မျူးဇ် : Muze Craft

မျူးဇ် : Muze Craft Three reasons to buy handmade
💌 Handmade is made with ️️Love.
💌 Handmade is made by ️an Artist.
💌 Handmade is made just for You️.

29/08/2026

Giveaway ​လေး ​ပေးချင်လို့ You တို့​ရေ 🎁🌈 ...
LGBTQ Quote ​လေး​တွေနဲ့ လုပ်ထားတဲ့ (Bookmark + Pen) Set ​လေး​ပေါ့ရှင်...

ကံစမ်းမယ်ဆိုရင် တစ်ခုခု မန့်ခဲ့လိုက်တော့ 💬💨
တစ်ယောက်ပဲ လာမန့်ရင် အဲ့တစ်​ယောက်ကို ​ပျော်​ပျော်ကြီး​ လက်​ဆောင်ပေးလိုက်မှာ 😁

Deli ဖိုးက​တော့ ကံထူးရှင်ကိုယ်တိုင်ပဲ ​ပေးရမှာပါ။
Deli ​ရောက်တဲ့​နေရာကသူ​လေး​တွေပဲ လာမန့်​ပေး​နော်

⏳️
ပါဝင်ကံစမ်းရမယ့်အချိန်က
သြဂုတ် (၃၁) ရက် ည (၁၂) နာရီအထိ ။

ပါဝင်တဲ့သူ များ​နေရင် (မများ​လောက်​ပေမယ့်​ပေါ့​လေ 🤭) ကံထူးရှင်​လေးကို စက်တင်ဘာ (၁) ရက်​နေ့ည မဲ​ဖောက်​ပေးမယ်ရှင့်

GOOD LUCK 🌈🍀



စိတ်ကူး​​​လေးဆန်းတဲ့​နေရာမှာ တခါတ​လေ Customer ​လေး​တွေက မင်မင်တို့ထက်ပိုတယ်ရှင့် 💘မြန်မာ့ရိုးရာ​ အ​ငွေ့အသက်လေး​တွေနဲ့ လက...
22/08/2026

စိတ်ကူး​​​လေးဆန်းတဲ့​နေရာမှာ တခါတ​လေ Customer ​လေး​တွေက မင်မင်တို့ထက်ပိုတယ်ရှင့် 💘

မြန်မာ့ရိုးရာ​ အ​ငွေ့အသက်လေး​တွေနဲ့ လက်​ဆောင်​ပေးချင်တဲ့ ကာကာရဲ့ စိတ်ကူးထဲကရုပ်ပုံလေးအတိုင်း ရ​ရှိသည်အထိ မင်တို့က ဂရုတစိုက် ပုံ​ဖော်​ပေးခဲ့ပါတယ်။

ပြီး​တော့ ကြံကြံဖန်ဖန်​လေးပါပဲ..
နောက်ခံအကြည်​​ရောင်ကိုလည်း အနုတစ်ရစ်၊ အရင့်တစ်ရစ်နဲ့ ကာကာ​လေးရဲ့ဆန္ဒအတိုင်း ဖန်တီး​ပေးခဲ့ပါတယ်။

Backing card ထဲ မြင်​တွေ့ရမှာက​တော့ ပုဂံ​စေတီပုထိုး​တွေရယ်၊ အင်း​လေးကန်မြင်ကွင်း​လေးရယ်ပေါ့ရှင် 🌳

​သော့ချိတ်လေး​တွေကို
"အရမ်းကြိုက်တယ်"ဆိုလို့လည်း ကြည်နူးရပါတယ် 🤭

(​ရှေ့ကဝယ်ဖူးသူ​အများစုကလည်း ဒီလို​လေးပဲ လာလာ​ပြောပြတတ်ကြတယ်။ ချစ်စရာကာကာ​တွေပါ💗)

Custom Keychain အလှလေး​တွေ လိုအပ်ရင် Muze Craft ကို သတိရ​ပေးကြပါ​နော် 💌✨️


#ပြန်ကမ်း


21/08/2026

Coffee Bean နာရီ​လေး​တွေအ​ကြောင်း နည်းနည်း​လောက် ​ပြောပြမယ်ရှင့် 🤎🕰✨️

✍️
💎
☕️

ကော်ဖီ​စေ့အစစ်​နဲ့ အထူးဖန်တီးထားတဲ့ စားပွဲတင် + နံရံကပ် ဟန်းမိတ်နာရီ​လေး​တွေ မှာယူလို့ရ​​နေပြီ​လေ..ကော်ဖီချစ်သူ​လေးတို့​...
20/08/2026

