Ngwe Gant Gaw - ငွေကံ့ကော်

Ngwe Gant Gaw - ငွေကံ့ကော် စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို ရောင်းချပေးနေပါသည်။

ဒီတစ်ခါ မတူညီတဲ့နောက်ထပ်မနက်စာလေးနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ထမင်းအေးအေးလေးကို ပဲပြုတ်လေးထည့်၊ ကြက်သွန်နီလေးပါးပါးလှီးထည့်၊ ဆ...
15/02/2026

ဒီတစ်ခါ မတူညီတဲ့နောက်ထပ်မနက်စာလေးနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ထမင်းအေးအေးလေးကို ပဲပြုတ်လေးထည့်၊ ကြက်သွန်နီလေးပါးပါးလှီးထည့်၊ ဆီလေးနည်းနည်းထည့်နယ်ပြီး စားခဲ့ဖူးတာလေးကို သတိရနေသူလေးတွေများရှိမလားနော်။ အဲဒီလို နံနက်စာလေးကို ပဲပြုတ်ထမင်းဆီဆမ်းလေးကိုမှ စားချင်ပါတယ်၊ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက် အချိန်မကုန်၊ မလုပ်မရှုပ်ပဲ မှာယူစားသုံးနိုင်ဖို့ ရောင်းချပေးနေပါပြီနော်။

နံနက်စာလေးတွေကို နံနက် (၆) နာရီမှ နံနက် (၈) နာရီအတွင်း မှာယူရရှိနိုင်ပါတယ်။ ကြိုတင်၍လည်း မှာယူနိုင်သလို သတ်မှတ်အချိန်အတွင်းမှာလည်း မှာယူနိုင်ပါတယ်။ အရသာလည်းရှိ၊ ဈေးနှုန်းလည်းသင့်တင့်၊ အာဟာရဓာတ်တွေနဲ့လည်းပြည့်ဝတဲ့ ပဲပြုတ်ထမင်းဆီဆမ်းကို မှာယူစားသုံးလိုက်တော့နော်။ ထုံးစံအတိုင်း မှာယူသူများကို ရန်ကုန်မြို့တွင်းမြို့နယ်အချို့ကို အိမ်အရောက်ပို့ဝန်ဆောင်မှုလေးလည်း ရှိနေပါမယ်နော်။

ပဲပြုတ်ထမင်းဆီဆမ်း (အလွတ်) (၁) ပွဲ - 1,300 MMK
ပဲပြုတ်ထမင်းဆီဆမ်း (ကြက်ဥ Half Fried) (၁) ပွဲ - 1,800 MMK

ပို့ခလေးတွေတော့ မြို့နယ်အလိုက် အနည်းငယ်ကျသင့်ပါမယ်နော်။

အခုဆိုရင် မနက်စာအတွက် ထမင်းကြော်ကို ငွေကံ့ကော်မှာ ဝယ်ယူလို့ရနိုင်ပြီနော်။ နေ့တစ်နေ့ကိုအစပြုဖို့အတွက် မနက်စာဟာအရေးကြီးပါတ...
12/02/2026

အခုဆိုရင် မနက်စာအတွက် ထမင်းကြော်ကို ငွေကံ့ကော်မှာ ဝယ်ယူလို့ရနိုင်ပြီနော်။ နေ့တစ်နေ့ကိုအစပြုဖို့အတွက် မနက်စာဟာအရေးကြီးပါတယ်။ နေ့လယ်စာမစားခင်အထိ အလုပ်တွေလုပ်နိုင်ဖို့ မနက်စာကိုစားသုံးသင့်ပါတယ်။

အိမ်မှာကြော်စားသလို အရသာရှိပြီး၊ ကျန်မားရေးနဲ့ညီအောင် ပြုလုပ်ရောင်းချပေးထားတဲ့အတွက် ယုံကြည်စိတ်ချစွာစားသုံးနိုင်ပါတယ်။ နံနက်စာထမင်းကြော်ကို နေ့စဉ်နံနက် (၆) နာရီမှ နံနက် (၈) နာရီအတွင်းသာ ရောင်းချပေးမှာဖြစ်ပါတယ်။ ကြိုတင်မှာယူချင်ရင်လည်း မှာယူလို့ရပါတယ်။ အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်လို့ ဘာမှအလုပ်မရှုပ်တဲ့အတွက် ဝယ်ယူစားသုံးကြည့်လိုက်ပါနော်။

