WeChat Services By Myanmar

WeChat Services By Myanmar စုံလင်တဲ့သတင်းတွေကို တစ်နေရာတည်းမှာကြည့်ရှုနိုင်ပါပြီ

စိတ်မကောင်းစရာပဲ😥ဒီနေ့ မန္တလေးတောင်ပေါ်မှာဘုရားဖူးကားတစ်စီး ချောက်ထဲပြုတ်ကျပြီးလူ၁၇ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။အသက်သ...
08/01/2025

စိတ်မကောင်းစရာပဲ😥
ဒီနေ့ မန္တလေးတောင်ပေါ်မှာ
ဘုရားဖူးကားတစ်စီး ချောက်ထဲပြုတ်ကျပြီး
လူ၁၇ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အသက်သေဆုံးသူ မရှိပေမယ့်
ဒဏ်ရာရထားသူတွေထဲက
၃ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့
ဆိုပါတယ်။

တရုတ်နိုင်ငံရှိ ကလေးငယ်များကြား HMPV ဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှု မြင့်တက်နေ # # # # # # # # # # # # # # # # # # #...
04/01/2025

တရုတ်နိုင်ငံရှိ ကလေးငယ်များကြား HMPV ဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့နှံ့မှု မြင့်တက်နေ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #ဇန်နဝါရီ ၅ ရက်

တရုတ်နိုင်ငံရှိ ကလေးငယ်များကြား HMPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွား မှု မြင့်တက်နေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ ဖျားနာမှုလိုမျိုး အသက်ရှူလမ်းကြောင်း ကူးစက်မှုတွေအပြင် အဆုတ်ကူး စက်ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ တရုတ် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ လက်ရှိ တရုတ်နိုင်ငံက ဆေးရုံတက်သူတွေကြား အဖြစ်များဆုံး ဗိုင်းရပ်စ် ကူးစက်ရောဂါ (၄) မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။

“HMPV ဗိုင်းရပ်စ်ကို စတင်တွေ့ချိန်ကတည်းက သိသာထင်ရှားတဲ့ ပြဿနာတစ်ခုအဖြစ် သတ် မှတ်ခဲ့ပါတယ်” လို့ ဗြိတိန်၊ Warwick တက္ကသိုလ်မှ ရောဂါပိုးမွှားဗေဒ ပါမောက္ခ အန်ဒရူးအက်စတန်က ပြောပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ ဖျားနာမှုနဲ့ အဆုတ်ကူးစက်ရောဂါတွေ ဖြစ်စေတဲ့ ရာသီဗိုင်းရပ်စ်တစ်မျိုး ဖြစ်တဲ့ RSV ဗိုင်းရပ်စ်နဲ့ တူညီပြီး အမေရိကန်နိုင်ငံမှာ အဆိုပါဗိုင်းရပ်စ်ကြောင့် တစ်နှစ်လျင် ကလေး ငယ် ၂၀၀၀၀ ခန့် ဆေးရုံတင်ရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာန (CDC) မှ ကူးစက်ရောဂါကာကွယ်ရေးပညာရှင် အီလင်းရှနိုက်ဒါက ပြောပါတယ်။

HMPV ဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးခြင်၊ ဖျားနာခြင်း၊ နှာပိတ်ခြင်းနဲ့ အ သက်ရှုကျပ်ခြင်းတို့ ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်များကြား HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့် တက်နေတယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အကြီးအကဲ ကင်ဘိုက ဒီဇင်ဘာလ ၂၇ ရက်မှာ ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ယခုနှစ် ဆောင်းရာသီအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပျံ့ နှံ့မှုဟာ မကြာသေးမီနှစ်တွေကထက် လျှော့နည်းခဲ့တယ်လို့ China Daily သတင်းစာက ဖော်ပြပါတယ်။

ကိုးကား - Live Science
Ref; Viral disease HMPV is on the rise among kids in China — what is it?

