02/10/2026
🍁 တစ်ကယ်တော့ ကျွန်တော်တို့အားလုံးဟာ လောကကြီးထဲ မသိနိုင်တဲ့အချိန်တစ်ခုထိ ခေတ္တခဏသာ ရောက်လာကြရတဲ့ ရောင်းရင်းမိတ်ဆွေ "ဧည့်သည်" တွေပါ ၊ အရာရာကို ပိုင်ဆိုင်ရဖို့ထက် အမှတ်တရကောင်းတွေ ဖန်တီးပြီး ပျော်ရွှင်ဖို့လည်းလိုအပ်ပါတယ်။
🍁 အောင်မြင်မှုဆိုတာ အလုပ်ထဲမှာတင် နစ်မြှုပ်နေတာ မဟုတ်ပဲ တစ်နေ့တာ တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ပြီးရင် မိမိကိုယ်ကို ကျေနပ်အောင် နေထိုင်တတ်တာလည်း အောင်မြင်ခြင်းတစ်မျိုးပါပဲ။ အမုန်း အာဃာတတွေ ဘေးဖယ် ၊ ဒီနေ့ကိုယ်ချစ်ရသူတွေနဲ့ မုသားတွေခွါချမဲ့ ပွဲမှာ ကိုယ်ဟာ ရိုးသားကြောင်း ပြသပြီး "အလိမ်ပေါ်မှာစိုးလို့ မလာရဲတဲ့ သူတွေနဲ့ မိန်းမကြောက်ပြီး မလာရဲတဲ့ ဘော်ဒါတွေကိုတော့ Mention ခေါ်ပေးလိုက်ပါ" 😜🥃
🍁 စကားမပီသေးတဲ့ ကလေးတစ်ယောက်သဖွယ် ချစ်စရာ ဗလုံးဗထွေး ပြောကြတဲ့အသံတွေ ၊ မိတ်ဆွေကောင်းတွေရဲ့ ဟန်ဆောင်မှုကင်းစွာနဲ့ ရယ်မောသံတွေ နဲ့ ပျော်ရွှင်အောင် စနောက်တက်တဲ့ ပြောမကောင်းဆိုမကောင်း ဘော်ဘော်တွေနဲ့အတူ ဖန်ခွက်ထဲမှ သင်းပျံ့လာတဲ့ ရနံ့လေးနဲ့ဆို ငြိမ့်ညောင်းညှင်သာစွာ ယိမ်းနွှဲ့လှုပ်ခတ်နေတဲ့ ရေခဲတုံးလေးရဲ့ တေးသွားကို နားဆင်ခံစားရင်း အမှတ်တရဝိုင်း လေးကို နိုင်ငံခြားဖြစ်တွေနဲ့ ပြောင်မြောက်တဲ့ အဆင့်မြင့် လက်ရာလေးဖြစ်အောင် ဖန်တီးကြည့်လိုက်ပါ...🕺💃 လူတွေအတွက် ရံဖန်ရံခါ ပျော်ရွှင်မှုဆိုတာ တစ်ကယ်ကို လိုအပ်ပါတယ် ။ 😎