ထမင်းကြော် (အလွတ်) (၁) ပွဲ - 1,500 MMK
ထမင်းကြော် (ကြက်ဥ Half Fried) (၁) ပွဲ - 2,000 MMK

ရာနှုန်းပြည့် သဘာဝမြေပဲဆီစစ်စစ်လေးကိုမှ စားသုံးလိုသူများအတွက် ဘာနဲ့မှမရောတဲ့ မြေပဲဆီစစ်စစ်လေးကို ရောင်းပေးနေပါပြီ။  မြေပ...
12/01/2026

ရာနှုန်းပြည့် သဘာဝမြေပဲဆီစစ်စစ်လေးကိုမှ စားသုံးလိုသူများအတွက် ဘာနဲ့မှမရောတဲ့ မြေပဲဆီစစ်စစ်လေးကို ရောင်းပေးနေပါပြီ။ မြေပဲဆီစစ်စစ်အသုံးပြုလိုသူများ စမ်းသပ်အသုံးပြုကြည့်ဖို့ ပြောပါရစေ။ မြေပဲဆန်ကောင်းကောင်းကိုသာ အသုံးပြု၍ သဘာဝအတိုင်းကြိတ်ခွဲထားပြီး အခြားမည်သည့်ဆီနှင့်မှ ရောနှောထားခြင်းမရှိကြောင်းကို အသုံးပြုကြည့်ရင် သိနိုင်ပါတယ်။ ယခုလက်ရှိမှာတော့ (၁) ပိဿာဘူးနဲ့ (၃) ပိဿာဘူး နှစ်မျိုးရရှိနိုင်ပါတယ်။

သဘာဝမြေပဲဆီဖြစ်လို့ အာဟာရဓာတ်များနဲ့လည်းပြည့်စုံစေပါတယ်။ ကျန်းမာရေးအတွက် အလေးထားသူများ ယုံကြည်စိတ်ချစွာ စားသုံးလို့ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းတစ်ခွက်ဖြစ်ဖို့ ငွေကံ့ကော်သဘာဝမြေပဲဆီစစ်စစ်ကို အခုပဲအသုံးပြုကြည့်လိုက်ပါနော်။

ငွေကံ့ကော် သဘာဝမြေပဲဆီစစ်စစ် (၁) ပိဿာ - 20,000 MMK

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

ဟင်းချက်ဖို့ ငါးတို့ ငါးဆုပ်တို့ကြော်တဲ့အခါ၊ ဒါမှမဟုတ် သားငါးတွေကို မီးကင်တဲ့အခါမှာ ဂေါ်ဇွန်း၊ ဂေါ်ပြားတွေကိုသုံးတာထက် အ...
29/11/2025

ဟင်းချက်ဖို့ ငါးတို့ ငါးဆုပ်တို့ကြော်တဲ့အခါ၊ ဒါမှမဟုတ် သားငါးတွေကို မီးကင်တဲ့အခါမှာ ဂေါ်ဇွန်း၊ ဂေါ်ပြားတွေကိုသုံးတာထက် အခုလိုအကင်ညှပ်လေးတွေကို အသုံးပြုခြင်းက ပိုမိုထိရောက်ပြီး အချိန်ကုန်လည်း သက်သာစေပါတယ်။ အိမ်မှာ ဟိုကင်၊ ဒီကင်လုပ်စားလေ့ရှိသူများ တစ်ခုလောက်တော့ ဆောင်ထားသင့်ပါတယ်။

Stainless Steel နဲ့ပြုလုပ်ထားပြီး အသုံးပြုရာမှာလည်း ပေါ့ပါးပါတယ်။ အိမ်မှာသုံးဖို့ ဆောင်ထားချင်တယ်ဆိုရင်တော့ အခုပဲဝယ်ယူထားလိုက်တော့နော်။

စတီးလ်အကင်ညှပ် (၁) ခု - 3,200 MMK

ဈေးနှုန်းများသည် အပတ်စဉ်အပြောင်းအလဲ ရှိနိုင်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

သံပုရာရည်ဖျော်သောက်ချင်တဲ့အခါဖြစ်ဖြစ်၊ ဟင်းချက်တဲ့အခါ သံပုရာရည်ထည့်တာပဲဖြစ်ဖြစ် သံပုရာသီးညှစ်တဲ့အခါ လက်နဲ့ညှစ်စရာမလိုပဲ ...
26/11/2025

