MOOD Natural Cigarettes Myanmar

ယနေ့ ၂၀၂၅ ခုနှစ် ၊ ဇွန်လ ၊ ၁၅ ရက်နေ့ (15.6.2025)တစ်နည်းအားဖြင့် ဇွန်လ၏ တတိယအပါတ် တနင်္ဂနွေနေ့ ( Third Sunday in June ) ဟ...
15/06/2025

ယနေ့ ၂၀၂၅ ခုနှစ် ၊ ဇွန်လ ၊ ၁၅ ရက်နေ့ (15.6.2025)
တစ်နည်းအားဖြင့်
ဇွန်လ၏ တတိယအပါတ် တနင်္ဂနွေနေ့
( Third Sunday in June ) ဟာ
အပြည်ပြည်ဆိုင်ရာအဖေများနေ့ (Father’s Day) ဖြစ်ပါတယ် ။

အပြည်ပြည်ဆိုင်ရာအဖေများနေ့ (Father’s Day)
ဟာဆိုရင် ၁၉၁၀ ခုနှစ် ၊ အမေရိကန်နိုင်ငံ မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး Sonora Smart Dodd
ဆိုသူက သူ့ ဖခင်အတွက်ဂုဏ်ပြုချီးမြှောက်လိုသော စိတ်ဖြင့် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ် ။
ယခုဆိုရင် အမေရိကန် ၊ ပြင်သစ် ၊ အိန္ဒိယ ၊ ကနေဒါ ၊ မက္ကဆီကို ၊ တရုတ် အစရှိတဲ့
နိုင်ငံပေါင်း ( ၁၁၀ ) ကျော်ခန့်တွင်
ဇွန်လ ( ၁၅ ) ရက်နေ့ကို အဖေ့များနေ့အဖြစ် ကျင်းပ ဂုဏ်ပြုလျက်ရှိကြပါတယ် ။
အဖေများနေ့ ( Father’s Day ) ဟာ
United Nations ( UN ) စံနှုန်းအရ သတ်မှတ် မှတ်ပုံတင်ထားတဲ့ International Day တစ်ခု မဟုတ်သော်လည်း ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုထားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ် ။
မြန်မာ့ရိုးရာအစဉ်အလာတွင်လည်း
‘ အဖေများနေ့ ‘ အဖြစ် သီးသန့်မရှိသော်လည်း
အပြည်ပြည်ဆိုင်ရာနေ့အဖြစ် မြန်မာနိုင်ငံတွင်လည်း ဇွန်လ ( ၁၅ ) ရက်နေ့ကို ‘ အဖေများနေ့ ‘
အခမ်းအနားများ ၂၀၁၄ ခုနှစ်ခန့်တင် စတင်ကျင်းပလာခဲ့ကြပါတယ် ။ တရားဝင်ရုံးပိတ်ရက် တစ်ခုအဖြစ်မဟုတ်ပဲ သီးခြား လူထုဂုဏ်ပြုခြင်း အဖြစ်သာ သတ်မှတ်ကြပါတယ် ။

ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ
အဖေများနေ့ (Father’s Day) မှာ
မြန်မာတစ်နိုင်ငံမှစ၍ ကမ္ဘာတစ်ဝှမ်းလုံးရှိ ဂုဏ်ပြုထိုက်သော ဖခင်များအားလုံးအတွက်
MOOD Natural Ci******es Myanmar မှ
ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုအပ်ပါတယ် 🎉

မိုးတွေညှို့နေပြီးလေမိုးခြိမ်းရင်ကြောက်တတ်လို့ ရင်ခွင်ဝင်နေတတ်တဲ့ အရင်းနှီးဆုံးသူစိမ်းလေး တွေးပူနေလေတော့မလား အေးစက်ခြင်း...
11/06/2025

မိုးတွေညှို့နေပြီးလေ
မိုးခြိမ်းရင်ကြောက်တတ်လို့
ရင်ခွင်ဝင်နေတတ်တဲ့ အရင်းနှီးဆုံးသူစိမ်းလေး
တွေးပူနေလေတော့မလား
အေးစက်ခြင်း နှင့် လွမ်းဆွတ်ခြင်းကို
MOOD တစ်လိပ် နဲ့ အံတုရင်း
နာကျင်နေမိတယ် 💔