Credit//Ayeyarwaddy Times

လပေါ်မှာ မြေမြှပ်သင်္ဂြုလ်ထားတဲ့ တစ်ဦးတည်းသော လူသား =================================လူသားတွေကို ကမ္ဘာမြေကြီးပေါ်မှာပဲ မ...
04/01/2025

လပေါ်မှာ မြေမြှပ်သင်္ဂြုလ်ထားတဲ့ တစ်ဦးတည်းသော လူသား
=================================

လူသားတွေကို ကမ္ဘာမြေကြီးပေါ်မှာပဲ မြေမြှပ်သင်္ဂြုလ်ကြတာ ထုံးစံ ဖြစ်ပါတယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ကိုတော့ လပေါ်မှာ မြေမြှပ်သင်္ဂြိုလ်ထားပါတယ်။

အဲဒီလူသားက Dr. Eugene Shoemaker ဖြစ်ပြီး စကြဝဠာမှ ဂြိုလ်တွေကို လေ့လာတဲ့ နာမည်ကြီး သိပ္ပံပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အိပ်မက် အတိုင်းပဲ လပေါ်မှာ မြေမြှပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် သူ သေဆုံးပြီးနောက်မှာ သူ့ရဲ့ အရိုးပြာ တချို့ကို ၁၉၉၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ Lunar Prospector အာကာသယာဉ်နဲ့ လပေါ်ကို ပို့ဆောင်ခဲ့ပါတယ်။ သူဟာ လပေါ်မှာ မြေမြှပ်သင်္ဂြုလ်ထားတဲ့ ကမ္ဘာ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော လူသား ဖြစ်ပါတယ်။

သူဟာ အမေရိကန် လူမျိုး သိပ္ပံပညာရှင် ဖြစ်ပြီး ၁၉၂၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ သိပ္ပံပညာရှင် သမိုင်းမှာ Comet Shoemaker-Levy 9 ကြယ်တံခွန်ကို သူ့ဇနီး ၊ David H. Levy တို့နဲ့အတူ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Ref : Tech Explorers
Credit//Digital Times

မိတ္ထီလာတွင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီဇ...
29/12/2024

မိတ္ထီလာတွင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်

မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီဇင်ဘာ၂၉ရက်က အမျိုးသမီးနှစ်ယောက်အသတ်ခံရတဲ့ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ အမျိုးသမီးနှစ်ယောက် ပြတ်ရှထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဖုန်းဆက်အကူအညီတောင်းခံတာကြောင့် သွားရောက်ကူညီဆောင်ရွက်ပြီး ရုပ်အလောင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံလို့ယူဆရတဲ့ အမျိုးသားသုံးယောက်ကို သက်ဆိုင်ရာက ဖမ်းမိထားတယ်လို့လည်း ကနဦးအနေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါတယ်။

ဓာတ်ပုံ-ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း
Credit:One News Myanmar

ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်တွေထဲက ထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၄ခုနှစ်အတွက်"The Falling Walls ...
16/09/2024

ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်တွေထဲက ထူးချွန်သူများကိုအသိအမှတ်ပြု ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၄ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို ရခိုင်လူမျိုးသိပ္ပံပညာရှင် ဒေါက်တာစောဝေလှအား ချီးမြှင့်
××××××××××××××××××××××××××××××××××××××××××××××××××××××××
စက်တင်ဘာ ၁၆/၂၀၂၄

ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်များထဲက ထူးချွန်သူတွေကို အသိအမှတ်ပြု ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၄ခုနှစ်အတွက်"The Falling Walls Sciences Award" ဆုကို သိပ္ပံပညာရှင် ပရော်ဖက်ဆာဒေါက်တာစောဝေလှအား ချီးမြှင့်လိုက်တယ်လို့ အိုဟိုင်းအိုးတက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အိုဟိုင်းအိုးတက္ကသိုလ် မှ သိပ္ပံပညာရှင်ဒေါက်တာစောဝေလှဟာ ရူပဗေဒ ဘာသာရပ်မှာ ထူးခြားဆန်းသစ်စွာ လုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက် "2024 Falling Walls - Physical Sciences" ဆုရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ စက်တင်ဘာ(၁၂)ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် Falling Walls Science" ဆု အတွက် "Life Sciences" ၊ "Physical Sciences" ၊ "Engineering & Technology" ၊ "Social Sciences & Humanities" ၊"Art & Science"နှင့် "Women's Impact Award" စတဲ့ ဆုအမျိုးအစားပေါင်း(၆)ဆု ချီးမြှင့်ရာမှာ ဒေါက်တာ စောဝေလှဟာ " ရူပဗေဒသိပ္ပံ"( Physical Sciences)အမျိုးအစားအတွက် ချီးမြှင့်ခံရတာဖြစ်ပါတယ်။

ဆုတွေကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ဂုဏ်ပြုချီးမြှင့်သွားမှာ ဖြစ်တယ်လို့ Falling Walls ဖောင်ဒေးရှင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒေါက်တာစောဝေလှဟာ အိုဟိုင်းယိုးတက္ကသိုလ်က ရူပဗေဒပါမောက္ခတစ်ဦးဖြစ်ပြီး၊ Argonne အမျိုးသားဓါတ်ခွဲခန်းက ရူပဗေဒပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ အိုဟိုင်းယိုး တက္ကသိုလ်ရဲ့ အကြီးမားဆုံးသော သင်ကြားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Nanoscale နဲ့ Quantum Phenomena Institute ရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပရော်ဖက်ဆာဒေါက်တာစောဝေလှဟာ ရခိုင်လူမျိုးသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင် (၁၀၀)ဦးထဲမှာ ပါဝင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ရခိုင်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာစောဝေလှဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံး အက်တမ်တစ်လုံးချင်းစီရဲ့ X Ray ပုံရိပ်ကို ရယူနိုင်တဲ့ နည်းပညာအသစ်ကို ၂၀၂၃ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သူဟာ X-ray ကိုအသုံးပြုပြီး အက်တမ်တစ်လုံးရဲ့ ပုံတစ်ပုံကို ကမ္ဘာပေါ်မှာ ပထမဆုံး ဖမ်းယူနိုင်ခဲ့ပြီး၊ အံ့အားသင့်ဖွယ်ရှာဖွေတွေ့ရှိမှုကို ပထမဆုံးပြုလုပ်ပြသနိုင်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ဒေါက်တာစောဝေလှ "တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ထိပ်တန်းသိပ္ပံပညာရှင်တွေကြားမှာ အခုလို ဂုဏ်ပြုခံရတာဟာ အံ့သြစိတ်လှုပ်ရှား စရာပါပဲ၊ အခုလိုအသိအမှတ်ပြုမှုဟာ အိုဟိုင်းယိုးတက္ကသိုလ် နဲ့ Argonne အမျိုးသားဓာတ်ခွဲခန်းမှာရှိကြတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုနဲ့ သိပ္ပံအသိုက်အဝန်းမှ ကျွန်တော် တို့ရရှိထားတဲ့ ပံ့ပိုးကူညီမှုများကို ထင်ဟပ် စေပါတယ်။ အခုလိုအသိအမှတ်ပြုမှုအတွက် ကျေးဇူးလည်းတင်ပါတယ်” လို့ ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းအိုတက္ကသိုလ်မှ ဒေါက်တာစောဝေလှဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့က တွေ့ရှိခဲ့မှုဖြစ်တဲ့ အက်တမ်တစ်လုံးချင်းစီကို ထောက်လှမ်းနိုင်မှုဟာ ဆေးသုတေသန၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရပ်နဲ့ လုံခြုံရေးဆိုင်ရာနယ်ပယ်တွေ အတွက် များစွာအကျိုး သက်ရောက်မှုတွေ ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဥပမာအနေနဲ့ ဒီနည်းပညာဟာ အဏုမြူအဆင့်ရှိ ရောဂါတွေအကြောင်း သိရှိနားလည်မှုကို မြှင့်တင်ပေးနိုင်ရုံမျှမက လုံခြုံရေးအစီအမံတွေကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ကိုပိုင်းခြားခဲ့တဲ့ သင်္ကေတဖြစ်တဲ့ ဘာလင်တံတိုင်းကို ဂုဏ်ပြုပြီး "တံတိုင်းများပြိုလဲခြင်း" "Falling Walls" ဖောင်ဒေးရှင်းကို ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

သိပ္ပံပညာဆိုင်ရာ တိုးတက်မှုတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုဝင်ဘာလ (၉)ရက်နေ့မှာ ဆုတွေကို စတင်ချီးမြှင့်ခဲ့ပါတယ်။

ယခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်း (၃၀၀)ကျော်မှ အမည်စာရင်းတင်သွင်းခံရသူ သိပ္ပံပညာရှင်ပေါင်း (၁၁၀၀) ကျော်ကို "Falling Walls" ဆုတွေ အတွက် ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

( Physical Sciences)"ရူပဗေဒသိပ္ပံ"ကဏ္ဍဆုအမျိုးအစားမှာ နောက်ဆုံးဆန်ခါတင် (၁၀)ဦးထဲမှ ဒေါက်တာ စောဝေလှ ကို ဂျူရီလူကြီးများကရွေးချယ် ခဲ့ခြင်းဖြစ်ပါတယ်။

Source/Ohio University/ Falling Walls Organization
Credit - Narinjara

15/09/2024

သူများနိုင်ငံမှာ
မြေအောက်ပိုက်လိုင်းကို
လူအင်အားသုံးစရာမလို အချိန်အများကြီးပေးစရာမလိုအောင်
ဘယ်လိုသွယ်နေကြလဲ❓❓
#အတုယူဟင့်တယ်နော်👍✅
゚viralシ