သံပုရာရည်ဖျော်သောက်ချင်တဲ့အခါဖြစ်ဖြစ်၊ ဟင်းချက်တဲ့အခါ သံပုရာရည်ထည့်တာပဲဖြစ်ဖြစ် သံပုရာသီးညှစ်တဲ့အခါ လက်နဲ့ညှစ်စရာမလိုပဲ ဒီသံပုရာညှစ်တံလေးနဲ့ အသုံးပြုနိုင်ပါတယ်။ လက်ဆိုတာကသိတဲ့အတိုင်း ဟိုကိုင်ဒီကိုင်တွေများပြီး ရောဂါပိုးမွှားတွေကပ်ငြိလွယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပဲဖြစ်ပါတယ်။ သံပုရာညှစ်တံလေးနဲ့ညှစ်မယ်ဆိုရင် လက်နဲ့တိုက်ရိုက်ကိုင်ပြီး ညှစ်တာမဟုတ်တဲ့အတွက် လက်မှာတွယ်ကပ်နေတဲ့ မျက်လုံးဖြင့်မမြင်နိုင်တဲ့ အညစ်အကြေးတွေမပါတော့ဘူးပေါ့။

အိမ်ရှင်မတွေအနေနဲ့ လိုတဲ့အခါအသုံးပြုနိုင်အောင် တစ်ခုလောက်ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။ အ‌အေးဆိုင်၊ ဖျော်ရည်ဆိုင်ဖွင့်ထားသူများလည်း ဆောင်ထားသင့်ပါတယ်နော်။ Stainless Steel ဖြစ်လို့ သံချေးမတက်ပဲ ကြာရှည်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ သက်တမ်းရေရှည်ခံအောင်လို့ အသုံးပြုပြီးတဲ့အခါမှာ ရေနဲ့သေသေချာချာလေးဆေးကြောပြီးမှ သိမ်းဆည်းထားသင့်ပါတယ်။

သံပုရာသီးညှစ်တံ (၁) ချောင်း - 5,000 MMK

ဈေးနှုန်းများသည် အပတ်စဉ်အပြောင်းအလဲ ရှိနိုင်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

ဒီလိုလကုန်ခါနီးပြီဆိုရင် ဘီလ်ဆောင်ဖို့ကလည်း အလုပ်တစ်ခုအနေနဲ့ဖြစ်နေပြီမဟုတ်လား။ အလုပ်များနေချိန်ဆို တာဝန်တစ်ခုအနေနဲ့ ကရိက...
24/11/2025

ဒီလိုလကုန်ခါနီးပြီဆိုရင် ဘီလ်ဆောင်ဖို့ကလည်း အလုပ်တစ်ခုအနေနဲ့ဖြစ်နေပြီမဟုတ်လား။ အလုပ်များနေချိန်ဆို တာဝန်တစ်ခုအနေနဲ့ ကရိကထများပါတယ်။ ငွေကံ့ကော်မှာက ဘီလ်ပေးဆောင်မှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးနေတော့ အလုပ်များတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ ငွေကံ့ကော်မှာ အောက်ပါဘီလ်အမျိုးမျိုးကိုပေးဆောင်နိုင်ပါတယ်။

1. Prepaid/Postpaid ဖုန်းဘီလ်များဖြည့်သွင်းခြင်း
2. အင်တာနက်ဘီလ်အမျိုးမျိုးပေးဆောင်ခြင်း
3. လျှပ်စစ်မီတာဘီလ်ပေးဆောင်ခြင်း
4. Grab Point Top-up
5. AYA Prepaid Card Top-up
6. AYA Credit Card Repayment
7. Microfinance ငွေပေးသွင်းခြင်း
8. မြန်မာနက်အဝသုံးကတ်များ
9. Gift Card များဝယ်ယူခြင်း
10. အာမခံငွေပေးသွင်းခြင်း
11. ရုပ်သံလိုင်းဘီလ်များပေးသွင်းခြင်း

နှင့် အခြားသော ဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။ ဒါကြောင့် ပစ္စည်းလာပို့တဲ့အခါမှာ ဒီဝန်ဆောင်မှုလေးတွေကို ရယူနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကို သတင်းကောင်းပါးလိုက်ပါရစေနော်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