တစ်ချက်ဖွာတိုင်းရတဲ့ ချိုပြင်းအရသာဟာ
မင်းအနမ်းတွေကို သတိရနေခဲ့ပြန်ပြီ 💋

မှုတ်ထုတ်လိုက်တဲ့အငွေ့ထဲ
ခံစားချက်တွေပါတော့ ကောင်ကင်းကြီးလည်း
ငိုနေတာ မထူးဆန်းပါဘူးလေ

သောက်လက်စဆေးပေါ့လိပ်တစ်လိပ်ရဲ့
စိမ်းစိုစို ဖက်ကိုမြင်တော့ သူ့မဆီကရတဲ့
စိမ်းကားခြင်းက လက်ညှိုးထိုးပြီးမေးတယ်
“ ငါ့လောက်စိမ်းလားတဲ့ “ 📌

အကောင်းဆုံးဆေးပေါ့လိပ်ကို ရဖို့
ဘော်ဆိုင်းကလာတဲ့ “ သနပ်ဖက် “ ကို သုံးတယ်တဲ့
သူမဆီက ဖက်တွယ်ခြင်းကို ပြန်ရဖို့ရော ….
ဘယ် “ ဖက် “ ကို သုံးရမလဲ ❓

“ဆေးသားကောင်းရင် တေးသွားပေါက်တယ်”
ဆိုတဲ့အတိုင်း The Best Quality ဆေးသားကိုပဲ
စီစစ်အသုံးပြုတယ်ဆိုတော့ သူ့ဘေးနား
ပြန်ရောက်ဖို့အတွက် ဆေးသားဘယ်မှာရှိမလဲ❓

MOOD သောက်ရင်း သူ့မကိုတွေးနေမှတော့
ကောင်ကင်ကြီးလည်း ငိုလိုက်ဦး
ငါလည်း လေထဲကအိမ်လေး ဖြိုလိုက်ဦးမယ် 💯

တိမ်တွေကို ကြည့်ရင်း လွင့်မျောနေတဲ့အတွေးတစ်ခု ငေးနေတာလား ၊ ဆွေးနေတာလား ဒါမှမဟုတ် လွမ်းနေတာလား❓ဘယ်ဆိပ်ကမ်းမှာဆိုက်ရမယ် မသ...
09/06/2025

တိမ်တွေကို ကြည့်ရင်း လွင့်မျောနေတဲ့အတွေးတစ်ခု
ငေးနေတာလား ၊ ဆွေးနေတာလား
ဒါမှမဟုတ် လွမ်းနေတာလား❓

ဘယ်ဆိပ်ကမ်းမှာဆိုက်ရမယ် မသိတဲ့
အတွေးရဲ့ ဖြစ်တည်မှုဟာ ဘယ်ကလဲ
မှိုင်းညှို့ညှို့ တိမ်တိုက်ဆီကလား
ဖြတ်တိုက်သွားတဲ့ လေညှင်းဆီကလား
ဒါမှမဟုတ် ထွက်သွားတဲ့ သူ့ဆီကလား
သောက်လက်စ MOOD ဆီကလား❓

မကောင်းမှန်းသိရက် ဆုပ်ကိုင်ထားတဲ့လက်တစ်စုံ နှင့် သောက်လက်စ MOOD တစ်လိပ်
ဖက်တွယ်မှုဟာ နာကျင်မှုလား
ကျွန်တော်တို့ဟာ သိပ်မိုက်မဲကြတယ်
အချစ်အတွက် ဖြစ်ဖြစ်
အဆုတ်အတွက် ဖြစ်ဖြစ်ပေါ့

ရောက်တတ်ရာရာတွေးရင်း
သောက်လက်စ ဆေးပေါ့လိပ်ကို မီးညှိလိုက်တယ်
လွင့်မျောလိုက်တော့ MOOD ရေ 💯
ပြန်မလာသူကို လွမ်းရင်း ၊
ဒဏ်ရာတွေကိုထမ်းရင်းပေါ့

#ဆွေး

ဆေးပေါ့လိပ်သည် မြန်မာ့လူမှုအသုံးအဆောင်အဖြစ် အစောဆုံး ၁၉ရာစုနှောင်းပိုင်း နှင့် ၂၀ရာစုအစောပိုင်း ကာလတွင် စတင်၍ မြန်မာ့လူမ...
04/06/2025

