေ ပို့သလေ့ရှိကြတယ်မဟုတ်လား..?ဒီ...
19/10/2026

သီတင်းကျွတ် ရောက်ပြီဆိုရင် အိမ်တိုင်းမှာ မီးထွန်းညှိကြရင်း ချစ်ရသူတွေအတွက် ဆုမွန်ကောင်းတွေ ပို့သလေ့ရှိကြတယ်မဟုတ်လား..?

ဒီနှစ် သီတင်းကျွတ်မှာတော့ စကားနဲ့ ပါးလိုက်တဲ့ 🪔ဆုတောင်းလေးတွေကို ရိုးရိုး မီးအလင်းရောင်တစ်ခုတည်း မဟုတ်ဘဲ၊ ကိုယ့်အိမ်မှာ အမြဲတမ်း ရှင်သန်ခိုင်မြဲနေစေမယ့် အမှတ်တရလေးတစ်ခုအဖြစ် ပြောင်းလဲလိုက်ကြရအောင်

အိမ်ရဲ့ ထောင့်လေးတစ်ခုမှာ Zen Miniature ရဲ့ 7 Chakra Treasure Tree လေး တင်ထားပြီးတော့ သီတင်းကျွတ်နဲ့အတူ အလှဆင်ထားမယ်ဆို စိတ်အေးချမ်းကောင်းမွန်တဲ့ Energy လေးတွေက အိမ်ကိုလွှမ်းခြုံပေးနေမှာပါ🌿

မိသားစုဝင်တွေ အတူဆုံတွေ့ချိန်မှာပဲဖြစ်ဖြစ်၊ လေးစားရသူတွေကို မေတ္တာပါးချင်တာပဲဖြစ်ဖြစ်... ဒီနှစ် သီတင်းကျွတ်မှာ မင်္ဂလာရှိတဲ့ ဆုမွန်ကောင်းတွေကိုပါ ချိတ်ဆွဲထားလိုက်ကြရအောင် ✨

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

ချစ်ခြင်းမေတ္တာအပြည့်နဲ့ စိတ်ငြိမ်းချမ်းမှု၊ အေးချမ်းမှုတွေက ဘဝရဲ့ အနှစ်သာရဆိုတာ လက်ခံတယ် မဟုတ်လား...စိတ်ကလေး အေးချမ်းပြ...
11/10/2026

ချစ်ခြင်းမေတ္တာအပြည့်နဲ့ စိတ်ငြိမ်းချမ်းမှု၊ အေးချမ်းမှုတွေက ဘဝရဲ့ အနှစ်သာရဆိုတာ လက်ခံတယ် မဟုတ်လား...

စိတ်ကလေး အေးချမ်းပြီး တည်ငြိမ်နေမှသာ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားအပြည့်ဖြင့် ဘဝမှာ ကြုံတွေ့လာသမျှ အရာရာကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ အသေအချာပါပဲ။✨

ဒီလို စိတ်အေးချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို နေ့စဉ်ဘဝထဲမှာ ပိုမိုခံစားနိုင်စေဖို့ Zen Miniature က ဖန်တီးပေးထားတဲ့ အသည်းပုံစံ Crystal Candle Holder လေးကလည်း အဖော်ကောင်းတစ်ခု ဖြစ်လာမှာပါ။ 🕯💜💚💛

Heart Shape အနေနဲ့ ချစ်စရာကောင်းစွာ ဖန်တီးထားတဲ့ ဒီ Candle Holder လေးကို ခိုင်ခံ့သေသပ်ပြီး အဆင့်မြင့်လှပတဲ့ Plaster နဲ့ ပြုလုပ်ထားသလို မီးခိုးမွှန်ခြင်းမရှိဘဲ သဘာဝအတိုင်း ဘေးကင်းစွာ အသုံးပြုနိုင်တဲ့ ပဲပိစပ်ဖယောင်း (Soy Wax) ကိုလည်း အသုံးပြုထားပါတယ်။ ✨🌿🕯🤍

Gem Painting Art ရဲ့ Mosaic အနုပညာကို အခြေခံပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်ဗဟိုချက် ၇ ခု (7 Chakras) နဲ့ လိုက်ဖက်တဲ့ သဘာဝကျောက်မျက်ရတနာ ၇ မျိုးကို အနုစိတ်ပေါင်းစပ်ဖန်တီးထားတာကြောင့် Luxury Crystal Candle Holder လေးအဖြစ် ထူးခြားလှပနေမှာပါ။ ✨🌿🕯💜💚💛

