Htoo Kabar Mart

Htoo Kabar Mart "Your daily dose of crunch, spice, and everything nice. Delivering your favorite snacks right to your doorstep!"

05/09/2026

3D Bursting Ball

Tikto Asmr တွေမှာ နာမည်ကြီးတဲ့ ဖောက်ခနဲ ကိုက်ဖောက်ရတဲ့ 3d jelly လေးတွေ ဆိုင်မှာ ပုံစံအစုံ အရသာအစုံရောက်ထားတယ်နော်။

Spider man တွေ အဝါရောင် ဘဲပေါက်လေးတွေ ဖရဲသီး ပိစိလေးတွေ စပျစ်သီး ပုံလေးတွေရော အရသာကလဲ ချိုချိုမွှေးမွှေး အပြင်က Gummy အိကျိအိကျိလေးကိုမှ အထဲမှာ သစ်သီးယိုလေးတွေ က ကိုက်လိုက်တိုင်း စိမ့်ထွက်လာမှာမို ကလေးရော လူကြီးရော ကြိုက်ကြပါတယ်။

မှာယူချင်ရင် ခုပဲ message box ကနေ လာရောက် ဆက်သွယ်မှာယူနိုင်ပါတယ်။

04/09/2026

Yupi Berry Bonz

အမြဲ Halal certified ဖြစ်တဲ့ Gummy တွေထုတ်တဲ့ Yupi brand ကထွက်တဲ့ သကြားအုပ်ထားတဲ့ ဘယ်ရီအရသာ jelly ပြားလေးတွေလည်းဆိုင်မှာ အသစ်ရောက်ထားပါတယ်။

တစ်ထုတ်ကို 8 gram လောက်ပါတဲ့ အနေတော် size လေးမို ကလေးတွေအတွက် တစ်ခါစားတစ်ထုတ်အဆင်ပြေနေမှာပါ။

မှာယူချင်ရင် page ရဲ့ message box ကို ခုပဲ Hi လိုက်ပါရှင့်။

03/09/2026

Dutch Mill Thailand made

ထိုင်းမိတ်စစ်စစ် Dutch mill တွေအရသာလေးမျိုး ဆိုင်မှာ instock ရှိပါတယ်။Dutch mill ကတော့ ဟိုးအရင်ထဲက နာမည်ရပြီးသား ဒိန်ချဉ်ဗူးတွေပဲဆိုတော့ ထွေထွေထူးထူး ပြောစရာ မလိုတော့အောင် အသီးအရသာတွေနဲ့ ဒိန်ချဉ်အရမ်းမစူးပဲ သောက်လိုအရမ်းကောင်းတာနော်။ဆိုင်မှာဆိုရင်တော့ Mixed Fruits, Strawberry, Blueberry ရယ် mixed berry အရသာရယ်ဆိုပြီး အရောင်လေးရောင်ရောက်ထားပါတယ်။
180 ml ဆိုတော့ အနေတော် size ပဲမို ကလေးတွေ ကျောင်းသွားရင် ထည့်ပေးတာဖြစ်ဖြစ် လူကြီးတွေ ပုံမှန်သောက်နေကြအအေးတွေထပ် ကျန်းမာရေး ညီညွတ်တာလေး သောက်ချင်ရင် ဖြစ်ဖြစ် အဆင်ပြေတဲ့ size လေးပါ။

မှာယူချင်ရင် ခုပဲ page ရဲ့ message box ကို Hi လိုက်တော့နော်။

01/09/2026

Goong Groob Brand Konjac Shrimp 🦐
မီးတောက်ပုံစံ ဝဥမုန့်ကိုမှ အသစ်ထွက်တဲ့ ပုဇွန်လေး စားဖူးကြပြီလား။
သူ့ချည်းပဲစားစား ထမင်းနဲ့စားစား ခေါက်ဆွဲနဲ့စားစား ဘီယာနဲ့ မြည်းမြည်း အရမ်း အဆင်ပြေတဲ့ ဝဥပုဇွန်လေးတွေ အရောင်စုံရောက်ထားပါတယ်။
ပုဇွန်အစစ်မဟုတ်ပဲ ဝဥနဲ့ လုပ်ထားတဲ့ ကြက်သွန်ဖြူအနံ့အရသာပါတဲ့ သရေစာမုန့်ပါ။
အထုတ်ကြီးတစ်ခုမှာ အထုတ်ပိစိ ၅ထုတ်ပါဝင်ပါတယ်။