ငွေကံ့ကော်မှာ ရရှိနိုင်တဲ့ စားသောက်ကုန်ပစ္စည်းများနဲ့ လူသုံးကုန်ပစ္စည်းများကို အိမ်ကနေပဲ အလွယ်တကူဝယ်ယူနိုင်ပါတယ်နော်။ မိ...
23/11/2025

ငွေကံ့ကော်မှာ ရရှိနိုင်တဲ့ စားသောက်ကုန်ပစ္စည်းများနဲ့ လူသုံးကုန်ပစ္စည်းများကို အိမ်ကနေပဲ အလွယ်တကူဝယ်ယူနိုင်ပါတယ်နော်။ မိမိဝယ်ယူလိုတဲ့ကုန်ပစ္စည်းကို ဆက်သွယ်မှာယူလိုက်ရုံဖြင့် ရန်ကုန်မြို့အတွင်း အိမ်ရှေ့အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

အလုပ်မအားလို့ တကူးတကအပြင်ထွက်ဖို့မလွယ်လိုသူများနဲ့ ကိုယ်ခွဲမရှိလို့အခက်အခဲရှိနေသူများအတွက်လည်း အရမ်းကိုအဆင်ပြေမှာဖြစ်ပါတယ်။ မှာယူလိုပါက Chat Box မှတဆင့်ဆက်သွယ်နိုင်သလို ငွေကံ့ကော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ 09752450401 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ဝယ်ယူအားပေးသော ငွေကံကော်ရဲ့ Customer များကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

စားသုံးဆီဆို ကြည်လင်ပြီး သန့်စင်မှ၊ အရောအနှောကင်းမှကြိုက်တာ ဆိုသူတွေအတွက် ကြည်သလား သန့်သလားမမေးနဲ့၊ ခေတ်မီစက်တွေနဲ့ ကြည်...
22/11/2025

စားသုံးဆီဆို ကြည်လင်ပြီး သန့်စင်မှ၊ အရောအနှောကင်းမှကြိုက်တာ ဆိုသူတွေအတွက် ကြည်သလား သန့်သလားမမေးနဲ့၊ ခေတ်မီစက်တွေနဲ့ ကြည်လင်သန့်စင်ထားတဲ့ Angoon ပဲပုပ်ဆီလေး လာပါပြီနော်။ အရောအနှောကင်းဖို့အတွက်လည်း စိတ်သာချ၊ 100% Soybean ကနေထုတ်လုပ်ထားပါတယ်။ ပဲပုပ်ဆီကိုစားသုံးခြင်းဖြင့်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေမှာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်တွေရမယ်၊ Omega 3, Omega 6 နဲ့ Omega 9 Fatty Acid တွေရမယ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တွေရမယ်၊ အကောင်းဆုံးကတော့ နှလုံးကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေပါတယ်။

ချက်ပြုတ်တဲ့နေရာမှာလည်း ဟင်းရဲ့မူရင်းအရသာကို မပြောင်းလဲစေပဲ ဟင်းကောင်းတစ်ခွက်ကိုရရှိစေပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့ ပဲပုပ်ဆီကို နေ့စဉ်စားသုံးခြင်းဖြင့် ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်လိုက်ရအောင်နော်။

Angoon Soybean Oil 1 Liter (၁) ဘူး - 11,100 MMK
Angoon Soybean Oil 1 Liter (၃) ဘူး - 33,000 MMK

Angoon Soybean Oil 5 Liter (၁) ဘူး - 55,200 MMK
Angoon Soybean Oil 5 Liter (၂) ဘူး - 110,000 MMK

ဈေးနှုန်းများသည် အပတ်စဉ်အပြောင်းအလဲရှိနိုင်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

အဝတ်လျှော်တဲ့အခါ အဝတ်မှာအမွှေးရနံ့လေး စွဲကျန်ရစ်စေချင်တယ်ဆိုရင်တော့ ဒီ စူစက် (Sue Sat) ဆပ်ပြာမှုန့်လေးကိုသာ သုံးကြည့်လို...
20/11/2025