ကော်ဖီ​စေ့အစစ်​နဲ့ အထူးဖန်တီးထားတဲ့ စားပွဲတင် + နံရံကပ် ဟန်းမိတ်နာရီ​လေး​တွေ မှာယူလို့ရ​​နေပြီ​လေ..
ကော်ဖီချစ်သူ​လေးတို့​ရေ ~ ☕️✨️

​​အိမ်/ရုံးခန်းမှာ အလှထားမလား?
ချစ်ခင်ရသူ​ဆီ အမှတ်တရလက်​ဆောင်​ပေးမလား?
နွေး​ထွေးတဲ့ခံစားချက်​ကို ရရှိ​စေမယ့် ​Muze Craft ရဲ့ ကော်ဖီ​စေ့နာရီ​လေး​တွေကို ​ရွေးချယ်ကြည့်ပါလား။🤎

🎨 Resin Art
​☕️ Real Coffee Beans
🖼 2-in-1 Versatile Decor
🕰 Silent Movement
⚙️ Easy Replacement
✍️ Custom Text Available

Custom Handmade Items များ ဖြစ်တာမို့
☑️ Pre-order / Full-prepaid system
☑️ No Cancel
☑️ Processing time: 4 weeks

လက်မှုပစ္စည်းပီပီ လက်ရာတစ်ခုချင်းတိုင်းက Unique ဖြစ်​တဲ့ အလှ​လေး​တွေ ကိုယ်စီရှိနေမှာပဲဖြစ်ပါတယ်ရှင့်။

📸 ပုံ​လေး​တွေက မင်မင်တို့ကိုယ်တိုင် ရိုက်ထားတဲ့ အပြင်ပုံလေး​တွေပါ​နော်။

​စျေးနှုန်း​​ကို Comments မှာ ​ဖော်ပြ​​ပေးထားပါတယ်​။

"Bring Coffee Vibes to Your Space ☕️✨️"






ပို့စ်မတင်တာကြာပြီဆို​တော့ အရင်​လေးငါးလ​လောက်က ပုံ​လေး​တွေ တင်ဦးမှပါပဲ 🤭... ဒါ​လေးက မှတ်မှတ်ရရ ထူးခြားတဲ့ order ​လေး​ပဲ...
19/08/2026

ပို့စ်မတင်တာကြာပြီဆို​တော့ အရင်​လေးငါးလ​လောက်က ပုံ​လေး​တွေ တင်ဦးမှပါပဲ 🤭...

ဒါ​လေးက မှတ်မှတ်ရရ ထူးခြားတဲ့ order ​လေး​ပဲရှင့်...

Ready-made mould မရှိတဲ့ပုံစံ​လေးကိုမှ လာအပ်တာ​မို့​Mould ကိုပါ ကိုယ်တိုင်​ဖောက်ပြီး လုပ်​ပေးခဲ့တာ​ပေါ့။

နားရွက်​၂ဖက်​နေရာမှာ ပိ​တောက်ပန်း​လေး၂ပွင့်နဲ့ရယ်။
ချစ်စရာ​ကောင်းတဲ့ ​မြေ​ခွေးက​လေး​ပေါ့ရှင်...

Cus ​လေးလည်းကြိုက် ကိုယ်လည်းကြိုက်ပဲ 🥰

ဒီလိုထူးခြားတဲ့သော့ချိတ်​လေး​တွေ မျူးဇ်တို့ဆီ လာအပ်လို့ရတယ်​နော်။

Custom Silicone Mould ဖိုးက​တော့ သီးသန့်ယူပါတယ်​ရှင် 💌✨️

ရွှေမန္တ​လေးမြို့က Logo Keychains (100) ​အော်ဒါ​လေးဖြစ်ပါတယ်ရှင် ~ 🌼🌿ဒီကာကာက သူ့ဖောက်သည်​​လေးတွေ ပိုအဆင်​ပြေ​စေဖို့ ​သော...
10/05/2026

ရွှေမန္တ​လေးမြို့က Logo Keychains (100) ​အော်ဒါ​လေးဖြစ်ပါတယ်ရှင် ~ 🌼🌿

ဒီကာကာက သူ့ဖောက်သည်​​လေးတွေ ပိုအဆင်​ပြေ​စေဖို့ ​သော့ချိတ်ကွင်းကို ကွင်းအထူပို​ကောင်းတာ​လေး ချိတ်​ပေး​​စေခဲ့ပါသတဲ့! 😍

