15/07/2025
အမှိုက်ကနေ ရွှေ
ကျွန်မတို့ စားပြီးသား ကမာကောင်အခွံတွေ ဘယ်ရောက်သွားလဲ? များသောအားဖြင့်တော့ အမှိုက်ပုံးထဲပေါ့။ ဒါပေမယ့် ဒီအမှိုက်တွေက ပတ်ဝန်းကျင်ကို ထိခိုက်စေသလို၊ တန်ဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုကိုလည်း ဖြုန်းတီးရာ ရောက်ပါတယ်။
တကယ်တော့ ကမာအခွံတွေဟာ ကယ်လ်ဆီယမ် ကာဗွန်နိတ် (Calcium Carbonate) ကြွယ်ဝစွာ ပါဝင်တဲ့ သဘာဝပစ္စည်းပါ။ ဒီဓာတ်ပေါင်းက စက်မှုလုပ်ငန်းတွေမှာ အများကြီး အသုံးဝင်ပါတယ်။ အခုနောက်ပိုင်းမှာ ပညာရှင်တွေက ကမာအခွံတွေကို အမှိုက်အဖြစ် မစွန့်ပစ်ဘဲ ကျွန်မတို့ နေ့စဉ်သုံး စားသောက်ကုန်ပစ္စည်း (Utensil) တွေအဖြစ် ဖန်တီးလို့ရတယ်ဆိုတာ ရှာတွေ့လာကြတယ်။
ကမာအခွံတွေကနေ ပန်းကန်၊ ဇွန်းတွေ ဖန်တီးတာက ရိုးရှင်းပါတယ်။ ကမာအခွံတွေကို သန့်စင်ပြီး အမှုန့်ကြိတ်၊ ပြီးရင် အခြားသဘာဝပစ္စည်းတွေနဲ့ ရောစပ်ပြီး ပုံသွင်းတာမျိုး လုပ်ရတာပေါ့။ ဒီလိုလုပ်လိုက်တော့ ဇွန်း၊ ခက်ရင်း၊ ဓား၊ ပန်းကန်၊ ခွက် စတာတွေအထိ ဖန်တီးနိုင်ပါတယ်။
ဒီလိုထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာ ပလတ်စတစ်လို ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဇီဝပြိုကွဲနိုင်ခြင်း (Biodegradable) နဲ့ ပြန်လည်အသုံးပြုနိုင်ခြင်း (Reusable) စတဲ့ အားသာချက်တွေ ရှိပါတယ်။ ဒါဟာ ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရာမှာ အလွန်အရေးကြီးပါတယ်။
-အမှိုက်လျှော့ချခြင်း
စွန့်ပစ်ပစ္စည်းတွေ လျော့နည်းသွားပါတယ်။
-အလုပ်အကိုင် အခွင့်အလမ်း
ကမာအခွံစုဆောင်းတာ၊ ထုတ်လုပ်တာတွေမှာ အလုပ်တွေ ပေါ်လာနိုင်ပါတယ်။
-ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း
ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပြီး သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာ ရောက်ပါတယ်။
ဒါကြောင့် ကမာကောင် ဘက်စုံသုံး Waste Management ကနေ Utensil ပြောင်းလဲဖန်တီးခြင်းဟာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝကို ပိုမိုကောင်းမွန်စေပြီး ပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်ပါတယ်။
ဒီလို သဘာ၀ရဲ့ထုတ်ကုန် ကမာခွံလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းလေးတွေ မှာယူချင်တယ်ဆိုရင် Eve Myanmar Souvenir ကနေ မှာယူလို့ရနိုင်တယ်ဆိုတာလေးလည်း သတင်းကောင်းပေးပါရစေရှင်။
ဒီနေ့အတွက်တော့ ကျေးဇူးပါရှင့်။
From Waste to Gold
Ever wonder where all those oyster shells go after we've enjoyed our meal? Usually, straight into the trash, right? But here's a thought: those discarded shells aren't just littering our planet; they're a valuable resource we're simply throwing away.
Believe it or not, oyster shells are packed with something called Calcium Carbonate. This natural compound is incredibly useful in all sorts of industries. Recently, smart folks have figured out that instead of just tossing them, we can actually turn these shells into everyday utensils! How cool is that?
So, how do oyster shells become plates and spoons? It's pretty neat. They clean the shells thoroughly, grind them into a fine powder, mix that powder with other natural stuff, and then mold it under pressure. Voila! You get spoons, forks, knives, plates, and cups.
The best part? These aren't like regular plastics. They won't stick around polluting our environment for centuries. They're biodegradable, meaning they break down naturally, and many can even be reused. This is a huge win for fighting plastic pollution.
- Less Trash
Think about it – fewer oyster shells piling up in landfills and polluting our beaches.
- New Jobs
Collecting, processing, and manufacturing these products creates work for people.
- Helping the Planet
By choosing these natural alternatives, we're actively reducing plastic use and protecting our beautiful environment.
Turning oyster shells into useful utensils isn't just a clever idea; it's a step towards a better, more sustainable future. It helps our daily lives and gives our planet a much-needed break. So, next time you slurp down an oyster, maybe give a little thought to the shell – it might just become your next plate!
And if you're keen to get your hands on some of these awesome, naturally made products, you can find them at Eve Myanmar Souvenir!
Thanks for reading today!