11/10/2024
ကြွက်မုန့်ဟင်းခါးပြီးတော့ ပုဇွန်ထုပ်ကြိုက်သူများ ဖတ်ဖို့...
ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ။ပုဇွန်အကောင်သေးရင်တော့စားသည်။ပုဇွန်ထုပ်ကိုစိတ်နာသွားသည့်အကြောင်း
ရင်းကတော့မအူပင်ဘက်ကရွာလေးတစ်ရွာကိုအလုပ်ကိစ္စတခုကြောင့်လုပ်
ဖော်ကိုင်ဖက်ငါးယောက်နဲ့ခရီးထွက်ဖြစ်ရာမှစသည်။
တည်းမည့်အိမ်ရောက်တော့ အကုန်လုံးခြေပစ်လက်ပစ်နားကြရေချိုးကြနဲ့ နေ့လယ်စာစားချိန်နီးးသွားလေပြီ အိမ်ရှင်ကဧည့်ဝတ်ကျေတာမှဟိုဖက်တောင်လွန်သည်။ပုဇွန်ထုပ်အကောင်ကြီးတွေအကောင်သုံးဆယ်လောက်ကိုတစ်ဝက်ချက်တစ်ဝက်သုပ်၊မီးကင် အချဉ်ဟင်း ငပိရည်တို့စရာနဲ့စုံနေအောင်ထမင်းဝိုင်းပြင်ပေးသည်။
ဗိုက်ဆာဆာနဲ့စားလိုက်ကြတာဆိုတာအိမ်ရှင်မိသားစုအတွက်ပုဇွန်အမြီးဖျား
လေးပင်မကျန်တော့ပါဗိုက်ကားမှသတိရကြသည်။
အရှက်ပြေ တစ်ယောက်ကထပြောသည်။"ဟာ... ဦးလေး တို့အတွက် ဟင်းမကျန်တော့ဘူး။အားနာလိုက်တာဗျာခရီးပန်းလာတော့ကောင်းကောင်းနဲ့စားလိုက်မိတာ "။
"အားနာရမယ့်လူတွေမှမဟုတ်တာ
ဆရာလေးတို့ရယ်ပုဇွန်က ဒီမှာကပေါတယ်အဝသာစား ကျွန်တော်တို့က စားရတာငြီးငွေ့လွန်းလို့စားချင်တော့ဘူးရယ် ဧည့်သည်တွေလာမှလတ်လတ်ဆတ်
ဆတ်ဖမ်းပြီးချက်ကျွေးတာ ပိုက်ဆံပေးဝယ်ရတာမဟုတ်ဘူး။ အားမနာပါနဲ့ဆရာလေးတို့စားကောင်းရင်ညစာ
လည်းပုဇွန်ပဲလုပ်ပေးမယ်လေ"
"ဒီလိုဆိုကောင်းတာပေါ့ ကျွန်တော်တို့
မြို့မှာကစျေးကြီးတယ်။မပြန်ခင်အဝစားသွားရမယ် "
"အို ရတယ်ပါ့။24နာရီထိုင်စားချင်လည်းဖြစ်တယ်"
"အာ အဘကလည်းဘယ်ဖြစ်မလဲဗျ တစ်နေ့လေးခါပဲရမယ်ပေါ့"
ဝင်ပြောလိုက်သူကအိမ်ရှင်ရဲ့သားအငယ်ကောင် အလွန်ဆုံးရှိမှရှစ်နှစ်ကိုးနှစ်အကြီးကောင်လေးကဆယ်တစ်နှစ်ဆယ်နှစ်နှစ်အရွယ်အကိုဖြစ်သူနှင့်အိမ်ရှေ့ကွပ်ပျစ်မှာစစ်သားအရုပ်တွေနဲ့စစ်တိုက်တမ်းဆော့နေရင်းမှအဖေကိုလှမ်းပြောခြင်းဖြစ်သည်။
"အငယ်ကောင် တိတ်စမ်း လျှာမရှည်နဲ့ အကြီးကောင်လည်းရှိတာကိုး ဘာလို့မရရမှာလဲ"
အဖေကလှမ်းမာန်လိုက်သည်