ဆေးပေါ့လိပ်သည် မြန်မာ့လူမှုအသုံးအဆောင်အဖြစ် အစောဆုံး ၁၉ရာစုနှောင်းပိုင်း နှင့် ၂၀ရာစုအစောပိုင်း ကာလတွင် စတင်၍ မြန်မာ့လူမှုဘောင်အတွင်း
ချစ်စဖွယ်ပြယုဂ်အဖြစ် ဝင်ရောက်လာခဲ့ပြီး
ယနေ့အထိလည်း ဧည့်ခံခြင်း ၊ အပန်းဖြေခြင်း အပြင် ဖက်ရှင်အသုံးအဆောင်တစ်ခုအဖြစ်
သောက်သုံးလျက်ရှိနေကြသေးသည် ။

အရင်အချိန်များက ဆေးလိပ်ကို “လက်လိပ်”စနစ်ဖြင့်သာ ဆေးပေါ့လိပ် ( Cheroot ) အဖြစ် သုံးစွဲကြပြီး
ယခုအချိန်တွင် စက်ရုံများ ၊ ဆေးလိပ်လိပ်စက်များ
ဖြင့် စီးကရက် ( Cigarette )အဖြစ် ထုတ်လုပ် သုံးစွဲလာကြသော်လည်း ကျေးလက်ဒေသများမှတစ်ဆင့် မြို့ပြထိပါဆေးပေါ့လိပ် သောက်သုံးခြင်းသည် ယဉ်ကျေးမှုတစ်ခုအဖြစ် တည်ရှိနေသေးသည် ။

ရှေးယခင်ကာလများတွင်
ဆေးပေါ့လိပ် သောက်သုံးမှုကို လူတန်းစားမရွေး ၊ ကျား / မ မရွေး အပန်းဖြေခြင်းအတွက် စွဲလမ်းမှုအဖြစ် ယှဉ်တွဲ တွေ့မြင်ရပြီး
ယခုကာလတွင် စီးကရက်သောက်သုံးမှုကို
လူငယ်ပိုင်း နှင့် တက္ကသိုလ်ကျောင်းသားများတွင် ကျား / မ မရွေး တွေ့မြင်ရသော်လည်း
မြန်မာ့ရိုးရာ ဆေးပေါ့လိပ် သောက်သုံးမှုကိုတော့ လူလတ်ပိုင်း ၊ လူကြီးပိုင်း အမျ်ိုးသားများတွင်သာ တွေ့မြင်ရတော့သည် ။

အရည်အသွေး နှင့် ကျန်းမာရေးအမြင်ပိုင်းတွင်
ယခင်က သောက်သုံးခဲ့ကြသော “လက်လိပ်”ဆေးပေါ့လိပ်များသည် သဘာဝထွက်ကုန်များအသုံးပြုသည့်အတွက် အရသာပြင်းရှပြီး ဆိုးရွားစွာ ကျန်းမာရေးကို ထိခိုက်စေမှု မရှိသော်လည်း
ယခု ထုတ်လုပ်သုံးစွဲနေကြသည့်
ဆေးလိပ် ၊ ဆေးပေါ့လိပ်များသည် လူလုပ်ကုန်ကြမ်းများ အသုံးပြုသည့်အတွက် အရသာမျိုးစုံ ၊ ရနံ့မျိုးစုံ ရှိပြီး ကျန်းမာရေးကိုလည်း ပိုမိုထိခိုက်လာစေသည်။
ထို့ကြောင့် WHO ကဲ့သို့ ကျန်းမာရေးဌာနများက
သတိပေးပုံစံများနှင့်အတူ အထုပ်ပေါ် ၊
ဘူးပေါ် တွင် သတိပေးစာရေးသားခြင်း ၊
အသက်အရွယ် ကန့်သတ်ရောင်းချခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း ဖော်ပြရင်း အပိုင်း ( ၁ ) လေးကို အဆုံးသတ်လိုက်ပါတယ် 📌

နောက်အပိုင်းတွင်လည်း ဗဟုသုတရဖွယ်အချက်အလက်များနှင့် ပြန်လာခဲ့ပါဦးမယ်💯
သဘာဝကုန်ကြမ်းစစ်စစ်မျာကိုသာ အသုံးပြုထားသည့် မြန်မာ့ရိုးရာ ဆေးပေါ့လိပ်စစ်စစ်
MOOD Natural Ci******es Myanmar