အဝတ်လျှော်တဲ့အခါ အဝတ်မှာအမွှေးရနံ့လေး စွဲကျန်ရစ်စေချင်တယ်ဆိုရင်တော့ ဒီ စူစက် (Sue Sat) ဆပ်ပြာမှုန့်လေးကိုသာ သုံးကြည့်လိုက်ပါ။ အထည်မရွေး၊ ရေမရွေးအသုံးပြုနိုင်တဲ့ ဆပ်ပြာမှုန့်ဖြစ်သလို ချေးချွတ်အားလည်း ကောင်းပါတယ်။ အဝတ်မလျှော်ခင် အထည်တွေကို မိနစ် (၃၀) လောက် ကြိုတင်စိမ်ထားပြီးမှ လျှော်သင့်ပါတယ်။

ရနံ့မွှေးတဲ့ဆပ်ပြာမှုန့်လေးမို့ သုံးဖူးတဲ့သူတိုင်းကတော့ Sue Sat မှ Sue Sat ဖြစ်နေကြပါပြီ။ အချိန်ကုန်သက်သာ၊ လူပင်းပန်းသက်သာပြီး အဝတ်အထည်တွေ သန့်ရှင်းတောက်ပြောင်စေချင်တယ်ဆိုရင်တော့ မိတ်ဆွေလည်း Sue Sat ဆပ်ပြာမှုန့်ကိုအသုံးပြုကြည့်မှ ခေတ်မီတော့မှာပေါ့လို့။

စူစက် (Sue Sat) ဆပ်ပြာမှုန့် 700 g (၁) ထုပ် - 5,800 MMK
စူစက် (Sue Sat) ဆပ်ပြာမှုန့် 700 g (၃) ထုပ် - 17,100 MMK

စူစက် (Sue Sat) ဆပ်ပြာမှုန့် 3000 g (၁) ထုပ် - 24,000 MMK
စူစက် (Sue Sat) ဆပ်ပြာမှုန့် 3000 g (၂) ထုပ် - 47,600 MMK

ဈေးနှုန်းများသည် အပတ်စဉ်အပြောင်းအလဲရှိနိုင်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

ကြက်သွန်နီဥကြီးတွေ ပြန်ရနေပြီနော်။ ဟင်းချက်ရာမှာသင့်တော်တဲ့ အနေတော်ကြက်သွန်နီဥကြီးတွေ ပစ္စည်းပြန်ရောက်ပါပြီ။အိမ်အတွက်လို...
18/11/2025

ကြက်သွန်နီဥကြီးတွေ ပြန်ရနေပြီနော်။ ဟင်းချက်ရာမှာသင့်တော်တဲ့ အနေတော်ကြက်သွန်နီဥကြီးတွေ ပစ္စည်းပြန်ရောက်ပါပြီ။

အိမ်အတွက်လိုအပ်တဲ့ ကြက်သွန်နီတွေကို (၅၀) ကျပ်သားကနေစပြီး ဝယ်ယူရရှိနိုင်ပါတယ်။ ကိုယ်တိုင်ရွေးသန့်ထားတဲ့ ကြက်သွန်နီတွေမို့လို့ အပုပ်လုံးဝမပါပါဘူး။ ကြက်သွန်နီကောင်းကောင်းလေးနဲ့ အရသာရှိတဲ့ဟင်းပွဲတွေကို ချက်နိုင်ဖို့ အခုပဲဝယ်ယူထားလိုက်တော့နော်။

ကြက်သွန်နီ (ဟင်းချက်ရန် အနေတော် Size) (၁) ပိဿာ - 2,100 MMK
ကြက်သွန်နီ (ဟင်းချက်ရန် အနေတော် Size) (၃) ပိဿာ - 6,000 MMK

ဈေးနှုန်းများသည် အပတ်စဉ်အပြောင်းအလဲ ရှိနိုင်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

ဒီတစ်ခါတော့ သီဟိုဠ်စေ့စားသုံးခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဗဟုသုတတိုတိုထွာထွာအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ဆိမ့်တဲ့အရသာကြေ...
16/11/2025

ဒီတစ်ခါတော့ သီဟိုဠ်စေ့စားသုံးခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဗဟုသုတတိုတိုထွာထွာအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

ဆိမ့်တဲ့အရသာကြောင့် သီဟိုဠ်စေ့ကို လူသိများကြပါတယ်။ သူ့ရဲ့အရသာက ဆိမ့်ဆိမ့်လေးနဲ့စားလို့တကယ်ကောင်းတာကိုး။ တကယ်တော့ သီဟိုဠ်ပင်ဟာ သရက်မျိုးထဲမှာပါဝင်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့မှာ ပိုမိုဖြစ်ထွန်းလေ့ရှိပါတယ်။ ဒီဇင်ဘာလလယ်လောက်မှ ဖေဖော်ဝါရီလဆန်းလောက်အထိ သီဟိုဠ်သရက်ပင်တွေဟာ အပွင့်ပွင့်လေ့ရှိကြပါတယ်။