"အေးလေဗျာ သူနှစ်ခါ သားနှစ်ခါ လေးခါပေါ့ဗျ"ဟုမကျေမနပ်အငယ်ကောင်လေးကရေရွတ်နေသည်။အကြီးကောင်ကရယ်သည် ။
ကျွန်တော်လည်းအံ့သြသွားသည် ဒီလက်တောက်လောက်လေးတွေကဒီ
လောက်ပုဇွန်ကြီးတွေကိုဘယ်လိုများ
ဖမ်းလာပါလိမ့်ဟုစဉ်းစားခန်းဝင်မိ
သည်။
မွေးမြူ ရေးကန်တွေကသွားခိုးတယ်ထင်တယ်။တစ်ယောက်ကို2ခါဆီအလှည့်ကျသွားခိုးကြတာများလား။အင်း မေးစမ်းကြည့်ဦးမှ"ဦးလေး ကလေးတွေကပုဇွန်ဖမ်းတတ်တယ်လား"
"ဖမ်းတတ်တာပါ့ ကျွမ်းမှကျွမ်း ဒီရွာက
ကလေး လူကြီး အကုန်တတ်တယ်"
သူငယ်ချင်းများကလည်းဝမ်းသာအားရနဲ့"ကလေးတွေပါတတ်တော့ကောင်းတာပေါ့ ပိုစားရတာပေါ့" စဟုပြောတော့ဘာမှမပြောဘဲအိမ်ရှင်ကပြုံးပြုံးကြီးနေ,နေ
သည်။
"ကဲ ကဲ ဆရာလေးတို့နားကြဦး ညနေအရက်သောက်ချင်ကြလား"
"ဟာ သောက်ချင်တာပေ့ါ ဦးလေးရယ် များများနဲ့ကောင်းကောင်းလေးလုပ်ပေးနော်"
"ရတယ် မပူနဲ့ အိမ်မှာပဲသောက်ကြ
ချက်ကြီးဆိုင်ကသွားဝယ်ပေးထားမယ်"
"အမြည်းကပုဇွန်ကင်လေး အသုပ်လေးထည့်ပေးနော်"/"စိတ်ချ လုပ်ပေးမယ်
လောလောဆယ်တရေးတမောအိပ်ကြဦး။"ဟုတ် ကျေးဇူးတင်ပါတယ်ဦးလေး"
အကုန်လုံးတုံးလုံးပက်လက်ကျောဆန့်ရင်းတခေါခေါနဲ့အိပ်ပျော်ကုန်ကြသည်
ကျွန်တော်တစ်ယောက်တည်းသာ
အိပ်မပျော်ဘဲစဉ်းစားခန်းဝင်နေသည်
ကျွန်တော်ကငါးမျှားရတာဝါသနာပါသည် ပုဇွန်လည်းမျှားဖူးသည် ပုဇွန်ကငါးနဲ့မတူချေ။တခါမိဖို့အရေးအကြာကြီးမေ့လောက်အောင်စောင့်ရသည်။ဒီကလေးတွေမနက်တစ်ပိုင်းတည်းနဲ့ဒီ
လောက်အများကြီးဘယ်လိုများ မျှားပါလိမ့် စဉ်းစားမရပေ။အိမ်အတွင်းခန်းမှအသံကြိတ်ကြိတ်နဲ့ပြောနေသံကြား၍
နားစွင့်ကြည့်မိသည် အဖေကအငယ်ကောင်ကိုပြောနေခြင်းဖြစ်သည်။
"ဟေ့ကောင် သွား ပုဇွန်သွားဖမ်းတော့"
"ဟာဗျာအဘကလည်းမနက်ကတစ်ခါ
သွားပြီးပြီလေ၊အကိုကြီးသွားခိုင်း "
"ဧည့်သည်များတယ် များများရမှဖြစ်မယ်၊မင်းပါလိုက်သွား""မရလောက်တော့ပါဘူးဆိုအဘကလည်း""မင်းကိုအာ့ကြောင့်မနက်ကကောင်ညှင်းပေါင်းအများကြီးစားပါပြောတာကို"
"စားတာပဲဗျာ ""ကဲ စကားမရှည်နဲ့ သွားတော့ နေစောင်းတော့မယ် ငါထမင်းအိုးတည်လိုက်ဦးမယ်"