ရမည်းသင်းတွင် ရေစီးနှင့်အတူ မျောပါလာသည့် ရုပ်အလော-င်း(၇)လော-င်း ထပ်မံတွေ့ရှိ××××××××××××××××××××××××××××××××××××××××××××...
12/09/2024

ရမည်းသင်းတွင် ရေစီးနှင့်အတူ မျောပါလာသည့် ရုပ်အလော-င်း(၇)လော-င်း ထပ်မံတွေ့ရှိ
×××××××××××××××××××××××××××××××××××××××××××××××××××××

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလေ-ာင်း(၇) လေ-ာင်း ထပ်မံတွေ့ရှိခဲ့ပြီး ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ စုစုပေါင်း (၁၇) ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် (၉) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးတွင် ရေစီးနှင့်အတူ မျောပါလာသော ရုပ်အလော-င်း(၇) လော-င်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ဖော်ပြထားသည်။

အဆိုပါ ရုပ်အလေ-ာင်းများကို ရမည်းသင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင်လည်း ဆည်ကြီးကျေးရွာအုပ်စုအတွင်း ဆည်ကြီး ကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာအုပ်စုအတွင်း ကံသာအေးကျေးရွာမှ ကျား (၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စုအတွင်း ချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစု ပေါင်း (၁၀)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခြင်းလု ပ်ငန်းများဆောင်ရွက်ပေးထားကြောင်း သိရသည်။

Credit - Popular Journal

😂😂
12/09/2024

😂😂

မိုးများသဖြင့် ရှေးဟောင်းပုဂံဘုရား ၂ ဆူ ပြိုကျ # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #...
12/09/2024

မိုးများသဖြင့် ရှေးဟောင်းပုဂံဘုရား ၂ ဆူ ပြိုကျ
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းဘုရားနှစ်ဆူ ပြိုကျသွားကြောင်း ဒေသခံထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၁၂ ရက်)တွင် ပုဂံမြို့သစ်၊ ကျန်စစ်နယ်မြေ၊ ရွှေလောင်းရပ်ကွက်ရှိ ဘုရားအမှတ်(၁၀၄၂) ၊ ဆင်ကဘုရားနှင့် ငှက်ပစ်တောင်ပေါ်ရှိ ဘုရားအမှတ်(၁၆၇) စေတီကြီးဘုရားတို့ သည် မိုးအဆက်မပြတ်ရွာသွန်းကာ မိုးရေစိမ့်ဝင်မှုကြောင့် ဘုရားပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ကဘုရားသည် ဘုရားအဆောက်အအုံတခုလုံး ပြိုကျခဲ့ခြင်းဖြစ်ပြီး စေတီကြီးဘုရားသည် ဖောင်းတန်းပစ္စယံနေရာမှ ပြိုကျခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ကဘုရားကို ဆင်က အုတ်ရှည်တိုက်ဟုလည်းခေါ်ဆိုကြရာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့တွင်လည်း ဘုရား၏အနောက် တောင်ထောင့်စောင်းတန်း ပြိုကျမှုဖြစ်ပွားခဲ့သေးသည်။

ပြိုကျထားသည့် အုတ်စီအုတ်နင်းများတွင် ရေဝင်-ရေဝ ထားတဲ့ လက္ခဏာတွေ့ရပြီး ဘုရားပြိုကျရသည့် အကြောင်းအရင်းများမှာ လေထုထဲတွင် ရေခိုးရေငွေ့ပါဝင်မှုနှုန်းများခြင်း၊ လုံလောက်သည့် နေရောင်ခြည်နှင့် အပူဓာတ်မရခြင်းတို့ကြောင့်ဖြစ်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ကိုဇေမျိုးလင်းက ၎င်း၏လူမှုကွန်ရက်တွင် ထောက်ပြထားသည်။

“အုတ်သားထုက အသက်ဝဝ ရှူလို့မရတဲ့ လက္ခဏာတွေ့ရတယ်။ ကိုယ်ထည်ထဲဝင်နေတဲ့ ရေခိုးရေငွေ့ကို နေပူတဲ့အချိန်၊ ရာသီဥတုပူတဲ့ အချိန်မှာ အငွေ့ပျံသွားအောင် မထုတ်နိုင်တော့တာ၊ မြေသားအင်္ဂတေရဲ့ တွယ်ကပ်၊ တွယ်ကုပ်နိုင်မှု စွမ်းအားမရှိတော့ဘူး။ သာမန် ရွှံ့စေးမြေသာသာဖြစ်လာတာ၊ မိုးရွာတဲ့အခါ မိုးကျတဲ့ဒဏ်ကို ၂၄ နာရီလောက် ခံရတဲ့အခါ ဘုရားကိုယ်ထည်၊ အုတ်သားထုကိုယ်ထည်ဟာ မိုးရေဒဏ်ကို ထိန်းမထားနိုင်တော့တာတွေကြောင့် ပြိုကျတယ်” ဟု ကိုဇေမျိုးလင်းက မှတ်ချက်ပြုသည်။