စာသား​လေး​တွေနဲ့ ပိ​တောက်ပန်း​လေးကို ​နေရာချထားမှုမှာလည်း ကာကာစိတ်တိုင်းကျ မင်တို့က ပြုလုပ်​ပေးခဲ့ပါတယ် ✨️

Logo မှာပါတဲ့ စာသား​လေးတချို့က ​​သေး​မှိန်လွန်းနေ​တော့ ဆင်တူတဲ့ Font ကို ကိုယ့်ဘာသာရှာထည့်ပြီး Edit ​ပေးလိုက်ရတာရယ်၊ Sticker ၂မျိုး တွဲသုံး​ပေးလိုက်ရတာ​လေးရယ်က အမှတ်တရဂယက်​လေးတချို့ပါ​ပေါ့🤭 ...

နောက်ပိုင်းမှာ Logo Keychain လာအပ်သူ​လေး​တွေကို ​မှာချင်တာ​လေးက​...
Jpeg ထက်စာရင် မူလဒီဇိုင်နာဆီက ရရှိထားတဲ့ Ai (adobe illustrator), PNG, EPS file ​လေး​တွေ ​ပေးနိုင်ရင်​​တော့ အ​ကောင်းဆုံးပါပဲလို့ !

မင်တို့ကလည်း ပိုအရည်အ​သွေး​ကောင်းတဲ့ရုပ်ထွက်နဲ့ ဖန်တီး​ပေးချင်တဲ့သူ​တွေမို့ပါရှင် 💌

ဟန်းမိတ်လို့ဆိုလည်းပဲ Graphic Design ပညာပိုင်းမှာ အ​ခြေခံ Knowledge ​လေး​လောက်မှမရှိရင် ​​ရပ်တည်ဖို့မလွယ်ပါဘူး...

ဒီ​တော့ Resin ဟန်းမိတ်​လောကကို စဝင်​တော့မယ့် Beginner ​လေး​တွေကို အကြံ​ပေးချင်တာ​လေးတစ်ခုက
"လေ့ကျင့်မှုများစွာနဲ့အတူ Graphic Design ပညာရပ်ကိုလည်း တွဲဖက်​လေ့လာကြပါ" ဆိုတာ​လေးပါပဲ ...

အနည်းဆုံး​တော့ ဟိုပြင်ဒီပြင်​လေး လွယ်ကူသွားတာ​ပေါ့ ..☑️☑️

#ပြန်ကမ်း
#မင်္ဂလာပြန်ကမ်း







🌿🌿 မြန်မာ့ပိ​တောက်ပန်းအစစ်ဖြင့် ဂုဏ်ယူစွာပြုလုပ်​သော Muze Craft ၏ လက်မှုပစ္စည်း​လေးများဖြစ်ပါသည်။

ABC ​ပိ​တောက်ပန်းသော့ချိတ်လေးကို တစ်ဦးချင်းနာမည်​နဲ့ ပြုလုပ်​ပေးထားတဲ့ order လေးဖြစ်ပါတယ်  🌿​အဝါ+အစိမ်း ပုလဲရောင်​ပြေးလ...
07/05/2026

ABC ​ပိ​တောက်ပန်းသော့ချိတ်လေးကို တစ်ဦးချင်းနာမည်​နဲ့ ပြုလုပ်​ပေးထားတဲ့ order လေးဖြစ်ပါတယ် 🌿

​အဝါ+အစိမ်း ပုလဲရောင်​ပြေးလေးက Elegant ဖြစ်ပြီး​တော့ ပိ​တောက်ပန်းနဲ့ လိုက်ဖက်​​နေလွန်းတာမို့ အပြင်မှာဆို သိပ်ကိုလှရက်​သော​လေး​တွေ​ပေါ့ 🥰✨️

မင်မင့်စိတ်ကြိုက် လွတ်လပ်စွာဖန်တီးခွင့်​ပေးတဲ့ Customer မမကိုလည်း ​ကျေးဇူးပါ​​နော် 💌✨️






#ပြန်ကမ်း
#မင်္ဂလာပြန်ကမ်း


💗🌿 မြန်မာ့ပိ​တောက်ပန်းဖြင့် ဂုဏ်ယူစွာပြုလုပ်​သော Muze Craft ၏ လက်မှုပစ္စည်း​လေးများဖြစ်ပါသည်။

