Datax - ဒဿ

Datax - ဒဿ ဘဝကို ပြဿနာမရှာပါ

ဘဝကို အဖြေရှာပါ

လက်သီးချင်းယှဉ်ထိုးခဲ့တဲ့ ကောင်ကိုပုခုံးဖက် ပေါင်းဖို့ သိပ်မခက်ပေမဲ့ရင်ဘက်နဲ့ပေါင်းခဲ့တဲ့ကောင်ရဲ့နောက်ကျောက ဓားချက်ဆိုရင...
25/06/2023

လက်သီးချင်းယှဉ်ထိုးခဲ့တဲ့ ကောင်ကို
ပုခုံးဖက် ပေါင်းဖို့ သိပ်မခက်ပေမဲ့
ရင်ဘက်နဲ့ပေါင်းခဲ့တဲ့ကောင်ရဲ့
နောက်ကျောက ဓားချက်ဆိုရင်တော့
တွေးမိတိုင်း အောင့်သက်သက်နဲ့ ။

ယောက်ဖ ရေ......
မင့်ကို ငါခင်ပါတယ် ။
ဒါပေမဲ့
မင့်စိတ်ဓာတ်ကြီးတော့ ရွံတယ်ကွာ
#ဏေဠေး

အိမ်ပြန်လာလို့မှလက်ဗလာနဲ့ ဝင်လာရင် အဲ့တာ ကျနော်တို့အဖေမဟုတ်ဘူးကျနော်တို့အဖေက ညနေစောင်းလို့အိမ်ပြန်လာရင်ကျနော်တို့အတွက်ပါ...
24/06/2023

အိမ်ပြန်လာလို့မှ
လက်ဗလာနဲ့ ဝင်လာရင်
အဲ့တာ ကျနော်တို့အဖေမဟုတ်ဘူး

ကျနော်တို့အဖေက ညနေစောင်းလို့အိမ်ပြန်လာရင်
ကျနော်တို့အတွက်ပါဆိုတဲ့ အရာလေး
တစ်ခု သို့မဟုတ် နှစ်ခု
မှတ်မှတ်ရရနဲ့
အမြဲတမ်း ဝယ်လာပေးတယ်။ ။

#ခွန်းသွေးသစ်

ကိုယ့်ဘာသာပြုတ်ကျပြီးကိုယ့်ဘာသာ ငိုခဲ့ရတဲ့ကလေးလိုပဲချစ်ခြင်းမေတ္တာဟာ ဘာအပြစ်မှမရှိပါဘူးကိုယ့်မရင့်ကျပ်ခြင်းနဲ့ ကိုယ်ပါပဲ...
23/06/2023

ကိုယ့်ဘာသာပြုတ်ကျပြီး
ကိုယ့်ဘာသာ ငိုခဲ့ရတဲ့ကလေးလိုပဲ
ချစ်ခြင်းမေတ္တာဟာ ဘာအပြစ်မှမရှိပါဘူး
ကိုယ့်မရင့်ကျပ်ခြင်းနဲ့ ကိုယ်ပါပဲ ။
#

အသက်ရှုသံလေးပဲကြားရ ကြားရ ဖုန်းခေါ်ချင်ပါတယ် #နွေသစ်ငြိမ်း
23/06/2023

အသက်ရှုသံလေးပဲ

ကြားရ ကြားရ ဖုန်းခေါ်ချင်ပါတယ်

#နွေသစ်ငြိမ်း

ငယ်ငယ်ကတည်းက ခံစားချက်တွေဆိုလုံအောင်ဖွက်ထားတဲ့ကလေးတစ်ယောက်ပါလိုချင်တဲ့အရုပ်လေးဈေးမြင့်နေတဲ့အခါမမြင်ချင်ယောင်ဆောင်မေမေ့ကိ...
23/06/2023

ငယ်ငယ်ကတည်းက ခံစားချက်တွေဆို
လုံအောင်ဖွက်ထားတဲ့ကလေးတစ်ယောက်ပါ
လိုချင်တဲ့အရုပ်လေးဈေးမြင့်နေတဲ့အခါ
မမြင်ချင်ယောင်ဆောင်မေမေ့ကိုလက်ဆွဲ
ဝေ့သီတက်လာတဲ့မျက်ရည်တွေခါထုတ်ပစ်လိုက်ရင်း၊
ငါဘယ်တုန်းကများငါ့စိတ်ကိုဦးစားပေးဖူးလို့လဲ...။
ငါက အဲ့လို ကလေးတစ်ယောက်ရယ်ပါ

ဒီလိုပဲ ငါကငါချစ်တဲ့လူတွေအတွက် ဝန်ထုတ်ဝန်ပိုးဘယ်တုန်းကမှမဖြစ်ချင်ခဲ့ဘူး ...။
ငါက အဲ့လို ကလေးတစ်ယောက်ရယ်ပါ