#ဆေးပေါ့လိပ်သမိုင်းကြောင်း

မိုးစက်လေးတွေ တဖွဲဖွဲကျ ၊ လောကတစ်ခွင် ညိုမှောင်စိုစွတ်မှုတို့ ပြည့်နှက်လို့အလွမ်းဓာတ်ခံရှိသူတို့ အပြိုလဲရဆုံးရာသီ ၊မုတ်သ...
02/06/2025

မိုးစက်လေးတွေ တဖွဲဖွဲကျ ၊ လောကတစ်ခွင်
ညိုမှောင်စိုစွတ်မှုတို့ ပြည့်နှက်လို့
အလွမ်းဓာတ်ခံရှိသူတို့ အပြိုလဲရဆုံးရာသီ ၊
မုတ်သုန်ရာသီ ( သို့ ) မိုးရာသီရဲ့အေးစက်မှုကို
ရင်ဆိုင်ကျော်ဖြတ်ဖို့အတွက်
နွေးထွေးမှု တစ်စုံတစ်ရာဟာ မရှိမဖြစ်
လိုအပ်တယ်နော် 📌

အေးစက်တဲ့မိုးစက်တွေကြားက
စိုစွတ်တဲ့လမ်းပေါ်လျှောက်လှမ်းဖို့
MOOD ကပေးတဲ့ နွေးထွေးမှု အငွေ့အသက်ကို သတိရလိုက်ပါ 📌

ရာသီတွေဘယ်လိုပြောင်းပြောင်း
မပြောင်းလဲတဲ့ အရည်အသွေး ၊
ဥတုသုံးပါး အကြမ်းခံတဲ့
အဆင့်အတန်းမြင့် ထုပ်ပိုးမှု ၊
တစ်ချက်တစ်ဖွာရှိုက်လိုက်တိုင်းမှာ
တစ်ဖက်ကမ္ဘာ မေ့စေမယ့် အရသာ
MOOD Natural Ci******es Myanmar
ကဲ … အရွေးမှားမှုမရှိအောင် အပြေးအလွှား
ခုမြည်းကြည့်လိုက်တော့ဗျာ 💯

အလွမ်းတွေပဲ ဆွေးဆွေး ၊ မိုးစက်တွေပဲ အေးအေး
စိမ်းစိမ်းကားကား ရင်ဆိုင်ဖို့အတွက်
စိမ်းစိမ်းစိုစိုဆေးပေါ့လိပ်လေးရဲ့
အငွေ့အသက်ကလာတဲ့ အနွေးဓာတ်လေးကို အဖော်ပြုလိုက်ပါ 🎯


#မိုးအေးအေးလေးမှာchill

Payday Weekend ရောက်လာပြီနော်  💸🎉တစ်လတာလုံးအလုပ်ခွင်မှာ ပင်ပန်းခဲ့ကြပြီးပြီးဆိုတော့ မိမိကိုယ်ကို ဂုဏ်ပြုဖို့အချိန်ပဲ 💯Pa...
30/05/2025

Payday Weekend ရောက်လာပြီနော် 💸🎉

တစ်လတာလုံးအလုပ်ခွင်မှာ ပင်ပန်းခဲ့ကြပြီးပြီး
ဆိုတော့ မိမိကိုယ်ကို ဂုဏ်ပြုဖို့အချိန်ပဲ 💯

Payday လည်းဖြစ်တယ်၊
Weekend လည်းဖြစ်တဲ့ ဒီအချိန်မှာ
ပင်ပန်းမှုတွေအတွက် တစ်ဖန်ပြန်လည် အားဖြည့်ပြီး အသစ်တစ်ခုလို ပြန်လည်နိုးထနိုင်ဖို့
ဘာတွေပြင်ဆင်ထားပြီလဲ❓

အေးမြတဲ့ရာသီ၊
လန်းဆန်းတဲ့ပတ်ဝန်းကျင် ၊
ရင်းနှီးချစ်ခင်ရတဲ့ ဘော်ဒါတွေ နဲ့အတူ
တစ်ခွက်တစ်ဖလား ၊ မရပ်မနား
သောက်စားအနားယူ အပန်းဖြေရင်း
MOOD Natural Ci******es Myanmar နဲ့
အကောင်းဆုံး ပျော်ဝင်ဖို့လည်း မမေ့ကြနဲ့ဦးနော်