အခုပို့စ်မှာတော့ သီဟိုဠ်စေ့စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို အဓိကပြောမှာမို့ တခြားဗဟုသုတတွေကိုတော့ ကျော်လိုက်တော့မယ်နော်။ စာဖတ်သူတို့က အသေးစိတ်ဖတ်မှတ်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ Link တွေမှာ ဖတ်ကြည့်လို့ရပါတယ်။

ကဲ ဒီတော့ သီဟိုဠ်စေ့မှာဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ သီဟိုဠ်စေ့မှာ ပါဝင်တဲ့ဓာတ်တွေကတော့ ပရိုတင်း၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဇင့်ဓာတ်နဲ့ အခြာသောဗီတာမင်တွေ ပါဝင်နေပါတယ်။

သီဟိုဠ်စေ့မှာ ဗီတာမင်စီနဲ့ ဇင့်ဓာတ်တွေပါဝင်နေလို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်တော့ပါဘူး။ သီဟိုဠ်စေ့ဟာ ဆီထုတ်ယူနိုင်လောက်တဲ့အထိ အဆီပါဝင်မှုရှိပါတယ်။ အဆီပါဝင်မှုရှိတယ်ဆိုသော်လည်း ခန္ဓာကိုယ်ကိုဘေးဥပဒ်ဖြစ်စေတဲ့အဆီမျိုးမဟုတ်ဘဲ သွေးတွင်းအဆီကိုထိန်းညှိပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ သီဟိုဠ်စေ့မှာ သံဓာတ်လည်းပါဝင်နေတာကြောင့် သွေးအားနည်းလေ့ရှိတဲ့သူတွေစားသုံးမယ်ဆိုရင် သံဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပြီး သွေးအားကောင်းဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာတစ်ခုက သီဟိုဠ်စေ့မှာအဆီပါဝင်နေလို့ သီဟိုဠ်စေ့စားရင် ခန္ဓာကိုယ်အလေးချိန်တက်လာမှာ စိုးရိမ်တယ်လို့ထင်နေရင်တော့ လွဲနေပါပြီ။ သီဟိုဠ်စေ့ဟာ သွေးတွင်းကိုလက်စထောရောကို ထိန်းညှိပေးပြီး နှလုံးကိုကျန်းမာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်လည်းပါဝင်တာမို့ အဆာခံနိုင်စေပါတယ်။ နောက်တစ်ခုကတော့ ကင်ဆာဆဲလ်တွေ ပွားများတာကို ဟန့်တားပေးနိုင်တယ်ဆိုတာပါ။

ပရိုတင်းဓာတ်ကြောင့် တစ်ရှူးတွေနဲ့ ကြွက်သားတွေကိုသန်မာစေသလို ကယ်လ်စီယမ်ဓာတ်လည်းအနည်းငယ်ပါဝင်လို့ အရိုးတွေကိုသန်မာစေပါတယ်။ မျက်စိအမြင်အာရုံအတွက်လည်း များစွာအထောက်အကူပြုပါတယ်။

ဒီလောက်အကျိုးကျေးဇူးတွေများနေတာ သီဟိုဠ်စေ့ကိုတဝကြီးစားမယ်ကွာဆိုပြီး လုပ်လို့တော့မရပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာရှိပါတယ်။ သတိထားစရာများများစားစားမရှိပေမဲ့ အလွန်အကျွံမစားမိဖို့တော့ လိုပါတယ်။ သီဟိုဠ်စေ့နဲ့ဓာတ်မတည့်တဲ့သူတွေ၊ သီဟိုဠ်စေ့စားလိုက်တိုင်း အဖုအပိန့်တွေထွက်ပြီး ယားယံမှုတွေဖြစ်လေ့ရှိတယ်ဆိုရင်တော့ မစားသုံးသင့်ပါဘူး။ အရမ်းကြိုက်လို့ စာချင်ရင်တောင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေဆိုရင်လည်း ဆရာဝန်နဲ့ဦးစွာဆွေးနွေးပြီး ဆရာဝန်ရဲ့ခွင့်ပြုချက်ကိုယူသင့်ပါတယ်။