သဘာဝကျောက်မျက်ရတနာ ၇ မျိုးရဲ့ အဓိပ္ပာယ်တွေကတော့—
💜 Amethyst (Crown Chakra) — စိတ်အေးချမ်းမှုနှင့် ဉာဏ်ပညာ
💙 Lapis Lazuli (Third Eye Chakra) — အတွင်းစိတ်အာရုံနှင့် တည်ငြိမ်မှု
🩵 Turquoise (Throat Chakra) — ပေါင်းသင်းဆက်ဆံရေးနှင့် ပြောဆိုဆက်ဆံမှု
💚 Green Aventurine (Heart Chakra) — ချစ်ခြင်းမေတ္တာနှင့် စည်းစိမ်ဥစ္စာ
💛 Citrine (Solar Plexus Chakra) — ယုံကြည်မှုနှင့် လာဘ်လာဘ
🧡 Carnelian (Sacral Chakra) — ဖန်တီးနိုင်စွမ်းနှင့် တက်ကြွမှု
❤️ Coral / Red Jasper (Root Chakra) — လုံခြုံနွေးထွေးမှုနှင့် အခြေခိုင်မှု
တို့ပဲဖြစ်ပါတယ်။

Candle လေးကို ထွန်းညှိလိုက်တဲ့အခါ နူးညံ့တဲ့ အလင်းရောင်နဲ့ သဘာဝကျောက်မျက်တွေရဲ့ အလှတရားကို တစ်ပြိုင်နက်တည်း ခံစားရမှာဖြစ်ပြီး တရားထိုင်ချိန်၊ စာဖတ်ချိန်နဲ့ ညနေခင်း အနားယူချိန်တွေမှာ ကိုယ့်ရဲ့ Personal Space လေးကို ပိုမိုအေးချမ်းနွေးထွေးစေမှာပါ။ ✨🌿🕯

ဒါ့အပြင် အသည်းပုံစံ (Heart Shape) နဲ့ Gem Mosaic အနုပညာပုံစံကို အနုစိတ်ဖန်တီးထားတာကြောင့် Candle မထွန်းထားချိန်မှာတောင် အခန်းတွင်းမှာ Luxury Decorative Art Piece လေးတစ်ခုအဖြစ် ဆွဲဆောင်မှုရှိနေမှာပါ။

တရားထိုင်ရင်း စိတ်ကို ငြိမ်သက်ချင်တဲ့အချိန်၊ စာဖတ်ရင်း ကိုယ့်အတွက် အေးချမ်းတဲ့အချိန်လေး ဖန်တီးချင်တဲ့အခါ ဒါမှမဟုတ် ညနေခင်းမှာ တစ်နေ့တာ ပင်ပန်းမှုတွေကို ခဏတာချထားပြီး အနားယူချင်တဲ့အခါတိုင်း Zen Miniature ရဲ့ အသည်းပုံစံ Crystal Candle Holder လေးနဲ့အတူ ကိုယ့်ရဲ့ အေးချမ်းတဲ့အချိန်လေးကို ဖန်တီးလိုက်ပါနော်။ 🕯🤍

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

ကောင်းမွန်တဲ့ နေ့တစ်နေ့ဆိုတာ အမြဲတမ်း ထူးထူးခြားခြားကြီး ကောင်းမွန်နေမှ မဟုတ်ပါဘူးနော်။ 💗တစ်ခါတလေ ကိုယ်ကြိုက်တဲ့ သီချင်း...
06/10/2026

ကောင်းမွန်တဲ့ နေ့တစ်နေ့ဆိုတာ အမြဲတမ်း ထူးထူးခြားခြားကြီး ကောင်းမွန်နေမှ မဟုတ်ပါဘူးနော်။ 💗

တစ်ခါတလေ ကိုယ်ကြိုက်တဲ့ သီချင်းလေးတစ်ပုဒ် နားထောင်လိုက်ရတာ၊ စိတ်အေးချမ်းရတဲ့ အချိန်လေး ရလိုက်တာ၊ ဒါမှမဟုတ် မျှော်လင့်ချက်ပေးတဲ့ အတွေးလေးတစ်ခု ဝင်လာတာမျိုး... ဒီလို ခံစားချက် ကောင်းလေးတွေ တစ်ခုချင်းစီ စုမိသွားရာကနေ နေ့တစ်နေ့ရဲ့ Energy က ပိုပြီး ပြည့်စုံလာတတ်ပါတယ်။ ✨

ဒီလို နေ့စဉ်ဘဝထဲမှာ ပျော်ရွှင်မှု၊ ထက်သန်မှုနဲ့ စိတ်ခံစားချက် ညီမျှမှုလေးတွေကို အမြဲ ပြန်သတိရနေစေဖို့ Zen Miniature ရဲ့ Rose Quartz Tree လေးကို ကိုယ့်အနားမှာ အဖော်အဖြစ် ထားရှိပေးလို့ ရပါတယ်❤️‍🩹