🔥 ပြင်းပြင်းလောင်လောင် အရသာ
🌿 သဘာဝဆန်တဲ့ ရနံ့
🎁 သေးသေးလေးကျစ်လစ်တဲ့ Premium Pack
ဒါကတော့ MOOD ရဲ့ Signature ပါပဲ။

အမှတ်ရစေမယ့် Payday Weekend တစ်ခုမှာ
သင်နဲ့အတူတူ MOOD လည်း ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ။
ဒါကြောင့်…
အလုပ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပြီး
ရပ်စဲမှုမရှိတဲ့ အပြတ်ကဲမှုကြီးအတွက်
MOOD နှင့်အတူ လွင့်မျောလိုက်ကြစို့ 💯


ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း မန်ချက်စတာယူနိုက်တက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာလူမျိုး( သို့ ) မောင်...
28/05/2025

ပရီးမီးယားလိဂ်ရဲ့
ထိပ်တန်းအသင်း မန်ချက်စတာယူနိုက်တက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး မြန်မာလူမျိုး
( သို့ ) မောင်မောင်လွင် 💯

ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်း
Man-U Vs Asian Allstar
အသင်းတို့ ပွဲစဉ်မှာ မြန်မာလူမျိုးတို့ရဲ့ ဂုဏ်ဆောင်တစ်ဦးတည်းသော Asian Allstar အသင်းအတွက်
ရွေးချယ်ခံရတဲ့ မြန်မာလက်ရွေးစင်အသင်းရဲ့ ဘောလုံးကစားသမား မောင်မောင်လွင် ဟာ
ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်း
မန်ချက်စတာယူနိုက်တက် အသင်းကို
အနိုင်ဂိုးသွင်းယူခဲ့တဲ့ မြန်မာလူမျိုး ၊
မြန်မာဘောလုံးကစားသမားအဖြစ်
မြန်မာ့သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါပြီ 📌

မောင်မောင်လွင်အတွက် ကျွန်တော်တို့
MOOD Natural Ci******es Myanmar မှ
မြန်မာလူမျိုးအားလုံးနှင့်ထပ်တူ ဂုဏ်ယူလျက်
အထူး ဂုဏ်ပြုအပ်ပါတယ် 💯

ဟောင်းပေမယ့် ကောင်းနေဆဲ အရာတစ်ခု 📌အတိတ်ဟာ ပြီးဆုံးခဲ့ပြီ ဆိုပေမယ့် အကောင်းမွန်ဆုံး အရည်အသွေးကြောင့် ရင်ထဲစွဲ ကျန်ရစ်နေခဲ...
28/05/2025

ဟောင်းပေမယ့် ကောင်းနေဆဲ အရာတစ်ခု 📌

အတိတ်ဟာ ပြီးဆုံးခဲ့ပြီ ဆိုပေမယ့်
အကောင်းမွန်ဆုံး အရည်အသွေးကြောင့်
ရင်ထဲစွဲ ကျန်ရစ်နေခဲ့တဲ့ နာမည်တစ်ခု
MOOD Natural Ci******es Myanmar ✅

မူလအရည်အသွေးမပျက်
အရသာထိမိပြင်ရှမှု ၊ ရနံ့မွှေးပျံပျော်ဝင်စေမှုအပြင် ထူးခြားဆန်းသစ်တဲ့ ထုပ်ပိုးမှုကြောင့်
လက်ရှိအချိန်ထိ
အကောင်းဆုံးဆေးပေါ့လိပ်အဖြစ် ရပ်တည်နေခဲ့တဲ့
MOOD Natural Ci******es Myanmar ✅

အနာဂတ်မှာလည်း အကောင်းဆုံး ဖက်ရွက်၊အကောင်းဆုံး ဆေးသား တို့ကိုသာအသုံးပြုလို့
အရေအတွက်ထက် အရည်အသွေးကို
ဦးစားပေး ထိန်းသိမ်း ထုတ်လုပ်သွားမယ့်
MOOD Natural Ci******es Myanmar ✅