ဆိုင်မှာ Instock ရှိတာမို လက်လီရော လက်ကားရော ဝယ်ယူနိုင်ပါတယ်။

Groob Brand

31/08/2026

Jack’n JILL Dewberry
Dewberry ထဲမှာ ဘယ်အရသာ အကြိုက်ဆုံးလဲ။ဆိုင်မှာတော့ instock အနေနဲ့ Strawberry 🍓 Blueberry 🫐 နဲ့ Grape 🍇 အရသာသုံးမျိုးတင်ထားပါတယ်။

ကွတ်ကီးလေးနှစ်ခြမ်းကို အလယ်မှာ အပေါက်လေးနဲ့ အသီးယို ဖြည့်ထားတဲ့ Dewberry Cookie လေးတွေကို စားဖူးတဲ့သူတွေထဲ မကြိုက်တဲ့သူ မရှိသလောက်ပဲနော်။
တစ်ထုတ်မှာ ကွက်ကီးဝိုင်းလေး သုံးဝိုင်းပါပြီး ကလေးကျောင်းထည့်ပေးလည်းအဆင်ပြေပါတယ်။ Halal certified လည်း ဖြစ်တာမို လူမျိုးဘာသာမရွေး စားသုံးနိုင်ပါတယ်။

28/08/2026

C vitt Drink

တစ်နေ့တာအတွက် လိုအပ်တဲ့ Vitamin C ပမာဏကို အချိုရည် တစ်ပုလင်းနဲ့ ဖြည့်တင်းရအောင်။ လီမွန်အရသာ သလဲသီးအရသာနဲ့ လိမ္မော်အရသာဆိုပြီး အရသာသုံးမျိုးရှိပါတယ်။

C-vitt တစ်ပုလင်းမှာ Vitamin C 1000 mg ပါဝင်တာကြောင့် Lemon 🍋အလုံး ၂၀ ရဲ့ ပမာဏနဲ့ ညိမျှပါတယ်။

Vitamin C လုံလောက်စွာရရှိခြင်းဖြင့်
ကိုယ်ခံအား မြှင့်တင် Immune System ကောင်းစေပါတယ်။💪🏻
အသားအရည်ကို ကြည်လင်စေပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လန်းဆန်းတတ်ကြွ အားပြည့်စေမှာပါ။✨
ပုံမှန် အအေးတွေသောက်မယ့်အစား သကြားပါဝင်မှုနည်းပြီး ကယ်လိုရီလည်းနည်း ကျန်းမာရေးနဲ့ ညီညွတ်တာလေးတွေ သောက်သင့်ပါတယ်။

Japan နိုင်ငံရဲ့ Formula နဲ့ Thailand မှာထုတ်လုပ်ထားတာဖြစ်ပြီး Thai မှာဆို 7eleven တွေမှာ ရောင်းအားကောင်းတဲ့ အအေးလေးလည်းဖြစ်ပါတယ်။

တစ်ဗူးချင်းလည်း မှာယူနိုင်သလို လက်ကားလည်း ဝယ်ယူနိုင်ပါတယ်။

27/08/2026

PH plus Alkali

အစာအိမ်မှာ အက်ဆစ်ဓာတ်များပြီး အချဉ်ပေါက်ဗိုက်အောင့်တတ်တဲ့သူတွေနဲ့လည်း အဆင်ပြေပြီး ကျန်းမာရေးအထောက်အပံ့ဖြစ်စေတဲ့ PH plus Alkali ဗူးတွေ ဆိုင်မှာ imstock ရှိပါတယ်။

အစိမ်းရောင်ဗူးလေးက Gingko လိုခေါ်တဲ့ ကမ္ဘာဦးအပင်ကနေ အဓိကထုတ်လုပ်ထားတာဖြစ်ပြီး ဗီတာမင် D အဓိကပါဝင်လို အရိုးအဆစ်တွေနဲ့ သွားကျန်းမာရေးငို အထောက်အကူပြုတဲ့ အပြင် ကြွက်သားအလုပ်လုပ်ပုံကိုလဲ ထောက်ပံ့ပေးပါတယ်။