Rose Quartz လေးတွေကို Copper Wire နဲ့ အနုစိတ်သီကုံးပြီး Premium Plaster Base နဲ့ ဖန်တီးထားတာကြောင့် လှပတဲ့အလှဆင်ပစ္စည်းတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ရဲ့နေ့ရက်တွေထဲမှာ Positive Energy လေးတွေ ပိုပြီးစုမိစေဖို့ သတိပေးနေမယ့် Reminder လေးတစ်ခု ဖြစ်စေမှာပါနော်။

နေ့ရက်တိုင်း Perfect ဖြစ်နေဖို့ မလိုဘဲ... ကောင်းမွန်တဲ့ Feeling လေးတစ်ခုနဲ့ မျှော်လင့်ချက်လေး တစ်ခုစီ စုဆောင်းသွားရုံနဲ့တင် လုံလောက်တာမို့ အကောင်းဆုံးဖြတ်သန်းလိုက်ကြရအောင်။

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963


အခန်းထဲမှာ ပစ္စည်းတွေ ရှုပ်နေတဲ့အခါ ကိုယ့်စိတ်ထဲက အတွေးတွေလည်း ပိုပြီးရှုပ်နေသလို ခံစားရတတ်တယ်မဟုတ်လား။ 🤍ဒီလိုအချိန်မျို...
02/10/2026

အခန်းထဲမှာ ပစ္စည်းတွေ ရှုပ်နေတဲ့အခါ ကိုယ့်စိတ်ထဲက အတွေးတွေလည်း ပိုပြီးရှုပ်နေသလို ခံစားရတတ်တယ်မဟုတ်လား။ 🤍

ဒီလိုအချိန်မျိုးမှာ အရာအားလုံးကို တစ်ခါတည်း ဖြေရှင်းဖို့မလိုပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က နေရာလေးကို ဖြည်းဖြည်းရှင်းလိုက်ပြီး စိတ်ထဲက မလိုအပ်တဲ့အတွေးတွေကိုလည်း တစ်ခုချင်း လွှတ်ချကြည့်လိုက်နော်။

Clear Quartz ရဲ့ ကြည်လင်သန့်ရှင်းတဲ့ look နဲ့ meaning က စိတ်ကို ပိုရှင်းလင်းတည်ငြိမ်စေဖို့ သတိပေးနေမယ့် reminder လေးတစ်ခုဖြစ်လာနိုင်သလို၊ Copper Wire နဲ့ အနုစိတ်ဖန်တီးထားတဲ့ Evergreen ပုံစံနဲ့ Premium Plaster Base ကြောင့် ကိုယ့်ရဲ့ Quiet Corner လေးကိုလည်း ပိုပြီးအေးချမ်းသန့်ရှင်းတဲ့ feeling ရစေမှာပါနော်။

တစ်ခါတလေမှာ Peace ဆိုတာ အဝေးမှာရှာရတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်အနားက နေရာလေးကို ရှင်းလိုက်တာကနေ စတင်နိုင်ပါတယ်။

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

တစ်နေ့တာကို ပိုကောင်းစေဖို့ အမြဲတမ်း ကြီးကြီးမားမားအရာတစ်ခု မလိုပါဘူးနော်။ ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် ခံစားချက်လေးတစ...
02/10/2026

တစ်နေ့တာကို ပိုကောင်းစေဖို့ အမြဲတမ်း ကြီးကြီးမားမားအရာတစ်ခု မလိုပါဘူးနော်။ ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် ခံစားချက်လေးတစ်ခုရှိရုံနဲ့တင် နေ့တစ်နေ့က ပိုအသက်ဝင်လာတတ်ပါတယ်။ ☀️

Zen Miniature ရဲ့ Evergreen Large Cherry Quartz လေးကလည်း ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနဲ့ အကောင်းမြင်စိတ်တို့ကို နေ့ရက်တိုင်းမှာ ပိုင်ဆိုင်နိုင်အောင်ကူညီပေးဖို့ အသင့်ရှိနေပါတယ်✨

ကျက်သရေရှိလှတဲ့ ပန်းရောင် အသွင်အပြင်လေးက ကိုယ့်ကို ပိုမိုနွေးထွေး တက်ကြွစေရုံတင်မကဘဲ... စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုကိုပါ လှပစွာ ပံ့ပိုးပေးမှာပါ🌸

နေ့တိုင်း Perfect ဖြစ်နေဖို့ထက်... ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်လေးတွေ ထပ်ပေါင်းထည့်ပြီး ကိုယ့်ရဲ့ နေ့ရက်တိုင်းကို ပိုပြီး လင်းလက်တောက်ပသွားအောင် ဖန်တီးလိုက်ရအောင်💗

📌Address:
No.11E, Mahar Myaing Street,
Mahar Myaing Housing,
(Near No.2 Sanchaung High School )
Sanchaung , Yangon.
☎️09797325526
☎️ 09450450963

Address

11E , Maharmyaing Street
Sanchaung

Website

Alerts

Be the first to know and let us send you an email when Zen Miniature Green Gifts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category