အတိတ်မှာ နာမည်ကောင်းထင်ကျန်တဲ့ Product ၊
ပစ္စုပ္ပန်ထိ အရည်အသွေး မပျက်စီးတဲ့ Product ၊
အနာဂတ်မှာလည်း ပိုမိုကောင်းမွန်ဖို့အတွက်သာ ဦးစားပေး ထုပ်လုပ်မယ့် Product ၊
မြန်မာရိုးရာဓလေ့အတိုင်း မြန်မာ့နည်း မြန်မာ့ဟန် မပျက်ထုတ်လုပ်တဲ့ Local Brand စစ်စစ်
MOOD Natural Ci******es Myanmar 💯


သောက်လက်စ ဆေးပေါ့လိပ်တစ်လိပ်က မေးသော အချစ်ဆိုတာ ဘာလဲ ❓အချစ်ဆိုတာ ဆေးပေါ့လိပ်တစ်လိပ်ဆီက ရတဲ့ အငွေ့အသက် နှင့်တူတယ် 📌ရှိုက်...
26/05/2025

သောက်လက်စ ဆေးပေါ့လိပ်တစ်လိပ်က
မေးသော အချစ်ဆိုတာ ဘာလဲ ❓

အချစ်ဆိုတာ ဆေးပေါ့လိပ်တစ်လိပ်ဆီက
ရတဲ့ အငွေ့အသက် နှင့်တူတယ် 📌
ရှိုက်သွင်းနိုင်သလောက်ပဲ ရမယ်
ဆေးပေါ့လိပ်ဘက်က မီးရှို့ခံဖို့ အသင့် 🎯
အချစ်မှာလည်း တူတူပဲ
အချစ်ခံနိုင်သလောက်တော့ အချစ်ခံရမယ်
တစ်ဖက်က ချစ်ပေးနေဖို့ အပြည့်ပေါ့

တစ်ဖက်က ရလိုက်တာ အငွေ့
တစ်ဖက်ပေးလိုက်တာ အသက်
ဒါကြောင့် အချစ်ဟာ အငွေ့အသက် ပါပဲ💯
ဆုံးဖြတ်ရမှာ တစ်ခုတည်းရယ်ပါ
ဆေးပေါ့လိပ်သောက်တဲ့
နှုတ်ခမ်းတစ်စုံ ဖြစ်မလား
ဆေးပေါ့လိပ်တစ်လိပ် ဖြစ်မလား ✅

♦️အကောင်းဆုံး အရသာ
♦️အကောင်းဆုံး အရည်အသွေး
♦️အကောင်းဆုံး ထုတ်လုပ်မှု
မြန်မာ့ရိုးရာ ဆေးပေါ့လိပ် စစ်စစ်
MOOD Natural Ci******es Myanmar


တက်ကြွလန်းဆန်းစွာ နိုးထရတဲ့ Weekend မနက်ခင်းကို ပိုင်ဆိုင်ကြရဲ့လား❓အနားယူ အပန်းဖြေဖို့အတွက် အကောင်းဆုံး Weekend Plan တွေ...
24/05/2025

တက်ကြွလန်းဆန်းစွာ နိုးထရတဲ့
Weekend မနက်ခင်းကို ပိုင်ဆိုင်ကြရဲ့လား❓
အနားယူ အပန်းဖြေဖို့အတွက်
အကောင်းဆုံး Weekend Plan တွေရော
စီစဉ်ထားပြီလား ❓
ဘာနှင့်တွဲတွဲ ၊ ဘယ်ကိုသွားသွား
လိုက်ဖက်အတွဲညီနေစေမယ့်
MOOD Ci******es ကိုလည်း မမေ့ကြနဲ့ဦးနော် 📌

MOOD Ci******es ဟာဆိုရင်
ဘယ်ကိုသွားသွား အထာကျနေစေမယ့်
ဆန်းသစ်ထူးခြားတဲ့ ထုပ်ပိုးမှု ပုံစံ ၊
ဘော်ဆိုင်း က အကောင်းဆုံးဖက် နှင့်
အညာ က အဉာက်ညောဆုံး ဆေးသားတို့ ပေါင်းစပ်ထားတာကြောင့်
ဘာနှင့်ပဲတွဲတွဲ အတွဲညီညီ လွင့်မျောနေဖို့
ဆွဲခေါ်သွားပေးနိုင်တဲ့ အရည်အသွေး ၊
မီးမကြွေ ၊ မီးမသေစေဖို့ စနစ်တကျ
ပြုလုပ်ထားပြီး ဖွာရှိုက်လိုက်တဲ့ အခိုးအငွေ့
တိုင်းမှာ ဆွဲဆောင်မှုရှိစေတဲ့ ရနံ့ စတဲ့
အရာတွေကြောင့် အချိန်တိုင်းမှာလိုအပ်နေမှာပါပဲ📌