စျေးဆိုင်မှာ တင်​ရောင်းမယ့်သူ​လေးအတွက် ဖန်တီး​ပေးခဲ့တာ​လေး​တွေပါ 🥰 ✨️ကျပ်​နေတဲ့ ​Schedule တွေကြားထဲမှာ ဒါ​လေးတစ်သုတ်အတွက...
02/05/2026

စျေးဆိုင်မှာ တင်​ရောင်းမယ့်သူ​လေးအတွက် ဖန်တီး​ပေးခဲ့တာ​လေး​တွေပါ 🥰 ✨️

ကျပ်​နေတဲ့ ​Schedule တွေကြားထဲမှာ ဒါ​လေးတစ်သုတ်အတွက်က အချိန်​​​အ​တော်ယူပြီး​တော့မှ Packaging ကအစ ​သေချာ​လေး လုပ်ဖြစ်ခဲ့ ✨️

အချိန်​စောင့်​ပေးတဲ့ကာကာ​လေးလည်း ​စျေး​ရောင်း​ကောင်းပါ​စေလို့ ဆု​တောင်း​ပေးရင်းး 🙏🌿

မိုး​မျှော်နေရတဲ့ ပိ​တောက်ဖူး​လေး​တွေက မနက်ဖြန်​တော့ ​ပျော်​ပျော်ကြီး ပွင့်​ကြလောက်မယ်ထင်ပါရဲ့...🌧ဒီနှစ်ရဲ့ပိ​တောက်​က ​အ...
02/05/2026

မိုး​မျှော်နေရတဲ့ ပိ​တောက်ဖူး​လေး​တွေက မနက်ဖြန်​တော့ ​ပျော်​ပျော်ကြီး ပွင့်​ကြလောက်မယ်ထင်ပါရဲ့...🌧

ဒီနှစ်ရဲ့ပိ​တောက်​က ​အားပါးတရ မပွင့်လန်းရသေး​ပေမယ့် တချို့သူ​လေး​တွေက​တော့ Muze တို့ဆီက​နေ ပိ​တောက်ပန်းအစစ် Handmade သော့ချိတ်​အလှလေး​တွေ ရသွားကြပြီ​တဲ့လေ ! ✨️✨️

ဒီ Design ​လေးမှာက ပွင့်လွှာအ​နေအထား ပိုထည်ဝါတဲ့ အပွင့်​လေး​တွေကို ​ပိ​တောက်ပန်းခိုင်​လေးရဲ့အလှ ​ထင်ရှားပေါ်လွင်​နေ​အောင် ရွေးချယ်သုံး​ပေးထားပြီး​...

အဖူး​လေး​တွေနဲ့ ရိုးတံအတွက်​တော့ Jewelry လုပ်ဖို့ အဓိကသုံးကြတဲ့ Premo polymer clay (made in USA) ကို လက်နဲ့ပုံသွင်း/Bake ပြီး​တော့ ​ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။

အရင်က Sample ပြတဲ့ ဓါတ်ပုံပို့စ် မတင်ဖြစ်ခဲ့တာ​တောင် အခုလို မှာယူအား​ပေးသွားတဲ့ Customer ​လေး​တွေကို ​ကျေးဇူးအများကြီးတင်ပါတယ်​နော် 💌💌






🌿🌿🌿
မြန်မာ့ပိ​တောက်ပန်းဖြင့်
Muze Craft မှ
ဂုဏ်ယူစွာ ပြုလုပ်ထား​သော
လက်မှု​ပစ္စည်းလေးများဖြစ်ပါသည်။..

နုဖတ်​နေတဲ့ ပန်း​ရောင်​လေးနဲ့ Logo Keychain ​လက်လီအော်ဒါ​လေးတစ်ဖျတ် 💗မိန်းမသားဆန်ဆန်​လေးနဲ့ချစ်ဖို့ကောင်း​ 😍✨️ #ပြန်ကမ်း...
01/05/2026

နုဖတ်​နေတဲ့ ပန်း​ရောင်​လေးနဲ့ Logo Keychain ​လက်လီအော်ဒါ​လေးတစ်ဖျတ် 💗

မိန်းမသားဆန်ဆန်​လေးနဲ့ချစ်ဖို့ကောင်း​ 😍✨️

#ပြန်ကမ်း
#မင်္ဂလာပြန်ကမ်း





Address

Yangon

Telephone

+959263034867

Website

Alerts

Be the first to know and let us send you an email when မျူးဇ် : Muze Craft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category