အခန်းထဲမှခြေသံများထွက်သွားသံကြားရသည်။ပုဇွန် ကောက်ညှင်းပေါင်းဘာများပါလိမ့်ဆက်စပ်လို့မရချေ ။
ကျွန်တော်လည်းခြေသံမကြားအောင်တိတ်တိတ်လေးဖွလျှောက်ပြီးထွက်သွားသောကလေးနှစ်ယောက်နောက်
လိုက်လေသည်။ကိုယ်ပါလာမှန်းသူတို့ကမသိကြရွာထိပ်ကချောင်းလည်းရောက်ရောကလေးနှစ်ယောက်ကသူတို့ပေါင်လောက်မရောက်တရောက်ရေအနက်တွင်ဘောင်းဘီလေးတွေချွ တ်သည်။
'အင် ဘာလုပ်ကြတာတုန်းဟ'
ခြုံကွယ်ကနေချောင်းကြည့်နေရင်းမှ အဖြေကိုဘွင်းဘွင်းကြီးမြင်လေတော့သည်။ဖင်လေးတွေကုန်းပြီးအီးပါနေခြင်းဖြစ်သည်။
သူတို့ဖင်ကအီး၂တုံးစီထွက်သွားတော့မှချက်ချင်းကိုယ်ကိုလှည့်ပြီးသူတို့ပါချလိုက်သောအီးတုံးကိုမမှိတ်မသုန်ကသိုဏ်းရှုနေကြသည် ။
၂မိနစ်လောက်ကြာသောအခါ အီးတုံးပတ်လည်တွင်ရေပလုံစီထနေသည်။
ထိုအချိန်တွင် ကမြင်းမသားလေးနှစ်ကောင်ကဆတ်ကနဲနဲ့အီးတုံးကိုလှမ်းကိုင်လိုက်သည်။သူတို့လက်ထဲတွင်ပါလာသည်မှာအီးတုံးမဟုတ်။
ပုဇွန်ထုပ်များ ယက်ကန်ယက်ကန်နဲ့ နှုတ်
ခမ်းမွှေးကျွတ်မတတ်ရုန်းနေကြသည်။သူတို့ပါလိုက်သောအီးတုံးများကိုပုဇွန်များကလာစားကြခြင်းဖြစ်ပေသည် အာ့အချိန် နှုတ်ခမ်းမွှေးကကောက်ဆွဲဖမ်း ခံလိုက်ရခြင်းဖြစ်သည်။မနက်ကအားရ
ပါးရစားခဲ့သည်များကိုပြန်မြင်ယောင်ကာ လည်ချောင်းထဲမှာပျို့တက်လာသည်ပုဇွန်ခေါင်းထဲတွင်ချေးတွေပဲရှိသည်ဆိုသည်မှာအလကားဟုတ်ဟန်မတူပေ။
ကိုယ်လည်းအန်လို့အပြီးသူတို့လည်းလက်နှစ်ဖက်အပြည့်ပုဇွန်ရနေပြီးကမ်းပေါ်ပြန်တက်လာကြသောအခါကျွန်တော့ကိုမြင်သွားသည်။
"ဟာ လေးလေး ဘာလုပ်နေတာလဲ" အိုးတိုးအန်တန်းနဲ့အကြီးကောင်ကမေး
သည်"မင်းတို့ပုဇွန်ဖမ်းတာလိုက်ကြည့်တာ""ဟီးဟီး လေးလေး ညစာပုဇွန်စားဦးမလား"
နှုတ်သွက်သောအငယ်ကောင်ကပြန်မေးသည်။"တော်ပြီ ဟေ့ကောင် မစားဘူး""ဟုတ်တယ် မစားနဲ့ လေးလေး ကျွန်တော်တို့တရွာလုံးမစားဘူး ဧည့်သည်တွေပဲကျွေးတာ"
"သေစမ်းဟဲ့ နန္ဒိယ"ဆိုပြီးကိုယ့်နဖူးကိုယ်ပဲပြန်ရိုက်လိုက်မိလေတော့သည်။ 😂😅