22/07/2024
ထိုင်းနိုင်ငံမှာ အုန်းအုန်းကြွတ်နာမည်ကြီးနေတဲ့ Hilux
ထိုင်းနိုင်ငံမှာ ထုတ်လုပ်တဲ့ Toyota ရဲ့ Champ ဆိုတဲ့ Hilux က အတော်နာမည်ရနေပါတယ်။
စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးကို လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရဲ့ စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မျော်လင့်ချက်နဲ့ Toyota က ထုတ်လုပ်ထားတာပါ။
အင်ဂျင်ပါဝါ 2.0L ကို
ဒေါ်လာ ၁၂,၀၀၀ နဲ့ စရောင်းတာမို့ အသေးစားအလတ်စားလုပ်ငန်း လုပ်ကိုင်ကြတဲ့သူတွေအတွက်
အဆင်ပြေမှာမို့လည်း စီးရေအများပြား အမှာစာရရှိထားပြီးပါပြီ။
လမ်းဘေးမှာ စားသောက်ဆိုင်ဖွင့်မလား၊ အထည်ဆိုင်ဖွင့်မလား။
ကိုယ့်ဆိုင်အတွက် ကုန်ပစ္စည်းတွေသယ်မလား။
မြို့တွင်းနဲ့ နယ်အဝေး ကုန်ပစ္စည်းပို့မလား လွယ်ကူအဆငိပြေအောင်လို့ ကြိုက်နှစ်သက်ရာ ပုံစံကို အသွင်ပြောင်းနိုင်ပါသေးတယ်။
မြန်မာပြည်ကို ဘယ်တော့လောက်ရောက်လာနိုင်မလဲ
ခန့်မှန်းချက်လေးတွေ ရေးသွားပါအုံးလား။