အဖေ(သို့)ကျနော့်ကဗျာ________________________တွဲရိုက်ဖူးတဲ့ ဓာတ်ပုံတောင် မရှိတဲ့ကောင်ဟာကွဲခဲ့ မိုက်ခဲ့မိတဲ့ အချိန်တွေမှာအ...
22/06/2023

အဖေ(သို့)ကျနော့်ကဗျာ
________________________

တွဲရိုက်ဖူးတဲ့ ဓာတ်ပုံတောင် မရှိတဲ့ကောင်ဟာ
ကွဲခဲ့ မိုက်ခဲ့မိတဲ့ အချိန်တွေမှာ
အဖေလို့ တခါမှ မတ,ခဲ့မိရိုးအမှန်ပါအဖေ

ဘယ်က ပြန်လာပြန်လာ
" ဘယ်မှာလဲ အမေ " ဆိုတာ အဖေ့ကိုမြင်တိုင်း
မေးနေကျစကားပါ

တခြားကမ္ဘာကလာတဲ့ ဂြိုလ်သားလို့ ထင်ရအောင်
အပိုစကား မဆိုတဲ့ အဖေ့အနား
ပလီပလာ တီတီတာတာ
ရစ်တွယ်မနေရဲတာ ခွင့်လွှတ်ပါအဖေ

အဖေ့စက်ဘီး ဘာတန်းလေးပေါ်
ထိုင်စီးရတဲ့ ညနေခင်းတွေ
အဖေ့ လဘက်ရည်ခွက်ထဲကနေ
ပန်းကန်ပြားထဲ ငှဲ့တိုက်ခဲ့ဖူးတဲ့ လဘက်ရည်ချိုဆိမ့်ဆိမ့်တွေ
နေ့ရက်တိုင်းဟာ လှပနေဆဲပါပဲအဖေ

ဘဝမှာ အဖေနဲ့ ပက်သက်သမျှအရာရာ
အဖေ့အတွက်သိမ်းထားဆဲပါ

အဖေ့ဖုန်းကို ဘယ်သားသမီးမှ မခေါ်ဘူးလို့ အဖေပြောတဲ့နေ့ဟာ
ဘဝမှာ ရင်နာရဆုံးအခိုက်တန့်ပါပဲအဖေ

ဘာအကြောက်ဆုံးလည်းမေးရင်
ဖုန်းမှတ်စုထဲက ဖေဖေ ဆိုတဲ့ ဖုန်းနံပါတ်လေး
ဘယ်တော့မှ မကိုင်တော့မှာ အကြောက်ဆုံးပါ

ဘဝမှာ အကြားချင်ဆုံးသော ဘာသာစကားဟာ
အဖေ့ဆီက ချစ်တယ်ဆိုတဲ့စကားပါပဲ

အဖေလည်း ဒီစကားကိုပဲ မျှော်လင့်နေမှာသား သိပါတယ်အဖေ

ဘဝမှာ အဖေ့ကို ချစ်တယ်လို့
အဖေ့မျက်နှာ စေ့စေ့ကြည့်ပီး
ရဲရဲကြီးပြောရဲတဲ့ သတ္တိမျိူး
သား ပိုင်ဆိုင်ဖူးချင်ပါတယ်အဖေ

အဖေဟာ အရာရာဖြစ်ခဲ့သလို
အဖေဟာ ကဗျာဖြစ်နေဆဲပါ
"အဖေ့ကို အရမ်းချစ်တယ် အဖေ "
ဒီစကားဟာ ကျနော်မသေခင်
အဖေနာကြားရမယ့် တရားပဲဖြစ်တယ် ။။။

#လင်းညီဇင်

အသံမထွက်တဲ့အလွမ်းတွေနဲ့ပါဘယ်ကလာမှန်းမသိတဲ့သီချင်းသံတွေကြားရင်ကျွန်တော်ခင်ဗျားကိုသိပ်သတိရတယ်2023
22/06/2023

အသံမထွက်တဲ့အလွမ်းတွေနဲ့ပါ
ဘယ်ကလာမှန်းမသိတဲ့သီချင်းသံတွေကြားရင်
ကျွန်တော်ခင်ဗျားကိုသိပ်သတိရတယ်

2023

22/06/2023

ပုရွက်ဆိတ်အုံ ရေထဲကျရင် ငါတွေဝိုင်းစားတယ်

ငါးတွေကုန်းပေါ်ရောက်လာရင်လဲ ပုရွက်ဆိတ်တွေဝိုင်းကိုက်တယ်

နေရာဆိုတာအဲ့ဒါ

အသပြာရဲ့ ခိုင်းစေမှုကြောင့်စွန့်လွှတ်လိုက်ရတဲ့ အထဲမှာဝါသနာက ထိပ်ဆုံးမှာ ရှိနေဖြစ်တယ်တောက်မဲ့မီးခဲတွေပြာနဲ့ အဖုံးခံလိုက်ရ...
22/06/2023