အပြာရောင်ဗူးလေးကတော့ Vitamin B1, B3, B5, B6, B7 အစုံပါဝင်တဲ့ Multi vitamin အားဖြည့်အချိုရည်ဖြစ်ပြီး အုန်းစိမ်းရည်လို အရသာလေးပါ။
Vit B1နှလုံးကျန်းမာရေးကောင်းမွန်စေ
Vit B3 အာရုံစူးစိုက်မှုကောင်းမွန်စေ
Vit B5 ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ် ထိန်းညှိ
Vit B6 ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထောက်ပံ့
Vit B7 အသားအရေ ကြည်လင်စိုပြေစေ ပါတယ်။

ပြည်တွင်းမှာ ရှာရခက်တာတွေတဲ့ product တေံကို ဆိုင်မှာ ဝယ်ယူရရှိနိုင်တာမို page ကို Like and follow လုပ်ထားနိုင်ပါတယ်။

26/08/2026

JACK'nJILL CHIKKI

JACK'nJILL ကထုတ်တဲ့ ကြက်ပေါင်ပုံစံ snack အရသာနှစ်မျိုး ဆိုင်မှာရောက်ထားပါတယ်။
ခရမ်းရောင်လေးက Hot and Spicy အရသာ ဖြစ်ပြီး အပြာရောင်လေးက ကိုရီယား ကြက်ကြော် ချိုစပ်အရသာ ဖြစ်ပါတယ်။
တစ်ထုတ်မှာ ၆၅ gram တောင်ပါတာမို ရုပ်ရှင်ကြည့်ရင်းစားစား ခရီးသွားရင်းပဲစားစား share စားလိုရတဲ့ ပမာဏ ဖြစ်ပါတယ်။
အမှုန့်ဖြူးထားတဲ့ အာလူးကြော်တွေလို မဟုတ်ပဲ sauce စမ်းထားတဲ့ အကြော်လိုမျိုးဆိုတော့ ချိုတဲ့အရသာလည်းပါတော့ ကလေးရော လူကြီးရော ကြိုက်ကြပါတယ်။ ထိုင်းမှာ trend ဖြစ်နေပြီး Tiktok မှာ Mukbang တွေပါ စားပြနေတဲ့ မုန့်မိုလို လူကြိုက်များပြီး အကုန်မြန်တယ်နော်။
မှာယူချင်ရင် page ရဲ့ message box ကနေ ဆက်သွယ် မှာယူနိုင်ပါတယ်။

25/08/2026

Nestle Juice Gummy

Nestle brand ကထုတ်တဲ့ အသီးအစစ်ဖျော်ရည်တွေနဲ့ ပြုလုပ်ထားပြီး အရောင်ဆိုးဆေးမပါတဲ့ Gummy လေးတွေရောက်ပါတယ်။

အရသာ နှစ်မျိုး ဆိုင်မှာရှိထားပါတယ်။ လိမ္မော်လေးက သီးစုံအရသာ ဖြစ်ပြီး လိမ္မော်သီး ဆန်းကစ်သီး သရက်သီးတိုလို လက်ဆတ်တဲ့ အသီးအရသာကို အပြည့်ခံစားနိုင်ပါတယ်။
ခရမ်းလေးကဝောာ့ Blackcurrants သီးအရသာဖြစ်ပြီး ချို ချိုချဉ်ချဉ် အရသာအဆန်းလေးပါ။

မှာယူချင်ရင် Page ရဲ့ message box ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်။

24/08/2026

Lays ဂဏန်းချောင်းအာလူးကြော်

အာလူးကြော်ထုတ်ထဲ ဂဏန်းချောင်းတွေပါပါတဲ့ ထိုင်းနိုင်ငံထုတ် Lays အာလူးကြော်တွေ ဆိုင်မှာရောက်ထားပါတယ်။

hotpot တို မာလာရှမ်းကောတိုမှာပါတဲ့ ဂဏန်းချောင်းကို ကြွပ်ကြွပ် လေးကြော်ထားတဲ့ အဖတ်လေးတွေပါ ပါတာဆိုတော့ သာမန်အာလူးကြော်တွေနဲ့ ကွဲထွက်နေလို လူကြိုက်လည်းများပါတယ်။တစ်ထုတ်မှာ 40grams တောင်ပါတယ်နော်။

မှာယူချင်ရင်တော့ Page messenger ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်။

Address

NO. 46(D1), KOKKINE Avenue STREET, GOLDEN VALLEY 2 WARD, BAHAN TOWNSHIP, YANGON
Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Htoo Kabar Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share