သေးသေးကျစ်ကျစ်လေးနှင့်
အထာကျကျ ၊ အရည်အသွေး အကောင်းဆုံး ၊
မြန်မာ့ရိုးရာ ဆေးပေါ့လိပ်စစ်စစ်
MOOD Natural Ci******es Myanmar နှင့်အတူ
Weekend မှာ ဖြုတ်လိုက်ကြရအောင် 💯

သူဌေးမှ Man-U Fan ဖြစ်နေသောအခါ 🙂
21/05/2025

သူဌေးမှ Man-U Fan ဖြစ်နေသောအခါ 🙂

အောင်မြင်တဲ့ စီးပွါးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ စဉ်းစားနေပြီလား ✨အောင်မြင်တဲ့ စီးပွါးရေလုပ်ငန်းရှင်တစ်ဦး အဖြစ်ပြ...
21/05/2025

အောင်မြင်တဲ့ စီးပွါးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ စဉ်းစားနေပြီလား ✨

အောင်မြင်တဲ့ စီးပွါးရေလုပ်ငန်းရှင်တစ်ဦး အဖြစ်
ပြည့်စုံချမ်းသာတဲ့ ဘဝတစ်ခုကို ဖြတ်သန်းချင်တာ လူတိုင်းရဲ့ အိမ်မက်ပါပဲ ။
အောင်မြင်တဲ့စီးပွါးရေးတစ်ခုကိုလည်း စတင်ချင်တယ်

📌ဘယ်ကနေဘယ်လိုစတင်ရမလဲ မသိဘူး
📌ဘယ်မှာစတင်ရင်းနှီးမြုပ်နှံရမလဲ မသိဘူး
📌ဘယ်လောက်ရင်နှီးမြုပ်နှံရမလဲ မသိဘူး
စတဲ့ အခက်အခဲတွေက စီးပွါးရေးလောကထဲကို စတင်ခြေစုံပစ်ဝင်မယ့် လူတိုင်း မလွဲမသွေကြုံတွေ့ရမယ့် အခက်အခဲ တွေပါပဲ ။ ဒါတွေအားလုံးအတွက်
MOOD Natural Ci******es Myanmar မှာ
အဖြေ ရှိနေပါပြီ 🎯

MOOD Natural Ci******es Myanmar မှာ
အခုဆိုရင် လက်တွဲလုပ်ကိုင်ဖို့အတွက်
သူဌေးလောင်း ကိုယ်စားလှယ်တွေ ခေါ်ယူနေပြီပဲ
ဖြစ်ပါတယ် ။

ကိုယ်စားလှယ်တိုင်းအတွက် ရရှိနိုင်မယ့်
အခွင့်အရေးတွေကတော့ -
✅ Unlimited Products ထုတ်ယူ၍ လုပ်ငန်းလည်ပတ်နိုင်ခြင်း ၊
✅’ Sales and Marketing ‘ တစ်ဦး သီးသန့်
ခန့်အပ်ပေးထားခြင်း ၊
✅အခက်အခဲမှန်သမျှအတွက် Agent Advisor ဖြင့် အချိန်မရွေး တိုင်ပင်ဖြေရှင်းနိုင်ခြင်း ၊
✅Advertising အတွက် ‘ MOOD ‘ team မှ ပြုလုပ်သည့် Activity တိုင်းတွင် ပါဝင်နိုင်ခြင်း
✅ပုံမှန်လည်ပတ်နေသော လုပ်ငန်းတစ်ခုကိုကိုယ်စားလှယ်တစ်ဦးအဖြစ် သင့်တင့်တဲ့ အရင်းအနှီးဖြင့် ဝင်ရောက်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့အတွက်
MOOD Natural Ci******es Myanmar ကို
ဆက်သွယ်စုံစမ်းပြီး တောက်ပြောင်တဲ့အိမ်မက်တွေကို လက်တွေ့ပုံဖော်လိုက်ပါ 💯


Address

Yangon
11231

Telephone

+959756610098

Website

Alerts

Be the first to know and let us send you an email when MOOD Natural Cigarettes Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MOOD Natural Cigarettes Myanmar:

Share

Category