အသပြာရဲ့ ခိုင်းစေမှုကြောင့်
စွန့်လွှတ်လိုက်ရတဲ့ အထဲမှာ
ဝါသနာက ထိပ်ဆုံးမှာ ရှိနေဖြစ်တယ်

တောက်မဲ့မီးခဲတွေ
ပြာနဲ့ အဖုံးခံလိုက်ရတဲ့ ဖြစ်ခြင်းတွေက
ကျောထောက်နောက်ခံ မရှိတဲ့
လူတန်းစားတစ်ချို့ပဲ ကောင်းကောင်းသိတယ်။

21/06/2023

တော်လောက်ပြီပေါ့ ကံကြမ္မာရယ်
လက်လှမ်းမမှီတဲ့လူတစ်ယောက်ကိုလည်း
ချစ်စေခဲ့ပြီးပြီပဲ
ကိုယ့်အတွက် သာတဲ့လကိုလည်း
ကျောခိုင်းခဲ့ပြီးပါပြီ
ဒီလောက်ရက်စက်ရရင်တော်ပြီပေါ့ဗျာ

💔

အဖေတွေရဲ့ အချစ်ဆုံးဟာ သမီးဖြစ်ပြီးသမီးတွေရဲ့ အချစ်ဦးဟာ အဖေပေါ့အဖေတွေရဲ့ ချွေးသိပ်စရာ အရိပ်လေးဟာသမီးတွေရဲ့ မျက်နှာဖြစ်ပြ...
20/06/2023

အဖေတွေရဲ့ အချစ်ဆုံးဟာ သမီးဖြစ်ပြီး
သမီးတွေရဲ့ အချစ်ဦးဟာ အဖေပေါ့

အဖေတွေရဲ့ ချွေးသိပ်စရာ အရိပ်လေးဟာ
သမီးတွေရဲ့ မျက်နှာဖြစ်ပြီး
သမီးတို့ရဲ့ အရိပ်ပမာနားခိုစရာဟာ
အဖေတွေရဲ့ ရင်ခွင်ဖြစ်တယ်

အဖေတွေဟာ သမီးမိန်းကလေးမွေးတဲ့အခါ
လမင်းတစ်စင်းကောင်းကင်မှာ ထပ်လင်းသလို
အေးမြကြသတဲ့

ဒါဟာ အဖေပြောဖူးတဲ့စကားလေးပေါ့
"သမီးတွေဟာ ပန်းခင်းနဲ့ တူတယ်
အဖေတွေက တောင်တက်သမားကြီး
အမြင့်ကြီးအထိ ရောက်အောင်တက်ပြီးမှ
ပန်းခင်းကြီးတွေ့သလိုမျိုး
တစ်နေ့လုံးပင်ပန်းထားသမျှ
ပါးရည်ကျဲသမီးငယ်ရဲ့ နဖူးလေးနမ်းလိုက်တာနဲ့
တောင်တက်သမားကြီး ပန်းခင်းထဲရောက်သွားသလို
အမောပြေသွားတာခြင်းဟာ အတူတူပဲ"တဲ့။ ။

#ခွန်းသွေးသစ်

သံတရာတစ်ကွေ့မှာ ပြန်တွေ့ချင်သော လူတစ်ဦးကို"အဖေ"လို့ နာမ်စားပြုခဲ့တယ်ဘဝနဲ့ ချီပြီး ဝေးကွာခဲ့ကြတယ်ပြန်တွေ့ချင်လှပါတယ်ဘယ်န...
19/06/2023

သံတရာတစ်ကွေ့မှာ ပြန်တွေ့ချင်သော လူတစ်ဦးကို
"အဖေ"လို့ နာမ်စားပြုခဲ့တယ်

ဘဝနဲ့ ချီပြီး ဝေးကွာခဲ့ကြတယ်
ပြန်တွေ့ချင်လှပါတယ်

ဘယ်နှစ်ဘဝစောင့်ရမလဲ
ပြန်တွေ့ချင်သေးတယ်
ဘယ်ဘဝရောက်မှ တွေ့ရမလဲ
ပြန်ဆုံချင်သေးတယ်

အရင်းနှီးဆုံးလူတစ်ယောက်မို့
အစိပ်စိပ်အမြွှာမြွှာ ကြွေမွခဲ့ရတယ်

ကြွေခဲ့တဲ့ အစိတ်ပိုင်းတွေကို ပြန်မကောက်နိုင်ဘူး အဖေ
ဖာထေးတာ ပြုပြင်တာထက်ဆိုင်ရင်
ဆုံးရူံးသွားတာလေးက အမှတ်တရ ပိုဖြစ်ပါတယ်

နေ့ရက်တိုင်းမှာ နင့်ခနဲ ခံစားချက်နဲ့
လွမ်းရပါတယ်။ ။

#ခွန်းသွေးသစ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Datax - ဒဿ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category