ကဲဒီလောက်ဆိုရင် သီဟိုဠ်စေ့စားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေ၊ အလွန်အကျွံမစားသင့်ကြောင်းနဲ့ သီဟိုဠ်စေ့နဲ့ပတ်သက်တဲ့ဗဟုသုတွေကို အကြမ်းမျဉ်းလောက်တော့ သိရှိသွားမယ်လို့ထင်ပါတယ်။ သီဟိုဠ်စေ့ကိုစားသုံးခြင်းဖြင့် ကိုယ့်ရဲ့ကျန်းမာရေးအတွက် ငွေအနည်းငယ်အသုံးပြုပြီး စောင့်ရှောက်လိုက်ရအောင်နော်။

ရည်ညွှန်းကိုးကားချက်

https://hellosayarwon.com/healthy-eating/nutrition-facts/cashew-fruit-health-benefits

https://greenwaymyanmar.com/posts/essential-vitamins

https://my.wikipedia.org/wiki/%E1%80%9E%E1%80%AE%E1%80%9F%E1%80%AD%E1%80%AF%E1%80%A0%E1%80%BA%E1%80%9E%E1%80%9B%E1%80%80%E1%80%BA%E1%80%95%E1%80%84%E1%80%BA

သူများဖျော်တဲ့ကော်ဖီရနံ့လေးကြောင့် ကိုယ်ပါသောက်ချင်စိတ်ဖြစ်သွားတဲ့အခိုက်အတန့်မျိုး ကြုံဖူးကြလား။ သောက်ဖို့မရည်ရွယ်ထားဘဲ ...
14/11/2025

သူများဖျော်တဲ့ကော်ဖီရနံ့လေးကြောင့် ကိုယ်ပါသောက်ချင်စိတ်ဖြစ်သွားတဲ့အခိုက်အတန့်မျိုး ကြုံဖူးကြလား။ သောက်ဖို့မရည်ရွယ်ထားဘဲ ရနံ့ကြောင့်သောက်ချင်စိတ်ဖြစ်သွားအောင်လို့ ဒီ Kopiko ကော်ဖီလေးက တကယ်ပဲဆွဲဆောင်နိုင်ပါတယ်။ တစ်ခွက်ဖျော်လိုက်ရင် တစ်အိမ်လုံးမွှေးနေလို့ ကော်ဖီမကြိုက်သူများတောင် သောက်ချင်စိတ်ကိုဖြစ်စေနိုင်ပါတယ်။

အခါးအရမ်းမပြင်းပဲ ကော်ဖီရဲ့အနံအရသာကို ထိမိပေါ်လွင်စေပါတယ်။ မနက်စာလေးအနေနဲ့ရော နေ့လည်နေ့ခင်းထမင်းစားပြီး အချိုတည်းဖို့အတွက်ပါ သင့်လျော်ပါတယ်။ တစ်ပါကင်အထုပ်ကြီးတစ်ထုပ်မှာ 24g ပါ ကော်ဖီချောင်း အချောင်း (၂၀) ပါဝင်ပါတယ်။ ရေနွေးအဖြူလေးရှိရုံနဲ့ အလွယ်ကူဆုံးဖျော်သောက်နိုင်တဲ့ ဒီကော်ဖီလေးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ လိုတဲ့အချိန်အသင့်ဖျော်နိုင်အောင် ဝယ်ယူထားဖို့တော့ လိုမယ်နော်။

Kopiko Macchiato Coffee (24 g x 20 Sticks) (၁) ထုပ် - 11,300 MMK
Kopiko Macchiato Coffee (24 g x 20 Sticks) (၃) ထုပ် - 33,300 MMK

ဈေးနှုန်းများသည် အပတ်စဉ်အပြောင်းအလဲ ရှိနိုင်ပါသည်။

စားသောက်ကုန်၊ လူသုံးကုန်နှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို တစ်ခုချင်းပဲဝယ်ဝယ်၊ တစ်လတာအတွက် အသုံးလိုသောပစ္စည်းများကို စုပြီးပဲဝယ်ဝယ် ရန်ကုန်မြို့အတွင်း ပို့ဆောင်ခဖြင့် အိမ်အရောက်ပို့ဝန်ဆောင်မှု ရှိပါသည်။

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Ngwe Gant Gaw - ငွေကံ့ကော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share