ပုဂံတွင် မိုးအဆက်မပြတ်ရွာသွန်းနေသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်ပြီး ယနေ့ထိ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သဖြင့် အခြားရှေးဟောင်းဘုရားများအတွက်လည်း စိတ်ပူနေရကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“မိုးကောင်းနေတာ သုံးရက်လောက်ရှိပြီ။ အဲ့အရင်ရက်တွေက နဲနဲရွာလိုက် ရပ်လိုက်နဲ့။ ခုတော့ သုံးရက်ဆက်တိုက်၊ ခုထိမိုးကောင်းတုန်း။ အရင်တုန်းက ခဏခဏပြိုတယ်” ဟု ဒေသခံတဦးက ပြောသည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်တွင် ရှေးဟောင်းဘုရား စေတီပုထိုးပေါင်း ၃,၀၀၀ ကျော်ရှိပြီး ယခုကဲ့သို့ မိုးများသည့် ကာလဖြစ်ပါက နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်းပုဂံဘုရားများအတွက် စိုးရိမ်စရာ ဖြစ်နေသည်။

Credit - Mizzima

ရွှေခေါင်းလောင်း ဆရာတော် စိုင်းအေးအား စရဖဖမ်းဆီးစစ်ဆေးနေ================================================== ၂၀၂၄ ခုနှစ် စ...
03/09/2024

ရွှေခေါင်းလောင်း ဆရာတော် စိုင်းအေးအား စရဖဖမ်းဆီးစစ်ဆေးနေ
==================================================
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တံတား(၁)တံတားတွင် ရွှေခေါင်းလောင်း ဆရာတော် အမည်ခံ စိုင်းအေးကို စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ခရစ်ယာန်ဘာသာရေးအစွန်းရောက်သူဟု နာမည်ကြီးနေသည့် ရွှေခေါင်းလောင်းဆရာနော် စိုင်းအေးကို ယမန်နေ့ (စက်တင်ဘာလ ၂ရက်) နေ့တွင် ထိုင်း-မြန်မာနယ်စပ် တာချီလိတ် တံတား (၁)တွင် စရဖ က ဖမ်းဆီးစစ်ဆေးမေးမြန်းပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့နယ်ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘’ မနေ့က တံတား(၁)အဝိုင်းဘက်မှာ ကားပေါ်ကနေ ဖမ်းခေါ်လိုက်တယ်။ စစ်ဆေးမေးမြန်းစရာတွေ ရှိတယ်ဆိုပြီး ခေါ်သွားတယ်။ သူက Tiktok နဲ့ လူမှုကွန်းရက်ပေါ်မှာ လူသိများတယ်။ သူပြောလိုက်တဲ့ ဘာသာရေးတွေက အခြားဘာသာရေးတွေနဲ့ ယှဉ်ပြောတာတွေ၊ ရမ်းကားပြောတာတွေကြောင့် ဖမ်းတာ’’ဟု ၎င်းကပြောသည်။

စိုင်းအေးဆိုသူသည် ကချင်ပြည်နယ်၊ ဝဒေသ၊သျှမ်းပြည်နယ်စပ်၊ တရုတ်ဘက်နယ်စပ် တစ်လျှောက်တွင် ဘာသာ သာသနာ ဟောပြောခြင်းတွေ ပြုလုပ်နေသူဖြစ်သည်။

လက်ရှိ ရွှေခေါင်းလောင်းဆရာတော်ကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။

ထို့အပြင် ၂၀၂၃ ခုနှစ်တွင်လည်း စစ်ကောင်စီစစ်ဌာနက လူကုန်ကူးမှု သံသယရှိသူအနေနှင့် စစ်ဆေးပြုလုပ်ခြင်းရှိခဲ့ပြီး ယခုနှစ်သည်လည်း ထပ်မံ စစ်ဆေးမှုပြုလုပ်နေသည်ဟု သိရသည်။

Credit - Shan News

Address

Thanthumar Road
Yangon

Alerts

Be the first to know and let us send you an email when WeChat Services By Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category